ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, January 6, 2013
ရခိုင်အရေး လျှော့တွက်လျှင် ခံကြရလိမ့်မည်
ဇူလိုင်လ ၃၀ ရက်နေ့ စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကထုပ်ပြန်ကြေငြာချက်၌ ရခိုင်ပြည်နယ်တွင် အခြေ အနေ အရပ်ရပ်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဟု နိဂုံးချုပ်၍ဖေါ်ပြထားသည်။ -
(source - EMG Media / The Voice / 7Day news journal)
ဤကြေငြာချက်သည် ရခိုင်ပြည်သူများ၏ ဒုက္ခကိုလှောင်ပြောင်လိုက်သလိုဖြစ်နေသည်။ အဘယ့် ကြောင့် ဆိုသော် ထိုနေ့တွင်ပင် ပေါက်တောမြို့ နယ်မှ နောက်ထပ် ရခိုင်အမျိုးသမီးတစ်ဦး
ဈေးမှ အပြန် မူဆလင်ရိုဟင် ဂျာအမည်ခံ သုံးယောက်ကဓါးနှင့် ထောက်၍ မုဒိမ်းကျင့်လွှတ်လိုက်ပြန်သောကြောင့်ဖြစ်သည်။ ဤသည်မှာခိုင်လုံသော သတင်းဖြစ်ကာတရားခံများထဲမှ တစ်ဦးကိုပင်ဖမ်းမိထားပြီဖြစ်ကြောင်း နေရဉ္စရာ သတင်းဌာနက တရားခံ အ မည်နှင့်တကွ ဖေါ်ပြခဲ့သည်။ မသီတာထွေးတုံးကလို အသက်ပါ မဆုံးရှုံးသော် လည်း အရှက်တကွဲအကျိုးနည်း ဖြစ်ရသည်ချင်း အတူတူ ဖြစ်သည်။
ရခိုင်သားများသည်မိမိတို တိုင်းပြည်အတွင်း၌အများပြည်သူသွားလာချိန်အတွင်း အများပြည်သူသွားလာ နေ ကျ နေရာများတွင်နိုင်ငံအတွင်းသို တရားမ၀င်ရောက်ရှိနေသူများ၏တစ်မျိုးတစားတည်းသော အမှု ဖြင့်ထပ်တ လဲလဲ ကျူးလွန် စော်ကားမှုကိုခံနေရခြင်းသည်“ တရားဥပဒေစိုးမိုးရေး” ကျဆုံးနေခြင်း မဟုတ် လျှင် တခြားဘာ ဖြစ်နိုင်သနည်း။
(ဒါတောင် စစ်အုပ်ချုပ်ရေးရှိနေချိန်ဖြစ်သည်။ သို့မဟုတ်လျှင် ရခိုင်တွေ ဘ၀မှာတွေးရဲစရာပင်မရှိ)
ဤအဖြစ်မျိုး မြန်မာပြည်သားတွေခံစားခဲ့ကြရဘူးသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း တိုင်းပြည် ဖက်ဆစ် ဂျပန်တို့  လက်အောက်ကျရောက်ချိန် (၁၉၄၁-၄၅) ကသာဖြစ်သည်။ ရခိုင်ပြည်သို့ တပ်ရင်းပေါင်းများစွာပို့  ထားပါလျှက် ရိုဟင်ဂျာဆိုသူတွေ ဘာကြောင့်ဤမျှအတင့်ရဲနေကြသနည်း။ အကြောင်းမှာအားကိုးစရာတွေ တစ်ခုမကရှိ နေ ကြလို့ ဖြစ်သည်
(၁) အုပ်ချုပ်သူအာဏာပိုင်များကရိုဟင်ဂျာဆိုသူများအပေါ် သူတို့ အကြောင်းနှင့်သူတို့ သက်ညှာနေခြင်း
(၂) UNHCR အပါအ၀င် INGO များက ရိုဟင်ဂျာဆိုသူတို့ ဘက်က ရပ်တည်ပေးနေခြင်း။
(၃) နိုင်ငံတကာမှ အမျိုးတူဘာသာတူတွေက ငွေအင်အား၊ ၀ါဒဖြန့် ချီရေးအားဖြင့် ပံ့ပိုးနေခြင်း
(၄) အစ္စလမ်နိုင်ငံကြီး (OIC) အချို့ က မြန်မာ အပေါ် သံတမန်ဖိအားပေးများနေသည်ကိုသိကြခြင်း။
(၅) Jihad အဖွဲ့ တွေကမြန်မာပြည်ကိုသူတို့ ၏နောက်ထပ်စစ်မြေပြင် အဖြစ်သတ်မှတ်ခြိမ်းခြောက်နေခြင်း။
တစ်အချက်-ကိုအသေးစိပ်သုံးသပ်ကြည့်ရာတွင် - (က) ပြည်ထောင်စုနိုင်ငံဟုဆိုသော်လည်း လက်တွေ့ အုပ်ချုပ်သူအများစုသည် မြန်မာလူမျိုးများဖြစ် နေကြ ပြီး အလွန်လည်း အကျင့်ပျက် လာဘ်စားတတ်ကြသဖြင့် သူတို့ ထံမှ မျက်နှာသာပေးမှု ကိုငွေဖြင့်ဝယ် ယူ နိုင်ခြင်း -
(ခ)ဒီမိုကရေစီအစိုးရသစ်သည်လောလောလတ်လတ်လမ်းခွဲခဲ့သောစစ်အာဏာရှင်အရိပ်မဲကြီးကြောင့်နိုင်ငံတကာ၏သံသယမျက်လုံးများအောက်တွင်အလုပ်လုပ်နေရသဖြင့်ရိုဟင်ဂျာဆိုသူများကိုအထူးသက်ညှာစွာဆက်ဆံပြနေရခြင်း -
