တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသော တန်းတူအခွင့်အရေးများနှင့် အခြားသော တိုင်း ရင်း သား အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး၊ ဥပဒေပြုမည်ဆိုပါက တိုင်းရင်းသား များ ၏ နှစ် ပေါင်းများစွာပဋိက္ခများ အမြန်ဆုံးပြေလည်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ထောင် စုငြိမ်းချမ်းရေးဗဟိုကော်မီတီ အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်ကို တိုက်တွန်းလိုက်သည်။ (The Voice, Mondat,July 16-22,2012,P23,L1-3)
တိုစကားအတွက် နိုင်ငံတော်သမ္မတကြီးအား များစွာ ကျေးဇူးတင်မိသည်။ “တိုင်းရင်းသားများ” “အသက် တမျှ အရေးကြီးသော” “တန်းတူအခွင့်အရေး” ဆိုသောစကားလုံးများ ကျွန်တော့်အာရုံတွင် ၀ဲလှည့်နေ တော့၏။ နှစ်ပေါင်းများစွာကတည်းက နိုင်ငံအတွက် အသက်သွေးတမျှလိုအပ်နေသော၊ တာဝန်ယူခဲ့သူ အ ဆက်ဆက် ထုတ်ဖေါ်ပြောကြားပြီး အမှန်တကယ်ဆောင်ရွက်ပေးခဲ့သင့်သော အရာများဖြစ်သည်။ ယနေ့ ထိုစကားများ ကြားရပြီ။ မကြာမြင့်မီ ထိုဆီသို့သွားသော ခြေလှမ်းများ မြင်ခွင့်ရတော့မည်ဟု မျှော်လင့် သည်။ ရောက်အောင်လျှောက်ကြလျှင် လာမည့်နေ့သစ်များတွင် နေခြည်နွေး၍ လေပြည်အေးလိမ့်မည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅)မျိုးနှင့်ဖွဲ့စည်းထားသည်ဟု မှတ်တမ်းမှတ်ရာများက ဆိုသော် လည်း နိုင်ငံသားများအနေဖြင့် မကြားဘူးသည့်လူမျိုးအမည်မှာ အများစုဖြစ်မည်ထင်သည်။ မည်သို့ပင်ဆိုစေ၊ မည်မျှ ပင် လူဦးရေနည်းပါးသည်ဖြစ်စေ (ဥပမာ၊ ၂၀၀၄ခုနှစ် စာရင်းဇယားများအရ ကချင်ပြည်နယ်မြောက်ဖျား တွင် အခြေချသော “ထရုံ”လူမျိုးဦးရေ (၆)ဦး(ခြောက်ဦး)သာရှိတော့ပြီး မျိုး ဆက်ထပ် မပွားနိုင်သည့် အခြအနေမျိုး ဖြစ်သည်။ ယခုအချိန်တွင် ထိုမျိုးနွယ်စုများ မျိုးသုဉ်းသွားမသွား မပြောနိုင်)အားလုံးသော တိုင်းရင်းသားတိုင်းသည် တန်းတူအခွင့်အရေး ရကြရမည်၊ ရခွင့်ရှိကြသည်သာ ဖြစ်၏။ ဗမာတိုင်းရင်းသားနှင့် ကျန်လူမျိုးတိုင်းရင်းသားများအကြား မယုံကြည်မှုများ၊ သံသယများနှင့် နေ ထိုင်လာခဲ့ကြရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ထို “အဟ” “အပြဲ”ကို သမ္မတကြီး၏ လမ်း ညွှန် စကားနှင့် လုပ်ဆောင်ချက်များက ကောင်းမွန်စွာ ရင် ကြားစေ့ပေးနိုင်မည်၊ နိုင်ငံ၏ နာတာရှည် ဒဏ် ရာကြီးကိုလည်း အနာကျက်စေနိုင်မည်ဟု ယုံကြည်လိုပါသည်။
ထိုသို့ကိုယ့်ပြည်တွင်းရှိ တိုင်းရင်းသားအရေးကို ပြေလည်အောင်ဆောင်ရွက်ဖို့၊ သေနတ်သံတွေ စဲဖို့ ၊စစ် ဒဏ်ခံ ကိုယ့်ညီအစ်ကိုမောင်နှမများ အမိုးအကာရှိရာ၊ လုပ်ငန်းဆောင်တာရှိရာသို့ လုံခြုံစွာ ပြန်ရောက် စေ ဖို့၊မျှတသော အလုပ်အကိုင်အခွင့်အလမ်းများရရှိကြစေဖို့၊ ကိုယ့်မြေကိုယ့်ယာအရေးကို ကိုယ်တိုင်စီမံနိုင် ကြစေဖို့ အစွမ်းကုန် လုံးပမ်း ကြရမည့် အချိန်/အခြေအနေမျိုးတွင် “ရိုဟင်ဂျာ”အမည်ဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု(ethnic) ဖြစ်သည် ဟုဆိုကာ နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်လောင်လောင် ဘေးတီးပေး နေ သောအဖြစ်မျိုးနှင့်လည်း ချိန်ကိုက် ကြုံတွေ့နေရပါသည်။ ကိုယ့်ပြည် ကိုယ့်အရေး၊ ကိုယ့် အလုပ်ကိုယ် ပြီးစီး အောင်မြင်အောင် မလုပ်နိုင်သေးမီတွင် သူတစ်ပါးအထုပ်ကို ခေါင်းပေါ်လာအတင်ခံရ သည့် အခြေအနေမျိုး နှင့် တူနေပါသည်။
43
ရိုဟင်ဂျာများနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့ကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခကို မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ အ ကြားက ဘာသာရေး ပြဿနာကြီးသဖွယ် ပုံဖျက်နေကြသည်။ အီဂျစ်တွင်၊ ထိုင်းတွင်၊ အင်ဒို နီးရှားတွင် မြန်မာ နိုင်ငံအပေါ် ဆန္ဒပြခဲ့ကြသည်။ ၂၀၁၀ခုနှစ် တရုတ်ငလျင်တွင် သေဆုံးသွားခဲ့ရသူများ အလောင်းပုံ ဘေးက ကယ်ဆယ်ကူညီပေးနေသော တိဗက်ဘုန်းတော်ကြီးများပုံအောက်တွင် ‘The Body of Musilms slaughted By Buddhist(Burma)”” ဟုအမည်တပ်လိုတပ်၊ ၂၀၀၄ခုနှစ် အောက်တိုဘာက ထိုင်းတွင်ဖြစ် ပွားခဲ့သည့် မွတ်ဆလင်ဆန္ဒပြမှုသတင်းဓါတ်ပုံအောက်တွင် “More then 1000 people killed in Burma” ဟုပုံစာထိုးကာ အွန်လိုင်းမှ အစွမ်းကုန်ဖြန့်ဝေကြရန် လှုံ့ဆော်သွေးထိုးသူကသွေးထိုး၊ ဂျီဟတ်စစ်ပွဲ ဆင် နွှဲ မည်ဟု ကုန်းအော်သူ အော်ဖြင့် ကျွန်တော်တို့နိုင်ငံတော်ကို စိတ်တိုင်းကျ အမဲဖျက်နေကြသည့်နှယ် ကြံ စည်လုပ် ဆောင်နေကြသည်ဟု ခံစားရသည်။ အဖြစ်အပျက်၏ အချက်လက်မှန်များကို ရှာဖွေ နိုင်စွမ်းမ ရှိ ကြသော ဦးနှောက်နည်းသူ ၊ ဥာဏ်ရည်မမီသူတွေများလား၊ နောက်ကွယ်က ကြိမ်တို့ခိုင်းစေနေသော အင် အားကြီးတစ်ခုခုကြောင့် မျက်စိမှိတ်လုပ်ဆောင် နေကြသူ များလားဟူ သည်ကို ခွဲခြားရန်ခက်နေပါ သည်။
အွန်လိုင်း အသုံးပြုသူပေါင်းများစွာက လွယ်လင့်တကူ မှီငြမ်းပြုစရာဟု သတ်မှတ်ထားသော wikipedia.org တွင်ပင်၊ ကျွန်တော် ပရင့်ထုတ်ကြည့်ချိန် 7/15/2012 5:02PM က There was intense sectarian clashes in June 2012. Over 2,000 people were killed in sectarian violence in the state in which most victims were Muslims.[9] During her visit to Myanmar Mrs. Cliton told Mr. Thein Sein the United State was concerned about the treatment of the Rohingya Muslim ethnic group, which has suffered killings at the hands of Buddhists.[10] လူနှစ်ထောင်ကျော်သေသည်။ အများစုက မွတ်ဆလင်တွေဖြစ်သည်ဟု မှတ်တမ်းတင်လိုလိုတင်၊ ဒေါ်က လင်တန်ကြီးက ရိုဟင်ဂျာများကို ethnic group ဟု သုံးနှုံးကြောင်း ပြောလိုပြောနှင့်ဖြစ်သည်။ ရခိုင် အ ကြောင်း သိချင်၍ ဖြစ်စေ၊ ထိုအဓိကရုဏ်း အကြောင်းသိလို၍ဖြစ်စေ၊ တစ်စုံတစ်ယောက်က ၀ီကီကို ကိုး ကားလိုက်သည်ဆိုပါစို့။ ထိုသူ့အမြင်တွင် အမှန်တွေနှင့် ကင်းစင်နေ /တိမ်းချော်နေလိမ့်မည်ဖြစ်သည်။
