Wednesday, November 19, 2014

ရခိုင်နှင့် သီရိလင်္ကာ သာသနာဆက်သွယ်မှု


XXXXXXXXXXXXXXXXXXXXXXXXXX

မောင်ဖြူ (ကြွီတဲကျွန်း)

18.11.2014

ဓည၀တီခေတ်၊ ဝေသာလီကျောက်လှေကားခေတ် ၊ လေးမြို့ခေတ်၊ မှ မြောက်ဦးခေတ်ထိ ရှေးးခေတ်ရခိုင်ပြည်နှင့် သီရိလကာင်္တို့သည် ချစ်ကြည်ရင်းနှီးစွာရှိခဲ့ကြောင်းကို ရခိုင်ပြည် နှင့် သီရိလင်္ကာတို့မှ ထေရ၀ါဒ ရဟန်းတော်များ အပြန်အလှန့် အားဖြင့် သာသနာပြုခဲ့သည့် သာသနာမှတ်တမ်းများက သက်သေခံနေသည်။ ရှေးခေတ်ရခိုင်ပြည်မှ သီရိလင်္ကာသို့ သာသနာပြု ခရီးများ၊ သီရိလင်္ကာမှ ရခိုင်ပြည်သို့ သာသနာပြုခရီးများ ရှိခဲ့သည်ကို နာဂဂျူနီဂွန်ဒါကျောက်စာအရ၄င်း၊ မေဓပညာမော်ကွန်းတွင်၎င်း၊ ရမ်းဗြဲတောင်ကျေုာင်းဆရာတော် ရေး ရခိုင်ရာဇ၀င်သစ်ကျမ်း) တွင်လည်းကောင်း၊ ၀ါးကျောင်းဆရာတော် ဦးပဏ္ဍိဆရာ ရေး ဥတေနလင်္ကာနိဂုံးတွင်လည်းကောင်း၊ ရေးသားထားသည်ကို တွေ့ရှိရပေသည်။၎င်းတို့မှာ

၁။ ဓည၀တီခေတ် သူရိယသီရိမင်း ဓနဉ္စကိန်း(၅၀၆ ဖြိုခွင်း (ကောဇာ ၁၂၄-၁၄၄) (AD 190-210 ခန့်မှန်း) (သာသနာနှစ် ၇၃၃-၇၅၃) ဇိနမာရ်အောင်ဆရာတော် အသျှင်ဥာဏသီရိဓိပတိ နှင့် အပေါင်းပါ သံဃာ တစ်ဆယ့်နှစ်ပါးတို့သည် ပထမအကြိမ် သီရိလင်္ကာသို့ ထေရ၀ါဒသာသနာပြုရန် ကြွရောက်ခဲ့သည်။

၂။ ကျောက်လှေကား ဝေသာလီခေတ် သီရိစန္ဒြားမင်း(ခ)ဓမ္မ၀ိဇိယမင်း (သာသနာနှစ် -၁၁၆၉)(AD 666-732) နှစ်တွင် သီရိလကာင်္မှ ၀ိပသနာဓူရ သံဃာ(၅၀၀)ဂန္ဓာဓူရ သံဃာ(၅၀၀)ပါးတို့သည် ၀ါဒချင်းတူညီသည့် ကျောက်လှေကား ဝေသာလီသို့ စတုတ္ထသင်္ဂါယနာတင်ရန် ကြွရောက်ခဲ့သည်။

၃။ လေးမြို့ခေတ် ဒသရာဇာမင်းလက်ထက် (ကောဇာသက္ကရာဇ် ၄၈၅-၅၀၁) (AD 1123-1139 )တွင် အသျှင် အတုလ၀ိဇယဂဏ ပါမောက္ခဆရာတော်နှင့် နောက်ပါသံဃာ ၂၆ ပါးသည် သီရိလင်္ကာသို့ ထေရ၀ါဒ သာသနာပြုရန် ကြွရောက်ခဲ့သည်။

၎။ နေရဉ္စရာ တောင်ငူ လေးမြို့ခေတ် ငရမန်မင်းလက်ထက်(ကောဇာ ၅၂၈-၅၃၀) (AD 1166-1168) အသျှင်ဥတ္တရဓမ္မသံဃာဓိပတိ ဆရာတော်နှင့် နောက်ပါသံဃာ ၃၆ ပါးသည် သီရိလင်္ကာသို့ ထေရ၀ါဒ သာသနာပြုရန် ကြွရောက်ခဲ့သည်။