(ဂ)အနောက်တိုင်းစီးပွားရေးပိတ်ဆို့ မှုဆန်ရှင်အောက်တွင်နှစ်ပေါင်းများစွာနေရစဉ်ကမိမိတို့ အား အဘက် လုပ် ၍ စီးပွားရေးအရ ဆက်ဆံခဲ့သော အစ္စလမ်နိုင်ငံများ (အီရန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ ယူအေအီး စသောနိုင်ငံများ)အပေါ်မျက်နှာနာနေခြင်း (ယခုအထိထိုနိုင်ငံများသို့ ဆန် ၊သား-ငါး နှင့်အလုပ် သမားများတင်ပို့ နေသေးခြင်း၊ ထိုနိုင်ငံများမှ - ဆိုစလောက် ငွေကြေးအကူအညီနှင့် ရင်းနှီးမြှုတ်နှံမှုများကိုလက်ခံထားပြီးဖြစ်နေခြင်း) တို့ ကို အကြောင်းရင်းများ အဖြစ်တွေ့ ရပါလိမ့်မည်။
နှစ်အချက် - တတိယကမ္ဘာရှိကျဆုံးနေသောနိုင်ငံများနှင့်ချိနဲ့ သောနိုင်ငံများ (Failed states / weak states) တွင်အလုပ်လုပ်နေသောကယ်ဆယ်ရေး (humanitarian) INGO များသည် ၄င်းတို့ ၏လုပ်ငန်း သဘာဝ အရ ပင် လက်ခံနိုင်ငံ (host country) ၏ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားတို့ နှင့်ဆန့် ကျင်၍ ဆောင်ရွက်ကြရတတ်သည် ။ ရခိုင်ပြည်နယ်တွင် NGO များသည် ပဉ္စမံအကြမ်းဖက်သမားများ ကိုသေချာ စွာမစီစစ်ဘဲ ၀န်ထမ်းခန့် ထားသည်။ (ထို့ ကြောင့်နောင် NGO တွင် ဒေသခံဝန်ထမ်းခန်လျှင် အစိုးရထံမှ clearance requirement လိုအပ်သင့်သည်။)
သုံးအချက် - အနောက်နိုင်ငံရောက် ရိုဟင်ဂျာအနွယ်များသည် သူတို့ အရေး (cause) အတွက်လိမ်ညာ ၀ါဒဖြန့် ရန်ဝန်မလေးကြ။ အနောက်တိုင်းသတင်းပရိဿတ်၏အကြိုက်နှင့် အပေါ်ယံကြောကြည့် တတ် သော အားနည်းချက်ကိုအသုံးချနိုင်စွမ်းရှိကြသည်။ အနောက်နိုင်ငံအခြေချမြန်မာတွေ မယှဉ်ပြိုင် နိုင်သော အချက်ဖြစ်နေသည်။
အကြမ်းဖက်မှုများရခိုင်တွေဘက်ကကျူးလွန်တာတွေလည်းရှိမည်သာဖြစ်သည်။ သို့ သော်နိုင်ငံ သားတွေဖြစ် နေသဖြင့်တရားဥပဒေဖြင့်မိမိရရ ထိထိရောက်ရောက်နှိပ်ကွပ်နိုင်သည်။ (အစိုးရကလည်းဆန်ရင်းကိုသာနာနာ ဖွတ်လိမ့်မည်။) ရိုဟင်ဂျာကကျူးလွန်၍အရေးယူရလျှင် NGO တွေ နှင့်နိုင်ငံတကာမီဒီယာကလူ့ အခွင့်အရေး နှင့်ကိုင်ပေါက်လိမ့်မည်။ ထို့  ကြောင့်ဝါဒဖြန့် ချီရေးအရအခြား တစ်ဘက်က တပမ်းသာနေပြီးသားဖြစ်သည်။
လေးအချက် - မြန်မာနှင့်သံတမန်ဆက်ဆံရေးသက်တမ်းရင့်အီရန်နိုင်ငံသည်ပင်ရိုဟင်ဂျာအရေး၌မြန်မာ အပေါ် ဖိအားပေးနေသည်။ ကုလသမဂ္ဂတပ်များစေလွှတ်ခိုင်းနေသည်။ နိုင်ငံပေါင်း ၅၀ ကျော် ပါဝင်သော အစ္စ လမ် နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (OIC) ကလည်းမြန်မာနိုင်ငံသို့  စုံစမ်းရေးအဖွဲ့ တစ်ခုစေ လွှတ်လိုနေသည်။ ၄င်းတို့ အထည်းတွင် ASEAN နိုင်ငံများဖြစ်ကြသော မလေးရှားနှင့် အင်ဒိုနီးရှားနှင့် အိမ် နီးချင်း ဘင်္ဂလားဒက်ရှ် နှင့်ပါကစ္စတန်တို့ လည်း ပါဝင်ကြသည်။
အသစ်စက်စက်အမေရိကန်သံအမတ်သည်၎င်း၊ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးသည်၎င်းရိုဟင်ဂျာ ကိုမြန်မာ တိုင်းရင်း သားဖြစ်လေဟန်ယူဆပြောဆိုမှုတွေရှိနေကြသည်။
