ရခိုင်ရှေးဟောင်း ပီစာပြတိုက်ငယ်တစ်ခု ပေါ်ပေါက်လာရေး
ဗဟိုတောရကျောင်းတိုက် ( ကြွီတဲကျွန်း-စစ်တွေမြို့နယ်)
=================================
ယနေ့ရခိုင်ပြည်တွင် ရခိုင်လူမျိုးတို့၏ ရတနာတစ်ပါးဖြစ်သော ရခိုင်ရှေးဟောင်းပီစာများသည် ခြ ပိုးဟပ် ကြွက် ကိုက်စားခြင်း၊အချိန်၏ တိုက်စားခြင်းများကြောင့် နေ့စဉ်နေ့တိုင်း အတောမသတ် ပျက်စီးနေကြ ပါသည်။ တစ်ချို့ဘုန်းတော်ကြီးကျောင်းများမှာ ပီစာထုပ်များကို တစ်ခါမှ ဖွင့်မကြည့် ဖတ်ခွင့်မပေးဘဲ နှစ်ပေါင်း များစွာ ပိတ်လှောင်ထား သည့်ပုံစံဖြင့် ထိန်းသိမ်းထားကြသည်ကိုတွေ့ရပါသည်။ လိုအပ်၍ ဖွင့်ကြည့်လိုက် သည့် အခါ မြင်မကောင်း ရှုမကောင်း ပျက်စီးနေကြသည်ကို ပုံပါအတိုင်း တွေ့မြင်ကြပေသည်။ ဤအတိုင်း ဆက်သွားနေလျှင် ရခိုင် ပီစာများကို နောင်အခါ လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့တောင် အလွန်ခဲယဉ်းလာမည့် အနေအထားသို့ ရောက် ရှိနိုင်ပါသည်။ အချိန်မီ ထိန်းသိမ်းကြပါမှ ကျန်ရှိနေကြသေးသော ရှေးဟောင်းပီစာထုပ်များကို နှောင်းလူတို့ မြင်ကြရမည့် အခြေအနေကို ရောက်နေပါပြီ။
ထိုကြောင့်
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ကြွီတဲကျွန်းဗဟိုတောရကျောင်းတိုက်မှ ဆရာတော်ကြီးကို အကြီးအမှူးထား၍ ရခိုင် သမိုင်းသုတေသီ အသျှင်ပညာစာရ ၏ လမ်းညွှန်မှုကို ခံယူလျှက် အယနာစာပီအဖွဲ့ဝင်များမှ ပူးပေါင်းကာ ရခိုင် ပြည်နယ်မှ စစ်တွေမြို့နယ် ကြွီတဲကျွန်း ဗဟိုတောရေ ကျာင်းတိုက်တွင် ရခိုင်ရှေးဟောင်းပီစာပြတိုက်ငယ်တစ်ခု ကို ကိုယ်ထူ ကိုယ်ထ ပြုလုပ်သွားရန် စီစဉ်နေလျှက်ရှိနေပါသည်။
ထိုပီစာပြတိုက်တွင် ရခိုင်ပြည် ၊ ပြည်တွင်း ပြည်ပ နေရာဒေသ အရပ်ရပ်တို၌် ပြန့်ကြဲနေသော ရခိုင် ရှေးဟောင်းပီစာများကို ရှာဖွေစုေ ဆာင်းကာ စနစ်တကျ ထိန်းသိမ်း၍ အများပြည်သူလေ့လာဖတ်ရှုနိုင်စေရန် ပြသ သွားဖို့ ရွယ်ရည်ပါသည်။ ဤပီစာပြတိုက်ငယ် တွင် မိမိတို့ ထိန်းသိမ်း ထားသော ရခိုင်ရှေးဟောင်းပီစာထုပ်များကို ပြသထားရှိမည့် ဘီဒိုထဲတွင် ပီစာထုပ်တိုင်း၌ မူရင်းကျမ်းအမည်၊ ကျမ်းပိုင်ရှင် အမည်(သို့) ကျောင်း တိုက်အမည်၊ အဖွဲ့အစည်းအမည် တို့ကို ရေးသားဖေါ်ပြ ထားေ ပးသွား ပါမည်။ ပီစာထုပ်အများအပြားရှိပါက မူရင်း ထိန်းသိမ်းထားးသူ အမည်(၀ါ) ကျောင်း တိုက်အမည်ဖြင့် သီးသန့် ဘီဒို၌ ထည့်သွင်း ပြသပေး ထားဖို့ ရည်ရွယ် ထားပါသည်။ စနစ်တကျ ထိန်းသိမ်းရန် အပ်ထားသည့် သဘောသာဖြစ်ရမည်။
ရခိုင်ရှေးဟောင်း ပီစာထုပ်များကို ထိန်းသိမ်းပြသသွားရန်အတွက် ဘီဒိုများ၏ ဖရိန်ကို စတီးဖြင့် ပြုလုပ်ပြီး ပတ်ပတ်လည်အကာများကို မှန်ဖြင့် ပြုလုပ်သွားရန် ရည်မှန်းထားပါသည်။ ပီစာထုပ်များပြသရန် ဘီဒို တစ်လုံး သည် အလျား(၅) အမြင့် (၆)ပေ ဒု (၂)ပေ ကို အလွယ်တကူ ရွေ့လျားနိုင်အောင် အောက်မှ ဘီးများခံ၍ ပြုလုပ် သွားရန်စီစဉ်ထားပါသည်။
ထိုကြောင့် ရခိုင်ရှေးဟောင်းပီစာထုပ် ထိန်းသိမ်းထားသူများအား ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရေ၊ ထိုအပြင် ရခိုင်ရှေးဟောင်းပီစာပြတိုက်ငယ်တစ်ခု ဖြစ်ပေါ်လာဖို့အတွက် လိုအပ်သော အကြံပေးမှုများကိုလည်း ၀မ်းသာစွာဖြင့် လက်ကမ်းကြိုဆိုလျှက်ပါ။
ရခိုင်ရှေးဟောင်းပီစာထုပ်များ ပြသွားရန် ဘီဒိုတစ်လုံး၏ ကုန်ကျစရိတ်ကို ဆရာတော်များ၏ အဆုံးအမကိုခံယူ၍ ဘီဒိုပြုလုပ်သောဆရာများနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖေါ်ပြပေးသွားပါမည်။
ပါဝင်လှူဒါန်းလိုသူများရှိပါက ကြိုတင်စာရင်း ပေးထားနိုင်ပါကြောင်း စုစုပေါင်း ဗီဒို (၁၀) လုံးခန့် ပြုလုပ်သွားပါမည်။ ဗီဒို တစ်လုံးတွင် ရခိုင်ရှေးဟောင်း ပီစာ ကျမ်း (၄၀-၅၀) နီးပါးခန့် စီ ထည့်သွင်း ပြသသွားရန် ရည်ရွယ်ထားပါသည်။
စိတ်ဝင်စား၍ ပူးပေါင်းပါဝင်လိုသူများရှိပါက
အသျှင်ယဿ (ကြွီတဲဗဟိုတောရကျောင်းတိုက်) စစ်တွေမြို့နယ်၊ဖုန်း
အသျှင်ပညာစာရ -ရခိုင်သမိုင်းသုတေသီ (စစ်တွေ) ၊ ဖုန်း-0943194702
မောင်ဖြူ - အယနာစာပီအဖွဲ့(ရန်ကုန်) 095122182
ခိုင်ကျော်နွယ် - အယနာစာပီအဖွဲ့ (ရန်ကုန်) ဖုန်း-09257766055

No comments:
Post a Comment