Friday, November 16, 2018

ရခိုင်တို့၏အတိတ်ကာလ သမိုင်းကြောင်းနှင့် စာပေအရေးအသားလေ့လာနိုင်သည့် အာနန္ဒစန္ဒြ ကျောက်စာ

ရခိုင်တို့၏အတိတ်ကာလ သမိုင်းကြောင်းနှင့် စာပေအရေးအသားလေ့လာနိုင်သည့် အာနန္ဒစန္ဒြ ကျောက်စာ
==================================

မောင်မောင်ကျော့-ပလက်ဝ
ယခုအခါ ပျက်စီးနေပြီးဖြစ်၍ ဖတ်ရှု၍မရနိုင် တော့ချေ။ ဒုတိယ ရှေးအကျဆုံးစာကိုမူ အနောက်ဘက်မျက်နှာတွင် တွေ့မြင်ဖတ်ရှုနိုင် သေးသည်။ မြောက်ဘက်မျက်နှာစာ အချို့မှာပျက်စီးနေပြီး အချို့ကို ပညာရှင်များ က ကြိုးစားဖတ်ရှုခဲ့ကြသည်။ ကျောက်စာတိုင် အနောက်ဘက်မျက်နှာစာကို အာနန္ဒစန္ဒြမင်း က ရေးထိုးစေခဲ့သဖြင့် အာနန္ဒစန္ဒြကျောက်စာ ဟုလည်း ခေါ်တွင်ကြသည်။
အာနန္ဒစန္ဒြမင်းသည် ကျောက်စာပါ တတိယမင်းဆက်မှ ဝဖြသတ္တိမင်း၏မြေးဖြစ် ကြောင်း ဖော်ပြပါရှိသည်။ ကျောက်စာရေးထိုးခြင်း၏ရည်ရွယ်ချက်မှာ လူအများအကျိုး အတွက် အားထုတ်လိုစိတ်ရှိသော မင်းတကာ့ မင်းသည် သတ္တဝါအပေါင်းတို့အား ကောင်း ကျိုးအကျင့်ကို သိမြင်စေရန်လည်းကောင်း၊ အသိဥာဏ်ပွင့်လင်းစေရန် လည်းကောင်း၊ နှစ်သက်ဝမ်းမြောက်စွာပြုလုပ်သော ကုသိုလ် ကောင်းမှုများ ပွားများစေရန်သော်လည်း ကောင်း အလိုရှိသောကြောင့် မင်းဖြစ်ခဲ့သည့် ပထမနှစ်မှ နဝမမြောက်နှစ်တိုင်အောင် မိမိဥစ္စာဖြင့် ကိုယ်တိုင်ပြုလုပ်အပ်သော ကောင်းမှု၊ သူတစ်ပါးတို့အားပြုလုပ်စေ၍ အနု မောဒနာခေါ်တော်မူအပ်သော ကောင်းမှု တို့ကို ဖော်ပြအပ်သည်ဟု ရေးထိုးခဲ့သည်။ဤအနောက်ဘက်မျက်နှာစာမှာ စာကြောင်း ရေ ၇၃ ကြောင်းနှင့် ဂါထာအပိုဒ် ၆၆ ပိုဒ် ရှိ သည်။ စကားပြေတစ်ကြောင်းပါရှိ၏။ ကျောက်စာကြောင်းရေ ၇၂၊ ၇၃တို့မှာ ¤င်း ကျောက်စာရေးထိုးနှစ်ကို ရေးသားထားခြင်း ပင်ဖြစ်သည်။
အာနန္ဒစန္ဒြကျောက်စာထက် စော၍ ရေးထိုးသော အိန္ဒိယကျောက်စာများတွင် ဘေးတော်၊ ဘိုးတော်တို့အကြောင်းရေးထိုး ထားသော်လည်း နန်းစံနှစ် မပါရှိချေ။အာနန္ဒ စန္ဒြကျောက်စာမှာမူ ဘေးတော်၊ ဘိုးတော် အကြောင်းအပါအဝင် နန်းစံနှစ်များကိုပါ ရေးထိုးထားသော ကျောက်စာထဲတွင် အစောဆုံးကျောက်စာတိုင် တစ်တိုင်ဖြစ်ပေ သည်။ ၆၆ ဂါထာတည်းဖြင့် ဝေသာလီခေတ် ရခိုင်မင်းဆက်များ၏ နန်းစံနှစ်များနှင့်တကွ ဖော်ပြထားသော ကျောက်စာဖြစ်သည်။ဤကျောက်စာမျိုးကို မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင်မျှမတွေ့ရချေ။