ငါးအချက် - Jihad - ဤအချက်ကရခိုင်ကရိုဟင်ဂျာတွေကိုမြောက်ကြွနေအောင် ဖန်တီးပေးဆုံးဖြစ်နေ သည်။ အင်ဒိုနီရှားနှင့်ပါကစ္စတန်တို့ ရှိအစွန်းရောက်တွေကမြန်မာနိုင်ငံအပေါ် jihad ဘာသာရေးစစ်ပွဲ ဆင်နွှဲမည် ဟု အတိအလင်းကြေငြာထားသည်။ jihad နှင့်နဖူးတွေ့ ဒူးတွေ့  မကြုံဘူးသေးသော မြန်မာအ စိုးရဘက်က ထိထိ ရောက် ရောက်ပြင်ဆင်နေတာမတွေ့ ရသေး ။မြန်မာအစိုးရ၏ တွေးခေါ်မြော်မြင်ပုံကို အကဲခပ်ရသည်မှာ မိမိဘက်က ဤ ရွေ့ ဤမျှ ညင်သာစွာကိုင်တွယ်ပေးနေသဖြင့် Jihad အထိ လုပ်စရာ အကြောင်း မရှိနိုင်ဟူ၍၄င်း
(မသီတာထွေး အမှုတရားခံ ၂ဦးကိုသေဒဏ်ပေးထားသော်လည်း တကယ်လက်တွေ့ သေဒဏ်မစီရင်) ၊ မိမိ နှင့်ဆက်ဆံ ရေး ရှိနေပြီးသား အစ္စလမ်နိုင်ငံများမှအစိုးရများကိုမိမိတို့ ဘက်ကမည်မျှလောက်အထိ တရားမျှ တစွာ ဆောင်ရွက်ပေးနေသည်ကိုလက်တွေ့ ပြနိုင်လျှင် ထိုအစိုးရများက သူတို့ နိုင်ငံများရှိအစွန်း ရောက်တွေ ကိုနားချ နိုင်လိမ့်မည် ဟူ၍ ၄င်းယူဆနေပုံရသည်။ဤသို့ ယူဆနေသည်ဆိုလျှင် မှားပါလိမ့်မည်။ အဘယ့် ကြောင့်ဆိုသော် ----
တစ် - အစွန်းရောက်တွေခိုအောင်းနေသောအစ္စလမ်နိုင်ငံများမှအစိုးရများသည်ထိုသူများ အပေါ်၌သြဇာ မ ညောင်းပါ။ပြောင်းပြန်အားဖြင့်သာ အစွန်းရောက်တွေကသာ အစိုးရအဖွဲ့ ဝင်တွေအပေါ်ဖိအားပေးနေ ၊သြဇာ ညောင်းနေကြသည်။ ဤအချက်နှင့်ပါတ်သက်၍ ထိုနိုင်ငံများရှိမိမိ၏သံတမန်တွေ (အီဂျစ် -ဆော် ဒီအာရေးဗျား - အင်ဒိုနီးရှား - အီရန်-ပါကစ္စတန် - စသည်တို့ မှမြန်မာသံရုံးဝန်ထမ်းတွေ ကို) စုံစမ်းကြည့် သင့်သည်။
နှစ် - မြန်မာနိုင်ငံတွင်တိုင်းရင်းသားစာရင်းဝင်ဖြစ်ရေးသည်ပထမခြေလှမ်းဟုဆိုလျှင် - ဘင်္ဂလီ ၇၄% ရှိပြီး ရခိုင် ၆% သာကျန်တော့သောဘူးသီးတောင် - မောင်တောမြို့ နယ် ၂ခုသည်၎င်းတို့ အတွက်သီးသန့် နယ် မြေ(ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသမျိုး)တစ်ခုဖြစ်ရေး သည်ဒုတိယ ခြေ လှမ်းဖြစ် လာနိုင် သည်။ ပြင်သစ်နှင့်သြစတျေးလျားတို့ မှာသူတို့ ဘာသာဝင်တွေအတွက်ရှာရီယာဥပဒေ (Sharia law) ဖြင့်သီးသန့် အုပ်ချုပ်ရန်ဆိုသောတောင်းဆို မှုမျိုးတွေမအောင်မြင်သော် လည်း မြန်မာနိုင်ငံ မှာ အကောင်အ ထည် ဖေါ်ရန်အကြီးအကျယ်အားထုတ်လာနိုင်သည်။ ဘာကြောင့်ဤသို့ တရားလွန် ရန်စ နေမည်နည်း။
အကြောင်းမှာ မြန်မာအစိုးရသစ်၏ အားနည်းချက်များကို လူတိုင်းနည်းတူ ရိုဟင်ဂျာဆိုသူတွေကလည်းသိ နေသည်။ ၄င်းတို့ မှာ -
၁ -ထိုအစိုးရ၏၀န်ထမ်းတွေအလွန်လာဘ်စားသည်။အမျိုးသားလုံခြုံရေးစည်းရိုးကြီးမှာကျိုးပေါက်နေသည်။
၂ - အစိုးရသစ်ဆိုသည်မှာ စင်စစ်စစ် ယခင်အာဏာရှင်စံနစ်ထည်းက စစ်ဗိုလ်ချုပ်ဟောင်းတွေပင်ဖြစ်ကြ၍ နိုင်ငံ တကာအစိုးရများက သံသယကြီးစွာဖြင့် ဆက်ဆံတာခံနေကြရသည်။ ပြည်ပနှင့် ဘာပြဿနာမျှ အ ဖြစ်မခံချင်သော၊ မဖြစ်စေချင်သောဆန္ဒရှိနိုင်သည်။
၃ - တိုင်းရင်းသားဖြစ်ခွင့်၊ သီးသန့် ကိုယ်ပိုင်နယ်မြေတွေ မဖြစ်နိုင်လျှင်ပင် ပြဿနာကို သက်တမ်းရှည်နေ အောင် လုပ်ထားဖို လိုမည့် ဒုတိယအကြောင်းရင်းတစ်ခုရှိနေသည်။ ၄င်းမှာမြန်မာနိုင်ငံမှ ထွက်ပြေးလာ သော ဒုက္ခသည် များ အဖြစ်နှင့် ဒုတိယနိုင်ငံတွင် ခေတ္တခိုလှုံပြီး တတိယနိုင်ငံများ အခြေချနိုင်ရန်ဖြစ်သည်။ (ဤဒုတိယအချက်သည် လက်ရှိအဆင့်မှာပင် အောင်မြင်နေပြီဖြစ်သည်။ ထို့ ကြောင့်ပြဿနာ ဆက်ဖြစ် နေ / ရှိ နေအောင် ရန်စခြင်းကို ဆက်လုပ်နေမည်မှာ အလွန်ဖြစ်နိုင်သည့်အချက်ဖြစ်သည်။)
ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုကို ဘင်္ဂလားဒက်ရှ်အစိုးရကမဖြေရှင်းနိုင်ပေ။ နဂိုရှိဧရိယာ ကျဉ်း ရသည့် အထဲ ကမ္ဘာကြီးပို၍ ပူနွေးလာမှုကြောင့် ပင်လယ်ရေပြင်မြင့်တက် လာသဖြင့် ကမ်းခြေဒေသ အ ဆုံးရှုံးခံရ ဆုံးနိုင်ငံများထဲတွင် ရှေ့ ဆုံးတန်းမှာရှိနေသည်။ ဘင်္ဂလားဒက်ရှ်သည် “နေစရာ မြေနေရာ (Lebensraum)” သဘောတရားကို ကိုင်စွဲရတော့မည့် ဘ၀ကိုရောက်နေပြီဟု သူတို့ နိုင်ငံရေးသမား တစ် ချို့ ကပင်ဗြောင်ပြော (ရေးသား) နေကြပြီ။ (ရှိပ်ဟာစီနာ အစိုးရအဖွဲ့ က မြန်မာဘက်က သံသယမရှိအောင် ကိစ္စတစ်ချို့ ဆောင်ရွက်ပြပေမယ့် အသုံးမ၀င်ပါ။)
ဘင်္ဂလားဒက်ရှ်မှထွက်ခွာလာသူများသည် မြန်မာ၊ ထိုင်း၊ မလေးရှားမှသည် သြစတျေးလျှ၊ နယူဇီလန်အထိ ၄င်း၊ အနောက်ဘက်ဆော်ဒီ နှင့် UK အထိ ၄င်း၊ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှတဆင့် USA, Canada, Australia, Norway စသည့် ကမ္ဘာ့ထိပ်တန်းလူချမ်းသာနိုင်ငံများအထိ၎င်း နည်းမျိုးစုံသုံး၍ သွား နေ ကြသည်။ ယခုထိုင်းနယ်စပ်ကစခန်းတွေပိတ်တော့မည်ဖြစ်ရာမောင်တောဒေသမှာပြဿနာဖြစ်/ရှိနေမှ အိမ်နီး ချင်းနိုင်ငံ များ သို့ ဒုက္ခသည်များအဖြစ်သွားနိုင်မည်ဖြစ်ကြောင်းသူတို့ ထည်းမှတစ်ချို့  ကိုယ်တိုင် သုံးသပ်တင်ပြထားတာတွေ ဖတ်ရသည်။ မည်သို့ ဖြစ်စေမြန်မာသည် ဘေးချင်းကပ် မြစ်တဘက်ကမ်း နိုင် ငံဖြစ်နေယုံသာမက မြန်မာနိုင်ငံသား များ၏ အမျိုးသား စည်းလုံးညီညွတ်ရေးပျက်ပြားနေမှုသည် ကမ္ဘာ ကျော်ဖြစ်သဖြင့် ဘင်္ဂလီတို၏မြန်မာဘက်ကမ်းမှာ တိုင်းပြည်တည်ဘို့  စိတ်ကူးသည်လည်း ကြာရှည် စွာ ရှင်သန်နေနိုင်သည်။အထက်ကသုံးသပ်ပြခဲ့သောအကြောင်းရင်းခံများအရ - ယခုကြုံတွေ့ နေရသောရန်စမှု များ (တိုင်းရင်းသူမိန်းခ လေး များကိုဖမ်း၍ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်ခြင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း သွားလာ
လုပ် ကိုင်နေသောဒေသခံများ ကို အထူးသဖြင့်သံဃာတော်များကို - ချောင်းမြောင်း၍ သေသည် အထိ တိုက်ခိုက်ခြင်း) တိုသည် လက်ရှိအရေး ယူခြင်းများလောက်ဖြင့် ရပ်ဆိုင်းသွားလိမ့်မည်မဟုတ်။ ၄င်းတို့  အားလုံခြုံရေးတပ်ဖွဲ့ များက နောက်ဆုံးတွင်မလွှဲသာမရှောင်သာ ထိထိရောက်ရောက် အရေးယူလာ သည့် အခါ တွင်လည်းလူ့ အခွင့်အရေးချိုးဖေါက်မှုများအဖြစ်၎င်း၊ (ဒေါ်အောင်ဆန်းစုကြည်ပြောသလို) လူများစု ကလူနည်းစုအပေါ်အနိုင်ကျင့်မှုအဖြစ်လည်းနိုင်ငံတကာတွင် အကြီးအကျယ်ဝါဒ ဖြန့် တိုက်ပွဲတိုး၍ဆင် လာကြ ပေဦးမည်။ (ပြဿနာကိုလူနည်းစု-လူများစု ပဋိပက္ခဟုအပေါ်ယံကြည့်၍သုံးသပ်လိုက်သောအခါ “လူနည်းစု” သည်လည်း တရားဝင်တိုင်းရင်းသားတွေ ဟုလက်ခံထားသလိုလိုဖြစ်နေသည်။)
ထို့ ကြောင့်ရှင်းရှင်းပြောရလျှင် မြန်မာနိုင်ငံသည် သူတို့ အတွက်ဘယ် လိုမှအရှုံးမရှိနိုင်သော ဘင်္ဂလီနယ်ချဲ သမားတို့ ၏ ဆင်ကွက်ထဲသို့  ရောက်နေပြီဟုပင်ပြောရပေမည်။ (ဘင်္ဂလားဒက်ရှ်အစိုးရကဆိုလျှင် မြန်မာ ဘက်တွင်ရှိနေပြီးသား လူရှစ်သိန်းသာမက သူ့  ဘက်တွင်ရှိနေသူ သုံးသိန်းကိုပါ လက်ခံရမည်ဟု တောင်း ဆိုနေသည်။) သို့ ဖြစ်၍အချိန်ဆွဲ၍တုံ့ နှေးနေပါကပို၍ဆိုးလာနိုင်သည်။ဘယ်လောက်အထိဆိုးနိုင်သနည်း။
