မြန်မာနိုင်ငံတွင် လောကီပညာရပ်ဆိုင်ရာအစီအရင်များ၌ ကျောက်ပြား၊ ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ ခဲပြား၊ ပေရွက်၊ စက္ကူတို့တွင် အင်းကွက်များ စီရင်ပြုလုပ်လေ့ရှိကြသည်မှာ ထိုယဉ်ကျေးမှုသည် အိန္ဒိယမှတဆင့် ပြန့်နှံ့ရောက်ရှိလာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်မည်ဟု ယူဆရသည်။ အင်းကွက်များတွင် ၄၊ ကွက် ၊ ၈ကွက်၊၉ ကွက်၊၁၆ ကွက်၊၂၇ ကွက်၊ ၁၀၈ ကွက်အထိ ပုံစံအမျိုးမျိုးရှိကြသည်။ ထိုအစီအ ရင်အင်း ကွက်များတွင် အက္ခရာ စာလုံးများကိုသော်လည်းကောင်း၊ ဂဏန်းများကိုေ သ်ာလည်းကောင်း၊ အရုပ် သေ င်္က တ များကိုသော်လည်း ကောင်း ထည့်သွင်းရေးသားကာ ပြုလုပ်စီရင်ကြ သည်။
ထိုသို့ လောကီပညာရပ်ဆိုင်ရာ စတုရန်းအကွက်ငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အင်းကွက် ပုံအရေးအသားကို (ခရစ်နှစ် ၁ ရာစု) ခန့်မှစ၍ စတင်ခဲ့ကြောင်း ပညာရှင်များက သတ်မှတ် ယူဆကြသည်။ သို့ရာတွင် အကွက်ငယ်ထဲ၌ရှိသော ဂဏန်းများကိုမူ ( ခရစ်နှစ် ၄ ရာစု)ထက်စော၍ ရေးသားခြင်းမျိုး မဖြစ် နိုင် ဟု ဖော်ပြကြသည်။
ကမ္ဘာတွင် ထူးခြားသည့် ဂဏန်းပါ “ Chautisa= ချုတိဆ= စတုတ္တိံသ = ၃၄ ” အင်းကွက်ပုံကို (ခရစ်နှစ်-၅၈၇)၀န်းကျင်က အိန္ဒိယနိုင်ငံ၌(Varahamihira- ဗရဟမိဟိရ) ရေးသားသော (Brahat Samhita-ဘြဟတ်သံဟိတ)ကျမ်းဟုခေါ်တွင်သော စွယ်စုံကျမ်းတွင်လည်းကောင်း၊ စတုရန်းပုံ အကွက်ငယ် (၉) ကွက် ဖြင့် ဖွဲ့စည်းထားသော အင်းကွက်ပုံစံ၏ အစောဆုံး ရက်စွဲသတ်မှတ်နိုင် သော အထောက်အထားမှာ (Vranda- ဗြန္ဒ) ၏ (သက္ကရာဇ် ၉၀၀ ) တွင် ရေးသားသော ဆေးစီရင်စာ (Siddhayog- သိဒ္ဓယောဂ်) အင်းကွက် ဖြစ်သည်။ ယင်းသိဒ္ဓယောဂ်ဆေးစီရင်စာ အင်းကွက်ကို အမျိုးသမီးများသားဖွားချိန်တွင် အန္တရာယ် ကင်းစွာဖြင့် လွယ်ကူစွာ မွေးဖွားနိုင်စေရန် အဆောင်ပစ္စည်းအဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ဖော်ပြကြ သည်။
အိန္ဒိယတွင် “Siddhayog- သိဒ္ဓယောဂ်” အင်းကွက်မှာ အလျားလိုက်၊ ဒေါင်လိုက်သုံးတန်းစီ ပါရှိသော ထူးခြားသော စတုရန်းအင်းကွက်ကို (Garga-ဂါဃ ) ရေးသားသော “ဂါဃ သံဟိတကျမ်း”၌ ဖော်ပြ သည်။ ယင်း အင်းကွက်သည် (Navagraha -န၀ဂြဟ) ဂြိုလ်ကိုးလုံးအင်းဟုလည်း ခေါ်ကြသည်။ အန္တရာယ် များ ငြိမ်းအေးအောင် စီမံပြုလုပ်ရာတွင် အသုံးပြုကြသည်။
