ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, January 6, 2013
ခိုးဝင် ဘင်္ဂါလီလူဦးရေဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက် အချို့
စစ်တွေ ၊ ၁၈ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [data analysis]
အောက်ဖော်ပြပါ မှတ်ချက်များမှာ Coral Arakan ၏ လက်လှမ်းမီနိုင်သမျှ စုဆောင်းထားသော အချက်အလက် များကို အခြေခံပါသည်။ အောက်တွင် ဖော်ပြထားချက်များသည် ယခုပြုလုပ်နေသော ရခိုင်ပြည်နယ်အတွင်း လ၊၀၊က ၏ ဘင်္ဂါလီ စိစစ်ရေး စီမံချက် မတိုင်မီ ရရှိထားသောအချက်အလက်များကို အခြေခံပါ သည်။
(၁) ၂၀၁၂-ခုနှစ် ဇွန်လ ၃၀- ရက်နေ့အထိ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂလီလူမျိုး စုစုပေါင်း ဆယ်သိန်းကျော် (၁,၀၀၃,၀၄၂ ဦး) ရှိသည်ကိုတွေ့ရသည်။ (၁၀-အောက် ၂၆၈၉၄၃ + ၁၀-၁၈ ကြား ၂၁၄၆၃၇ + ၁၈-အထက် ၅၁၉၄၆၂ )
(၂) နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသော ဘင်္ဂါလီလူမျိုး စုစုပေါင်း ၁၂၄၁၆ ဦးရှိပါသည်။ (၁၈-အောက် ၇ ဦး + ၁၈-အထက် ၁၂၄၀၉ ဦး )
(၃) ၂၀၁၀-ခုနှစ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြုယှဉ်ပြိုင်သူ ဘင်္ဂါလီလူမျိုးများ အနိုင်ရရှိရေးအတွက် ယာယီမှတ်ပုံတင်ကတ် (ခေါ်) အဖြူရောင် ကဒ်များ ကို အဆိုပါရွေးကောက်ပွဲမတိုင်ခင် ကာလတွင် ဘုန်းဘောလအော ထုတ်ပေးခဲ့သည်။ Coral Arakan မှရရှိသော စာရင်းများအရ အဆိုပါ အဖြူရောင်ကဒ်မျိုး ကိုင်ဆောင်ထားသူ အသက် ၁၈-နှစ်အထက် ဘင်္ဂါလီလူမျိုးပေါင်း လေးသိန်း ခုနစ်သောင်းကျော် (၄၇၄၄၈၇ ဦး) ရှိပါသည်။ (၁၈-အောက် ၁၉၇၉၀၅-ဦး)
(၄) ထူးခြားချက်မှာ (လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ ဘင်္ဂလီလူဦးရေဖြစ်သည်ဟု တရားဝင် ကိန်းဂဏန်းများအရ ဆိုကြသော) ဘူးသီးတောင်မြို့နယ်တွင် ၁၀-နှစ် နှင့် ၁၈နှစ်ကြား အမတ(အမျိုးမှတ်ပုံတင်ကဒ်) ရရှိသူ ဘင်္ဂါလီလူမျိုးဦးရေမှာ စုစုပေါင်း ၂၁၃၈ ဦး (ကျား ၄၁၂ + မ ၁၇၂၆ ) နှင့် စစ်တွေမြို့တွင် စုစုပေါင်း ၄ ဦး ရှိသည် ဟု တွေ့ရသည်။ အမတကဒ်များကို မသုံးတော့ဘဲ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကိုသာ ထုတ်ပေးခဲ့ သည် မှာ နှစ်ပေါင်း သုံးဆယ်မျှရှိနေပြီဖြစ်သော်လည်း အသက်၁၈-နှစ်အောက် ဘင်္ဂါလီများကို မကြာသေးမီ ကာလအတွင်း ဘူးသီးတောင်နှင့် စစ်တွေမြို့တို့တွင် အမျိုးသားမှတ်ပုံတင်ကဒ်ပြား (သုံးခေါက်ချိုးကတ်) ထုတ်ပေးနေခဲ့သည့် သဘောဟု တွေးဆကြည့်နိုင်သည်။
(၅) ဘူးသီးတောင်မဲဆန္ဒနယ်မှ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါက်တာ ဘော်ချီးအာမက် ၏ သားတစ်ဦးမှာ မကြာသေးမီနှစ်များက ဆယ်တန်းအောင်မြင်ခဲ့စဉ် ဆေးတက္ကသိုလ်တက်ရောက်ရန် အမှတ်မီသော်လည်း နိုင်င်ငံသားအရည်အချင်း မပြည့်မီသဖြင့် မြန်မာပြည်တွင်း ဆေးတက္ကသိုလ်များကို တက်ရောက်ခွင့် မရခဲ့သည့်အတွက် ယခုအခါ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဆေးတက္ကသိုလ်တစ်ခုတွင် တက်ရောက်သင်ကြားလျက်ရှိသည်။ သို့ရာတွင် ၄င်း၏ ဖခင် ဒေါက်တာ ဘော်ချီးအာမက် မှာ နိုင်ငံသားအရည်အချင်းများနှင့် ပြည့်မီသည်ဟု သတ်မှတ်ခံရကာ လွှတ်တော်အထိတက်ရောက်ကာ နိုင်ငံအရေးအရာများတွင် ပါဝင် ခန့်ခွဲ လျက်ရှိနေသည်။
(၆) စစ်တွေ နှင့် ကျောက်တော် မြို့တို့မှ ဒေသခံများအား Coral Arakan က မေးမြန်းရာတွင် စစ်တွေ ကျောက်တော် ပေါက်တောတို့တွင် လက်ရှိ လုပ်ဆောင် နေသည့် လ၀က၏ ဘင်္ဂါလီ စိစစ်ရေးစီမံချက်ကို ဒေသခံရခိုင်များအနေဖြင့် ယုံကြည်စိတ်ချမှု အားနည်း သည်ဟု အများစုက ဖြေကြားကြသည်။ (ပေါက်တော မြို့နယ်တွင် မေးမြန်းခဲ့ခြင်း မရှိပါ)
(၀က္ကာ ရေးသားသည်။)
Coral Arakan News မှ ကူးယူသည်
https://www.facebook.com/notes/coral-arakan-news-agency/%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%81%80%E1%80%84%E1%80%B9-%E1%80%98%E1%80%82%E1%81%A4%E1%80%AB%E1%80%9C%E1%80%AE%E1%80%9C%E1%80%B0%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%9E%E1%80%AD%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%96%E1%80%BC%E1%80%9A%E1%80%B9%E1%80%9B%E1%80%AC-%E1%80%A1%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%A1%E1%80%9C%E1%80%80%E1%80%B9-%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%82%95/177622215708821
Subscribe to:
Post Comments (Atom)
No comments:
Post a Comment