မြန်မာအစိုးရ၏အရေးယူမှုများကို ‘လူ့ အခွင့်အရေးချိုးဖေါက်မှု’၊ ‘ဗုဒ္ဓဘာသာလူများစုကမူဆလင် လူနည်းစု’ အပေါ် အနိုင်ကျင့်မှုအဖြစ်ကာလကြာရှည်စွာ ၀ါဒဖြန့် ခံရလျှင်နိုင်ငံတကာပရိဿတ် ကအမှန်တရားအဖြစ် လက်ခံ သွား နိုင် သည်။ အချိန်အတိုင်း အတာ တစ်ရပ်ရောက်သောအခါ Jihad လုပ်ဖို့  အကြောင်းလုံ လောက်လာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရေရှည်တွင်ပြဿနာ၏ တစ်ဘက်ခြမ်းက ဤလူခိုးဝင်မှု ပြဿနာ (illegal migration issue) ကို ဘာသာရေးပြဿနာ (religious strife)ဖြစ်အောင်လမ်းခင်းပေး နေလျှင် အခြားတစ်ဘက်ခြမ်းကလည်း အနှေးနှင့်အမြန်ဆိုသလို လိုက်ပါလျှောက်လှမ်း လာရမည်ဖြစ် သောကြောင့်ဖြစ်သည်။ ထိုဖြစ်စဉ် (process) အတွင်းသို့ ယခုအချိန်အထိဝင်ပါမလာသေးသော ပြည်တွင်း ရှိမြန်မာမူဆလင်ထုသည် ရေ ရှည်တောင့်မခံနိုင်ဘဲ တစတစ ပါဝင်လာနိုင်သည် နိုင်ငံရေး အသိရင့်ကျက် သော လူကြီး ပိုင်းက အရွယ်သဘာဝအရ သွေးဆူသော လူငယ်ပိုင်းကို အချိန်တစ်ခုအထိသာ ထိမ်းထား နိုင် လိမ့်မည်။ မန္တလေးမှ မြန်မာမူဆလင်ငါးဖွဲ့ ၏စုပေါင်းကြေငြာချက်သည် ဤအားထုပ်မှုမျိုးဖြစ်သည်။ သို့  သော်ရန်ကုန် မှမြန်မာမူဆလင်တွေထံမှမူ ဘာသံမျှမကြားရ။
ယခုအချိန်တွင်တနိုင်ငံလုံးရှိမြန်မာမူဆလင်လူငယ်ပိုင်းများသည် စိတ်ဓါတ်ရေးရာအရ နှစ်ပိုင်းပြတ်နေ သော ဝေဒနာကိုခံစားနေရနိုင်သည် (psychologically torn) ရှစ်ဆယ့်ရှစ်မျိုးဆက် တစ်ဦးဖြစ်သော ကိုမြအေးသည် သူတို့ အားလုံး၏ ဝေဒနာကိုကိုယ်စားပြုနေသည်။
(Ko Mya Aye epitomizes their lots. His utterances reveal their pain.) [9/11 နောက်ပိုင်း USA နှင့်U.K တို့ မှ ဥပမာများအရ Jihadists များ သည်ပြည်ပက တာလီဘန်တွေ မဟုတ်ဘဲ ပြည်တွင်း ပေါက် မူဆလင် တွေဖြစ်နေသည်။ အားလုံးနီးပါးသည် တက္ကသိုလ်ပညာတတ်များ၊ တစ်ဦးဆိုလျှင်US Army မှ ဒုဗိုလ်မှုး ကြီး ဖြစ်သည်။]
ဤသို့ ထောက်ပြသဖြင့် မြန်မာမူဆလင်တွေကို သံသယမျက်လုံး သက်သက် ဖြင့်စောင့်ကြည့်ရ မည်ဟု မဆိုလို၊ suspect and respect အညီအမျှ ယှဉ်တွဲ ကျင့်သုံးဘို့ တော့လိုအပ်မည်။ ဖြစ်သင့်သည်မှာ
နိုင်ငံသား အားလုံး သည် မိမိတို့ မျက်စေ့ရှေ့ မှောက်မှာပင်လူဝင်မှုပြဿနာကိုမည်သို့ ဘာသာရေးပဋိပက္ခ အဖြစ်ပုံပြောင်းလာအောင် လုပ်နေသည်ကို သတိမလွတ်သင့်။ သို့ သော်မည်မျှ သတိထားနေကြသည်ဖြစ် စေ အချိန်မှီ အဆုံးသတ် မပေးနိုင်လျှင် ဘာသာရေးပဋိပက္ခ ဆိုသောနိဂုံးသည် ကျိမ်းသေဆိုက်ရောက် လာလိမ့်မည်။
နိုင်ငံတကာအတွေ့ အကြုံများအရ Jihad သည်ဘာသာရေးစစ်ပွဲဖြစ်သဖြင့်ဘာသာရေးပစ်မှတ်များကို အ ထူးဦးစားပေး တိုက်ခိုက်တတ်သည်။ အာဖဂန်နစ္စတန်တွင် ဘာမီယံဗုဒ္ဓဆင်းတုတော်ကြီးကို ဖေါက်ခွဲဖျက် ဆီးပစ်ခဲ့သည် မြန်မာနိုင်ငံတွင်ရွှေတိဂုံစေတီတော်ကို တိုက်ခိုက်မည်ဆိုသော ကောလာဟာလ သည်ဖြစ် နိုင်ချေမရှိဟုမဆိုနိုင်။ ရွှေတိဂုံသည် အတားအဆီးမရှိ လူတိုင်းလည်ပတ်နိုင်သည်သာမက၊ ခြံစည်းရိုး မရှိ ဟင်းလင်းပွင့်နေသောနေရာ တစ်ခုလည်းဖြစ်သည်။