“ဂါဃ သံဟိတကျမ်း” ပါ “Siddhayog- သိဒ္ဓယောဂ်” မှာ သုံးကွက်သုံးလီ ကိုးကွက် အင်း ပုံစံဖြစ်ပြီး၊ ယင်း အင်းကွက်၌ (၁-မှ ၉ အထိ) ဂဏန်းများကို ဆိုင်ရာအကွက်ငယ် (၉)ကွက်တွင် ထည့်သွင်းေ ရး သားထားသည်။ အင်းကွက်ပါဂဏန်းများကို ဒေါင်းလိုက်သော်လည်းကောင်း၊ အလျားလိုက်ေ သ်ာလည်းေ ကာင်း၊ ဒေါင့်ဖြတ်သော်လည်းကောင်း ၊ မည်သည့်အကွက်ကိုမဆို သုံးကွက်ပေါင်း ရလဒ်မှာ (၁၅ )ဂဏန်း ဖြစ်နေသည်ကို ထူးခြားစွာ တွေ့ရမည်ဖြစ်သည်။ (ပုံ-၁)
ချုတိဆ= စတုတ္တိံသ (၃၄) အင်းကွက်
အထက်ဖော်ပြပါ
ကျောက်စာအင်းကွက်သည် အိန္ဒိယနိုင်ငံရှိ “ Khajuraho- ခါဇူရာဟို ” ဘုရား ကျောင်း၏ အဝင်ဝ၌ ရှိသော ကျောက်စာတစ်ခုဖြစ်ပြီး၊
ထိုအင်းကွက်သည် “
Chautisa - ချုတိဆ = စတုတ္တိံသ” ဟုခေါ်သော
ကမ္ဘာ့ပထမဆုံးသော လေးတန်းလေးလီ (၃၄) စတုရန်းအင်းကွက်ဖြစ်သည်ဟု
ဖော်ပြကြသည်။ အင်းကွက်ကို လက်ရေး လက်သား ပညာရှင်များက
အက္ခရာနှင့် ဂဏန်းများကို ကြည့်ကာ (အေဒီ ၁၀ ရာစု) ဟု ခန့်မှန်းယူ ဆကြသည်။ (ပုံ-၂)
ထို “ Chautisa- ချုတိဆ = စတုတ္တိံသ ” ကျောက်စာပါ အင်းကွက်အထက်တွင် စာကြောင်းနှစ် ကြောင်းပါရှိသည်။ ယင်းစာကြောင်းနှစ်ကြောင်း အောက်၌ အလျားလိုက်လေးတန်း၊ ဒေါင်လိုက် လေးတန်း ၊ဖြင့် အင်းကွက်ပုံစံ ဖော်ထားသည်။ တစ်တန်းတွင် အကွက်ငယ်(၄) ခုပါရှိပြီး၊ စုစုပေါင်း ၄ x ၄ စတုရန်း အ ကွက် ငယ်ပေါင်း (၁၆) ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထို စတုရန်းအကွက်ငယ် (၁၆) ကွက်၌် (၁ မှ ၁၆) အထိသော ဂဏန်းများကို ဆိုင်ရာအကွက်ငယ်များတွင် ထည့်သွင်း ရေးထိုးထားသည်။
ထိုအင်းကွက်ပါ ဂဏန်းများကို ဖတ်ရှုပြီး၊ ယနေ့သုံးအက္ခရာဖြင့် ဖလှယ်လိုက်သောအခါ ဖော်ပြပါ အ တိုင်းရရှိလာသည်။ ဖော်ထုတ်ရရှိသော အင်းကွက်ပါ ဂဏန်းများကို အလျားလိုက်သော်လည်းကောင်း၊ ဒေါင် လိုက်သော်လည်း ကောင်း၊ ထောင့်ဖြတ်သော်လည်းကောင်း ၊ အလယ်(၄)ကွက်သော်လည်းကောင်း၊ မည်သည့် အကွက် (၄)ကွက်ကိုမဆို ပေါင်းလဒ်မှာ(၃၄) အတူတူ ဖြစ်နေကြသည်။ ထို(၃၄)ဂဏန်း ၄ တန်းကို ပေါင်းသော် (၁၃၆) ဖြစ်သည်။ ယင်း (၁၃၆) ဂဏန်းသည် မြတ်ဗုဒ္ဓ နုစဉ်ဘ၀က ကျင်လည်ခဲ့သော ဘေးအန္တရာယ် ကင်း သည့် ဖြစ်တော်စဉ် ဘ၀ပေါင်း ( ၁၃၆) ဘဝကို ရည်ညွှန်းသော ကိန်းဖြစ် သည်ဟု ရခိုင်လူမျိုးတို့က ယုံကြည် ကြသည်။
သို့ဖြစ်၍ ရခိုင်လူမျိုးတို့သည် မြတ်ဗုဒ္ဓလောင်းလျာ သံသရာမှာကျင်လည်ခဲ့သော ဘေးအန္တရာယ်