အလွန်လျှင်မြန်သော သတင်းမီဒီယာခေတ်တွင် အမှားတွေ အမှန်ဖြစ်ကြောင်း၊ အမှန်တွေ အမှားဖြစ် ကြောင်း ပုံဖျက်ဖို့ အလွန်လွယ်ကူနေပါသည်။ ကောလဟာလများ၊ ကြိုတင် တင်ကူးကြံစည်ထားသော စီမံချက် များ အောက်တွင် အဖြစ်မှန်တို့ တန်ဖိုး ယုတ်လျော့ ဆုံးပါးသွားမည်ကိုစိုးရိမ်နေရပါသည်။
ကျွန်တော့်တစ်ဦးတည်း၏ အမြင်ရဆိုလျှင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား/ တိုင်းရင်းသားမျိုးနွယ်စု ဟု မ မှတ်ယူနိုင်ပါ။ နိုင်ငံသားဖြစ်မဖြစ်မူ တိုင်းပြည်က အတည်ပြုမည့် လိုက်နာကျင့်သုံးမည့် ဥပဒေများကသာ ဆုံး ဖြတ်ပါလိမ့်မည်။ နိုင်ငံသားဖြစ်တိုင်းလည်း တိုင်းရင်းသားတော့ မဖြစ်နိုင်ပါ။ ၈ ရာစုလောက်က သ ဘောင်္ပျက်ရင်း ရောက်လာကြသော အာရပ်ကမ္ဘာက ကုန်သည်များဖြစ်သည်ဟူသည့် မရေရာသော နှုတ် ဆင့်ကမ်း “ပြော ဇာတ်” မျှလောက်ဖြင့် မြန်မာ့မြေပေါ်က တိုင်းရင်းသားဟု ယူဆသတ်မှတ်ပေးရန် ခက်ခဲ ပါလိမ့်မည်။
မြန်မာ့ အနောက်ကမ်းခြေက ရခိုင်တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတို့သည် ခန်းနား ခိုင်ခန့်ကြီးကျယ်လွန်းလှသည်။ ထိုဒေသ၏တိုင်းရင်းသားမျိုးနွယ်စုစာရင်းတွင်၊ (၁)ရခိုင်လူမျိုး၊
44
(၂)ကမန်မျိုး နွယ်စု၊ (၃) ခမွီးမျိုးနွယ်စု၊ (၄) ဒိုင်းနက်မျိုးနွယ်စု၊ (၅)မရမာကြီး မျိုးနွယ်စု၊ (၆)မြို မျိုးနွယ်စု၊ (၇)သက်မျိုးနွယ်စု ဟူ၍ အထင်အရှားရှိပြီး ဖြစ်၏။ ရိုဟင်ဂျာတို့အတွက် စာရင်းမ၀င် နေရာမရှိခဲ့ပါ။ ဤစိတ်အခံဖြင့် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၂)
by ငြိမ်းအေးအိမ် on Monday, July 30, 2012 at 7:52pm ·မြေပုံများပေါ်တွင် နိုင်ငံနယ်နမိတ်များသည် လှပပျော့ပြောင်းစွာ ကွေးညွှတ်နေသည်ကို မြင်တွေ့ဖူးကြ ပါ လိမ့် မည်။ အမှန်တော့ ထိုအရာများသည် စိတ်ကူးမျဉ်းများမျှသာဖြစ်၏။ အချုပ်အခြာ အာဏာကိစ္စ အ တွက် ရေးဆွဲ သတ်မှတ်ထားကြရခြင်းသာဖြစ်၏။ တကယ့်မြေပြင်တွင် ထိုမျဉ်းများမရှိ။ မျဉ်းမရှိသော မြေ များပေါ်တွင် လူမျိုးနွယ်စုတို့သည် အဆင်ပြေရာ၊ အနွယ်တူရာ စုနေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏နယ် စပ်မျဉ်းများတွင် ရှိနေကြသော ကျွန်တော်တို့တိုင်းရင်းသားများနှင့် “မျိုးတူ”များ သည် နယ်နမိတ်ချင်း ထိစပ်နေသည့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရှိနေကြသည် သာဖြစ် ၏။ ထိုသူတို့သည် နိုင်ငံတစ်နိုင် ငံ၏ တိုင်းရင်းသားအဖြစ်၊ နိုင်ငံသားအဖြစ် သတ်မှတ်ပေးပါဟု တောင်းဆို ခဲ့ဖူး သည်ဟူ၍မရှိ၊ ကျွန်တော် တို့တွင် ရှိနေသော လူမျိုးစုများအတိုင်း သက်ဆိုင်ရာ တိုင်းပြည်တွင်လည်း ထိုလူ မျိုးများရှိနေ၍ ဖြစ်သည်။
ဥပမာ၊ မြန်မာ့မြေပေါ်တွင် မြန်မာနိုင်ငံသား ကချင်၊ လော်ဝေါ်၊ လာချိဒ်၊လီဆူ၊ ရ၀မ် တို့ တိုင်းရင်းသား အဖြစ်ရှိ နေသလို ထိုမျိုးနွယ်စုတို့သည် တရုတ်ပြည်တွင်လည်း တရုတ်နိုင်ငံသား တိုင်းရင်း သား များအဖြစ်ရှိနေသည် ။ မွန်နှင့် ကရင်တို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ ရခိုင်တွင်လည်း ရခိုင်တိုင်းရင်း သားအချို့ တစ်ဘက် နယ်န မိတ်တွင်ရှိနေသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀၊ အခါ၊ စသည်တို့သည် မြန်မာနိုင်ငံကို ၀ိုင်းပတ် ထားသည့် နယ်စပ်မျဉ်းများပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ သူတို့သည် ကျွန်တော်တို့နိုင်ငံ၏ ခံတပ်ကြီး များဖြစ်ကြ သည်။ တံတိုင်းကြီးများဖြစ်ကြသည်။ လူဦးရေအဆမတန်များသော သက်ဆိုင်ရာ နယ်နမိတ် အသီးသီး၏ လူ မျိုးများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကိုယ်မြေထဲသို့ စိမ့်ဝင်ထွန်းကားမလာကြစေရန် နှစ်ပေါင်းရာချီ စောင့် ရှောက်ပေးနေကြသော သူရဲကောင်းများဖြစ်သည်။ ထိုကျေးဇူးကို သိတတ်ရပါမည်။ သူတို့ကို ကူညီဖို့၊ သူတို့ နှင့်အတူတူ ကျွန်တော်တို့မြေ ကျွန်တော်တို့ရေကို ကာကွယ်စောင့်ရှောက်ဖို့၊ သူတို့ ပခုံးတွေပေါ်ကျရောက် နေသော ၀န်ထုပ်ဝန်ပိုးများကို မျှခံထမ်းယူဖို့ စဉ်းစားမိဖူးကြပါလား။ သူတို့ကတော့ ဘယ်သူကူကူ မကူကူ ကိုယ့်အသိနှင့်ကိုယ့်အားကိုယ်ကိုးစောင့်ရှောက်နေကြသူများ သာဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တံ တိုင်း ၊ မြောက်ဘက်တံတိုင်း၊ အနောက်ဘက်တံတိုင်းများရှိ တိုင်းရင်းသား များ အားလုံး (တိုတံတိုင်းများရှိရာ အရပ်တိုင်းတွင် မြန်မာများ မရှိကြပါ) ကို ကျွန်တော်တို့ အလေးအမြတ်ပြုရမည်ဖြစ်ပါသည်။ “နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုး တွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်
45
ထမ်းတွေက အကျင့်ပျက်ခဲ့တာ တွေ ရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့ တာတွေ ရှိတယ်။ အောက်ခြေမှာဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။
မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။
ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ် ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင် က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။
ဖေါ်ပြပါစကားရပ်သည် ၂၀၁၂ခုနှစ်တွင်ဖြစ်ပွားခဲ့သော သမိုင်းတင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်း ငြိမ်သက်စတွင် ဒေါက်တာဦးအေးမောင် ပြောကြားခဲ့သည့် ရင်တွင်းစကားဖြစ်သည်။ ရခိုင်သူရခိုင် သားများ ၏ ရင်တွင်းစကားဟု လည်း ကျွန်တော်ယုံကြည်သည်။
