**************************
=================
မောာင်ဖြူ(ကြွီတဲကျွန်း)
မြန်မာ့ပညာရှင်တစ်ချို့က မာဂီစံ သက္ကရာဇ်ကို အောက်ပါ အတိုင်း ရေးသားကာ စာအုပ်ထုတ်ဝေကြ သည် တွေ့ရသည်။ “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။
“မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်၊“မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံဝစ္ဆရာ= နှစ်” ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင်ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖန်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရတယ်။
ဒါကို ရှင်းမယ်။
“မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန္ဒြ မင်း နန်း တက် သည့် နှစ် နှင့် တိုက်ဆိုင် နေသောကြောင့် ယင်းခေတ်တွင် စစ်တကောင်းနယ်မြေဒေသသည် ရခိုင်ဝေသာလီ ပိုင်နက် မြေဖြစ်ကြောင်း ဘင်္ဂလီများသည် ယင်းခေတ်ယင်းအချိန်က ဘင်္ဂလားဒေသတွင် နိုင်ငံ အဖြစ် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ်မရှိသည့်အချိန်လည်း
ထိုကြောင့် ယခုဘင်္ဂလားဒေသသုံး သက္ကရာဇ်သည်ဆိုမှာ ရခိုင်ဝေသာလီခေတ်သုံးသက္ကရာဇ
ထို “မာဂီ စံ” သက္ကရာဇ်ဟူသည်မှာ ယနေ့အရှေ့ဘင်္ဂေါရှိဘင်္ဂလီများ
“ စံ ” ဆိုသည်မှာ ပါဠိဘာသာ၏ (သံဝစ္ဆရာ= နှစ်) ကို နာဂရီအသံဖြင့် ပြောထားသော အဓိပ္ပါ့ယ် ဖြစ်ဟန်ရှိပေ သည်။ ထိုကြောင့် “မာဂီစံ” ဟူသော ဝေါဟာရအနက်မှာ မာဂီ=မောဂ်= ရခိုင်၊ စံ ဆိုသည်မှာ “သံဝစ္ဆရာ=နှစ်” စကားနှစ် လုံးကို ပေါင်းထားခြင်းဖြစ်ပါသည်။ အနှစ်ချုပ်သော် “မာဂီစံ” ဟူသည်မှာ အထွေအထူးမဟုတ်ဘဲ ရ ခိုင်နှစ်၊ တစ်နည်း ရခိုင်ဝေသာလီခေတ်သုံးသက္ကရာဇ
မာဂီစံ= ရခိုင်သက္ကရာဇ် အစ 638 ကို သိလိုပါက ဦးမောင်ဖြူ ရေးသားသော အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ဆုံးစာ ကြောင်း ရေ (၇၂-၇၃) ပါ နန်းစံနှစ်ကို ရေးသားထားသော ဆောင်းပါး အား ရှာဖွေဖတ်ရှုပါဟု ညွှန်းလိုပါသည်။
နောက်ဆုံးအနေဖြင့် ပြောလိုတာက လူမျိုးတစ်မျိုး၏ သမိုင်းအကြောင်းကို အခြားလူမျိုးတစ်ဦး ရေးမည်ဆိုပါက ထိုလူမျိုးများ၏ ဘာသာစကား ရိုးရာဓလေ့ စာပေယဉ်ကျေးမှုကို သေသေချာချာ ဂဃဏန မသိဘဲ ရေးလျှင် ယခုလို မှားတတ်သည့် သဘောရှိသည်ကို နားလည်ပေးလို့ရနိုင်ပေသည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရေးသူသည် ထိုလူမျိုးကို စာပေဖြင့် နှိပ်ကွပ် ချိုးနှိမ် ချင်သောကြောင့် ရေးသားခြင်းသည် မလုပ်ကောင်းသော လုပ်ရပ်ဟု မေတ္တာဖြင့် အသိပေး ရေးသားတင်ပြလိုက်ရပါသည်။
အာနန္ဒစန္ဒြ မင်းကျောက်စာ ဂါထာ(၂၆) ပါ (သမ်ဝတ်သရာ- နှစ်)
No comments:
Post a Comment