Sunday, May 25, 2025

ဂုဏ်ပြုပါသည် ဖိုးဖီးအမွှီ

***************** * ၆၃၅၂၇၅၅ ရေးမည့်အစား၊ ဖိုးဖီးများက၊ နောင်သားလူငယ်၊ မှတ်မိလွယ်အောင်၊သင်္ချာဂဏန်း၊ ကိုယ်စားညွှန်းပြီး၊ ဥာဏ်ကွန့်စာတင်၊ လင်္ကာဆင်သည်။ သဇင်ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရား၊ ရေတွက်ထားခဲ့။ ** ၇၄၆၃၂၇၃ ရေးမည့်အစား၊ ဖိုးဖီးများက၊ နောင်သားလူငယ်၊ မှတ်မိလွယ်အောင်၊သင်္ချာဂဏန်း၊ ကိုယ်စားညွှန်းပြီး၊ဖရခိုင်ပြည်၊ လူဦးရေကို၊ စာပေတစ်ကြောင်း၊ မှတ်လို့ကောင်းအောင်၊ ကောင်းကောင်းဖွဲ့ဆို၊ လင်္ကာတိုသည်၊ နွားလားသင်းစု ခုနစ်စု။ .. *** ၅၅၃၂၂၅ ၊ ရေးမည့်အစား၊ ရှေးလူများက၊ နောင်သားလူငယ်၊ မှတ်မိလွယ်အောင်၊ သင်္ချာဂဏန်း၊ ကိုယ်စားညွှန်းပြီး၊ မြို့တော်မြောက်ဦး၊ အိမ်ခြေစုကို၊ ဖေါ်ကျူးစာတင်၊ လင်္ကာဆင်သည်၊ ပန်းပဉ္ဇူကြိုင်ကြိုင်မွှီး ။ မောင်ဖြူ (ကြွီတဲကျွန်း) 3.1.1995

No comments:

Post a Comment