“မဟာပညာကျော်” ၏ Arakantimes.net တွင် Tuseday,10 july 2012 15:33 ကရေးထားသော ဆောင်းပါးတစ်ပုဒ်၌ ရခိုင်တို့၏ တံခါးများ ကျိုးပျက်ခြင်းကိုမှတ်တမ်း တင်ရာတွင်--စန္ဒရ သီရိသုဓမ္မရာဇာ မင်း လက်ထက်(၁၆၆၆)ခုနှစ်တွင် “မဂို”တပ်တို့၏ တိုက်ခိုက်ခံရမှုကြောင့် ဒက္ကာနှင့် စစ် တကောင်းကို လက်လွှတ် ဆုံးရှုံး လိုက်ရသော စစ်ပွဲကို “ရခိုင်လူမျိုးတို့၏ ပထမ တံခါး ချိုးဖျက် ခံရခြင်း” (ထိုစဉ်က ရခိုင်နိုင်ငံတော်သည် အရှေ့မှာ မာလကာ၊ ပဲခူး၊ အနောက်မှာ ဘင်္ဂါ၁၂မြို့၊ မဂို၊ တြိပူရ အထိ ကျယ်ပြန့်ခဲ့သည်ဟုဆိုသည်)
- ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက်၊ ၁၇၈၄ခုနှစ် ဒီဇင်ဘာတွင် ဗမာဘုရင် ဘိုးတော် မောင်ဝိုင်းက မြောက်ဦးနန်းတော်ကိုသိမ်းပိုက်ခဲ့ခြင်းကို “အရှေ့တံခါးချိုးဖျက်ခံရခြင်း” ဟုသတ်မှတ်ခဲ့သည် ။ (သမိုင်းသုတေသနဦးစီး ဌာန၏ စာတမ်းတစ်စောင်တွင်မူ 1784 ခုနှစ်တွင် ကုန်းဘောင်မင်းဆက် “ဗဒုံ” မင်းက သိမ်းပိုက်သည်ဟုဆို)။ ထိုသို့ ဆိုလျှင် ၂၀၁၂ခု ဇွန်လသည် ရခိုင်မြေအတွက် တတိယအကြိမ် မြောက် ခံတပ် တံခါးကျိုးပျက်ခဲ့ ကြောင်းမှတ်ယူကြလိမ့်မည် ထင်သည်။ ရခိုင်အမျိုးသားတို့၏ ရာစုနှစ် ပေါင်းများစွာ လောင်မြိုက်ခံစားနေရမှုများကို ကိုယ်ချင်းစာမိ၏။ ထိုကိုယ်ချင်းစာ စိတ်အခံဖြင့်ပင် ကျွန် တော် “အနောက်ဘက် တံ တိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၃)
by ငြိမ်းအေးအိမ်
on Tuesday, July 31, 2012 at 1:41pm ·
ရခိုင်သမိုင်းတွင် ရှေးဦးရခိုင်ပြည်၊
(“ရခိုင်နိုင်ငံတော်”ဟု တစ်ချို့သော မှတ်တမ်းများတွင်ဖေါ်ပြ)သည်၊ ဓည
ဝတီ(စစ်တွေခရိုင်)၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)၊ မေဃ၀တီ(မာန်အောင်ခရိုင်)၊
ဒွါရ၀တီ(သံတွဲခရိုင်)တို့ ဖြင့် စုဖွဲ့ ပေါင်းစည်းထားသည်ဟုဆိုသည်။
(လက်ရှိရခိုင်ပြည်နယ်၏ အလယ်ပိုင်းကျသောဒေသများ၊ နှိုင်းယှဉ် ချက် အရ
စိုက်ပျိုးမြေယာကြွယ်ဝသော ဒေသများဖြစ်သည်)။ ရခိုင်ကမ်းမြောင်ဒေသတွင်
ရှာဖွေတွေ့ရှိ 46
သော အထောက် အထားများအရမူ ပုဂံခေတ်မတိုင်မီ နှစ်ပေါင်းရာထောင်ချီကတည်းက ရခိုင်မင်းဆက် များ ထူထောင် အုပ်ချုပ်ထား နိုင်ခြဲ့ပီဟုဆိုသည်။ မြောက်ဦးခေတ်ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုး တန်းဒေသတစ်ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသများကိုပါ နှစ်ပေါင်းရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံ လုံးကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင် သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘု ရား သည်လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ်တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြ။ ရခိုင် သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာ ခဲ့သည်။
သမိုင်းခေတ်များအနေဖြင့် “ဓည၀တီခေတ်”(BCE.3325-327ADE)၊ “ဝေသာလီခတ်”(327ADE-818ADE)၊ “လေးမြို့ခေတ်”(818ADE-1430ADE)၊ “မြောက်ဦးခေတ်”(1430ADE-1785ADE) ဟု ခွဲခြား မှတ်တမ်းပြုခဲ့ကြသည်။ ခေတ်ဦးရခိုင်၏ အဓိက ကိုးကွယ်ခဲ့သည့်ဘာသာများမှာ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ဖြစ် သည်။ (မွတ်ဆလင်ဘာသာ မရောက်ရှိသေး)။ ဓည၀တီခေတ်ကို သုံးပိုင်းပိုင်းထားပြီး၊ “သူရိယမင်းဆက်” ကို တည်ထောင်သော “စန္ဒသူရိယမင်း”(တတိယဓည၀တီခေတ်)လက်ထက်တွင် “မဟာမုနိ”ကို သွန်း လုပ်ခဲ့သည် ဆိုသဖြင့် ဗုဒ္ဓဘာသာ စောစီးစွာ သက်ရောက်ကာ ကိုးကွယ်နေမှုကို မြင်ရသည်။ ထိုမင်းဆက် သည် ဗုဒ္ဓနှင့် ခေတ်ပြိုင် ဖြစ်နေကြောင်းလည်း ခုနှစ်မှတ်တမ်းများက ဖေါ်ပြနေသည်။ ဗုဒ္ဓဘာသာသည် ရခိုင်မင်းဆက်တို့ထံ အနော်ရထာထက် နှစ်ပေါင်းများစွာစော၍ ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။ ဝေသာလီ ခေတ်တွင်မူ မထေရ်ကြီးများ ရဟန်းသံဃာတော်ကြီးများ သိန်းသောင်းချီရှိခဲ့သည်ဆိုသဖြင့် ထေရ၀ါဒ ဗုဒ္ဓ သာသနာ အထွန်းလင်းဆုံးကာလ ဟု မှတ်ယူနိုင်မည်ဖြစ်သည်။
ရိုဟင်ဂျာတို့ကို ရခိုင်ဒေသသားအဖြစ်သွပ်သွင်းလိုသော သမိုင်းအချက်အလက်အချို့တွင်၊ မြောက်ဦး ခေတ်ဦးပိုင်း ရခိုင်ဘုရင် အချို့သည် ရခိုင်အမည်အပြင် မွတ်ဆလင်နာမည်ခံယုကာ၊ဒင်္ဂါးပြားများတွင် သွန်း လုပ် ဖေါ်ပြထားခြင်းကို ဇောင်းပေးသက်သေပြုခြင်းဖြင့် ရခိုင်မင်းများကို မွတ်ဆလင် ဘာသာဝင်များအဖြစ် ပုံဖေါ် ကြသည်။ အမှန်မှာ ရခိုင်မင်းဆက်တို့တွင် ရခိုင်ဘုရင်ပေါင်း (၄၈)ဦး နန်းတက်ခဲ့ရာ (၉)ဦးသာ မွတ် ဆလင်အမည်ဖြင့် ဒင်္ဂါး သွန်းလုပ်ခဲ့သည်။ ထို (၉)ဦးစလုံးသည် စစ်တကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သူ များသာဖြစ် ပြီး ၊ မိမိတို့သိမ်းပိုက်နိုင်ခဲ့သော နယ်ပယ်ဒေသရှိလူထု၏ ယုံကြည်မှုကို ရယုနိုင်ရန် ရည်ရွယ် ပြီး အင်္ဂါးပေါ်တွင် သူတို့၏ရခိုင်ဘုရင်ဘွဲ့တော်သာမက မွတ်ဆလင်ဘွဲ့အမည်ကိုပါ ရေးထွင်း မှတ်တမ်း တင် ခဲ့ခြင်းဖြစ်သည်။
“လေးမြို့ခေတ်”၏ နောက်ဆုံးမင်းဆက် ရခိုင်ဘုရင်မင်းစောမွန်သည် နန်းတက်ပြီး (၂)နှစ် အကြာ (1430 AD) တွင်၊ အင်းဝ၏ရန်ပြုစစ်ခင်းမှုကြောင့် ဘင်္ဂေါကို ထွက်ပြေးခိုလှုံရသဖြင့် ရခိုင်မင်းဆက်သည် မွတ်ဆ လင် ဘာသာ ကိုးကွယ်သယောင် မှန်းဆကြသည်။ (ပါမောက္ခ“ဆာရာဂျူဒင်” ကမူ၊ ရခိုင်ဘုရင်မင်းစောမွန် သည် ဘင်္ဂေါ သို့ ထွက်ပြေးခိုလှုံခဲ့ရသည့် သမိုင်းအထောက်အထား ဘင်္ဂေါသမိုင်းတွင်မရှိ၊ မင်းစောမွန် ရခိုင် မြေသို့ ပြန်လာပြီးသည့်နောက်တွင် ရခိုင်ပြည်သူတို့ မွတ်ဆလင်ယဉ်ကျေးမှုကိုလက်ခံသည်ဆိုသော အဆိုလည်းမဖြစ်နိုင်၊ ရခိုင်ဘုရင်များက မွတ်ဆလင် စာပေယဉ်ကျေးမှုကို အားပေးထောက်ခံခဲ့သည့် အ
47
