Sunday, January 6, 2013

မူဆလင်တို့ ဖျက်ဆီးမှုများ သမိုင်းသက်သေ

   
by Ko Phyu on Thursday, November 3, 2011 at 9:23pm ·                                         1
ခရစ်နှစ် ၅၇၀ မတိုင်မီက အာရှတိုက်အနောက်ပိုင်း၌တည်ရှိသည့် အာရပ်နိုင်ငံမှာ ယခုအခါကဲ့သို့ "အစ္စ လာမ်" ဘာသာမထွန်းကားခဲ့သေးချေ။ ထိုနိုင်ငံ၌ကျယ်ပြန့်သည့်သဲကန္တာရကြီးများရှိခြင်းကြောင့် ကောက်ပဲ သီးနှံမဖြစ်ထွန်းနိုင်၍ ပြည်သူတို့သည်အများအားဖြင့် ဆင်းရဲမွဲတေကြ၏။ဘာသာအားဖြင့် အချီု့ကသစ် ပင် ကိုလည်းကောင်း၊ အချို့က အုတ်ကျောင်းမြောင်းတို့ကိုလည်းကောင်း၊စသည်အမျိုးမျိုး ကိုးကွယ်ခဲ့ကြ၏ သူ တို့သည်အချင်းချင်း လုယက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့်မကောင်းမူဒုစရိုက်တွေကို ပြုလေ့ရှိခဲ့ကြ၏။
ဤသို့ဖြစ်နေစဉ် ခရစ်နှစ် ၅၇၀ခုနှစ်၌ "ဟဂျရတ် မူဟာမက်"ကို ကောရေစ် အမည်ရှိ သူဆင်းရဲမျိုး၌ မွေး ဖွားခဲ့၏။ သူသည် ငယ်စဉ်ကတကိုယ်တည်း ဆိတ်ငြိမ်စွာနေထိုင်လေ့ရှိ၏။ အရွယ်ရောက်သော် မက္ကာမြို့၌ ရှိသော "ဟေရာ"အမည်ရှိတောင်ကြီး၏ လိုဏ်ဂူထဲ၌ တကိုယ်တည်းတရား အားထုတ်လေရာ ဥာဏ်အ လင်းရောင်ကို ရရှိခဲ့သည်ဆိုပြီး  အသက်လေးဆယ်၌ သူသည်တိုင်းပြည်တွင် လှည့်လည်၍ တရားဟော သည်ကား "အလ္လာက ပေးသနားသည့် 'ကိုရမ်' (ကုရမ်)ခေါ် ကျမ်းစာအုပ်သည် ရှိ၏ အလ္လာအရှင် မြတ် နှုတ် ခပတ်ဖြစ်သည့် ဤ(ကိုရမ်)ကျမ်းစာ၌ ပါရှိသည့် အတိုင်းသာ ကျင့်ကြံအားထုတ်ကြလော့ (သင်တို့ သည် အလ္လာသခင် ကိုသာ ၀တ်ပြုကြလော့) သင်တို့မှာ အလ္လာမှတပါး ၀တ်ပြုစရာမရှိ တနေ့ ၅ ကြိမ် ရှိခိုး ကြလော့ ထိုသို့ ရှိခိုးသော် အလ္လာသည် သင်တို့၏ လိုအင်ဆန္ဒကို ပြီးစေလတ္တံ့ ဟူ၏
ယင်းသို့ဟောကြားသော်ငြားလည်း အာရပ်လူမျိုးတို့သည် သူ၏နောက်သို့မလိုက်ခဲကြချေ သူ၏ မယားတစ် ဦးသာလျှင် ပွဲဦးထွက် အစ္စလာမ်ဘာသာထဲသို့ ၀င်လာခဲ့လေ၏။ အချို့က သူ၏ အသက်ကိုပင်သေကြောင်း ကြံကြလေရာ မူဟမ္မက်သည် မက္ကာမြို့မှ မေဒိနာမြို့သို့ ထွက်ပြေးခဲရ၏။ သူသည်ထိုမြို့၌ တပည့်လက်သား များကို စုဆောင်းပြီး အာရပ်ပြည် အနှံ့အပြား လိုက်လံတရားဟောခိုင်းလေ၏ မကြာမီပင် အာရပ်ပြည်ကြီး တစ်ခုလုံး အစ္စလာမ်တရား၏အလိုသို့ လိုက်ပါသွားခဲ့လေ၏။