(အစိုးရကအလွန်အမင်းအားပေးနေသောကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကြောင့်ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ပြုကိုးကွယ်သောသာသနိကအဆောက်အအုံများကိုငွေရှာစရာနေရာများအဖြစ်အသုံးချနေခြင်း (commercializati on of holy sites ကိုမည်သူမှကန့် ကွက်ရကောင်းမှန်းမသိသေး။) Jihad၏ အသွင် အပြင်သည် အဓိကအားဖြင့် ပြောက်ကြားစစ်ဖြစ်သည်။ အထူးသဖြင့်ပစ်မှတ်ပျော့ (soft target) ဖြစ်သော အရပ်သားများကိုပို၍ တိုက်ခိုက်သည်ဖြစ်၍ မြိုပြပြောက်ကျားစစ် (urban guerrilla warfare) စစ်လည်း ဖြစ်သည်။ ထို့ ကြောင့်လူဦးရေ ထူထပ်သောရန်ကုန်မြို့ လိုနေရာကို ရွေးချယ်နိုင်သည်။ အထပ်များ၍ လူ စည်ကားသော မောလ်များ၊ ရှော့ပင်းစင်တာများ (Highrise structures) သည်ထိရောက်မှု အကောင်းဆုံး ပစ်မှတ်များဖြစ် သည်။
Jihadist များသည်အယူသည်းများ (fanatics) ဖြစ်ကြသဖြင့် ကိုယ်တိုင်အသေခံ၍ တိုက်ခိုက်သူများ (suicide attackers) ဖြစ်တတ်ကြသလို၊ အမျိုးသမီးများ၊ ခလေးများနှင့်တိရစ္ဆာန် များကိုပါအသုံးပြု သည် အထိ ထွေပြားကြသည်။ Jhiad ၏အခြားထင်ရှားသော တိုက်ကွက်များမှာ လုပ်ကြံသတ်ဖြတ်ခြင်း (assassination) ဓါးစာခံ ဖမ်း၍ တောင်းဆို ချက်များတောင်းခြင်း (hostage taking)တို့ ဖြစ်သည်။ ထို့ ကြောင့်ထင်ရှားသော ခေါင်း ဆောင်တစ်ဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် (ideal hostage - candidate) တစ်ဦး ဖြစ်လာနိုင်သည်။
စင်စစ်ယခုပင်ကြိုတင်တွေးခေါ်မြော်မြင်သူများက မြန်မာမူဆလင်များရောင်းသော ကွမ်းယာများ၊ ဒန် ပေါက်ထမင်းဆိုင်၊ လဘက်ရည်ဆိုင်များ၊ အကြောင်းမသိသော 786 ဆိုင်များကို သတိနှင့်သုံးစွဲဘို့  Facebook တွင် ကြိုတင် သတိပေးနေကြပြီဖြစ်သည်။ ဤသည်မှာ မြန်မာမူဆလင်တို့ ၏ စီးပွားရေး လုပ် ငန်းများကို သပိတ်မှောက်ခိုင်းနေခြင်းမဟုတ်။ လူတစ်ဦးချင်း အသက်နှင့် ကျန်းမာရေးကို မိမိ၏ အသိစိတ် ဖြင့် ကာကွယ်တတ်ဖို့ ဖြစ်သည်။
ယခုတင်ပြချက်များသည် လူအများချောက်ချားအောင်လှန့် နေခြင်းလည်းမဟုတ်။ မိမိတို့ ပယောဂ မပါ သော်လည်း မိမိတို့ သာ အများဆုံးခံစားရနိုင်ဘွယ်ရှိသော ဒုက္ခများကို မည်သို့ အနည်းဆုံးဖြစ်အောင် လုပ်နိုင်ရေး သာဖြစ်သည် ။ လူထုကိုတပ်လှန့် ခြင်းသည် နည်းမှားလျှင်ပြဿနာကိုပိုဆိုးအောင် လုပ်သလို လည်းဖြစ်နိုင် သည်။ သိုသော် လိုအပ်နေပါက မလုပ်ဘဲထား၍လည်း မဖြစ်ပေ။ ထို့ ကြောင့် သိမ်မွေ့သော နည်းလမ်းများ အမြဲမပြတ် ရှာဖွေနေသင့် သည်။
အစိုးရအုပ်ချုပ်ရေးပိုင်းအနေဖြင့် လူစည်ကားရာ နေရာတိုင်းတွင် CCTV တပ်ဆင်ခိုင်းသင့်ပြီ။ အွန်လိုင်း အင်တာနက် လောကတွင် သတင်းအစအနများ ကြိုတင်ထွက်ပေါ်လေ့ရှိတတ်သဖြင့် အချိန်ပြည့် monitor လုပ်နေသင့်သည်။ လုံခြုံရေးဝန်ထမ်း၊ ရဲ၊ မီးသတ်၊သူနာပြု အယောင်ဆောင်မှုများရှိ တတ်သဖြင့် လုံခြုံရေး စည်းကမ်းပိုင်း လျော့ရည်းမှုကို လုံးဝ သီးမခံသင့်တော့သလို အခြေအနေသစ်တိုင်းအတွက် လေ့ကျင့်သင် ကြားမှုအသစ်များဖြင့် update လုပ်ရမည်။