ထောက် အထားလည်းမရှိဟု ရေးသားခဲ့သည်။) မင်းစောမွန်ကိုဆက်ခံခဲ့သည့် ဘုရင်များ (1430 AD)မှ ရခိုင်ကို “ဗဒုံမင်း”သိမ်းပိုက်ခဲ့သည့် (1784ADE) အထိ မည်သည့် ရခိုင်ဘုရင်မျှ မွတ်ဆလင်ဘာသာဝင် မဟုတ်ခဲ့။ (“ရိုဟင်ဂျာလူမျိုး” ဟူသော အမည်သည်လည်း 1947ခုနှစ်ထိ မည်သည့် သမိုင်းစာအုပ်တွင်မျှ မှတ်တမ်းတင် ဖေါ်ပြထားခြင်းမရှိသေးပါ။)
ရခိုင်တို့သည် သူ့သမိုင်း၊ သူ့စာပေ၊ သူ့ယဉ်ကျေးမှု၊ သူ့ကိုးကွယ်ယုံကြည်ရာ သူ့ထီးသူ့နန်းဖြင့် အနောက်ဘက်တံတိုင်းကို ကြီးစိုးစောင့်ကြပ်ထားသူများသာဖြစ်ကြသည်။ http://wikimyanmar.co.cc/wiki/index.php တွင်မူ ဤသို့မှတ်တမ်းပြုထားသည်ကိုတွေ့ရ ၏။
ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည်သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တ ကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကာ လကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင် လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၄)
by ငြိမ်းအေးအိမ် on Friday, August 3, 2012 at 11:23am ·
ရခိုင်ဒေသသို့ ဘာသာခြား တိုင်းတပါးသားများ မည်သည့်အချိန်က မည်သို့ရောက်ရှိလာကြကြောင်း ခြေ ရာကောက်မိသည်။ ဗုဒ္ဓဘာသာ သက်ဦးဆံပိုင် ရခိုင်ဘုရင့်နိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်းဖြင့် ဖွံ့ဖြိုးစည် ပင် စွာနေထိုင်ခဲ့ကြသော ရခိုင်ဒေသသို့ စစ်တကောင်းသားများ ၀င်ရောက်လာမှုသည် ရခိုင်အင်ပါယာကြီး ကို စစ်တကောင်းနယ် အပါအ၀င်အထိ အင်အားချဲ့ထွင်အုပ်ချုပ်နိုင်ခဲ့ခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုနိုင်မည်။ ရခိုင် ဘု ရင် တို့ ဒက္ကာနှင့် စစ်တကောင်းကို လက်လွှတ် ဆုံးရှုံးလိုက်ရသော 1666 စစ်ပွဲမတိုင်မီအထိ ထို အရပ်ဒေသ (ဒက္ကာ၊စစ်တကောင်း)တို့သည် ရခိုင်တို့ ပိုင်မြေဖြစ်ခဲ့သည်။
(၁၅)ရာစုတွင် စစ်နိုင်ရခိုင်ဘုရင်တို့က သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသော မွတ်ဆလင်များကို ရခိုင် မြေရှိ လယ်ယာလုပ်ငန်းများ၊ အခြားအမှုထမ်းလုပ်ငန်းများတွင် ခိုင်းစေခြင်းဖြင့် ဘင်္ဂေါနယ်သားများ ရခိုင်တွင် စတင် အခြေချ နေထိုင်ခဲ့ကြသည်။ မွတ်ဆလင်ဘာသာဝင်များကို ကျေးကျွန်များအဖြစ် အများ ဆုံး ပို့ခဲ့သော အချိန်မှာ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဆန်ဒွပ်ကျွန်းသို့ ရောက်ရှိစဉ်တွင် ဖြစ်ကြောင်းသိ ရ ပါသည်။
ထိုနှစ်ကာလရှည်တစ်လျှောက်လုံးတွင် ရခိုင်တို့က အုပ်ချုပ်သူအရှင်သခင်ဖြစ်ပြီး ဘင်္ဂေါသားတို့က စစ် ရှုံးသူ / သုံ့ပန်း/ ကျေးကျွန်များဖြစ်ကြသည်။ ရာစုနှစ်နှင့်ချီကာ ထိုဆက်ဆံရေးသည် မပြောင်း မလဲ ဖြစ် ခဲ့သည်။ နောင်တွင်မူ တိုင်းတပါးမှ ကျူးကျော်ဝင်ရောက်လာသူများက လူအင်အား၊ ကွန်ယက်အင်အား၊
48
နောက်ကွယ်မှ စီမံကိန်းရှိရှိ ထောက်ပံ့မှု အင်အား များကိုအသုံးပြုကာ ဇာတိသားရခိုင်များအား နိုင့်ထက်စီး နင်း ပြုကာ သတ်ဖြတ် ညှင်းဆဲ မောင်းထုတ်သည်အထိ အခြေအနေများက ပြောင်းပြန်ဖြစ်သွားခဲ့သည်။
(၁၇)ရာစုတွင်မူ အနောက်ဘက်မှလာသော ပေါ်တူဂီများနှင့် ရခိုင်တို့သည် ကျွန်ရောင်းကျွန်ဝယ် လုပ်ငန်း များ ဆောင်ရွက်နေကြပြီဖြစ်သည်။ ကျွန်ဈေးကွက်သို့ တင်ပို့ရောင်းချရန် ဖမ်းဆီးခြင်းခံရသော ဘင်္ဂေါ နယ်သား မွတ်ဆလင်များသည် ရခိုင်လယ်ယာများ၊ လက်မှုလုပ်ငန်းများ၊ အမှုထမ်းခြင်းများတွင် ကျွန်များ အဖြစ် လုပ်ကိုင်ကြရင်း အခြေကျလာကြ ပြန်သည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများကြားတွင် မွတ်ဆလင်ဘာသာ ကိုးကွယ်သူ တိုင်းတပါးသားတို့ရောနှောနေထိုင်လာကြ၏။ သို့သော် မွတ်ဆလင်ဘာသာ ကိုးကွယ်သော ရခိုင်တိုင်း ရင်းသား မျိုးနွယ်စု တစ်ခုလည်း ရှိသေးကြောင်းကို ၀ီကီစာမျက်နှာတစ်ခုတွင် အောက်ပါအတိုင်း ဖေါ်ပြ ထားသည်ကို တွေ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည် ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ် တူဂီများနှင့် ဂျပန် တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင် တို့က “ကမန်”ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားပါသည်။
ရှေးရခိုင်တွင် လေးသည်တော်ကို “ကမန်” ဟုခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင် “ရှာရှုဂျာ” မြောက်ဦးသို့ ခိုဝင်လာစဉ်က နောက်ပါ အချို့ကို လည်း ခေါ်သည်။ အာဖဂန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကားနှင့် အမည်တို့ကို သုံးစွဲကြသည်။ လူဦးရေသုံးထောင်လောက် ရှိသည်။ သီးခြားရွာ ရှိပြီး လူမျိုးရောနှောမှု နည်းပါးသည်။ ယင်းမူဆလင်ဘာသာဝင် ကမန်လူမျိုး တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ် ခြင်း မရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုးအပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့ နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေ ထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သောကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင်ဘာသာ ကိုးကွယ်သော ရခိုင်တိုင်းရင်းသား“ကမန်”လူမျိုးရှိသည်ကိုပင် သတိပြုမိကြဖူးမည်မဟုတ် ပေ။
` ဤအချက်သည် “ရိုဟင်ဂျာ”ဟု အမည်တပ်သူတို့က ၎င်းတို့ကိုယ်၎င်းတို့ ရခိုင်တိုင်းရင်းသား မွတ် ဆလင်များ ဖြစ်ကြောင်း ပုံဖျက်ပြောဆိုနေမှုသည်မှားယွင်းကြောင်း၊ ရခိုင်မွတ်ဆလင်ဆိုသည်မှာ ကမန် လူမျိုး များသာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ကွဲပြားစေခဲ့သည်။ ရခိုင်တိုင်းရင်းသားတို့သာ ရှေးယခင်ကတည်း က မွတ်ဆလင်ဘာသာကို မုန်းတီးသူ၊ လက်မခံသူများ ဖြစ်နေခဲ့ကြမည်ဆိုလျှင် “ကမန်”တို့သည် ရခိုင်တိုင်း ရင်းသား မျိုးနွယ်စုဝင်များ ဖြစ်လာဖွယ် အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာ ထွန်းကားလွန်းသော ရခိုင်မြေ၊ ရခိုင်ရေ တွင် မွတ်ဆလင်တို့ ခြေချရှင်သန်ဖွံ့ဖြိုးခွင့်ရှိခဲ့မည်မဟုတ်။