၅။ မြောက်ဦးခေတ် ဘစောဖြူမင်းလက်ထက် ( ကောဇာ ၈၂၀-၈၄၃)(AD 1457 – 1480 ) တွင် အသျှင်သိဒ္ဓထေကျော် ဆရာတော် နှင့် နောက်ပါသံဃာ ၅၀ ပါးတို့သည် သီရိလင်္ကာသို့ ထေရ၀ါဒ သာသနာပြု ကြွရောက်ခဲ့သည်။

၆။ မြောက်ဦးခေတ် မင်းခေါင်ရာဇာလက်ထက် ကောဇာ (AD 1520-1530) တွင် သံတွဲမှ အသျှင်တေဇောသာရဆရာတော်၊ မြောက်ဦးမြို့မှ တန်ဆောင်ဆရာတော် အသျှင် ဓမ္မ၀ိလာသ အသျှင်နှစ်ပါး သည် သီရိလင်္ကာသို့ သာသနာပြုရန် ကြွရောက်ခဲ့ပြီး သီရိလင်္ကာမှအပြန်တွင် အံတော်တစ်ဆူပင့်ဆောင်လာခဲ့သည်။ ထိုအံတော်အား သံတွဲစား မင်းဗာကြီးအား ပေးအပ်သည်။ထိုခရီးစဉ်တွင် မြောက်ဦးမြို့ ပရမတ္ထကျောင်းတိုက် မှ သီရိလင်္ကာ ရဟန်းတော်အချို့တို့သည်လည်း လိုက်ပါသွားခဲ့ကြသည်။

၇။ ဒုတိယမြောက်ဦးခေတ် မင်းရာဇာကြီးလက်ထက် ( ကောဇာ ၉၅၅-၉၇၄) (AD 1592-1611)တွင် သီဟိုဠ်ဘုရင် ၀ိမလဓမ္မသူရိယမင်းထံမှ လက်ဆောင်ပဏ္ဍာ နောက်လိုက်နောက်ပါများဖြင့် သာမဏေကြီးတစ်ပါးကို စေလွှတ်ပြီး သာသနာပြုအဖွဲ့ ကြွရောက်ပေးရန် စာဆက်လာသောကြောင့် မြောက်ဦးမြို့မှ မြောက်တန်ဆောင်ဆရာတော် အသျှင်စန္ဒ၀ိလာသနှင့် နောက်ပါသံဃာ (၂၀) ပါးတို့သည် (ကောဇာ ၉၆၈ )နှစ် တန်းဆောင်မုန်းလတွင် သီရိလင်္ကာသို့ သာသနာပြုရန် ကြွရောက်ခဲ့သည်။

၈။ မြောက်ဦးခေတ် ရဟန်းလူထွက် ဘုရင် မာရုပ္ပိယ(ဂူဖြူ) လက်ထက်(AD 1695-1697) တွင် သီဟိုဠ်ကျွန်းမှ ဒုတိယ၀ိမလဓမ္မသူရိယမင်းထံမှ ဖ၀ါးနှစ်ဆယ် အ၀ရှိသော သဘောင်္နှစ်စင်းဖြင့် သံအဖွဲ့များ ရောက်လာပြီး သီဟိုဠ်သို့ သာသနာပြု အဖွဲ့များ ကြွရောက်ပေးပါရန် ထပ်မံတောင်းပန်လာသောကြောင့် (သကြစ် ၁၀၅၆ )ပြာသိုလဆန်း(၆)ရက် ၊(ခရစ် 1697)(သာသနာနှစ် ၂၂၂၇) ဓါတုနိကာတွင် မြောက်ဦးမြို့မှ သတ္တဌာနဆရာတော် အသျှင်ဣန္ဒမဉ္ဖူ ဆရာတော်၊လောင်းကြက်ဆရာတော် အသျှင်နန္ဒိစက္က နှစ်ပါးတို့သည် ဧကစာရ ဗဟုစာရဖြစ်ကြသော နောက်ပါသံဃာ(၄၀)ပါးအား ဦးဆောင်လျှက် သီရိလင်္ကာသို့ သာသနာပြုရန် ကြွရောက်ခဲ့ပေသည်။

ထိုခရီးစဉ်တွင် သီဟိုဠ်၌ ဗုဒ္ဓသာသနာပျောက်ကွယ်လုမတတ်၊ ရဟန်းသံဃာ ဆိတ်သုဉ်း နေသော ကြောင့် သီဟိုဠ်အမျိုးကောင်းသား(၄၀၀၀)ကို ရှင်ပြုရဟန်းခံလျှက် ထေရ၀ါဒ ဗုဒ္ဓသာသနာဘောင် အတွင်းသို့ သွတ်သွင်းချီးမြှောက်ခဲ့ပေသည်။ရခိုင်မှ အရှင်မထေရ်များသည် ဗုဒ္ဓသာသနာပြုကိစ္စ များပြီးစီး၍ အနုရုဓ ရှိ ဗုဒ္ဓ၏လက်ဝဲစွယ်တော်တိုက်သို့ သွားရောက်ဖူးမျှော်ခဲ့ကြသည်