USA တွင် 9/11 နောက်ပိုင်းတွင် Homeland Security Department ဖွင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် အ လားတူ 9/11 တစ်ခုဖြစ်သည်အထိ စောင့်မနေသင့်ဘဲ မိမိတတ်နိုင်သည့် ဘဏ္ဍာရေးအင်အားဖြင့် ဤ အေဂျင်စီမျိုး တစ်ခုကို ကြို တင်ထူထောင်ထားသင့်သည်။ လောလောဆယ် အခြေအနေတွင် အစိုးရပိုင်း သည် အားမနာတမ်းဝေဖန်ရလျှင် - လူပြိန်းကြိုက်စကားတွေ ပြောနေသည်များရှိသည်။ သမတကြီးက ဒီ လူတွေကို တခြား နိုင်ငံတွေပို့ ပစ်ဘို့ ပြောသည်။ မြန်မာနိုင်ငံသည် ဆင်းရဲသောနိုင်ငံဖြစ်ရာ မြန်မာနိုင်ငံသို့  ခိုးဝင်လာသူ များသည် ပို၍ ဆင်းရဲသောနေရာမှ လာကြသူများဖြစ်ကြသည်။ ဤမျှလောက်ဆင်းရဲ၊ ပညာ မဲ့ကာ၊ ခလေးမွေးတာကလွဲ၍ ဘာ human capacity မှ မရှိသူများကို လူသားချင်းစာနာမှု ဖြင့်လက်ခံမည့် နိုင်ငံများရှိလျှင်ပင် စီစစ်ရွေးချယ်ပြီး မဆိုစလောက်ဦးရေကို သာယူလိမ့်မည်။
ထို့ ကြောင့် အခြေ အနေမှာ - ပြောချင်ရာပြောနိုင်သည်၊လုပ်ချင်ရာလုပ်လို့ တော့မရဆိုသလိုဖြစ်နေလိမ့် မည် ။ လူဝန်မှုကြီးကြပ်ရေးဌာန၀န်ကြီးကလည်း ရှေ့ နှစ် သန်းခေါင်စာရင်းကောက်မည့်အထဲ ဒီလူတွေ မ ပါဝင် ဟု ပြောသည်။ ဒီလူတွေကိုစာရင်းမကောက်လျှင် သူတို့ ၏နောက်ဆုံးအခြေ အနေက မည်သို့ သိနိုင် မည်နည်း။
မသီတာထွေး အစော်ကားခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်မှ ၂လအတွင်း ပြဿနာသည် Jihad ဘာသာရေး စစ်ပွဲ ဆင်နွဲမည်အထိ နေရာအတော်များများမှပြိုင်တူချိန်းချောက်လာကြသည်အထိ မြန်မြန်ဆန်ဆန်ကြီး ရင့်ကျက် (mature) လာသည်။ ဤသည်မှာအကြောင်း ၂ခုကြောင့် ဤမျှမြန်မြန်ဆန်ဆန် ရင့်ကျက် လာ ခြင်းဖြစ်သည်။
(၁) တဘက်က စီမံကိန်း ရှိရှိကြိုတင်အကွက်ချ စတင်ခဲ့တာဖြစ်ကြောင်း ယခုသက်သေတွေနှင့်တကွမြင် ကြ ရပြီ
(၂) မြန်မာအစိုးရဘက်ကအလစ်အငိုက်ခံလိုက်ရသလိုဖြစ်သွားသည့်အပြင်ပြဿနာကိုရင်ဆိုင်ရာတွင်နဂို ဓါတ်ခံ လည်း ညံ့ဖျင်းသည်။ (၀န်ထမ်းလာဘ်စားမှုစသည့်အချက် ၄ ချက် အထက်တွင်တင်ပြပြီး) မည်သို့  ဖြစ် စေ ဤ အချက်များကို အကျယ်ချဲ့ မနေတော့ဘဲ အောက်ပါအချက် (၇)ချက်ကိုသာ ထပ်မံတင်ပြလိုပါ သည်။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေသော နိုင်ငံတကာအတွေ့အကြုံများ (UK, France, Italy, Thailand
, Australia) ထဲမှ မြန်မာနိုင်ငံနှင့် သင့်လျှော်မည့် အချက်အချို့ သာဖြစ်သည်။
၁- နောက်ထပ်ဘင်္ဂလီတွေ ခိုးဝင်မလာနိုင်အောင် နယ်စပ်နှင့်ပိုင်နက် ရေပြင်ကို ထိထိမိမိပိတ်ဆို့ ဖို့ 
၂- ရခိုင်ပြည်နယ်အတွက် နယ်ခြားစောင့်တပ်များ - BGF - ဖွဲ့ စည်းပေးပြီး လေ့ကျင့်သင်ကြားပေးရန်
၃-ရှိပြီးသားလူတွေလူဦးရေတိုးနှုံးကျဆင်းလာအောင် တားဆီးရေး ထိထိ ရောက်ရောက်လုပ်ဖို့ 
၎ - ရခိုင်လူမျိုးတွေအပေါ် ဖိအားလျှော့အောင်နှင့်/ ခိုးဝင်သူများကို ရောနှောလက်ခံမထားနိုင်အောင် နယ်စပ်မှာ မထားဘဲ ပြည်တွင်းကို ပြောင်းရွှေ့ ပြီး ထိမ်းသိမ်းရေး စခန်းတွေမှာထားရန်(IDC)
၅ - ခလေးတွေနှင့် လူငယ်တွေကို ပညာသင်ပေး၊ ပျိုးထောင်ပေးမည့် ပြည်တွင်းမူဆလင် sponsor ရှာပေးရန်
၆- နိုင်ငံခြားမှ မိသားစုအလိုက်ခေါ်ယူမည့် sponsor များကို NGO/ အစ္စလမ်နိုင်ငံများ အကူအညီဖြင့် ပူးပေါင်း၍ ရှာပေးရန်။