1824တွင် မြန်မာတို့စစ်ရှုံးသောအခါ၊ အင်္ဂလိပ်တို့က ရခိုင်နှင် တနင်္သာရီကို သိမ်းပိုက်လိုက်ခြင်းဖြင့် အင်္ဂလိပ် ပိုင် ဘင်္ဂလားဒေသသည် ရခိုင်ဒေသနှင် တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားခဲ့၏။ 1839 တွင် အင်္ဂလိပ်တို့၏ မြေရိုင်းများတိုးချဲ့လုပ်ကိုင်ရေးအစီအမံအရ မြေပိုင်ရှင်များသည် မြေယာအမြောက် အများ ကိုပိုင်ဆိုင်ခဲ့ကြသည်။ ထိုမြေယာများအတွက်လိုအပ်သော လုပ်သားအင်အားအများအပြားကို စစ်တ
49
ကောင်း မှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများဖြင့်ဖြည့်ဆည်းခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးဝန်၏ 1930-31 အစီရင်ခံစာအရ၊ သာမာန်အားဖြင့် စစ်တကောင်းသားကူလီပေါင်း တစ်နှစ်လျှင် လေးသောင်းကျော် ၀င်လေ့ရှိ ကြောင်းသိရသည်။ ထိုခုနှစ်များ က စစ်တွေခရိုင်အတွင်း အိန္ဒယတိုင်းရင်းသား (ယောက်ျား) ပေါင်း နှစ်သိန်းငါး သောင်းကျော်ရှိသည့်အနက် ရှစ်ဆယ် ရာခိုင်နှုန်းမှာ စစ်တကောင်းသားများ ဖြစ်ကြ သည်။
ရခိုင်မြေကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၃၁-ခုနှစ်တွင် စစ်တွေခရိုင် (ရခိုင်တောင်တန်းနယ်နှင့် မြေပုံ မြို့နယ် တစိတ်တဒေသ အပါအဝင်) တွင် လူဦးရေ (၉၅၀၉၀) ဦးသာ ရှိခဲ့သည်။ ၁၈၃၂-ခုနှစ်တွင် (၁၀၉၆၄၅) ဦးရှိလာခဲ့ပြီး၊ ၁၈၂၉-၃၀ ခုနှစ်တွင် ထွန်ယက်စိုက်ပျိုးသော လယ်မြေဧရိယာမှာ ၄၅၇၇၁ ဧက ရှိခဲ့သည်။ ထွန် ယက်စိုက်ပျိုး နိုင်သော မြေလွတ် မြေရိုင်းများမှာ ၁၀၀၀၄၇၇ ဧက ရှိခဲ့သည်။ မြေလွတ် မြေ ရိုင်း လယ်မြေ ဧရိယာသည် လူဦးရေထက်များစွာ ပိုနေပါသည်။
1869 တွင် စူးအက်တူးမြောင်းဖေါက်လုပ်ပြီးနောက်ပိုင်း ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် အင်္ဂလိပ်တို့က သုံးနှစ် အတွင်း မြေခွန်မပေးရသောမူတစ်ခုကျင့်သုံးခဲ့သည်။ ထိုမူအောက်တွင် တိုင်းရင်းသားနှင့် နိုင်ငံခြား သားအရင်းရှင်များက စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်လာ၏။ ဘင်္ဂေါဒေသတွင် လူဦးရေထူထပ်ပြီးလုပ်ကိုင် စားသောက်ရန် မြေလွတ်နည်းပါးသဖြင့် လယ်ယာလုပ်ငန်း တိုးတက်ကောင်းမွန်နေသော ရခိုင်သို့ဘင်္ဂလား နှင့် စစ်တကောင်းမှ မွတ်ဆလင်များ၊ ဘင်္ဂါလီများ မြောက်များစွာ လှိမ့်ဝင်လာတော့သည်။ ဒေသရင်းသား ရခိုင်တို့ ပိုင်ဆိုင်သော လယ်ယာမြေများ တဖြည်းဖြည်း ဆုံးရှုံး လာခဲ့သည်။
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၅)by ငြိမ်းအေးအိမ် on Sunday, August 5, 2012 at 4:40pm ·
1937 ခုနှစ်က “ခွဲရေး-တွဲရေး” နိုင်ငံရေးမူဝါဒအပြောင်းအလဲသည် စစ်တကောင်းသားများ ရခိုင်သို့ အ မြောက် အများ ၀င်ရောက်လာစေခဲ့သော အကြောင်းအချက်တစ်ရပ်ဖြစ်ခဲ့သည်.။ အိန္ဒိယခေါင်းဆောင် “ဆာကာ” နှင့် မြန်မာ ခေါင်းဆောင် “ဦးစော”တို့ ကြိုတင်ချုပ်ဆိုသော လူဝင်လူထွက်စာချုပ်တွင် စာချုပ် ချုပ်ဆို သည့်နေ့ရက် ကစ၍ သုံးနှစ် အတွင်း လူဝင်လူထွက်ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်း မပြု ရန်ပါခဲ့သည်။ ထိုသုံးနှစ် အတွင်း နယ်စပ်သည် တံခါးမရှိ သည့်ပုံပေါ်သည်။
မြန်မာတို့က ခွဲထွက်ရေးကို ဇောင်းပေး ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်းကုလားများသည် နောင် တွင် ရေမြေကောင်းပြီး စိုက်ပျိုးစားသောက်ရန် လယ်ယာမြေများပြားလှသော ရခိုင်မြေတွင် ခြေချနေထိုင် ရန် အခွင့် အရေး မရတော့မည်ကို စိုးရိမ်ကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ ဘူးသီးတောင်၊ မောင် တောလမ်းမ များသည် ၀င်လာသော ကုလားများနှင့် မြင်မကောင်းအောင်ပြည့်နှက်နေတော့ သည်ဟုဆို သည်။
“ဦးစော-ဆာကာ”စာချုပ်ကို အကာအကွယ်ယူကာ အမြဲတမ်းနေထိုင် ရန်ရည်ရွယ်ချက်ဖြင့် သုံးနှစ်အတွင်း
50
ကု လားအများ အပြားဝင်ရောက်လာရာ နဂိုရှိရင်းရွာများထက် နှစ်ဆသုံးဆ ပိုများပြားလာသည့်အပြင် အိမ်ခြေ နည်းပါးသော ရခိုင်ရွာများတွင်ပင် ၀င်ရောက်နေထိုင်ကြသည်ကို တွေ့ရသည်ဟု “ဘုံပေါက်သာ ကျော်”၏ 1989 ခုနှစ်ရေး စာတမ်း တစ်စောင်တွင် ဖေါ်ပြထားသည်။ လူအင်အားဖြင့် ဖိဝင်လာသော စစ် တကောင်းသား များကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသား တို့ နေရာဖယ် ပေးခဲ့ရသော မြင်ကွင်းကို ထင် ဟတ်ပြနေသည်။
1942 တွင် မောင်တောမြို့ပေါ်လူဦးရေ (15000)ကျော်နှင့် ပတ်ဝန်းကျင်ရွာပေါင်း(144)ရွာထိရှိခဲ့ပြီး ဘင်္ဂ လီ နှင့် ရခိုင်အချိုးသည် (2:1) ရှိခဲ့ကာ ယခုအခါ (90:10) ခန့်ရှိနေပြီဖြစ်သည်။ တပ်မတော်အရာရှိကြီး တစ်ဦး၏ 1983 ခုနှစ် ထုတ် တင်ပြချက် စာတမ်းတစ်စောင်၏ စာပိုဒ် (၃၈)တွင်“ယနေ့ကာလတွင် ဘူးသီး တောင်၌ မွတ်ဆလင် ဘင်္ဂါလီ 95ရာခိုင်နှုန်းနှင့် မောင်တောတွင် 97 ရာခိုင်နှုန်း၊ ရသေ့တောင်တွင် 80 ရာခိုင်နှုန်း အသီးသီးရှိနေကြ ပြီးဖြစ်လျှက်၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင်ပင် 55 ရာခိုင်နှုန်း မက တိုးတက်များပြားလာသည့်အပြင် မာန်အောင်ကျွန်းမှလွဲ၍ ရခိုင်ပြည် နယ်အနှံ့အပြားတို့တွင် ဘင်္ဂါလီကု လားများ မလွတ်တန်း ပြန့်နှံ့စွာဝင် ရောက်နေထိုင်ကြလျှက်ရှိသည်” ဟု ဖေါ်ပြပါရှိခဲ့၏။ ၁၉၈၃ခုနှစ်က ရှိခဲ့သော လူဦးရေအချိုးအစား အခြေအနေ ဖြစ်သည်။
(၁၄ရာစုနှစ်တွင် “ကိုဆိုဗို”၌ ဆာတ့် ဦးရေ ၉၆.၆% ရှိပြီး အယ်ဘေးနီးယားက ၃% ရှိကာ ၁၉၉၁ အ ရောက် တွင် အယ်ဘေးနီးယား ၈၁.၆% နှင့် ဆာ့တ် ၉% သာ ကျန်သည်အထိ လူဦးရေ အချိုးအစား ပြောင်းပြန်ဖြစ် သွားသော အဖြစ်မျိုး ကို သတိမူဖို့လိုပါမည်။)
2009ခုနှစ် စာရင်းအရ
မောင်တော - 459,360
ဘူးသီးတောင်- 304,288
စစ်တွေ - 288,216
ကျောက်တော်- 253,576
မြောက်ဦး - 237,778
ရသေ့တောင် - 176,638
ပေါက်တော - 170,818
ရှိသည်ကို တွေ့ရပြီး၊ ရခိုင်မြောက်ပိုင်းသည် လူဦးရေအထူထပ်ဆုံးဖြစ်နေသည်။ အထူးသဖြင့် ဘင်္ဂလား ဒေ့ရှ် နှင့် ထိစပ်နေသော မောင်တော၊ ဘူးသီးတောင်တို့သည် လူဦးရေအများဆုံးဖြစ်သည်ကို တွေ့ရှိရ သည်။ ရခိုင် လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် မြောက်ပိုင်းတွင်ရှိနေကြသည်။
1942 တွင် အင်္ဂလိပ်တို့မြန်မာ့မြေပေါ်မှဆုတ်ခွာချိန်တွင် အိန္ဒိယသား အမြောက်အများကို ရခိုင်သို့ ခေါ် သွင်း လာ ပြီး၊ မြေယာများပေးခဲ့သည့်အတွက် ကုလားမြေပိုင်ရှင်အများအပြားပေါ်ထွန်းလာခဲ့ပြန်သည်။
(1942)ခုနှစ်အထိ၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်အိမ် (၁၇)အိမ်/လူဦးရေ တစ်ရာကျော်သာရှိပြီး၊
51
(2009) ခုနှစ်တွင် မွတ်ဆလင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော် ထိရှိလာခဲ့သည်။ ရခိုင်တိုင်းရင်းသား ဦးရေ မှာ ငါးသောင်းတစ်ထောင် ကျော်သာ ကျန်တော့သည်။ မောင်တောမြို့နှင့် (၆)မိုင်ကွာတွင် ရှိသော မင်္ဂလာ ကြီး ချောင်းဝ နတ်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်္ဂလာကြီးရွာ၊ ၄င်းရွာကို ရခိုင်သားများက စတင်တည် ထောင်ခဲ့ပါသည်။ ယခုအခါ ယင်းရွာမှာ ဘင်္ဂလီလူမျိုး များသာ ဖြစ်ပြီး ရခိုင်လူမျိုးများမရှိတော့ပေ။ မောင် တောမြို့နှင့် ၂-မိုင်ခန့်ကွာဝေးသည့် ခရစ်သက္ကရာဇ် ၁၇၇၄-ခုနှစ်တွင် တည်ထောင်ပြီး ၁၈၄၈-ခုနှစ်ထိ မြို့ သူုကြီးနေထိုင်ခဲ့သော “မြို့သူကြီး”ရွာမှာလည်း ရခိုင်လူမျိုးတစ်ယောက်မျှ မကျန်တော့ ပေ။ မောင်တော မြို့မြောက်ဘက် ၁၂-မိုင် ရှိ “ဦးရှဥ့်ကျ” ကျေးရွာကို ၁၈၅၄-ခုနှစ်က တည်ထောင်ခဲ့ပြီး ယင်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင် ခဲ့ ကြပါသည်။ ယခုအခါ “ဦးရှဥ့်ကျံ” ကျေးရွာတွင် ရခိုင်လူမျိုး တဦးတယောက်မျှ မကျန်ရှိတော့ကြောင်း သိရပါ သည်။
(1939)ခုနှစ်တွင်၊ ကော်မရှင်နာမင်းကြီး “ဂျိမ်းအက်စ်တာ၊ ဥက္ကဌအဖြစ်ဦးဆောင်ပြီး၊ ဘင်္ဂေါနယ်မှ မွတ်ဆ လင် များနှစ်စဉ်တိုးဝင်လာနေခြင်းကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့အတွက် နောင်ကာလတွင် အန္တာ ရယ်ကြီး ဖြစ်လာနိုင်/ မလာနိုင်ကို “စုံစမ်းရေးကော်မရှင်” ဖွဲ့ကာ စုံစမ်းခဲ့ကြသည်။ ထိုကော်မရှင်က ယခု ကဲ့သို့ စစ်တကောင်းမွတ်ဆလင်များ ရခိုင်သို့ အဆက်မပြတ်ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားမည် ကိုစိုးရိမ်ရကြောင်း သက်သေများ အားလုံးက စစ်တကောင်းမွတ်ဆလင်များ ၀င်ရောက်လာနေမှုကို တားဆီးသင့်ကြောင်း အကြံပြုခဲ့ကြသည်။ 1939 ခုနှစ် က စုံစမ်းရေးကော်မရှင်၏ စိုးရိမ်ပူပန်ခဲ့မှု၊ နမိတ်ဖတ်ခဲ့မှုများအတိုင်း 1942တွင် ရခိုင်-ကုလား အဓိ ကရုဏ်းကြီး ဖြစ်ပွားလာခဲ့တော့သည်။
ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ဥက္ကဌ၊ ဦးထွန်းမြဦးကလည်း “ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားသား ဘင်္ဂါ လီလူမျိုးများ ခိုးဝင်လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေး”နှင့် ပတ်သက်သည့် တင်ပြချက် စာတမ်း တစ်စောင် ထုတ်ပြန်တင်ပြခဲ့ဖူးသည်။)
1956 တွင် ရခိုင်လူထု၏ ထောက်ခံမှုကို မရရှိခဲ့သူ “ဦးနု”သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် ဘူးသီးတောင်နယ်တွင် မဲဆန္ဒနယ် တစ်နယ်ပိုသတ်မှတ်ပေးပြီး၊ မွတ်ဆလင်များအား “ဖဆပလ”သို့ သိမ်း သွင်းကာ အရွေးခံစေခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင်အမတ်များကို အရွေးခံခွင့် ပေး ခဲ့ပြီး မဲ အများအပြား ရရှိရန်အတွက် စစ်တကောင်းကုလားများကို ခေါ်သွင်းက မဲပေးခွင့်ရအောင် ဆောင် ရွက်ပေးခဲ့ သည်ဟု ဆရာဦးမြင့်သိန်း (ညွှန်ကြားရေးမှူး၊ သမိုင်းသုတေသနဦးစီးဌာန)၏ စာတမ်းတစ် စောင် တွင်၊ သမိုင်း သုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၏ တွေ့ဆုံ မေးမြန်းချက် OH/P/3056/2009 နှင့် OH/P/0359/2009 ကိုညွှန်းဆိုကိုးကားခဲ့သည်။
ထိုစာတမ်းတွင်ပင်-
ဦးနုသည် “ဖားဝပ်”ရွာကိုရောက်ရှိလာကြောင်း၊ မွတ်ဆလင်တွေ ဖဆပလ ကို မဲပေးလျှင် မှတ်ပုံတင်ထုတ် ပေးမည်၊ နေခွင့်ရမည်ဟု ပြောသွားကြောင်း၊ ၄င်း၏အတွေ့အကြုံကို ပြောပြခဲ့သည်။ မြောက်ဦးမြို့တွင် နေထိုင်ရ သည့် “ရတည”တွင် ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်မှာ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ နှင့် မတူဘဲ မွတ်ဆလင်များထံမှ မဲရရေးအတွက် နှုတ်မှ အလွယ်တကူ ကတိပေးမှုများ
52
ပြုလုပ်ခဲ့ကြောင်း၊ “ရတည” ကိုလည်း ၄င်း၏ပါတီကို ထောက်ခံပါက၊ ရခိုင်ပြည်နယ် ကိုပေးမည်ဟု “ရတည” အမတ်များကို ၄င်း၏အိမ်သို့ ခေါ်ကာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖဆပလ မဲအနိုင် ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး၊ ဦးဧမောင်(ခ)အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂါလီများကို ခေါ်သွင်းလာသည်။ဘူးသီးတောင်တွင် “အဘူခိုင်” ဆိုသူက ဖဆပလ ဥက္ကဌ၊ လ၀က တို့နှင့်ပေါင်းကာ အိမ်ထောင်စု စာရင်းများပြုလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီ များကို ခေါ်သွင်းလာရာ ရွာပေါင်းလေးဆယ် ကျော်သည် တမဟုတ်ချင်း ရောက်ရှိလာသည်။ ပြင်ပမှ လူပေါင်းများစွာကို ထိုကဲ့သို့ ခေါ်သွင်းလာခြင်းဖြင့် ဖဆပလ အနိုင်ရရေးဆောင်ရွက်ခြင်းသည် ဦးနု၏ လုပ်ဆောင်ချက်ဖြစ်သည်။ ထိုအမှားသည် နောင်တွင် နိုင်ငံကို များစွာအထိနာစေသော အမှားတစ်ခုပင်ဖြစ်သည်။ဟုဖေါ်ပြထားခဲ့သည်။
