ဒီနေ့ ဟာ ရခိုင့်နိုင်ငံရေးခေါင်းဆောင် မြန်မာနိုင်ငံရေးခေါင်းဆောင်တဦးဖြစ်ခဲ့သူ မြန်မာနိုင်ငံ သုတေသနအသင်းကိုတည်ထောင်သူ ဧချင်း ၁၂ စောင်ကိုတည်ဖြတ်ထူတ်ဝေခဲ့သူ ဗုဒ္ဓဘာ
သာကလျာဏယုဝအသင်းဥက္ကဌဖြစ်ခဲ့သူ ရခိုင်အမျိုးသားဦးမေအောင်ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၈၇ နှစ်ပြည့်တဲ့နေဖြစ်ပါတယ် ဒါကြောင်းကျနော်လက်လှမ်းမီသလောက် စုစည်းထားသလောက်ကိုမျှဝေလိုက်ပါတယ် သိထားတဲ့သူလည်းရှိပါလိမ်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်
ဦးမေအောင်ကိုယ်ရေးအကျဉ်း
မွန်ပြည်နယ်မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓယောသကျောင်းအုပ်ဆရာကြီး မြန်မာနိုင်ငံသုတေသနအသင်းကိုတည်ထောင်သူ ဧချင်း ၁၂ စောင်ကိုတည်ဖြတ်ထုတ်ဝေသူ ဗုဒ္ဓကလျာနယုဝအသင်းဥက္ကဌဖြစ်ခဲ့သူ Burma အင်္ဂလိပ်သတင်းစာအယ်ဒီတာဖြစ်ခဲ့သူ ဥပဒေပြုအဖွဲ့ အတွင်းရေးမှုး အစိုးရရှေ့ နေ တက္ကသိုလ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့ ဝင်လူကြီး ပြည်ထဲရေးဝန်ကြီးချုပ်စသည့်တာဝန်အမျိုးမျိုးကိုထမ်းဆောင်ခဲ့သော စွယ်စုံထူးချွန်သူဦးမေအောင်ကို ၁၈၈၀ ဇန်န၀ါရီလ ၆ ရက်နေ့ တွင်စစ်တွေမြို့ နေ ရခိုင်အမျိုးသားဦးသာဒိုးဖြူ ရခိုင်အမျိုးသမီးအမိဒေါ်နှောင်းဒွေးတို့ မှဇွားမြင်ခဲ့ပါသည် ငယ်စဉ်ကပင်မိဘနှစ်ပါးကွယ်လွန်သွားသောကြောင်း ဦးလေးတော်သူ ငွေစရင်းမင်းကြီးဦးလှအောင်မှတာဝန်ယူစောင့်ရှောက်ခဲ့ရပါသည် ဦးလှအောင်မှာထိုစဉ်က အိန္ဒိယနိင်ငံကာကတ္တားမြို့ တွင်ငွေစရင်းမင်းကြီးအဖြစ်အမှုထမ်းနေခဲ့ပါသည် ထိ့ ကြောင်းဦးမေအောင်သည် ကလကတ္တားမြို့ တွင်စတင်ပညာသင်ကြားခဲ့ရပါသည် တက္ကသိုလ်ဝင်စာမေးပွဲကိုမူရန်ကုန်အစိုးရအထက်တန်းကျောင်းမှအောင်မြင်ခဲ့ပါသည် ပညာရည်ထူးချွန်သူဖြစ်သောကြောင်း ရနောင်းဆူ (ကာနယ်ရနောင်းကိုအစွဲပြုပြီးမှည့်ခေါ်ထားသော ကော့သောင်းမြို့ အနီးရှိ ရနောင်းမြို့ ဝန်ဆု) ကိုရရှိခဲ့ပါသည် ရန်ကုန်ကောလိပ် FA ဥပစာတန်းတွင်လည်းထူးချွန်စွာအောင်မြင်သောကြောင်း ဂျာဒင်းဆု(Jardine Prize) ကိုရရှိခဲ့ပါသည် ဂျာဒင်းဆုမှာမြန်မာနိုင်ငံတွင် တရားရေးရာဝန်ရှင်တော်မင်းကြီးဖြစ်ခဲ့သောဂျာဒင်းကိုအစွဲပြပြီးချီးမြှင့်ုထားသောဆုဖြစ်ပါသည် ဦးမေအောင်သည် BA နောက်ဆုံးနှစ်ကို ၁၈၉၈ တွင်စာမေးပွဲဖြေဆိုခါနီးကျန်းမာရေးမကောင်းသောကြောင်းမဖြေလိုက်ရပေ ထို့ နောက် မြိတ်မြို့ အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည် ယင်းမှတဆင့်မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသအထက်တန်းကျောင်းတွင်ကျောင်းအုပ်ဆရာကြီးအဖြစ်လုပ်ကိုင်ခဲ့ပါသည် ၁၈၉၉ တွင်ရမ္မာပူရစာပုံနှိပ်တိုက်ပိုင်ရှင် ဦးလွန်းဖြူ ဒေါ်မေမေတို့ သမီး မသိန်းမြနှင့်လက်ထပ်ထိမ်းမြားခဲ့ပါသည် မသိန်းမြသည်နာမည်ကျော်စစ်ကဲကြီးမွန်အမျိုးသားထော်လေး၏ မြေးတော်သူဖြစ်ပါသည် ၁၉၀၀ ပြည့်နှစ်တွင် ဦးမေအောင်ကျောင်းအုပ်အဖြစ်မှနူတ်ထွက်ပြီးရန်ကုန်မြို့ အလုံရပ်ကွက်ရှိဦးရွေအိုး၏သစ်နှင့်စပါးကိုယ်စလှယ်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်
၁၉၀၂ တွင်ဒုတိယရှေ့ နေစာမေးပွဲအောင်မြင်ခဲ့သည် ထို့ ကြောင်း ၂ နှစ်ခန်
့မော်လမြိုင်မြို့ တွင်ရှေ့ နေလိုက်ခဲ့သည်ထို့ နောက်အင်္ဂလန်ပြည်
ကန်းဘရစ်တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားခဲ့သည် ကန်းဘရစ်တက္ကသိုလ်မှ
မဟာဝိဇ္ဇာ MA နှင့်သတ်လုံတော်ဘွဲ့ ကိုရရှိခဲ့သည် ပညာထူးချွန်သောကြောင်း
ဘီးဂန်းဒက်ရွေတံဆိပ်ကိုရရှိခဲ့သည် ၁၉၀၇ တွင်ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိလာသည် ဦးမေအောင်သည်အင်္ဂလန်တွင်သွားရောက်ပညာသင်ကြားနေစဉ် အိန္ဒိယအမျိုးသားနိုင်ငံရေးခေါင်းဆာင်များနှင့်တွေ့ ဆုံခဲ့သည်ယင်းတို့၏ကိုယ်ကျိုးစွန့် မှု အနစ်နာခံမှု အမြင်ကျယ်မှုတို့ကိုများစွာအားကျခဲ့သည် ထို့ ကြောင်းမြန်မာ့နိုင်ငံရေးလောကကိုဦးစွာမျက်စိဖွင့်ပေးခဲ့သော ဆရာတော်ဦးဥတ္တမထံတွင်လည်းနိုင်ငံရေးသြ၀ါဒခံယူခဲ့သည် ဦးမေအောင်ရန်ကုန်ကိုရောက်ရှိလာသောအခါ မြန်မာနိုင်ငံသားများနိုင်ငံရေးနိုးကြားလာစဖြစ်သည်
ထိုအချိန်သည် ဗုဒ္ဓကလျာဏအယုဝအသင်း YMBA စတင်ထူထောင်ခါစလည်းဖြစ်သည်
ဦးမေအောင်သည်ထိုအဖွဲ့ တွင်တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည် သူရိယဦးဘဘေနှင့်အတူအနယ်နယ်အရပ်ရပ်သို့လှည့်လည်ယင်းပြည်သူလူထုကိုစည်းရုံးလှုံဆော်ခဲ့သည်
မြို့ နယ်အသင်းခွဲပေါင်း ၄၀ ကျော်အထိ YMBA အသင်းကြီးတိုးတက်လာခဲ့သည်
ဦးမေအောင်အား ၁၉၁၆ တွင်ဗုဒ္ဒကလျာဏအယုဝအသင်းကြီး၏ဥက္ကဌအဖြစ်တင်မြှောက်ခြင်းခံခဲ့ရသည် ၁၉၁၇ တွင်ဦးမေအောင်သည်အသင်းကြီးကိုယ်စလှယ်အဖြစ်အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်မွန်တေဂူ၏ဖိတ်ကြားချက်အရ အိန္ဒိယပြည်ကလကတ္တားမြို့ သို့ သွားရောက်ခဲ့သည်အဖွဲ့ ဝင်များအဖြစ်ဦးဘဘေ မင်းအတိုင်ပင်အမတ်ဦးဖေ နှင့်မန္တလေးမှဝတ်လုံတော်ဦးစုတို့ လည်းပါဝင်ခဲ့ကြသည် ထိုစဉ်ကမြန်မာနိုင်ငံသည် အိန္ဒိယနိင်ငံ၏ပြည်နယ်တပြည်နယ်အဖြစ်အတင်းအဓမ္မသတ်သွင်းခံထားရချိန်လည်းဖြစ်ပါသည် ထို့ ကြောင်းဦးမေအောင်တို့ အဖွဲ့ သည်မြန်မာနိုင်ငံကိုအိန္ဒိယနိုင်ငံမှခွဲထတ်ပြီးအုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးရန်အရေးဆိုခဲ့ကြသည် ၁၉၂၂ တွင်အင်္ဂလန်ပြည်ကန်းဘရစ်တက္ကသိုလ်မှ မြန်မာဗုဒ္ဓဘာသာဝင်ဥပဒေ (မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ)စာတမ်းဖြင့် ဥပဒေမဟာဝိဇ္ဇာ LLM ရရှိခဲ့ပါသည် ဦးမေအောင်သည်ခေတ်ပညာတခုတည်းကိုသာလိုက်စားသူမဟုတ်ပေ ဘာသာတရားကိုလည်းရိုသေကိုင်းရှိုင်းသည်သူအင်္ဂလန်မှ