ကင်းသည့်(၁၃၆) ဘ၀သော ဖြစ်တော်စဉ်ကို -
အစကြိုးကြာ၁၆ ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညိုသုံးခါ၊ သံသာကျုးထိပ် ၊ ကရ ဝိတ်ငါး၊ လေးကကိန္ဒရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတစ်ဆယ်၊ ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကသိန္နဝ၊ ကျွဲအဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်းနှစ်ခါ၊ သာလိကာ သတ္တ၊ ဒွါဒသကြက်၊ ဝက်တစ်ဆယ့်သုံး၊ ပင်းရုံးများစွာ၊ တစ်ရာသုံးဆယ်ခြောက်ဖြစ်ဝယ်ကို အန္တရယ်မဟိ၊ ဘေးမထိသည်၊် မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းကို အောင့်မိ့သဒ္ဓါ ၊ ကြည်ညိုစွာဖြင့် ၊ခါခါမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးပူဇော်၊ ကန်တော့ပါ၏ အသျှင်ဘုရား။ ဟူ၍ လင်္ကာစပ်ဆို ရှိခိုးပူဇော်ကြသည်။
မြတ်ဗုဒ္ဓနုစဉ်ဘ၀ ကျင်လည်ခဲ့သော(၁၃၆)ဘ၀ဖြစ်တော်စဉ်ကို ရခိုင်ပြည် မြောက်ဦးမြို့ ရှိ (ခရစ်နှစ် ၁၅၃၅) ခုနှစ်တွင် ရခိုင်ဘုရင် မင်းဘာကြီး တည်ထားခဲ့သော ရန်အောင်ဇေယျပုထိုးတော်ကြီး (ခ) သျှစ် သောင်း ပုထိုးတော်ကြီး၏ စတုတ္ထလှိုင်ပတ်၌ ကျောက်ဆစ် ရုပ်လုံးရုပ်ကြွတို့ဖြင့် ထုဆစ်ပူဇော်ထားသည်ကိုတွေ့ရသည်။ ထို့အပြင် မြောက်ဦးခေတ်တွင် ရခိုင်ဘုရင်မင်းဘာကြီးလက်ထက် ပေါ်ထွန်းထင်ရှားခဲ့သော ရခိုင်အာဇာနည်
သျှင်ဦးမြ၀ါသည်လည်း ထိုကဲ့သို့သော အလားတူ လေးတန်းလေးလီ ပေါင်းလဒ် (၃၄) ဖြစ်သော မူကွဲအင်း ကွက် တစ်မျိုးကို ဖန်တီးခဲ့သည်ဟု ရခိုင်သမိုင်းစာအုပ်များ၌ ဖော်ပြကြသည်။ ထိုအင်းကွက်ကို “မဟာ မဏ္ဍလ အင်း ” ဟူ၍လည်းကောင်း၊ အချို့မှတ်တမ်းများတွင် “အဘယဇာတကအင်း” ဟူ၍လည်းကောင်း ရေးသား ဖော်ပြကြသည်။ (ပုံ-၃)
ဂျာမဏီနိုင်ငံမှ သင်္ချာပညာရှင် အဲလ်ဘရက်ဂျူရာသည်လည်း (ခရစ်နှစ်-၁၅၁၄ ခုနှစ်)တွင် (၁ မှ ၁၆) အထိ ဂဏန်းကို အသုံးပြုကာ လေးတန်းလေးလီပါသော စတုရန်းအကွက်ငယ်(၁၆) ကွက်ပါသော အင်းကွက် တစ်ခုကို သူ၏ “စိတ်ညစ်စရာ” ပန်းချီကားချပ် ညာဘက်ထောင့် အပေါ်တွင် ထည့်သွင်းရေးဆွဲခဲ့သည်။ ထိုစတု ရန်းအင်းကွက်၌လည်း အတန်းလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း၊ ဒေါင့်ဖြတ်သော် လည်းကောင်း၊ လေးကွက်ပေါင်းလဒ်မှာ (၃၄) ဖြစ်နေကြသည်။ (ပုံ-၄)
ကျောက်စာပါ “စတုတ္တိံသ” အင်းကွက်မှ
ဂဏန်းနှင့် စာလုံးများကို ခေတ်ကာလခန့်မှန်းခြင်း