ဤသို့ဖြင့် ကုလားဦးရေအဆမတန်များလာခဲ့သည်။ ရခိုင်ဒေသခံများ တဖြည်းဖြည်းနေရာပျောက်လာ၊ နယ်ကျုံ့လာရသည်။ ကိုယ့်ရေကိုယ့်မြေမှ တဖြည်းဖြည်းဆုတ်ခွာပေးလာရသည်။ မြို့ဟောင်း (မြောက်ဦး) မြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းဖြူက စစ်မဖြစ်မီက ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်ရွာ ပေါင်း (၂၀၀) မှ (၃၀၀) ကြားရှိကြောင်း၊ ယခုအခါ(၁၀)ရွာလောက်သာ ကျန်တော့ကြောင်း လွှတ်တော် တွင် တင်ပြခဲ့သည့် ဖြစ်ရပ်သည် ထိုကာလ ၏ အခြေအနေကို ထင်ဟတ်ပြနေသည်။
အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၆)
by ငြိမ်းအေးအိမ် on Monday, August 6, 2012 at 4:42pm ·
1972-73 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန် ပြင်ဆင် အလုပ်များနေခြင်းကို အခွင့်ကောင်းတစ်ခုအဖြစ်အသုံးချကာ ဘင်္ဂါလီအများအပြား ၀င်ရောက် လာကြသော ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ 1973ခုနှစ်သည် ပါကစ္စတန်ခွဲထွက်ချိန်ဖြစ်သဖြင့် မြန်မာပြည် ဘက် ခြမ်း သို့ စစ်ပြေး ဒုက္ခသည်များ၊ စီးပွားရေး ဒုက္ခသည်များ လှိမ့်ဝင်လာခဲ့ပြန်သည်။ အများစုမှာ ဘင်္ဂါလီ များဖြစ်သည်။
1973ခု မတ်လ၊ ဧပြီလများတွင် ရွေးကောက်ပွဲ မဲစာရင်းပြုစုရန် ကွင်းဆင်းကြသည့်အခါ တရားမ၀င်နေ ထိုင်သူ အများအပြားကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့သည်။ သို့သော် ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ တစ်ဖက် နိုင်ငံမှ မော်လ ၀ီနှင့်၊ မွတ်ဆလင်ခေါင်းဆောင်များက တစ်ဖွဲ့လျှင် လူ(၂၀)မှ (၃၀)ကြား အစုလိုက်ဖွဲ့ကာ ဘူးသီးတောင်၊ မောင်တော ဒေသထဲသို့ စေလွှတ်ခဲ့သည်။ (ယနေ့2012 ခုနှစ် ဂျွန်လ ရခိုင်-ကုလား အဓိ ကရုဏ်းဖြစ်ပြီး နောက်ပိုင်းတွင် အစုအဖွဲ့ငယ်များ ဖွဲ့လျှက် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာနေပုံမျိုးနှင့် သဏ္ဍာန်တူသည်။ ဂျူလိုင်လဒုတိယပတ်တွင် ရရှိသော သတင်းများအရ၊ ထိုအစုအဖွဲ့ငယ်များတွင် လက် နက် များ သယ်ဆောင်လာသည်ဟု သိရသည်။)
53
2-7-76 နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်(အင်္ဂလိပ်) သတင်းစာတွင် 1962 ခုနှစ်တွင်၊ မောင်တောနယ်၌ ဗုဒ္ဓဘာသာမဟုတ်သူ(၈၈၅၃၉)၊ ဘူးသီးတောင်မြို့နယ်၌ (၄၉၆၀၀)၊ ရသေ့ တောင်မြို့နယ်၌ (၁၁၂၅၃) ဦး ရှိရာမှ၊ 1972ခုနှစ်တွင်၊ မောင်တောနယ်၌ (၂၀၆၈၅၉)၊ ဘူးသီးတောင်မြို့နယ်၌ (၁၃၀၂၇၅)၊ ရသေ့တောင် မြို့နယ်၌ (၁၈၆၇၀)ဦးရေအထိ လျှင်မြန်စွာ တိုးပွား လာသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုး တက်မှုသည် နှစ်စဉ်(2.3)ရာခိုင်နှုန်းတိုး တင်လျှက် ရှိရာ ဆယ်နှစ်အတွင်း ပုံမှန် မဟုတ်သော တိုးနှုန်းများ ဖြစ်ပွားနေသည်။” ဟု ထောက်ပြခဲ့သည်။
ပုံမှန်မဟုတ်သော လူဦးရေတိုးပွားလာမှုသည် နယ်ခြားမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င် ခိုးဝင် လာနေမှုများရှိနေကြာင်း၊ စိစစ်သင့်ကြောင်း၊ အမျိုးသားရေးအမြင်ဖြင့် ကြည့်သင့်ကြောင်း ရေးသား ထားသည်။
arakanese ဟုအမည်ပေးထားသော ဘလော့ဂ်တစ်ခုတွင် “ရခိုင်ပြည်နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ ဦးထွန်း မြဦး ၏ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများ ခိုးဝင် လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာ ကွယ် ရေးနှင့် ပတ်သက်၍ တင်ပြချက်” ဟုသော စာတမ်းတစ်စောင် ဖတ်ရပါသည်။ အောက်ပါလင့်တွင်
( http://lovelyarakanese.blogspot.com/2012/06/blog-post_20.html?zx=826f2d643ac1e766 )
၁၉၈၄ - ခု ၊ သြဂုတ်လ (၁၅) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော စာတမ်း၏တစ်နေရာတွင် စိတ်ဝင်စား ဖွယ် ကောင်း သော၊ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဘာသာဝင်ဦးရေ၏ တိုးပွားလာနေမှုကို မီးမောင်းထိုးပြ ထား သော တင်ပြချက်တစ်ခု ကို တွေ့ရ့ပါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်။
ဘားမားဂေဇတ်တီးယား၊ စစ်တွေခရိုင် အတွဲ(က) တွင် ၁၈၇၂-ခုနှစ်ထိ စစ်တွေခရိုင်၌ မဟာ မေဒင်ဝင် ဦး ရေ မှာ (၅၈၂၅၅)- ဦးရေသာရှိကြောင်း ဖော်ပြထားပါသည်။ ၅၈၂၅၅ ဦးသော လူဦးရေကို အခြေခံပြီး တစ် နှစ်လျှင် ၂ % လူဦးရေ အတိုးအပေါ် မူတည်တွက်လျှင် ဗြိတိသျှနယ်ချဲ့ မသိမ်းပိုက်မှီ မဟာမေဒင် ဘာ သာဝင် ဘင်္ဂလီ လူမျိုး လူဦးရေမှာ ၂၅၀၀၀ - ခန့်သာ ရှိမည်ဟု ခန့်မှန်းနိုင်ပါသည်။ ၁၈၇၂-ခုနှစ်တွင် စစ် တွေခရိုင်၌ရှိခဲ့သော မဟာမေဒင် ဘာသာဝင် ဦးရေ ၅၈၂၅၅ ဦးကို အခြေခံပြီး တနှစ်မှာ လူဦးရေ အတိုး ၂% အပေါ်မူတည်ပြီး တွက်လျှင် ၁၈၇၂-ခု မှ ၁၉၈၃-ခုနှစ်ထိ (နှစ်ပေါင်း ၁၁၁) အတွင်းမှာ မဟာမေ ဒင် ဘာသာဝင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၈၂၅၅ + ၁၂၉၃၂၇) ဦးသာ ရှိမည် ဖြစ်ပါသည်။ ယခု (၁၉၈၄) စစ် တွေ အပါအဝင် ၉ မြို့နယ်တွင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၂၉၃၉၆) ရှိကြောင်းသက်ဆိုင်ရာမှ စာရင်းအရ သိရပါသည်။
အမှန်တကယ်ရှိသင့်သည့် လူဦးရေထက် (၃၄၁၇၈၇) ဦးပိုနေကြောင်း တွေ့ရပါသည်။ ဤပိုနေသော ဘင်္ဂ လီ လူမျိုးများမှာ နောက်ထပ် ခိုးဝင်လာကြသူများ သာ ဖြစ်ကြပါသည်။ ယခုအခါ (၁၉၈၄) ရခိုင် ပြည်နယ် တခုလုံး မှာ ဘင်္ဂလီလူမျိုးဦးရေ (၅၄၈၉၀၀) ထိရှိနေပြီ ဖြစ်ကြောင်းတွေ့ရပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အနီးစပ်ဆုံးဒေသများဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ဒုတိ ယ ကမ္ဘာစစ်မဖြစ်မီက မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုးအခြေစိုက် နေထိုင်မှုကို လေ့လာပါလျှင်
54
