Wednesday, November 24, 2021

အပူကန်နာ

 အပူကန်နာ
•••••••••••••
ပုံမှာ ပြထားတဲ့ အပူအဖု အနာလေးကိုတော့"Canker sore"လို့ ခေါ်ပါတယ်။
ဒီလို အပူနာအဖုမျိုး ကလေးကအစ လူကြီးအဆုံး လူတိုင်းခံစားဖူးမှာပါ..
ဒီအနာဖုဟာ လျှာအောက် သွားဖုံးနှင့်အောက်နုတ်ခမ်းအတွင်းထဲ၌ အဖြစ်များပါတယ်။
အနာအဖုဟာ သေးငယ်ပေမဲ့ အလွန်နာကျင်ပြီး ခံစားရခက်ပါတယ်။
သူ့ကို ပျောက်ကင်းဖို့ဆိုရင် ကျွန်တော် တစ်ခုတည်းသော ဆေးနည်းကိုသာ ပေးပါ့မယ်။
အင်္ဂလိပ်လို Alum"လို့ခေါ်ပါတယ်...မြန်မာလိုက 'ကျောက်ချဉ်'ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ ဒီအနာအတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။
အသုံးပြုပုံကတော့...
ကျောက်ချဉ်ကို ရွေးစေ့ခန့် ဖဲ့ခြွေပြီး အနာပေါ်တင်ပေးထားပါ။
သိပ်အကြာကြီး ထားစရာမလိုပါဘူး...
စက္ကန့်(၆၀)လောက်ဆိုရင် ရပါပြီ။
စက္ကန့်(၆၀)လောက်တင်ထားပြီးပါက ကျောက်ချဉ်ရော တံတွေးရော ထွေးထုတ်လိုက်ပါ..ချက်ခြင်းသက်သာသွားပါလိမ့်မယ်။
ကျမ်းမာသောဘဝကို
ပိုင်ဆိုင်ကြပါစေ
လေးစားစွာဖြင့် ...
#ဘဝခါးခါး

No comments:

Post a Comment