စတုတ္တိံသ အင်းကွက်ကျောက်စာတွင်ပါသော စာကြောင်းရေ နှစ်ကြောင်းကို ကွန်ပျူတာဖြင့်ပုံကြီးချဲ့၍ စာလုံးများကို ဦးစွာထွင်းယူလိုက်သည်။ ရလာသော စာလုံးများကို ယနေ့သုံးအက္ခရာဖြင့် ဖလှယ်လိုက်သော အ ခါ “ဘာဠဗုတ္တစာတီဒေ၀ သမ္မာ(တာ)ကံဇပတုး။” ဟူ၍ ဖတ်ရှုရရှိသည်။
စတုတ္တိံသ အင်းကွက် ကျောက်စာပါ စာလုံးများသည် ရခိုင်ဝေသာလီမှ အာနန္ဒစန္ဒြမင်းကျောက် စာပါ စာလုံးများနှင့် များသောအားဖြင့် တူညီနေကြသည်ကိုတွေ့ရသည်။ သရကပ်ပုံလည်းတူညီနေကြ၏။ ထို့သို့ တူညီနေကြောင်း၊ ခေတ်ပြိုင်ဖြစ်ကြောင်း အင်းကွက်ပါ(ဘာ ၊ ၀၊ သ၊ ဇ၊ တု)စာလုံးနှင့် အာနန္ဒစန္ဒြမင်း ကျောက် စာပါ(ဘာ၊ ၀၊ သ၊ ဇ၊ တု) စာလုံးအနည်းငယ်ကို ဆွဲနှုတ်၍ သက်သေအနေဖြင့် တင်ပြလိုက်ပါသည်။ (ပုံ-၅)
စတုတ္တိံသ အင်းကွက်ပါ စာလုံးများကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် နှိုင်းယှဉ်ခြင်း
မှတ်ချက်။ (ပုံ - ၅) အာနန္ဒစန္ဒြမင်းကျောက်စာ မင်ကူးစာလုံးအထက်တွင်ပါသော အင်္ဂလိပ်ဂဏန်းများ သည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေကို ညွှန်းဆိုသော ကိန်းဂဏန်းများဖြစ်သည်။
စတုတ္တိံသ အင်းကွက်ကျောက်စာပါ ကိန်းဂဏန်းများကို ဆွဲထုတ်တင်ပြခြင်း
အိန္ဒိယနိုင်ငံရှိ “စတုတ္တိံသ” ကျောက်စာပါ ဂဏန်းများမှ (၁- မှ ၁၀ အထိ) သော ဂဏန်းများကို ကွန်ပျူ တာဖြင့် ဆွဲထုတ်လိုက်သောအခါ အောက်ပါအတိုင်းရရှိသည်။ ထိုဂဏန်းများ ယနေ့ခေတ်သုံးဂဏန်းဖြင့် ဖလှယ်လိုက်သောအခါ ဖော်ပြပါအတိုင်း မြင်နိုင်သည်။ (ပုံ-၆)
နိဂုံးချုပ်အနေဖြင့် အန္ဒိယမှ “Khajuraho- ခါဇူရာဟို” ဘုရားကျောင်း ကျောက်စာပါ (ဘာ ၊ ၀၊ သ၊ ဇ၊ တု) စာလုံးများကို ခေတ်သတ်မှတ်ခွဲခြားရမည်ဆိုလျှင် ထိုစာလုံးများသည် ရခိုင်ဝေသာလီမှ အာနန္ဒ စန္ဒြ မင်း ကျောက်စာနှင့် တူညီနေသည်ကို တွေ့ရခြင်းကြောင့်လည်းကောင်း၊ (ဗ) (မ) (ပ) စာ လုံးတို့သည် အာနန္ဒစန္ဒြ မင်း ကျောက်စာထက် အနည်းငယ်နောက်ကျသော အက္ခရာဖြစ်ဟန်ရှိခြင်း ကြောင့် (အေဒီ ၇- ၉ ရာစု)အတွင်း ဖြစ်မည်ဟု ယူဆရသည်။
ဤ “စတုတ္တိံသ” အင်းကွက်ပါ ကျောက်စာသည် (အေဒီ ၇-၉ ရာစု) အချိန်ကာလ၌ အိန္ဒိယတွင် သုံးစွဲခဲ့သော အက္ခရာနှင့် ဂဏန်းများဖြစ်ကြောင်း သိနိုင်သလို၊ ယင်းခေတ်ယင်းအချိန်က ထိုသို့ နာဂရီအက္ခရာ ဖြင့် ရေးထိုးထားသော ကျောက်စာများကို တောင်အာရှ၊ မြန်မာအပါအ၀င် အရှေ့တောင်အာရှဒေသ တို့၌ လည်း ရေးသားသုံး စွဲနေကြသည်ကို တွေ့နိုင်သည်။ ထို့သို့ “စတုတ္တိံသ” အင်းကွက်အထက်ပါ အက္ခရာ စာလုံးများကို ရခိုင်ဝေသာလီတွင်လည်း ခေတ်ပြိုင်သုံးစွဲရေးသားနေကြောင်း အထက်(ပုံ-၅)တွင် အာနန္ဒစန္ဒြ မင်းကျောက် စာ နှင့် နှိုင်းယှဉ် သက်သေထူပြခဲ့ပြီးဖြစ်ပါသည်။
သို့သော်လည်း ရခိုင်ဝေသာလီခေတ် ကျောက်စာများတွင် တွေ့ရှိရသမျှသော ကျောက်စာ များ၌ ဂဏန်းပါသော ကျောက်စာကို ယနေ့တိုင် တစ်ခုမှ မှတ်တမ်းတင် မဖော်ပြနိုင်ခြင်း မရှိကြသေးပေ။ ရခိုင်ဝေ သာလီခေတ်ကျောက်စာများတွင် ဂဏန်းကို စာလုံးများဖြင့်သာ ရေးထိုးဖော်ပြကြသည်။ ဥပမာ- အာနန္ဒစန္ဒြမင်း ကျောက်စာဂါထာ(၃၂) တွင် စန္ဒြဘွဲ့ခံမင်း တစ်ဆယ့်ခြောက်ပါးကို ဖော်ပြရာ၌ (၁၆) ဂဏန်းကို “ပေါဋပ” ဟူ၍ လည်းကောင်း၊ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ်(၅၅) တွင် ပါ သော ဗြဟ္မဏ ပုဏ္ဏား ငါးဆယ်ကို ဖော်ပြ ရာ၌ (၅၀) ဂဏန်းကို “ပံစာဂ့” ဟူ၍လည်း ကောင်း ရေးထိုး ဖော် ပြသည်။
ထို့ကြောင့် ရခိုင်ဝေသာလီပြည်သုံး ကိန်းဂဏန်းကိုရှာဖွေဖော်ထုတ်ရာတွင် “စတုတ္တိံသ” အင်းကွက်ပါ ကျောက်စာနှင့်ဂဏန်းများသည် လွန်စွာအထောက်အကူဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။ အဘယ်ကြောင့် ဆိုသော် ထိုအင်းကွက်ကျောက်စာပါ အက္ခရာစာလုံးများမှာ ရခိုင်ဝေသာလီပြည်၌ ရေးထိုးခဲ့သောစာလုံးများနှင့် တူနေသည်ကို တွေ့ရခြင်းကြောင့် ရခိုင်ဝေသာလီပြည်သုံး ကိန်းဂဏန်းများ မှာလည်း အိန္ဒိယတွင် သုံးစွဲနေ သော “စတုတ္တိံသ” အင်းကွက်ပါ ဂဏန်းများအတိုင်းေ ရးသား သုံးစွဲခဲ့ကြ လိမ့် မည်ဟု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ကွန်ပျူတာဖောင့်စာလုံး အခက်အခဲကြောင့် တစ်ချို့သော စာလုံးမျာကို တိကျစွာ မဖော်ပြနိုင်ခဲ့ သည်ကို နားလည်းပေးကြပါရန်။
မောင်ဖြူ (ကြွီတဲကျွန်း)
ကျမ်းကိုး
၁။ ရန်ကုန်တက္ကသိုလ် - (၁၉၅၆)။ မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထထုပ်။
၂။ စံသာအောင်၊ဦး။(မဟာဝိဇ္ဂာ-ဟားဗတ်)။(၁၉၇၄)။ အေဒီခြောက်ရာစုနှင့်ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ။
၃။ ဦးစံသာအောင်၊ (မဟာဝိဇ္ဂာ-ဟားဗတ်)။ ၁၉၇၅။ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း ။
၎။ မေဦးသိန်းညွှန့်၊ ၂၀၁၄။ ကစ္ဆပ အဉ္စန သမိုင်းစာပန်းချီ၊ အမှတ် ၂၊
No comments:
Post a Comment