အာနန္ဒစန္ဒြကျောက်စာတွင် မျဉ်း တစ်ကြောင်းချင်း ဖလှယ်ပြီးသောအခါ ဂါထာများကိုရေးချပြီး နှစ်ချောင်းပုဒ်မကြီး အကြားတွင် ဂါထာတစ်ပုဒ်စီပါရှိသည်။ ပထမ စာကြောင်းကို လက်ရှိကျောက်စာ ဓာတ်ပုံ ဖလင်တွင် ဖတ်မရကြောင်း ဖော်ပြခဲ့သည်။ ¤င်းစာသုံးကြောင်းတွင် ဂါထာသုံးပိုဒ်ပါသွား လိမ့်မည်ဟု ခန့်မှန်းရပေသည်။ ထို့ကြောင့် ဂါထာလေးမှစတင်၍ ဖော်ပြခဲ့ခြင်းဖြစ်၏။တစ်ဖန် ဂါထာလေးမှ ၉၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇ ကို ပြည့်စုံစွာဖတ်မရကြောင်း ဖော်ပြခဲ့သည်။ ¤င်းဂါထာပိုဒ်များကို မောင်ဖြူ(ကြွီတဲကျွန်း) က ခေတ်မီကွန်ပျူတာနည်းစနစ်ဖြင့် ပြည့်စုံ စွာ ဖတ်ရှုနိုင်ခဲ့လေသည်။ ဂါထာ ၄၅ နှင့် ၄၆ ကြားတွင် စကားပြေတစ်ကြောင်းပါဝင် သည်။ ဂါထာ ၆၂ ပြီးသောအခါ အပရံစ (ထိုမှ တစ်ပါးဆက်၍ဆိုအံ့)ဟု ရေးပြီးနောက် နောက်ထပ်ဂါထာလေးပိုဒ်ကို တစ်ဆက်တည်း ရေးသားထားကြောင်း တွေ့ရသည်။
ဒေါက်တာဂျွန်စတင်၏ စိစစ်ချက်အရ ဂါထာ ၃၂၊ ၄၂၊ ၄၄နှင့် ၆၂တို့သည် ဝသန္တ သိလက ဂါထာမျိုးဖြစ်ပြီး၊ စာလုံးရေ ရေတွက် သောအခါ ပုဒ်မတစ်ချောင်းဖြင့် ၂၈ လုံး ပါဝင်ကြောင်းတွေ့ရပေသည်။ ဂါထာ ၄ဝ၊ ၆၁၊ ၆၄၊ ၆၅ တို့မှာ ဥပဇာတိ ဂါထာမျိုးဖြစ်သည်။ စာလုံးရေမှာ ၂၂လုံးဖြစ်သည်။ ဂါထာ ၅၂ နှင့် ၅၉မှာ ဣန္ဒြဝံသနှင့် ဝံဂ့သထ္ထဂါထာ နှစ်မျိုးအရောဖြစ်ပြီး စလုံးရေ ၂၆ လုံးဖြစ် သည်။ ကျန်ဂါထာများမှာ အနုပ္ဋုတ်က္လေက ဂါထာမျိုးဖြစ်ပြီး စာလုံးရေမှာ ၁၆ လုံးဖြစ် ကြောင်း သိရှိရပေသည်။ ကျောက်စာတွင် ''စန္ဒြားဘွဲ့'' ခံမင်းဆက် ၁၆ဆက်ဟု ဆိုထား သော်လည်း ၁၃ ဆက်ကိုသာ စာရင်းချပြခဲ့ပြီး ၄င်းမင်း ၁၃ ဆက်၏ နန်းစံနှစ်စုစုပေါင်း ၂၃ဝ ဟု ဖော်ပြထားသည်။
ဆရာကြီး ဦးစံသာအောင်ကလည်း ဂျွန်စတင် တင်ပြသည့်အတိုင်း စန္ဒြားဘွဲ့ခံမင်း ၁၃ ဆက်ကိုသာ ချပြခဲ့သည်။ ကျန်မင်းသုံးပါး အမည်မှာ ထီးနန်းကိုရက်အနည်းငယ်မျှသာ စိုးစံခဲ့ရသော မထင်မရှားသည့်မင်းများဖြစ် သည်ဟုသာ မှတ်ချက်ပြုခဲ့သည်။ မောင်ဖြူ (ကြွီတဲကျွန်း)၏ ကြိုးပမ်းအားထုတ်မှုကြောင့် စန္ဒြားဘွဲ့ခံမင်း ၁၆ ဆက်ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ မောဖြူ (ကြွီတဲကျွန်း)၏တင်ပြချက် ကိုအခြေခံကာ စာရေးသူကလည်း သဇင်ပန်းခိုင် သတင်းဂျာနယ်တွင် အာနန္ဒစန္ဒြကျောက်စာ အနောက်ဘက်စာမျက်နှာပါ စန္ဒြားဘွဲ့ခံမင်း ၁၆ ပါးအား လေ့လာဖော်ထုတ် အလင်းပြခြင်း ဆောင်းပါးတစ်ပုဒ်ဖြင့် အားဖြည့်ရေးသားပေး နိုင်ခဲ့သည်။ ဤကျောက်စာပါစာများသည် ယခင်ဖတ်ရှုသူများက အေဒီ၇၂၉ မောင်ဖြူ (ကြွီတဲကျွန်း)က အေဒီ-၆၄၉ အထိရခိုင်ပြည်၏ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်းအကျဉ်းချုပ်ကို မီးရှူးတန်ဆောင်သဖွယ် ထွန်းပြခဲ့လေသည်။
