ရှေးဘုရင်မင်းများသည် ကြီးစွာသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည့်အခါတွင်လည်းကောင်း၊ သိသင့်သိထိုက် သော အကြောင်းအရာတစ်ခု နှောင်းလူတို့သိရှိစေရန် ရွယ်ရည်ချက်ဖြင့် ကြာရှည်ခံသော ကျောက်တုံး၊ ကျောက်ချပ်များ ၌ လည်းကောင်း၊ ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ ပုရပိုဒ်၊ ပေချပ်များတွင်ကမ္ဗည်းရေးထိုးကာ မှတ်တမ်းတင်ခဲ့ကြသည်။ ယင်းသို့ မှတ် တမ်းတင် ခဲ့သည့် အထဲတွင် ဝေသာလီခေတ် ကျောက်ချပ်ကြီး(၂)ချပ်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ယင်းတို့မှာ
၁။ မြောက်ဦးမြို့ သျှစ်သောင်းဘုရား ၊ အာနန္ဒစန္ဒြမင်း ကျောက်စာတိုင် တည်ရှိရာ ကျောက်စာရုံအတွင်း လဲလျောင်းချထားသောကြာ ပွင့်နှင့် ခရုသင်းအရုပ်ပါ ကျောက်ပြားချပ်ကြီး၊
၂။ ရသေ့တောင်မြို့နယ်၊ ယခု မယူရှင်မနတ်ကွန်း၌ ထိန်းသိမ်းထားသော ခရုသင်းအရုပ် နှင့် ကြာပွင့်ပုံပါ ကျောက်ချပ်ကြီးတို့ ဖြစ်သည်။
*
မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားရှိ အပြားလိုက်ချထားသော ကျောက် ချပ်ကြီး၌ ကြာပွင့်ကြီးတစ်ပွင့်ရေးဆွဲပါရှိ သည်။ ထိုကြာ ပွင့်၏အောက် တွင် ခရုသင်းအရုပ်တစ်ခုပါရှိသည်။ ထိုခရုသင်းရုပ်ပုံတွင် အတောင်ပံများ တပ်ထားသော ပုံစံပြု၍ အလှဆင် ရေးဆွဲထားကိုတွေ့ရသည်။
ကျောက်ချပ်ကြီး (၂)ချပ်အနက် မြောက်ဦးမြို့ရှိ ကျောက်ချပ်ပါ ကြာပွင့်နှင့် ကြာပွင့်အောက်ရှိ ခရုသင်းအရုပ်ကို ကျောက်စာဝန်ဟောင်း ဖော်ချမ်မာ၏ အဆိုအရ ၊ ကြာပွင့်နှင့် ခရုသင်းပုံ၏ အဓိပ္ပါယ်ကို ဖွင့်ဆို ရာမှာ ဗြာဟ္မဏအယူဝါဒကို ကိုယ် စားပြုသော ခရုသင်းမှ ဗုဒ္ဓ၀ါဒကို ကိုယ်စားပြုသောကြာပွင့် တစ်ပွင့် ထွက်လာပြီး ဓမ္မစကြာ တရား တော်ဖြစ် ပေါ်လာသည်ကို ပေါ် လွင်အောင်ရေးထွင်းထားခြင်းဖြစ်သည်ဟု ဆရာကြီးဦးစံသာအောင် ရေးသားသော အာနန္ဒစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီ မင်းစာအုပ် ၊ စာမျက်နှာ (၉) တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ ဤကား ကျောက်စာဝန်ဟောင်း ဖော်ချမ်မာ၏ ယူဆချက်ဖြစ်သည်။
ကျောက်စာဝန်ဟောင်း ဖော်ချမ်မာ၏ ယူဆချက်သည် ရှေးခေတ် ဝေသာလီပြည်တွင် အစကနဦး ရှိကြကုန်သော မင်း နှင့် ပြည်သူများ သည် ဗြာဟ္မဏအယူဝါဒရှိသော မင်းနှင့် ပြည်သူများဖြစ်ပြီး နောက်ပိုင်းမှ ဗုဒ္ဓအယူ ၀ါဒသို့ ကူးပြောင်းလာကြ သူများဖြစ်သည်ဟု မှတ်ချက်ပြုလိုက်သည့် သဘောသက်ရောက်သွားသည်။
