
********************************************
ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ ဇန်ဝါရီလ (၆) ရက်။
စာအမှတ် ။ ။ ၁/၂၀၁၃။
ရခိုင်သမိုင်းပညာရှင်ဒေါက်တာအေးချမ်းနှင့်
မုစ်လင်မ်သမိုင်းသုတေသီ ဦးဌေးလွင်ဦးတို့နှစ်ဦးသည် သမိုင်းဆိုင်ရာ
သက်သေအထောက် အထားများနှင့်တကွ လူကြီးလူကောင်းဆန်ဆန် ငြိမ်းချမ်းစွာဖြင့်
စကားစစ်ထိုးပွဲ (Debate) တစ်ပွဲကို ကျင်းပရန် အပြန်အလှန် သဘော
တူညီပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံး(Group)မှ သိရှိရပါသည်။
ထိုစကားစစ်ထိုးပွဲ၌ ရှုပ်ထွေး၍ အမြင်မကြည်မလင်ဖြစ်နေသော
သမိုင်းအချက်အလက်များကို သက်သေအထောက်အထားနှင့်တကွ ကမ္ဘာ့ပြည်သူတစ်ရပ်လုံးအား
မီဒီယာရှေ့မှောက်တွင် ချပြမည်ဖြစ်ရာ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအား
အထောက်အကူများ စွာ ပြုလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့ပါ၍
ကျွန်ုပ်တို့အစည်းအရုံးမှ ထိုသမိုင်းသုတေသီနှစ်ဦးအား ဖိတ်ကြား၍ ၎င်းတို့
နှစ်ဦး စလုံးမှ သဘောတူညီပါလျှင် ၎င်းတို့နှစ်ဦး၏ စကားစစ်ထိုးပွဲ (Debate)အား
စင်္ကာပူနိုင်ငံတွင် ကျွန်ုပ်တို့ အစည်းအရုံးမှ ဦးဆောင်၍ တာဝန်ယူ
ကျင်းပပေးသွားမည်။
ထိုစကားစစ်ထိုးပွဲသို့ စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၊ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမုဟမ္မဒ်၊ သတင်းစာဆရာကြီးဦးဝင်းတင်နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီခေါင်းဆောင်အချို့၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးခေါင်းဆောင်အချို့၊
သုတေသီပညာရှင်ကြီးများ၊ ပီနန်ဆရာတော်ကြီးအပါအ၀င် အခြား ဘာသာရေး၊
သာသနာရေးဆိုင်ရာ ခေါင်းဆောင်များ၊ အခြား ဖိတ် ကြားထိုက်သည့် ဂုဏ်သရေရှိ
ဧည့်သည်တော်များအားလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး သိရှိစေရန် လေးစား စွာဖြင့် အသိပေး ကြေညာလိုက်ပါသည်။
ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး
အေးချမ်းမွန်မှ အဖြူရောင်စာမျက်နှာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
No comments:
Post a Comment