၇ - ကျန်သူတွေကို စီစစ်၍ အပြစ်ရှိသူများအား ပြစ်ဒဏ်၊ အပြစ်မရှိသူများနိုင်ငံသား ဖြစ်ရေး နှစ်ရှည် သင်တန်းများပေးရန် --နိုင်ငံသားဖြစ်နေပြီး လွှတ်တော်တက်နေသည့် ဦးရွှေမောင်လို လူကို နောက်ဆုံး ကိစ္စ (နံပါတ် (၇) အချက်) ထိထိရောက်ရောက်ဆောင်ရွက်ရာ၌ ထည့်သွင်းခန့် အပ်တာဝန် ပေးကြည့် သင့်သည်။
တဘက်တွင်လည်း အလွန်အန္တရယ်ကြီးသည့် အစွန်းရောက်များအတွက် အမေရိကန် နမူနာ (Guantanamo အတိုင်း maximum security facility တစ်ခု ကိုးကိုးကျွန်းမှာ တည်ဆောက်ဖို့ လိုအပ် ကောင်းလိုလိမ့်မည်။
နယ်ခြားစောင့်တပ်ကိစ္စမှာ တရားဝင် မလိုက်လျှောသော်လည်း အပစ်အခတ်ရပ်စဲရေးလုပ်ထားသည့် သက်တမ်းရင့် ရခိုင်တော်လှန်ရေးအဖွဲ့ တစ်ခုကို လက်တွေ့ လိုအပ်ချက်အရ တာဝန်ပေးထားပုံရသည်။
(ခိုင်စိုးနိုင်အောင် ဦးစီးသည့် Arakan Liberation Party)
သို့ သော်အစိုးရသည် မည်မျှကောင်းသော အစီအမံတွေကို ပြုလုပ်နေစေကာမူ ၄င်း၏အတွင်းရန်သူဖြစ် သော အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက်မနှိမ်နင်းနိုင်လျှင် အလကားဘဲဖြစ်လိမ့်မည်။ အဆုံးသတ် အားဖြင့် င်ပြလိုသည်မှာ အကြမ်းဖက်ဝါဒဟူသမျှကို ရင်ဆိုင်ရန်မှာ မည်မျှပင် ခေတ်မှီနည်း ပညာများ အသုံးချနိုင်သည် ဖြစ်စေ အစိုးရတရပ်တည်းဖြင့် မလုံလောက်ပေ။ ပြည်သူတရပ်လုံးက ၀ိုင်း ၀န်းစောင့်ကြည့် တာဝန်ယူကြမှဖြစ်လိမ့် မည်။ ၂၄/၇ အခြေခံဖြင့် မျက်လုံးပေါင်းသန်းချီ၍ စောင့်ကြည့်နေ မှလုံလောက်မည်။
ထို့ ကြောင့်လူထုအားလုံခြုံရေးပညာပေးသင်တန်းများလုပ်ရ ပါမည်။ ဥရောပ၊ အစ္စရေး၊ USA စသောနိုင်ငံများ ရှိသက်ဆိုင်ရာ အေဂျင်စီများ ထံမှလေ့ကျင့်သင်ယူရမည်။သတင်းဖလှယ်ရမည်။ အခြေအနေအရ မြန်မာနိုင်ငံ က သူတို့ ထံမှ အတုမယူသင့်သေးသော တစ်ခုတည်းသောကိစ္စမှာ ကြိုတင်၍ ချေမှုန်းရေး (Preemptive strike option) သာဖြစ် သည်။မြန်မာနိုင်ငံကဖြတ်သန်းနေသော ဒီမိုကရေစီ ကူးပြောင်းရေးအစဉ်ကို အ နောက် ဒီမိုကရေစီကမ္ဘာက နမူနာသစ်တစ်ခု (test case) အဖြစ်သဘောထားနေ ကြောင်းသိရသည်။ သို့  ဖြစ်သောကြောင့် မြန်မာအစိုးရသစ်သည် ဤ new image ကိုထိခိုက်မည့်အရာတိုင်းကို သတိကြီးကြီးဖြင့် ရင်ဆိုင်ကိုင် တွယ်နေသည်မှာ ကောင်းပါ၏။ သို့ သော်၎င်း အတွက်ပေးရမည့် တန်ဘိုးများ ထဲတွင် ရာနှင့်ချီ မည့်ပြည်သူတို့ ၏အသက်များ၊ အစါးထိုး၍ မရနိုင်သော အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ၊ ဘာသာရေး အဆောက်အအုံများမြေမှာ ဘုံးဘုံးလဲပြိုကျ ပျက်စီးခံ လာရမည်ဆိုလျှင် မြန်မာ့သမိုင်းတွင် သီပေါမင်းပါတော်မူပြီးနောက် ဒုတိယ အကြိမ်ဖြစ်မည့် အမျိုးသားရေး ဦးချိုးခံရမှုကြီး (national humiliation တစ်ခုကို ခံစားကြရဘွယ်ဖြစ်နေသည်။ ဤခြိမ်းခြောက်နေမှုကို အချိန်မှီ မချေဖျက်နိုင်လျှင် ဒီမိုကရေစီကူးပြောင်းရေးကို ထိခိုက်မည်သာမက နောက်ဆုံးတွင် လက်ရှိချို ခြွင်းချက်မကင်းသော ပြည်ထောင်စု ဖွဲ့ စည်းထားပုံစံနစ်ကိုပါ ကျဆုံးဖို့  ဖြစ်လာစေလိမ့်မည်။
မြန်မာသံတော်ဆင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment