Wednesday, January 14, 2015

ကြက်သွန်နီကို များများစားပါ


--------------------------
ကြက်သွန်အနီနှင့် အဖြူဆိုပြီး နှစ်မျိုးရှိရာ ကြက်သွန်နီ အကြောင်း ပြောပြပါရစေ။
ကြက်သွန်နီဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အဲဒါတွေ ကတော့ လူတွေ ဝမ်းဗိုက် အတွင်းထဲမှာ ဖြစ်စေတဲ့ ကင်ဆာရောဂါ တွေကို ကာကွယ်
ပေးနိုင်တဲ့ အပြင် ကိုလက်စရော ဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိလို့ အဝလွန် သူများ စားသင့်ပါတယ်။ သွေးရောဂါများ အရေပြားရောဂါများ အကိုက်အခဲ လေးဖက်နာ ရောဂါ ခံစားနေရသူများ ကြက်သွန်နီ နေ့စဉ်ကို မှီဝဲပေးပါက သက်သာစေနိင်တယ်။ ဒါတင် မကသေးပါဘူး ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ သွေးလည်ပါတ်မှု ကောင်းမွန်စေ ပါတယ်။ အသားအရေ လျော့ရဲ မွဲခြောက်မှု ကို ကောင်းမွန်စေသည့်အတွက် စားသင့်ပါတယ်။ ဆီးချို ရောဂါ ရှိသူများ ညနေ ထမင်းစားချိန်တွင် ကြက်သွန်နီဥ အနေတော် တစ်လုံးခန့် ထမင်းနှင့် ရောစားပါက ဆီးချို လုံးဝ မတက်ပါ ။ယုံကြည်စိတ်ချစွာ မှီဝဲ စားသုံး နိုင်ပါသည်။

No comments:

Post a Comment