ခရစ်နှစ် ၆၃၅ ခုနှစ်၌ ဟဂျရတ် မူဟမ္မက် သည် မေဒိနာမြို့၌ ကွယ်လွန်ခဲ့လေ၏။ အစ္စလာမ် အင်ပါယာ ထို အခါက အာရပ်လူမျိုးတို့၏ အဓိက အလုပ်ကြီးကား အစ္စလာမ် အင်ပါယာကိုချဲ့ထွင်ရန်ပင်ဖြစ်၏။ သူတို့ သည် အစ္စလာမ် တရား၏ မျိုးစေ့များကို တစ်ကမ္ဘာလုံပေါ်တွင် တင်၍ စိုက်ပျိုးလိုကြသဖြင့် ပတ်ဝန်းကျင် နိုင်ငံများသို့ တညီတညွတ်တည်း ၀င်ရောက်သိမ်းပိုက်ပြီးနောက် နှစ် ၁၀၀ မျှကြာသော် မြောက်အာဖရိက တိုက်ရှိ အီရတ် အီရန် အီဂျစ် ပါလက်စတိုင်း တူရကီ ဆစ်ဖရီယားစသည့် နိုင်ငံတို့သည် အစ္စလာမ် တရား ၏ လွမ်းမိုးခြင်းကို ခံခဲ့ရလေ၏ အိန္ဒိယပြည်၌ ခရစ်နှစ် ၇၀၀ ခုလောက်ကစပြီး တပြည်လုံးကို အုပ်ချုပ်မင်း လုပ်နိုင်သည့် မင်းမျိုးမရှိတော့ပြီ တစ်မြို့တနယ် တပြည်တစ်မင်း ဆိုသလိုဖြစ်ပြီး အမျိုးမျိုး ကွဲပြဲလျက်ရှိ၏။ ထိုသို့ ဖရိုဖရဲ ပြိုကွဲနေစဉ်မှာ မွတ်စလင်တို့သည် ခရစ်နှစ် ၈ ရာစု နှင့်၁၀ ရာစုတို့၌ သိန္ဓုနယ် နှင့် ပန်ဂျပ် ပြည်နယ်တို့ကို ၀င်ရောက်တိုက်ခိုက်ဖျက်စီးခဲ့ကြ၏။ ဆပုတ္တဗန်၏ သား စူလတန် မူဟမ္မက်သည် ဂဇနီမြို့ ကိုသိမ်းပိုက်အုပ်ချုပ်စဉ် အိန္ဒယပြည်ရှိ မြို့ကြီးများ၌ ရွှေ ငွေ ရတနာပေါများပုံနှင့် ကျောင်းဘုရား စေတီ တို့၌ ရွှေ ငွေ ရတနာ များစွာရှိကြောင်း ကြားသိရ၍၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေ၏။ခရစ်နှစ် ၁၁၉၁ ခုနှစ်၌မူဟမ္မက် ဂေါ်ရီ အမည်ရှိ အာဖဂန် စစ်ဗိုလ်ကြီးသည်အိန္ဒိယ ပြည်ထဲသို့ ၀င်ရောက်တိုက်ခိုက် ရာ ၃ ပုံ ၂ ပုံခန့်လောက်သိမ်းပိုက်နိုင်ခဲ့လေ၏။ ထိုစဉ်က ဒေလီမြို့ ကို အုပ်စိုးနေသည့်(ပထ၀ီရာဇ)မင်းနှင့်
                                                               2
ဗာရာနသီ အပါဝင် ကာသိတိုင်းကို အုပ်စိုးနေသည့် (ဇယစန္ဒရ) မင်းနှစ်ပါးတို့ အချင်းချင်းမသင့်မြတ်၍ တိုက်ခိုက်နေစဉ်မှာ ဂေါ်ရီသည် စစ်သည်အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မထ၀ီရာဇမင်း ကျဆုံး လေ၏။ဂေါ်ရီနှင့် သူ၏ ဗိုလ်မူးနှစ်ဦးတို့သည် ယူပီနယ်သို့ ၀င်ရောက်လာပြီးဗာရာနသီပြည်ကို ၀င်ရောက်၍ ကြောက်မက်ဖွယ်စစ်ပွဲကြီးကို ဆင်နွဲရာ ဗာရာဏသီမင်း ကျဆုံးလေ၏။ယူပီနယ် အလယ်ပိုင်းထိ တောက် လျှောက် ၀င်ရောက်သိမ်းပိုက်ရာ စစ်လမ်းကြောင်းကျရာ တလျှောက်လုံရှိ ဗုဒ္ဓဘာသာ ကျောင်းကန်များနှင့် ဟိန္ဒူကျောင်းကန်များကို ဖျက်စီဲခြင်း ရဟန်း ပုဏ္ဏားတို့ကို ရက်စက်စွာ သတ်ဖြတ်ခြင်းအပျိုချော ကလေး များကို အဓမ္မစော်ကား သိမ်းယူခြင်းစသည်တို့ကို ပြုကြလေ၏။ ထို့နောက် ကြွယ်ဝလှသည့် ဗာရာဏသီမြို့ တွင်းသို့တဟုန်ထိုး ၀င်ရောက်လာပြီး ကြီးကျယ်လှသည့် ဘုရားရှိခိုး ကျောင်းကြီးများကို ဖျက်စီး၍ ရဟန်း ပုဏ္ဏား တို့ကိုရက်စက်စွာသတ်ဖြတ်လေ၏။ ဗာရာဏသီ တစ်မြို့လုံး ၁၅ ရက်တိုင်တိုင် မီးဟုန်းဟုန်း တောက် လောင်ခဲ့လေသည်။
ကုဋေကုဋာမကသော ဘဏ္ဍာများကိုလည်း လုယက်ယူသွားကြလေ၏။ထို့နောက် မိဂဒါဝုန် သို့ ချီတက် သွားပြီး များလှစွာသော ကျောင်း ကန်စေတီပုထိုးများ ဘုရားရုပ်ပွါးတော် ဘုရားအလောင်း ရုပ်ပွါးတော် နတ်သမီး ရုပ်များကို ချိုးဖဲ့ဖျက်စီး မီးရှို့ကြပြီး ရဟန်းပေါင်း ၁၆၀၀ တို့ကိုလဲ သတ်ဖြတ်ကြလေ၏။ မိဂဒါ ၀ုန်တောကို သာရနာထ ဟုခေါ်ပြီး ယင်းအရပ်၌ ထိုစဉ်က ကျောင်း ၄၅၊ စေတီကြီးငယ် ၅၂ ဆူ၊ ကမ္မဋ္ဌာန်း အားထုတ်ရာ လိုဏ်ဂူပေါင်း၃၀ ခန့်ရှိ၏၊ ထို့နောက် ဗာရာဏသီမြို့ရှိ များစွာသော စေတီပုထိုးများကို ဖျက်စီး ၍ ၄င်းကျောင်းနေရာတို့၌ ဗလီကျောင်း များကို ဆောက်လုပ်ကြလေ၏ တိုက်ခိုက်လုယက်၍ရသည့်ပစ္စည်း များကို ကုလားအုပ်ပေါင်း ၁၄၀၀နှင့် သယ်ဆောင်သွားကြလေ၏၊မိဂဒါဝုန်တောအရပ်၌ ဓမ္မစကြာတရားကို မဟောကြားမီ ဘုရားရှင်အား ပဉ္စ၀ဂ္ဂီတို့က ဥိးစွာဆီးကြိုရာနေရာ၌ တည်ထားသော ကျောက်ခန္တီစေတီ ကြီး သည်မူဆလင် တို့ဖျက်ဆီး၍ လုံးဝ ပျက်ဆီးသွားခဲ့ပေ၏။
ယင်းစေတီ၏ မြောက်ဘက်ရှိ ကစ်တိုးစေတီကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍ လုံးဝပျက်စီးသွားခဲ့ပေ ၏ ကျောက်ခန္တီစေတီလောက်ပင် အလွန်ကြီးမားသော ဓမ္မရာဇိကစေတီကြီး သည်လည်း ၁၂ရာစုခန့်က မူ ဆလင်တို့ဖျက်ဆီး၍ ပျက်စီးသွားခဲ့ပေ၏ ထိုစေတီအနီးရှိ ကျောက်ဖြင့်ဆောက်လုပ်ထား၍ ကမ္ဘာတည်သ ၍ မပျက်နိုင်သော နန္တိယကျောင်းတော်ကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍ပျက်ဆီးသွားခဲ့ရ၏။
ဗုဒ္ဓဂယာကို မူဆလင်တို့ ဖျက်ဆီးပုံဤအကြောင်းအရာနှင့် ပတ်သက်၍ သမိုင်းဆရာ မာလေ ကသူ၏ ဘင်္ဂ လားခရိုင် ဂဇက်တီးယားထဲ၌ ဤသို့ရေးထား၏ ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက် ဘတ်တီယာ ခိလဂျီခေါ် မူဆလင်စစ်ဗိုလ်ကြီးသည် ရှေးဦးစွာ မဂဓတိုင်းခေါ် ဘီဟာနယ်ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့၏ ထို သူကား အိန္ဒယပြည်ကို ရှေးဦးစွာလာရောက်တိုက်ခိုက်သည့် မိုဟာမက်ဂေါ်ရီ ခေါ် အာဖဂန်စစ်ဗိုလ်ကြီး ၏ ဗိုလ်မူးတဦးဖြစ်၏။ ဘတ်တီယာ ခိလဂျီ သည် မူဆလင် စစ်သားများနှင့်အတူ ဂယာခရိုင်ရှိ လူပေါင်းများစွာ  တို့ကို သတ်ဖြတ်လုယက်ပြီးလျှင် (ဗုဒ္ဓ+ဟိန္ဒူ)ဘာသာရေးဆိုင်ရာ အဆောက်ဦများကို ဖျက်ဆီလေရာ ဗုဒ္ဓ ဂယာမြို့ရှိ အဆောက်အဦများလည်း ပါဝင်၏သူသည် ခရစ်နှစ် ၁၁၉၃ ခုနှစ်က စ၍ စစ်သား ၂၀၀၀ ခန့်ဖြင့် ဗုဒ္ဓဂယာသိုလာရောက်တိုက်ခိုက်ပြီး ရာပေါင်းများစွာသော ကျောင်း စေတီပုထိုးစသည့် အဆောက်အဦး  တို့ ကို မီးရှို့ဖျက်ဆီး၍ ထောင်ပေါင်းများစွာ သောရဟန်းတော်တို့ကို သတ်ဖြတ်ပြီး မြောက်များစွာသော ရုပ်ထုတော်များကို ရိုက်ချိုးဖျက်ဆီးကြလေ၏။ အသက်ဘေးမှလွတ်သွားကြသည့် ရဟန်းအချို့သည်
                                                                 3
တိဗက်  နီပေါပြည် နှင့်အိန္ဒိယပြည် တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ကြခဲ့ရ၏မူဆလင် လက်အောက် သို့ ကျရောက်သွားခဲ့ရသည့် မဂဓတိုင်းသူ အပျိုချောအလှတို့ကိုလည်း မူဆလင်စစ်သားတို့က အတင်း အဓမ္မသိမ်းပိုက်ပြီး အစ္စလာမ် ဘာသာထဲသို့ သွတ်သွင်းခဲ့ကြလေ၏။ သမိုင်းဆရာ ချောင်ဒူရီရေးထား သည် မှာ မဂတိုင်းကို မူဆလင်တို့ ၃ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက်-ဘတ်တီ ယာ ခိလဂျီသည် ခြေလျင် မြင်း ရထား ကုလားအုပ်တပ်တို့ဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မဂတိုင်း တောင် ဘက်ပိုင်းကို အောင်မြင်၍ ရဟန်းရှင်လူများစွာတို့ကို သတ်ဖြတ် လုယက်ကြပြီး ကျောင်းကန်စေတီ ပုထိုး တို့ကို မီးရှို့ဖျက်ဆီးပစ်၍ အမျိုးသမိးတို့ကို အဓမ္မမုဒိန်းကျင့်ကြလေ၏။ ၁၁၉၅ ခုနှစ်၌ ရွှေ ငွေ ဘဏ္ဍာ မြောက် များစွာတို့ကို လုယက်ယူပြီး အိန္ဒိယပြည် မြောက်ပိုင်းရှိ ဒက်ကင်နယ်သို့ ပြန်သွားကြလေ၏။ဘတ် တီ ယာ ခိလဂျီ သည် ကာလရောဂါ ကျောက်ရောဂါ တို့ကြောင့် သူ၏ စစ်သားများမရှူမလှ သေကြရာတွင် ဂေါတမ ဘုရားကြောင့်ဤသို့ ဖြစ်ရသည်ဟု ဂေါတမဘုရားအား အငြိုးထားကာ ထိုစစ်သားအလောင်းတို့ ကိုဗုဒ္ဓဂယာမြို့ရှိ ကျောင်းရာစေတီရာတို့၌ မြုတ်နှံပြီး၊ အချို့ကို ဗုဒ္ဓဂယာ နှင့် ဂယာမြို့ အကြားသို့ ယူဆောင် ကာ စေတီ ပုထိုးများမှ အုပ်ကျောက် တို့ဖြင့် အရိုးဂူ ဗလီ များကိုဆောက်လုပ်ခဲ့လေ၏။တဖန် ဘတ်တီယာ ခိလဂျီသည် ၁၁၉၇ ခုနှစ်၌ မဂဓနေပြည်တော်ကိုဝင်ရောက်တိုက်ခိုက်ခဲရာ ရှေးနည်းတူပင် (ဗုဒ္ဓ+ဟိန္ဒူ) ဘာသာ နှစ်ခုစလုံးကို ဖျက်ဆီးပြန်လေ၏။ ထို့နောက် ၁၁၉၉ ခုနှစ်၌ ဗိုလ်မူး မိုဟာမက်ကုတ်ဘွဒ္ဒိန် သည် ပါဋလိပုတ် နာလန္ဒ ရာဇပြည် စသည်နယ်များကိုတိုက်ခိုက်ပြီး ကျောင်ကန် စေတီ ပုထိုး အဆောက်အဦ များစွာတို့ကိုမီးရှို့ဖျက်ဆီးပြီး ရဟန်းတော်များစွာတို့ကို သတ်ဖြတ်ကြလေရာနလံမထူနိုင်အောင် ပျက်စီး ရလေ၏။ ကုသိနာရုံဖျက် ဆီးမီးရှို့ခံခဲ့ရသော ကုသိနာရုံကျောင်းတော်ကြီ၏ အောက်တံခါးနှစ်ဘက်တွင် အခေါင်းကြီးနှစ်ခုရှိရာ ယင်းတို့အထဲ၌ ရှေးဟောင်းတံခါးများတွင် တပ်ဆင်ခဲ့သော ရှေးဟောင်းပုံစံ သံ ပတ္တာများနှင့် မီးသွေးအစအနများအပြင် မီးရှို့အသတ်ခံရသည့် ရဟန်းတို့၏ အရိုးတွေများစွာနှင့် မီးလောင် ပစ္စည်းများကိုလည်းတွေ့ရှိရလေ၏။ဤသို့ မူဆလင်တို့က မီး စသည်လက်နက်တို့ဖြင့် (ခရစ်နှစ် ၁၁၉၇) ဖျက်ဆီးခဲ့သော ကုသိနာရုံကျောင်းစသည့် ကျောင်းကန်စေတီများကိုတွေ့ရှိရ၏။ မူဆလင်တို့က ၀ါဝါမြင် သမျှလိုက်သတ်ကြသဖြင့် တချို့ရဟန်းများ ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာဂူကြီးထဲသို့ ၀င်ပြေးကြသည်တွင် အပြင်ဘက်မှ တခါးများကို မီးရှို့၍ သတ်ကြပြန်လေ၏။သာဝတ္ထိပြည်အလွန်ထင်ရှားခဲ့သည့် ဇေတ၀န် ကျောင်းတော်ကြီး နှင့်ပုဗ္ဗာရုံကျောင်းတော်ကြီး တည်ရှိရာ သာဝတ္ထိပြည်ကြိးသည် တဖြေးဖြေး ဆုတ်ယုတ် လာခဲ့ရာ ခရစ်နှစ် ၃ ရာစု၌ အိမ်ခြေ ၂၀၀ ခန့်သာကျန်ရှိခဲ့ပြီး ၆ ရာစုအတွင်းသာသင်္ကမင်းလက်ထက်၌ လုံး ၀ ပျက်ဆီးသွားခဲ့ရလေ၏။ယခုအခါ မြို့၏အရှေ့ဘက်မျက်နှာကို အစီရ၀တီမြစ်ရေက တိုက်စားသွားခဲ့လေ ၏။ တူးဖော်ကြည့်သော် ပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်တကွ ဂန္ဓကုဋိတိုက် လေးလုံး ညောင်စောင်းကြီးတခု အရှင်သာရိပုတ္တရာ၏ ဓာတ်တော်စေတီတဆူ အာနန္တာဗောဓိပင် နှင့် ရေတွင်းရေကန်များ ပေါ်ထွက်လာခဲ့ ကုန်၏။ ဤသာဝတ္ထိပြည်သည်လည်း မူဆလင်တို့ ဖျက်ဆီးမူ့မှ အလွတ်ခဲ့ချေ။

No comments:

Post a Comment