**
ထိုသို့ အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူရှင်မ နတ်ကွန်းတွင် ထိန်းသိမ်းထားသော ကျောက် ချပ် ကြီး ၌လည်း မြောက်ဦး သျှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြမင်းကျောက်စာရုံရှိ ကြာပွင့်ပုံနှင့် ခရုသင်း ပုံ ကဲ့သို့ အရုပ်များ ရေးထိုးပါ ရှိ သည် ကို တွေ့ရသည်။
***
ကျောက်ချပ်ကြီးများပါ ကြာပွင့်နှင့် ခရုသင်းအရုပ်သည် ကျောက်စာဝန်ေ ဟာင်း ဖော်ချမ်မာ၏ ယူဆခဲ့သည့် အတိုင်း ရှေးခေတ် ရခိုင်ဝေသာလီမှ မင်းနှင့်ပြည်သူများသည် ကနဦး ဗြာဟ္မဏ အယူဝါဒကို လက်ခံသူများဖြစ်ပြီး နောက်ပိုင်းမှ ဗုဒ္ဓအယူဝါဒ သို့ ကူးပြောင်းလာခြင်းဖြစ် သည်ဟု မယူဆပေ။
ကြာပွင့်ကြီး၏အောက်၌ ခရုသင်းအရုပ်ရေးပါသည်ကို ဟိန္ဒူဗြာဟ္မဏအယူဝါဒကို ကိုယ်စားပြုသည်ဟု ဆိုသည်မှာ ခိုင်လုံသော သက်သေပြချက်ကား မဟုတ်ချေ။ ယင်းသို့သာ ယူဆကြမည်ဆိုလျှင် ယနေ့မြန်မာနိုင်ငံတွင်လည်း လက်ညိုးထိုး မလွဲ အောင် ဘာသာခြားတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အဦ များရှိနေကြသည်မှာ မြန်မာနိုင်ငံသား အများ စုသည် ထိုဘာသာဝင် များ မဟုတ်ကြဘဲ၊ ဗုဒ္ဓဘာသာဝင်များ သာဖြစ်ကြကြောင်းက သက်သေပင်ဖြစ်သည်။ ယင်းသို့ရှိနေခြင်း သည်ပင် မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း ပြယုဂ်တစ်ခု ပင်ဖြစ်သည်။
****
ထို့အတူ ယနေ့မြန်မာနိုင်ငံ တွင် သုံးစွဲနေသော၊ သုံးစွဲခဲ့သော ငွေ ကြေးများတွင်လည်း ခြင်္သေ့ရုပ်၊ ဆင်ရုပ်၊နွားရုပ်၊ တိုးနယားရုပ်၊ ဒေါင်းရုပ် တို့ပါရှိ နေခြင်းသည် မြန်မာနိုင်ငံ၏ မင်းနှင့်ပြည်သူတို့ ကိုးကွယ်သော ဘာသာရေးကို ကိုယ်စားပြုခပ်နှိပ်ထားခြင်း မဟုတ်ကြောင်း သက်သေ ပင်ဖြစ်သည်။
ကျောက်ချပ်ကြီးပါ ကြာပွင့်သည် ရခိုင်ဝေသာလီ၌ စိုးစံအုပ်ချု ပ်ေ သာမင်းနှင့် ပြည်သူများသည်ဗုဒ္ဓ၏ အယူဝါဒ ကို လက်ခံ ကျင့်သုံးသော အမှတ်လက္ခဏာဖြစ်ကြောင်း နှောင်းလူတို့သိကြစေရန် ရေးထိုးထားခြင်း သာဖြစ်ပြီး ၊ ကြာ ပွင့်ကြီး ၏အောက် တွင်ရှိ သော ခရုသင်းအရုပ်သည် ဝေသာလီပြည်ကို အုပ်စိုးစံသော မင်းတို့သည် ဗုဒ္ဓ၏အဆုံးအမ၊ ဗုဒ္ဓအယူဝါဒ ကို လက်ခံကျင့်သူကြသူများ ဖြစ်သောကြောင့် မင်း၏အမှတ်လက္ခဏာ(၀ါ) အချုပ်အခြာအာဏာတိုင်းပြည်တစ်ခု၏ ပုံရိပ်ဖြစ်သော ခရုသင်းဒင်္ဂါးပါ ခရုသင်း အရုပ် ကို ကြာပွင့်၏အောက်တွင် ကပ်၍ ရေးထွင်းဖော်ညွှန်း ထားခြင်းသာ ဖြစ်ကြောင်း မှတ်ချက် ပြုလိုသည်။ တစ်နည်း ( အေဒီ ၂-၃ ရာစု) ဝေသာလီပြည် မင်းနှင့်ပြည်သူတို့သည် ဗုဒ္ဓကိုကိုယ်စားပြုသော ကြာပွင့်၏ အောက်တွင် မင်းများကို ကိုယ်စားပြုသော ဒင်္ဂါးပါ ခရုသင်းရှိကြောင်း၏ ပြယုဂ်ပင်ဖြစ်သည်။ တစ်နည်း ရခိုင်ဝေသာလီမင်းနှင့် ပြည်သူများသည် ဗုဒ္ဓတရား၏ အဆုံးအမအောက်တွင် ရှိကြောင်း ဖော်ညွှန်းထားခြင်း သာဖြစ်ပေသည် ။
ကျောက်ချပ်များရှိ ခရုသင်းပုံတို့တွင် တောင်ပံတပ်ထားသည်မှာ ဝေသာလီမင်း များ သည် ဘုန်းတန်ခိုးကြီးမားကြောင်း လက္ခဏာကို ပြလိုဟန်ဖြစ်သည်။
*****
အာနန္ဒစန္ဒြမင်းကျောက်စာ ပါ ပထမင်းဆက်မှ မင်းများသည် ဗုဒ္ဓဘာသာဝင်မင်းများဖြစ်ကြောင်းကို ထောက်ခံ နေသော သက်သေများက အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၁၀)ပါ စနြေ္ဒာဒယမင်း နန်းစံ(၂၇) နှစ်ကို “သူတော်ကောင်း သူတော်စင် ဟု သမုတ်ထိုက်သော” ဟူသည့်အသုံးအနှုန်း၊ ဂါထာ(၁၁)ပါ နန်းစံ(၅)နှစ် ရေးထိုးပါရှိသော အဏ္ဏဝေတမင်းသည် “အထူး ထူးအပြားပြား များစွာသော အလှူဒါနကို ပြုလုပ်ပြီး၊ သေသည်နောက်၌ နတ်ရွာစံသည်”ဟူသော အသုံးအနှုန်း၊ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၁၃)ပါ၊ နန်းစံ(၂၃) နှစ်ရှိသော ရိံဘျပ္ပေါမင်းသည် “အလှူဒါနမြောက် များ စွာကို ပြုလုပ် သည်”ဟူသောစကားလုံး၊ ဂါထာ(၁၄)ပါ နန်းစံ(၇) နှစ် စိုးစံ ခဲ့သော ကုဝေရာမိဒေ၀ီဘုရင်မသည် “ဒါန သီလနှင့်သာ မွေ့လျော်သည်” ဟူသော စကားရပ်၊ ဂါထာ(၁၇)ပါ၊ နန်းစံ (၂) နှစ်ရှိသော လင်္ကီမင်း၏ သေခြင်းကို “နတ်ရွာစံသည်” ဟူသော ဗုဒ္ဓဘာသာဝင်တို့၏ စကားရပ် အသုံးအနှုန်းများစွာ က ခိုင်လုံသော သက်သေများဖြစ်သည်။
ယနေ့စာပေကျမ်းဂန်များတွင် ရေးသားသုံးနှုန်းနေကြသော "နတ်ရွာစံသည်"ဟူသော စကားရပ်အစသည် ကျောက်စာအထောက်အထားအားဖြင့် အာနန္ဒစန္ဒြမင်း စတင်သုံးစွဲခဲ့သော စကားရပ်ဖြစြ်ြော့င်း နှင့် ၊ အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ မင်းတို့သည် ဗုဒ္ဓဘာသာဝင်မင်းများသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ရခြင်း ဖြစ်သည်။
မောင်ဖြူ (ကြွီတဲကျွန်း)
11.1.2020
No comments:
Post a Comment