ကျောက်စာဖတ်ရှုသူများ
အာနန္ဒစန္ဒြကျောက်စာကို ဖတ်ရန်ကြိုးစား ခဲ့သူများရှိခဲ့ကြရာ ဟိရနန္ဒဆပ်စတြီသည် အိန္ဒိယ ရှေးဟောင်းသုတေတသနဌာန၏ ၁၉၂၅-၁၉၂၆ ခုနှစ်အတွက် နှစ်ချုပ်အစီရင် ခံစာ စာမျက်နှာ(၁၄၆မှ၁၄၈)တို့တွင် ဤ ကျောက်စာနှင့်ပတ်သက်၍ မှတ်ချက် အနည်းငယ်ရေးခဲ့သည်။ အိန္ဒိယကျောက်စာဝံ ဒေါက်တာပီအင်ချ ကရာဝါတီကလည်း အောက်ဆုံးမျဉ်းကြောင်းရေ ၅ဝ ကျော်မျှကို ၁၉၃ဝ ကျော်လောက်က ဖတ်ရှုခဲ့သည်။
ကျောက်စာကို အစအဆုံးပြည့်ပြည့်စုံစုံ ဖတ်ပြီး အဓိပ္ပာယ်ဖော်ခဲ့သူက ဒေါက်တာE.H ဂျွန်စတင်ပင်ဖြစ်သည်။ ၄င်းသည် အင်္ဂလန် နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် ဘေဘီယော ကောလိပ်မှ အရှေ့တိုင်းပညာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သည်။ ၁၉၄၂ ခုနှစ် အောက်တိုဘာလတွင် ဂျွန်စတင် ကွယ်လွန် ချိန်၌ အာနန္ဒစန္ဒြကျောက်စာ ဘာသာပြန်မှာ စာကြမ်းအဖြစ်သာ ကျန်ရှိခဲ့သည်။ဘေဘီယောကောလိပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ က ပါမောက္ခ ဆာရစ်ချပ်ဗန်းအား ခေါ်ယူပြီး ဂျွန်စတင်၏ စာရွက်စာတမ်းများကို မွှေနှောက် ရှာခိုင်းရာမှ ဤစာတမ်းအကြမ်းကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ပါမောက္ခ ဆာရစ်ချပ်ဗန်းသည် ပါမောက္ခG.Hလု(စ်)၏ အကူအညီဖြင့် စာတမ်းအကြမ်းကို အချောဖြစ်အောင် တည်းဖြတ်၍ Bull . S.O.A.S.Volxi.pt.2,pp375-85 Some Sanskrit Inscriptions of Arakan ခေါင်းစဉ်ဖြင့် ထည့်သွင်းထုတ်ဝေ ခဲ့သည်။
ယင်းနောက် အာနန္ဒစန္ဒြကျောက်စာနှင့် ပတ်သက်၍ ဖတ်ရှုသူ၊ ဆောင်းပါးရေးသူ အတော်များများပေါ်ပေါက်လာခဲ့သည်။ ဆရာ မွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်တွင် ''သျှစ်သောင်းဘုရားမှ သက္ကတကျောက်စာတိုင်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမင်းသုဝဏ် သည် ဓညဝတီမဂ္ဂဇင်းတွင် ''အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်မင်းတစ်ပါး'' ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ် ထုတ် ရခိုင်ယဉ်ကျေးမှုစာစောင် အတွဲ(၁)၊ အမှတ်(၁)တွင် ''ဝေသာလီအာနန္ဒစန္ဒြ ကျောက်စာ'' ခေါင်းစဉ်ဖြင့် လည်းကောင်း ရေးသားခဲ့ကြပေသည်။
မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါဠိဌာနမှ ဦးမြင့်ဆွေသည် ၁၉၆၈ ခုနှစ် တတိယ အကြိမ်မြောက် သုတေသနဆွေးနွေးပွဲတွင် အာနန္ဒစန္ဒြသက္ကတ ကျောက်စာအကြောင်းကို စာတမ်းဖတ်ကြားခဲ့သည်။ ဆရာကြီး ဦးစံသာအောင်က ၁၉၇၅ ခုနှစ်တွင် ၇-၈ ရာစုနှစ် ရခိုင်ပြည်တွင်အသုံးပြုသော ဗြဟ္မီပွား အက္ခရာဖြင့် ရေးသားထားသည့် အာနန္ဒစန္ဒြ ကျောက်စာကို ဘာသာပြန်ရေးသားထုတ်ဝေခဲ့ သည်။ သြစတြေးလျနိုင်ငံမှ ပင်မီလာဂတ်မင် ကလည်း သူမ၏ပါရဂူဘွဲ့အတွက် တင်သွင်း သော ''Ancient Arakan''စာတမ်းပြုစုစဉ်က ဤကျောက်စာကို ကြိုးစားဖတ်ရှုခဲ့သည်။စာရေးသူမှလည်း ၂ဝ၁၆ ခုနှစ်ထုတ် ရခိုင် တန်ဆောင်မဂ္ဂဇင်း (၂၁)တွင် ''အာနန္ဒစန္ဒြ ကျောက်စာပါ ပထမမင်းဆက်သည် ဓညဝတီ၌ စိုးစံခဲ့သော မင်းဖြစ်ကြောင်း လေ့လာခြင်း'' ဆောင်းပါးရေးသားဖူးခဲ့သည်။ ထို့အပြင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံ၌ ''အာနန္ဒစန္ဒြ ကျောက်စာရေးထိုးနှစ်နှင့် နောက်ထပ်တွေ့ရှိ ချက်များ သုတေသနစာတမ်း''အား မောင်ဖြူ (ြ<ွကီတဲကျွန်း)က ဖတ်ကြားဆွေးနွေးတင်ပြခဲ့လေ သည်။
ကျောက်စာဖတ်ရန်
သက္ကတဘာသာကျွမ်းကျင်ရန်လို
အာနန္ဒစန္ဒြကျောက်စာကို ဖတ်ရှုသူများ ထဲမှ ပါမောက္ခဒေါက်တာဂျွန်စတင်သည် သူ့ခေတ်သူ့အချိန်အခါက အပြည့်စုံဆုံးနှင့် အတိကျဆုံး ဖတ်ရှုခဲ့သူတစ်ဦးဖြစ်သည်။ ကျောက်စာရေးထိုးသော ဘာသာမှာ သက္ကတဘာသာဖြစ်၍ ဤကျောက်စာဖတ်ရှုသူ များသည် သက္ကတဘာသာကို ကျွမ်းကျင်ရန် လိုအပ်ပေသည်။ ကျောက်စာတွင် စကားပေ တစ်ကြောင်းသာပါရှိပြီး ကျန်အပိုဒ်များမှာ ဂါထာများပင်ဖြစ်သည်။ ထို့ကြောင့် ဂါထာစပ် ဆိုပုံကိုလည်း တတ်ကျွမ်းရန်လိုအပ်ပေ၏။ ကာရန်ကိုလည်းကောင်း၊ စကားလုံးအရေ အတွက်ကိုလည်းကောင်း ကြည့်ပြီး အမှန်သို့ မှန်းဆတတ်ရန်လည်း လိုအပ်သည်။
ဆရာကြီး ဦးစံသာအောင်ကလည်း ဝေသာလီနန်းမြို့ဟောင်းနှင့် အာနန္ဒစန္ဒြ ကျောက်စာကိုကြိုးပမ်းအားထုတ်သုတေသန ပြုခဲ့သည်။ ဒေါက်တာဂျွန်စတင်၏ မူလ တင်ပြချက်များအပြင် ရှေးယခင်ကမတွေ့ရှိရ သေးသည့် ဒင်္ဂါးအချို့နှင့်ပါ ဖြည့်စွက်ဖော်ပြ နိုင်ခဲ့သည်။ ကျောက်စာပါ ဒုတိယမင်းဆက် ဘွဲ့အမည်များကို ယင်းမင်းတို့ သွန်းလုပ်ခဲ့ သော ဒင်္ဂါးများနှင့် ပူးတွဲနှိုင်းယှဉ်ဖော်ပြနိုင်ခဲ့ သည်။ ဒွေဝံစန္ဒြမင်းနှင့် ကာလစန္ဒြမင်း ဒင်္ဂါးကိုကား ဖော်ထုတ်ခဲ့သည်ကို မတွေ့ရပေ။ဤသို့ကြိုးပမ်းမှုကြောင့် (၁)အာနန္ဒစန္ဒြ ရှစ်ရာစု ဝေသာလီမင်း၊ (၂)ဝေသာလီခေတ် ရခိုင်ဒင်္ဂါး များ၊ (၃) The Buddhist Art of Ancient စာအုပ်တို့ကို ရုပ်လုံးဖော်ထားနိုင်ခဲ့သည်။