၁၉၂၁- ခုနှစ် တွင် မောင်တောမြို့နယ်၌ (၆၈၃၀၅) ဦးသာရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၁၀၄၃၀၀) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၁၂၄၄၅၂) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၂၀၅၇၇၇) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၂၁၀၈၇၅) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၂၄၂၂၈၂) ဦးသို့၎င်း တိုးတက်လာခဲ့ပါသည်။ ဘူးသီးတောင်မြို့ နယ်တွင် ၁၉၁၁-ခုနှစ်တွင် (၃၃၈၅၀ ) ဦးရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၅၉၂၇၉) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၇၀၇၂၇) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၁၃၆၀၁၉) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၁၃၉၆၈၆) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၁၄၀၅၉၉) ဦးသို့၎င်း တိုး တက် ခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် မောင်တောမြို့နယ်၌ရှိ သော ဘင်္ဂလီလူမျိုး (၂၄၂၂၈၂) ဦးရေသည် ၁၈၇၂ ခုနှစ် စစ်တွေခရိုင်တခုလုံး တွင်ရှိသော လူဦးရေ (၅၈၂၅၅) ၏ ၄.၁၅ ဆ ပိုနေကြောင်းတွေ့ရပါသည်။
မွတ်ဆလင်တို့၏ယုံကြည်မှု၊ အိမ်ထောင်ရေးစနစ်နှင့် သားဆက်ခြားစီမံကိန်းမရှိခြင်းတို့က ရခိုင်ပြည်နယ် အ တွင်း တရားမ၀င်အခြေချနေထိုင်ကြသူတို့အ၀န်းအ၀ိုင်းတွင် လူဦးရေပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်ပေါ် နေစေ ခဲ့ သည်။ (2012 ခုနှစ် တွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံထားရသေးသူ လူဦးရေရှစ်သိန်းမှ တစ်သန်း ကျော်အထိ ရှိနိုင်ကြောင်း စာရင်းဇယားများ ထွက်ပေါ်လာနေခြင်းသည် နှစ်ပေါင်းများစွာ က တည်းက ဖြစ်တည်နေသော ပြဿနာကို မရှင်းလင်းနိုင်မှု၏ အကျိုးဆက်ပင်ဖြစ်၏။)
ထို့အခြေအနေများကြောင့် 1978 ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် “နဂါးမင်းစီမံချက်” စစ်ဆင်ရေးဖြင့် ပြည်ပမှ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်လာခြင်းကို ကာကွယ်တားဆီးဟန့်တားခဲ့သည်။ ထိုစီမံ ချက် ကို ကြောက်လန့်ပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားကြသော စစ်တကောင်းသားဘင်္ဂါလီ အိမ် ထောင်စုပေါင်း (၂၅၉၉၅)၊ လူဦးရေအားဖြင့်(၁၅၆၆၉၉)ဦးဖြစ်သည်။ ထိုကာလကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ များသို့ တရားမ၀င် လာရောက်အခြေချနေသူများမှာ များပြားလှ သည်ကိုတွေ့ရ မည် ဖြစ်၏။
2010 ခုနှစ်သည် မြန်မာ့နိုင်ငံရေးအား တစ်ဆစ်ချိုးကွေ့ပေးမည့် ထူးခြားသောနှစ်ဖြစ်သည်။ ထိုကာလက တာ ၀န်ယူထားသော အစိုးရသည် 2010 ရွေးကောက်ပွဲ အတွက် လိုအပ်သမျှ ပြင်ဆင်ခဲ့ရ၊ ချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြရသည်။ ထိုဖြစ်စဉ်တွင် မဲပေးခွင့်ရှိသူ အရေအတွက်ကိုလည်း စနစ်တ ကျ အကောင်း ဆုံးလုပ်ဆောင်ခဲ့ကြ ပါလိမ့်မည်။ သို့သော် ထိုဆောင်ရွက်မှုသည် ကျွန်တော်တို့၏ အ နောက်ဘက်တံတိုင်း ဒေသကို တစ်စုံတစ်ရာ ဆိုးကျိုး ရိုက်ခတ်မှု ဖြစ်လာခဲ့စေသည်လား (သို့မဟုတ်) တာဝန်ယူဆောင်ရွက်ခဲ့ သူတို့ နောက်ကျောကို ဓားနှင့်အထိုးခံခဲ့ရသည်လား ဆိုသည့် မေးခွန်းတစ်ခု ဖြစ်ပေါ်စေမည့် အကြောင်း အရာတစ်ချို့ ဖတ်ခဲ့ရသည်။
UNHCR, The UN Refugee Agency ၀က်ဘ်ဆိုဒ် စာမျက်နှာ၏ Myanmar ဟူသော ခေါင်းစီးအောက်တွင် 2012 UNHCR country operations profile – Myanmar,Working environment ဟူသော စာတစ်ပုဒ် တွင် ဖြစ်၏။
http://www.unhcr.org/cgi-bin/texis/vtx/page?page=49e4877d6 တွင် ဖေါ်ပြထားသော စာတစ် ပိုဒ်ဖြစ် သည်။ သူ့ဖေါ်ပြမှု မူရင်းအတိုင်းပင် ဖတ်ကြည့်ကြစေချင်ပါသည်။
55
In NRS, UNHCR assists some 800,000 Muslim residents who do not have citizenship. Members of this group were allowed to vote in the November 2010 elections, using temporary registration cards issued for that purpose by the Government. Initial discussions on replacing the temporary documents with cards denoting full citizenship took place at different administrative levels, but did not yield any concrete results. Indeed, there has been no improvement in the legal status or living conditions of the Muslim residents of NRS.
ထိုဖေါ်ပြချက်သည် ရခိုင်ပြည်နယ်ရှိ တရားဝင်နိုင်ငံသားကဒ်မရှိသူ မွတ်ဆလင်လူဦးရေ ရှစ်သိန်းအတွက် မဲ ပေးခွင့် ရစေနိုင်ရန်ရည်ရွယ်ချက်ဖြင့် 2010တွင် ယာယီမှတ်ပုံတင်(နိုင်ငံသားကဒ်)များ ထုတ်ပေးခဲ့သည် ဟူ သော အထောက်အထား ပင်ဖြစ်သည်။ အမှန်တကယ်ပင် မဲပေးခွင့် တစ်ခုတည်းအတွက် နိုင်ငံသား မဟုတ်သူ လူရှစ်သိန်းကို မှတ်ပုံတင်ပေးခဲ့ရသည် ဆိုလျှင် နိုင်ငံအတွက် အလွန်တန်ဖိုးကြီးလှသော အရင်း အနှီးဟု ဆိုရ ပေမည်။ သို့တည်းမဟုတ်၊ ယခုဖေါ်ပြထားသော အချက်အလက်များသည် မမှန်ခြင်း၊ မ ပြည့်စုံခြင်း၊ လိမ်လည် ဖေါ်ပြခြင်း ဖြစ်ခဲ့လျှင်လည်း UNHCR အနေဖြင့် တိကျ ရှင်းလင်းသော ဖြေရှင်းချက် တစ်ခု ထုတ်ဖေါ်ပေး သင့်/ ပေးရတော့မည် ဖြစ်သည်။ UNHCR ၏ ၀န်ထမ်းအချို့လည်း 2012 ရခိုင့်အရေး အခင်းတွင် ပါဝင်ပတ်သက်နေ၍ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅(ခ)ဖြင့် အရေးယူထားခြင်းမျိုးရှိနေ ကြောင်း သတင်းတစ်ချို့တွင် ဖေါ်ပြထားသည်ကို တွေ့နေရပါသည်။
ခေတ်အဆက်ဆက်က အုပ်စိုးသူတို့အမှား၊ နိုင်ငံရေးသမားတို့၏ လိုအင်ဆန္ဒနှင့် ကစားကွက်များအောက် တွင် ရခိုင် အမျိုးသားများအနေဖြင့် ကိုယ့်မြေကိုယ့်ယာကိုပင် ဆုတ်ခွာပေးရလောက်မည့် အခြေအနေဆိုး များနှင့် ကြုံတွေ့ကြရလေမည်လောဟူသော စိုးရိမ်စိတ်ဖြင့်ပင် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
No comments:
Post a Comment