ရခိုင်သာသနာပြုအဖွဲ့သည် စွယ်တော်ကိုဖူးမျှော်ကြပြီး ဗုဒ္ဓဘုရားရှင်၏ လက်ဝဲခြေတော်ရာ တည်ရှိ သော သီရိပါဒတောင်သို့ ဖူးမျှော်ရန်သွားခဲ့ကြပေသည်။ ပေပေါင်း 7360 မြင့်သော သီရိပါဒ ဗုဒ္ဓခြေ တော်ရာရှိသော တောင်ထိပ်သို့ရောက်သောအခါ ထိုတောင်၏ သာယာလှပ ဆန်းကြယ်ပုံ၊ အံသြဖွယ် ကောင်းပုံ အစုံစုံတို့ကို ကြည်နူးစိတ်ဝင်စားလျှက် ရခိုင်သာသနာပြု မှတ်တမ်းလင်္ကာနှစ်ပုဒ်ကို တစ်ခဏချင်း တင်္ခဏုပ္ပတ္တိဥာဏ်ဖြင့် ဖွင့်ဟစီကုံးသည့် လင်္ကာကား………

(၁) မကြားဖူးအောင်၊ လူ့ဘောင်လွန်ပြီး၊အံ့ဝှဲချီးသား၊ လျှံညီးရောင်ဝင်း၊ သုံးလူ့မင်းလျှင် ၊ကြွနင်းအမှတ် ၊ ထိုတောင်ထွဋ်၌ ၊ အတတ်ဝိဇ္ဇာ ၊အောင်ရာဂျော်ဂျီ ၊ တပဿီတို့၊ အမှီတကဲ၊ အနေမြဲသား၊ ရဲရဲရောင် ၀ါ၊ သူရိယာစန္ဒ ၊နေလထွက်ဝင်၊ ကြည့်မမြင်တည့် ၊သစ်ပင်သစ်ရွက်၊ ရွှမ်းရွှမ်းတက်မျှ၊ ခက်သံလက်ညောင်း၊ အရောင်းမရှိ၊ ဒိဌိမိစ္ဆာ၊ လူတကာတို့၊ ထက်မှာမရောက်၊ သံကောက်သံ လွင်၊ထက်ဝန်းကျင်သည်၊ မစင်အပုပ်၊ စက်ဆုပ်အကောင်၊ လေးမရောင်တည်း၊ အခေါင်မိုးထိ၊ သီရိပါဒင် ၊လျှံဝင်းထင်သည်၊ မဂ္ဂင်ရှစ်တန်၊နိဗ္ဗာန်အလယ် ချက်မသောင်။

(၂) အထူးအထူး၊ကြားသော်မူးမျှ ၊ကျေးဇူးငါးပါး၊ထိုတောင်ဖျားဝယ်၊ လေကားပြင်းထွေ၊ မသေ ဆီမီး၊မိုးကြီးထန်ပြင်း၊ ရနံ့ရွင်းသား၊ သလင်းအသွင်၊ တလင်းပြင်လည်း၊ ကျင်တွယ် မဟုတ်၊ ငါးထောင်မုတ်တာ၊ မြေမျက်နှာထက်၊အရာထောင်သောင်း၊များမြောင်ကုဋေ၊ သန်းတက်လေ လည်း၊များထွေရောင်ရှက်၊မြခွက်ကျောက်ကား၊ ဖက်သော်နိုင်လောက်၊ အစောက်မနက်၊ လက်ရှစ်သစ်ရှည်၊တည်သည့်ရေလည်း၊ သောက်လေမခန်း၊ အံ့ဘနန်းတည်း၊ စောင်းတန်း မီးတား၊သံတံခါးအောက်၊ နတ်သို့မှောက်သား၊ ရောင်တောက်မညှိုး၊ မိုးလည်းမထောင့်၊ ချမ်းရိပ်ကောင်းတွင်၊ ကျိန်းလှည့်ဝင်သည်၊ ဥမင်လှိုဏ်နန်းမ၀ယ်သောင် ……………။ဟူ၍ စပ်ဆိုရေးသားခဲ့သည်။

No comments:

Post a Comment