အာနန္ဒစန္ဒြကျောက်စာရေးထိုးနှစ်နှင့်
နောက်ထပ်တွေ့ရှိချက်
ယခုအခါ အယနာစာပီအဖွဲ့(ရန်ကုန်)မှ မောင်ဖြူ(ကြွီတဲကျွန်း)က ဒေါက်တာဂျွန်စတင် နှင့် ဆရာကြီးဦးစံသာအောင်တို့၏ တင်ပြချက် များအပြင် ခေတ်မီကွန်ပျူတာနည်းပညာဖြင့် စနစ်တကျ သုတေသနပြုလုပ်ထားသော အာနန္ဒစန္ဒြကျောက်စာ အက္ခရာများ၊ ခေတ် အဆက်ဆက်ရခိုင်ဒင်္ဂါးများ၊ ကျောက်စာပါ မင်းအချို့၏ နန်းစံနှစ်ကွဲလွဲချက်၊ မင်းအမည် အချို့တို့၏ စာလုံးအဓိပ္ပာယ်ကွဲလွဲချက်၊ နောက်ထပ်တွေ့ရှိရသောစာလုံးနှင့် စာသား အချို့၊ ကျောက်စာရေးထိုးသည့်ခုနှစ် စသည့် တွေ့ရှိချက်များကို စနစ်တကျလေ့လာဖတ်ရှု၍ စာတမ်းတစ်စောင်ပြုစုရေးသားကာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် တစ်ကြိမ်၊ နိုဝင်ဘာ ၂၇ ရက်က မြောက်ဦးမြို့ မြောက်ဦးဟိုတယ်၌ ဆရာကြီး ဦးဦးသာထွန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲနှင့် စကားဝိုင်းဆွေးနွေး ပွဲတွင် တစ်ကြိမ်၊ နိုဝင်ဘာ ၂၉ ရက်က စစ်တွေမြို့SS FOOD CENTRA ၌ ရန်ကုန် ရောက် ရခိုင်စာရေးဆရာကြီးများနှင့် ရခိုင် ပြည်နယ်အတွင်းရှိ စာရေးဆရာများတွေ့ဆုံပွဲ တွင် တစ်ကြိမ် သုံးကြိမ်တိုင် စတေကာ ကားချပ်များဖြင့် ပြခန်းသဖွယ်ပြသပြီး ပါဝါပွိုင့် ဆလိုက်ရှိုးဖြင့် ရှင်းလင်းတင်ပြဆွေးနွေး ချပြ ခဲ့သည်။ ထို့အပြင် အာနန္ဒစန္ဒြကျောက်စာ အက္ခရာ အခြေခံသင်ရိုးစာအုပ်ကိုလည်း ရေးသားထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ တော်ဝင် ဂါးဒင်းဟိုတယ်၌ှSeminor on Samskrit Literature of Rakhine နိုင်ငံတကာ စာတမ်းဖတ်ပွဲကျင်းပရာတွင် Prof. Dr.Arlo Griffiths (France School of Asiam Studies)၏ New perspectives on Arakan in the first millennium: its name, dynastic history and Buddhist culture.ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Prof. Dr. Suchandra Ghosh ( University of Calcutla) ၏ Arakan and Southeasterm Bangal: History Perspectives.ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေး သည့် နိုင်ငံတကာပညာရှင်များနှင့်အတူ U Maung Phru ၏ New Dating and Findings on Anandacandra Stone Inscription ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးတင်ပြနိုင်ခဲ့သည်။ ထို့ကြောင့် အာနန္ဒစန္ဒြ ကျောက်စာရေးထိုးနှစ်နှင့် နောက်ထပ်တွေ့ရှိ ချက်များ စာတမ်းအပေါ် နိုင်ငံတကာပညာရှင် များ၊ သမိုင်းပညာရှင်များ၊ ရခိုင်သမိုင်းစာပေ ပညာရှင်များနှင့် သမိုင်းဝါသနာရှင်များ အားလုံး နှစ်ထောင်းအားရ လက်ခံကြိုဆိုမှု အပြည့်အဝရရှိခဲ့သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန်အတွက်လည်း များစွာ အထောက်အကူဖြစ်စေခဲ့သည်။
ထိုသို့သောအချက်များကြောင့် အာနန္ဒစန္ဒြ ကျောက်စာသည် ရခိုင်သမိုင်းစဉ်တွင် အရေးကြီးသော၊ ရခိုင်လူမျိုးအတွက်တန်ဖိုး မဖြတ်နိုင်သော ကျောက်စာတိုင်တစ်တိုင် ဖြစ်ခဲ့ရပြီဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ (MOWCAP)၏ ဆဋ္ဌမအကြိမ်မြောက် အထွေထွေအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် မေ ၂၉ ရက်မှ ဇွန် ၁၇ ရက်ထိကို ကိုရီးယား နိုင်ငံ ဂွန်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် အတူ ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသ တွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခံရပြီးဖြစ်ပေသည်။ ထို့အပြင် အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်ကော်မတီသို့လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်းထား ရှိပြီးလည်း ဖြစ်သည်။
ထို့ကြောင့် ကျောက်စာရေးထိုးမှတ်တမ်း တင်ခြင်းသည် အတိတ်ကာလလူသားတို့၏အမှတ်လက္ခဏာတစ်ရပ်ကို ဖော်ပြနေရုံမက သမိုင်းကြောင်းနှင့် စာပေအရေးအသားများကို ပါ မှတ်တမ်းတင်နိုင်သောကြောင့် ကျောက်စာ များကို ရိုသေစွာထိန်းသိမ်းစောင့်ရှောက်သင့် ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား
-အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း - ဦးစံသာအောင်
-ရခိုင်ဒင်္ဂါးများ - ဦးစံသာအောင်
- အာနန္ဒစန္ဒြကျောက်စာရေးထိုးနှစ်နှင့် နောက်ထပ်တွေ့ရှိချက်များစာတမ်း မောင်ဖြူ (ကြွီတဲကျွန်း)
- Some Samskrit Inscription of Arakan E.H-Johnston
- Ancient Arakan _ Pamela Gutman
- A Study on the Anandacandra Stone Inscription _Dr.Saw Mra Aung


မောင်မောင်ကျော့ (ပလက်ဝ) ၏ ဆောင်းပါးဖြစ်သည်။
https://www.facebook.com/mg.kyaut.3/posts/698952970478482

No comments:

Post a Comment