2013-01-23
ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီးသွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး ဦးကျော်ရင်ဦးက RFA ကို မနေ့က ပြောပါတယ်။
“ပေါက်တောမှာက တချို့နေရာလေးတွေ နည်းနည်းကျန်ထားတာတွေရှိတယ်၊
အထူးသဖြင့် ငှက်ချောင်းနဲ့ ကြိမ်နီပြင် တို့မှာ နည်းနည်းကျန်သေးတယ်၊
အရင်တုန်းကထက် ပိုကောက်လို့ပြီးသွားတယ်၊ ကျနော်တို့ အခုဆက်ကောက်နေတာ
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၃ခု လက်ရှိအနေအထားအရတော့ ရိုဟင်ဂျာဆိုတဲ့
ဒီအယူအဆတွေသုံးစွဲလာတာပေါ့၊ အဲဒီမှာ ရိုဟင်ဂျာ လို့ပြောတဲ့အခါ
စာရင်းကောက်တဲ့အခါ အခက်အခဲတော့ တွေ့ရတာပေါ့၊ ဒီကိစ္စကလည်း ရိုဟင်ဂျာ၊ ဘင်္ဂ
ါလီဆိုတာက နိုင်ငံတော်အဆင့်သွားတဲ့ ကိစ္စတွေဖြစ်တယ်”
အခုဆောင်ရွက်နေတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေပြီးရင် စစ်တွေမြို့နယ်မှာ ဆက်လက်ကောက်ခံမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေ သိရှိနိုင်ဖို့ နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေးဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ref;/http://www.rfa.org/burmese/news/rakhine-census-1982-01232013231424.html

No comments:
Post a Comment