MA ဘွဲ့ ရပြီးပြန်လာသောအခါ ဆရာကြီးဦးဖေမောင်တင်သည် BA မအောင်သေးပေ ထို
့ကြောင်းဦးမေအောင်သည် ရန်ကုန်တက္ကသိုလ်တွင်ပထမဆုံးသောဥပဒေပါမ္ခော ဖြစ်သောရခိုင်အမျိုးသားဖြစ်ခဲ့သည် ထို့ နောက်ဥပဒေအကြံပြုအဖွဲ့ အတွင်းရေးမှုး အစိုးရရှေ့ နေ တက္ကသိုလ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့ ဝင်လူကြီး တရားလွတ်တော်တရားသူကြီးစသည့်ရာထူးအဆင့်ဆင့်တိုးမြှင့်ခံခဲ့ရသည် ထို့ပြင်ဦးမေအောင်သည်ဘားမား(The Burma ) သတင်းစာကိုဦးစီးထုတ်ဝေခဲ့သည်မြန်မာနိုင်ငံသုတေသနအသင်းကိုတည်ထောင်ရာတွင်လည်းအပါအ၀င်ဖြစ်သည် လူငယ်များ၏အားကစားလုပ်ငန်းများတွင်လည်းကူညီခဲ့သည် မြန်မာနိုင်ငံသုတေသနအသင်း၏ဂျာနယ်တွင်ပညာရေးဆိုင်ရာစာတမ်း ဝေဖန်ချက် ဆွေးနွေးချက်များရေးသားခဲ့သည် ၁၉၁၂ တွင် ဧချင်းဟောင်း ၁၂ စောင်ကိုသခင်ကိုယ်တော်မှိုင်း၏အကူအညီဖြင့်တည်ဖြတ်ထုတ်ဝေခဲ့သည်
၁၉၁၄ -၁၉ တွင်အင်္ဂလိပ်ဘာသာဖြင့် A selection of leading case on Buddish
law (ဗုဒ္ဓဥပဒေသ)စာအုပ်သုံးအုပ်တွဲကိုရေးသားထုပ်ဝေခဲ့သည်
ထို့ ပြင်Twenty Century Impression of Burma –Burmese Manner and Customs
1910 ကိုလည်းရေးသားထုတ်ဝေခဲ့ပါသည် ၁၉၂၄ တွင်ဒိုင်အာခီခေတ်
ပထမဆုံးသောပြည်ထဲရေးဝန်ကြီးဆာမောင်ခင်ကွယ်လွန်သောအခါ ဦးမေအောင်သည်ပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့သည်
ဦးမေအောင်သည် ဒေါ်မသိန်းမြနှင့်သားသမီး ၃ ယောက်ထွန်းကားခဲ့သည်
သားကြီးသာဒိုးအောင် သားလတ်ထွန်းလှအောင် (ရဲဗိုလ်ချုပ် ၁၉၀၂-၁၉၆၀)
သမီးမမြစိန် MA,B.litt(Oxford) တို့ ဖြစ်ပါသည်
သားကြီးသာဒိုးအောင်မှာဥာဏ်ပညာထက်မြက်သော်လည်း BA နောက်ဆုံးနှစ်တွင်ကွယ်လွန်ခဲ့ပါသည် သားလတ်လှထွန်းအောင်သည် CID ရဲစုံထောက်မင်းကြီး ရဲဗိုလ်ချုပ်စသဖြင့်မြန်မာနိုင်ငံတွင်ထင်းရှားခဲ့သောသူဖြစ်ပါသည် သမီးငယ်မမြစိန်မှာနောင်တွင်သမိုင်းပညာရှင်အဖြစ်ထင်ရှားခဲ့သော
ရန်ကုန်တက္ကသိုလ်သမိုင်းကထိက ဒေါ်မြစိန်ဖြစ်ပါသည် ဦးမေအောင်သည် ၁၉၂၆ ဇွန်လ ၅
ရက်နေ့ တွင်ပြင်ဦးလွင်မြို့ တွင်ရုတ်တရက်ကွယ်လွန်ခဲ့ပါသည်…
ကိုးကား Famous political leaders in Burma (အထင်ကရမြန့် မာနိုင့်ငံရေးခေါင်းဆောင်များ)
No comments:
Post a Comment