Monday, April 27, 2015

ရခိုင်ရိုးရာ သုံးရစ်ခွေ ၊ တစ်ရစ်ခွေ အလုံးပုတီးကုံး လိုချင်သူများအတွက်

ရခိုင်ရိုးရာ အမျိုးသမီး သုံးရစ်ခွေ အလုံးပုတီးကုံး ရခိုင်လူမျိုးတို့သည် ရှေးဝေသာလီခေတ်က ပင် ပုလဲလုံးပုတီးကုံးများ ၀တ်ဆင်ခဲ့ကြောင်း ကို ရခိုင်ဘုရင် အာနန္ဒြ စန္ဒရာမင်းသည်သီဟိုဠ်မင်း ထံ သို့ သာသနာပြု ချစ်ကြည်ရေး လက်ဆောင်ပေးရာတွင် သင်္ကန်း၊ ဆင်ဖြူ ရတနာ၊နှင့် ပုလဲရတနာတို့ ပါရှိကြောင်းကို ထောက်ရှုခြင်းအားဖြင့် သိသာနိုင်ပေသည်။
ထိုအပြင် ဝေသာလီမြို့ဟောင်းရာမှ တူးဖေါ်ရရှိသော အခြားသော ပုတီးစေ့ အလုံးလေးများ ကို တွေ့ရခြင်းအားဖြင့် ရှေးရခိုင်လူမျိုးတို့သည်အလုံး အစေ့လေးများကို အပေါက်ဖေါက်ကာ ပုတီးကုံးများ အဖြစ် သီကုံး၍  ၀တ်ဆင်ခဲ့သည့် ဓလေ့ရှိခဲ့ကြောင်း သိသာနိုင်ပေသည်။မြောက်ဦးခေတ် အမျိုးသမီးကျောက်ဆစ်လက်ရာရုပ်ထုများတွင်လည်း လည်ဆွဲရတနာများကို အရစ်အခွေအလိုက်
ဝတ်ဆင်ခဲ့ကြကြောင်း သျှစ်သောင်း ၊ ထုက္ကန်သိမ်ရှိ အမျိုသမီးကျောက်ဆစ်ရုပ်များက သက်သေခံနေပါသည်။

ရခိုင်ရိုးရာ အစဉ်အလာ သုံးရစ်ခွေ ၊ တစ်ရစ်ခွေ  အလုံးပုတီးကုံးများကို ရှေးခေတ်က ရခိုင်အမျိုးသမီးများသည် မြတ်နိုးခုံမင်စွာ ဆင်းရဲချမ်းသာမရွေး ၀တ်ဆင်ခဲ့ကြသည်ကို သမိုင်းရုပ်ကြွင်း  ကျောက်ဆစ်လက်ရာများက သက်သေခံနေပါသည်။
ယနေ့အချိန်အခါ ထိုအစဉ်အလာသည် ရခိုင်အမျိုးများကြားတွင် ပျောက်ကွယ်လုမတတ် ဖြစ်နေ ပါပြီ၊ သို့သော်လည် ထိုအစဉ်အလာကို အိန္ဒိယနိုင်ငံ တရိပူရပြည်နယ်ရှိ မောရ့် (ခေါ်) ရခိုင်လူမျိုးများထံတွင် မပျက်မကွက်ရှေးက အစဉ်အလာအတိုင်း ဆင်းရဲ ချမ်းသာမရွေး မြတ်နိုးစွာ ၀တ်ဆင်ထားကြသည်ကို တွေမြင်ရပါသေးသည်၊
 ထိုကြောင့် ရခိုင်ပြည်တွင်လည် ထိုရိုးရာအလေ့အထများ ပြည်လည်မြင်ရအောင် အစဉ်အလာတစ်ခု မပျောက်ပျက်ရအောင်ဟူသော ရွယ်ရည်ချက်ဖြင့် ထုတ်လုပ်ထားရခြင်းဖြစ်ပါသည်။

 တစ်ရစ်ခွေအလုံးပုတီးကုံး တစ်ပင်တန်ဖိုး  ( ၁၅၀၀ )ကျပ်
 ။              ။                   ။ တစ်ဒါဇင်တန်ဖိုး ( ၁၅၀၀၀ ) ကျပ်


သုံးရစ်ခွေ အလုံးပုတီးကုံး တစ်ပင်တန်ဖိုး  ( ၄၅၀၀ ) ကျပ်
    ။                ။            ။   တစ်ဒါဇင်တန်ဖိုး ( ၄၅၀၀၀) ကျပ်
          



အိန္ဒိယနိုင်ငံ တရိပူရပြည်နယ်မှ မောရ်(ခေါ်) ရခိုင်အမျိုးသမီးများ နေ့စဉ်ပုံမှန်ဘ၀ ၀တ်စားဆင်ယင်မှု


 လိုချင်သူများအတွက်ဆက်သွယ်ရန်လိပ်စာ

RAKHINE TRADITIONARY TRADING
အမှတ်(၁၂၁) ပထမထပ် (၄၁)လမ်းအပေါ်၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့
ဖုန်း 01 240324 ၊ 0951 22182
CHAT BOX မှလည်း ဆက်သွယ်မှာယူနိုင်ပါသည်။

No comments:

Post a Comment