Sunday, January 6, 2013

လူအခွင့်အရေးကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားဖြစ်ချင်တဲ့ သူတွေအတွက်



လူအခွင့်အရေးအထူးကိုယ်စားလှယ်ဆိုသူ မစ္စတာကွင်တာနား ရဲ့ မြန်မာနိုင်ငံရဲ့ '' ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့်  ဥပဒေအား ပြန်လည်သုံးသပ်ရန် (သွယ်ဝိုက်သောအားဖြင့်ပြင် ဆင်ပေးရန် တိုက်တွန်းခြင်း ဟု အဓိပ္ပါယ်ရ) တိုက်တွန်း ချက်ကိုမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးပြီး မြန်နိုင်ငံသားတွေရဲ့ လူ. အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ် မို.လုံးဝဆန်.ကျင်ရှုံချပါတယ် ။
***************************************


မစ္စတာကွင်တာနား ပြောဆိုချက်နဲ.ပတ်သတ်ပြီး ကျွန်တော်နည်းနည်းတော့ ဆွေးနွေးချင်ပါတယ် ကျွန် တော် ဥပဒေပညာရှင်တော့မဟုတ်ပါ ။အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုထဲက မြန်မာအချို့အလုပ်လုပ်နေတဲ့ ယူအေအီး နိုင်ငံရဲ့နိုင်ငံသား ဖြစ်ခွင့်ဥပဒေအကြောင်း ကျွန်တော်နည်းနည်းပြောချင်ပါတယ် ။ယူအေအီးလို့ ခေါ်တဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုဟာ ဖယ်ဒရယ်မူကို အခြေခံပြီး တည်ထောင်ထားတဲ့ ပြည်နယ် ၇-ခုပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုပါ ။ ၁၉၇၁ ခုနှစ်ဗြိတိန်လက်အောင်မှ လွတ်လပ်ရေးရပြီးနောက် အာ ရပ်မွတ်ဆလင်စော်ဘွားတွေ အုပ်ချုပ်တဲ့ပြည်နယ်လေးတွေ စုပေါင်းပြီး အာရပ်စော်ဘွားများပြည်ထောင်စု ရယ်လို.ဖြစ်လာတာပါ ။

နိုင်ငံတည်ထောင်စဉ်ကတည်းက ပြည်ထောင်စုရဲ. ၁၉၇၂ ဖယ်ဒရယ်အခြေခံဥပေဒေ ၊ ဥပဒေ အခန်း ၁၇ အာ တီကယ် ၁၀ ( မွန်းမံ ၁၉၇၅) မှာ နိုင်ငံသားဖြစ်ဖို.အတွက် ၁၉၇၁ နိုင်ငံမတည်ထောင်မီကတည်းက အခြေ ချ နေထိုင်လာခဲ့သော အာရပ်မျိုးနွယ် ဌာနေ တိုင်းရင်းသားဖြစ်ရမယ်လို.ရေးထားပါတယ် ။ (ဒါပေမယ့် ၁၉၇၁ မတိုင်မီဘယ်နှစ်ခုနှစ်က နေထိုင်လာခဲ့ရမယ် ဆိုတာမပါဘူး ၊ လက်တွေ.မှာ ၁၉၇၁ ခု မတိုင်မီက အခြေချ နေထိုင်လာခဲ့တာတောင်မှ ဌာနေတိုင်းရင်းသားဟုတ်ကြောင်း သက်သေမပြနိုင်လျှင် (သို.) နိုင်ငံသားဖြစ်မှု ဆိုင်ရာ ခုံရုံးကသံသယရှိလျှင် (သို.) အခြားသော အကြောင်းကြောင့် နိုင်ငံသား ဖြစ်ခွင့်ငြင်းပယ်ခံရလျှင် နိုင်ငံသား ဖြစ်ပိုင်ခွင့်မရှိပါ) ၊ နောက်တစ်ခုက အာရပ်တိုင်းရင်းသား မျိုးနွယ်စု ၀င်လို့ အတိအလင်းရေးထားပါတယ် ။

ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသာလူမျိုးစုဖြစ်မှုကိုအဓိက အခြေခံထား သော နိုင်ငံသားဖြစ်ခွင့် ဥပဒေ ကို ကျင့်သုံးနေသောနိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ပါ ။ အခြားသော ကျွန်တော် မသိသေး သော နိုင်ငံများစွာလည်းရှိနိုင်ပါသည် ။အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ရန် အကြုံးမ၀င်ပါက ယူအေအီး နိုင်ငံသားဖြစ် ရန် နောက်ထပ်နည်းလမ်းမှာ ယူအေအီး နိုင်ငံသားကိုလက်ထပ်သောသူ (ဧည့်နိုင်ငံသား ဖြစ် ခွင့်ရှိ သို့သော် ၄င်း ခင်ပွန်း သို့ ဇနီး တို့၏မူလလူမျိုး အာရပ်တိုင်းရင်းသာဟုတ်မဟုတ်ပေါ်မူတည် ) (၄င်း တို့၏ မွေးလာသော ဒု တိယမျိုးဆက် -ဒုနိုင်ငံသားဖြစ်ခွင့်ရှိ ) (တတိယမျိုးဆက် - ပ နိုင်ငံသားဖြစ်ခွင့်ရှိ )။ ဒီမျိုးဆက် ၃ ဆက်စလုံး ဟာအခြေခံဥပဒေအရ မိမိနဲ့ အကြူံးဝင် တဲ့ နိုင်ငံသားအဆင့်တွေဖြစ်ခွင့်ရှိမရှိ ဆို တာ အာရပ်တိုင်းရင်းသား ဟုတ်မဟုတ်နဲ့ အစ္စလာမ်ဘာသာဝင် ဟုတ်မဟုတ် ဆိုတဲ့အပေါ်မှာ အခြေခံ ထားတာပါ ။ အားလုံးနဲ့ အကြူံးဝင်တာတောင်မှ အစ္စလမ်ဘာသာဝင် မဟုတ်လို့ကတော ယူအေအီးနိုင်ငံ သား ဖြစ်ဖိဲု့ စိတ်တောင်မကူးပါနဲ့ ဒီချက်တွေ နဲ.အကြူံးဝင်တာတောင်မှ နိုင်ငံသားဖြစ်မှုဆိုင်ရာကို ဆုံး ဖြတ်ပေးတဲ့ခုံရုံးပေါ်မှာမူတည်ပါတယ် ။ ဒါကလည်းကျိုးကြောင်းဆီလျော်ပါတယ် ။
                                                       31

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံစတင်တည်ထောင်စဉ်ကတဲ့က အစ်လမ်ဘာသာရဲ.အခြေမူတွေ ၊ ဌာနေ အာရပ်လူမျိုးတွေရဲ.ယဉ်ကျေးမှုတွေနဲ.တည်ထောင်လာခဲ့ကြတာကိုး ။ ဒါကြောင့်သူနိုင်ငံအခြေခံ ဥပဒေမှာကို က အစ်စလမ်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌန်းထားပြီး ၊ ယူအေးအီးနိုင်ငံသား များသည် အစ္စလာမ် ဘာသာ ကိုအကြွင်းမဲ့ယုံကြည်သူဖြစ်ရမည်လို.ဆိုထားပါတယ် ။

ယူအေအီးနိုင်ငံရဲ.တိုင်းရင်းသားအာရပ်တို့ ရဲ့ ဘာသာ ၊ ယဉ်ကျေးမှု ၊စရိုက် ၊ပထ၀ီအနေအထား နောက်ခံ သမိုင်းကြောင်းအရ သူ့လူနဲ့ သူ့မူမှာ ကျိုးကြောင်း ဆီလျော်တယ်လို့ဆိုနိုင်ပါသည်။ (ယူအေအီးနိုင်ငံသား အာရပ်ကိုယူထားတဲ့ မြန်မာမွတ်ဆလင်မတစ်ယောက်တောင် ၁၅ နှစ် လောက်ရှိနေပြီ ၊ခုထိဧည့်နိုင်ငံသား အဆင့်တောင် မရသေးပါဘူး ၊ နာမည်ကိုတော့မပြောတော့ ပါ ၊သိသူများ မေး ကြည့် နိုင်ပါသည် ။)

ယူအေအီးနိုင်ငံသားတွေ ဟာ ၁၀၀ ရာခိုင်နှုန်းအစ်လမ်ဘာသာဝင်တွေပါ ။ (၀ီကိရေးထားတဲ့ ၊၂၀၀၅ သန်း ခေါင် စာရင်းအရ အစ္စလာမ် ၇၆% ၊ ခရစ်ယာန် ၉% ၊ ဟင်ဒူ ၁၅ % လို.ရေးထားတာ ယူအေးအီး နိုင်ငံ သားရော ၊အလုပ် လာလုပ်တဲ့နိုင်ငံခြားသားတွေကိုပါ စာရင်းကောက်ထားတာပါ ။ ဟိုတစ်လောက မြန်မာ မွတ်ဆလင် တစ်ယောက်က ယူအေအီးမှာ ၁၀၀% မွတ်ဆလင်ဆိုတာကို မဟုတ်ပါဘူးဆိုပြီး အွန်လိုင်းပေါ် မှာ မရနိုင်တဲ့ စာကြည့်တိုက်က ယူအေးအီး ပြည်ထောင်စုဖယ်ဒရယ် အခြေခံဥပဒေကိုမဖတ်ပဲ ၊ကီဝီကို ကိုး ကား ပြီး ဖင်ပိတ်ငြင်းနေလို.ရေးလိုက်တာပါ  


တတိယအနေနဲ့ နိုင်ငံသားဖြစ်နိုင်ခွင့်ကတော့ ယူအေအီး ဘုရင်ရဲ့အမိန့် (လုပ်ပိုင်ခွင့်အရ) ယူအေအီး နိုင်ငံ သားဖြစ်စေခြင်းပါပဲ ။ ဘုရင့်အမိန့်နဲ့ နိုင်ငံသားဖြစ်ခွင့်ရသူအချို့ ဟာ ယူအေအီးနိုင်ငံ မတည်ထောင်မီနှင့် တည်ထောင်သည့်အချိန်မှာ ကူညီအားပေးခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး (မွတ်ဆလင်) အချို့ပါ ။ ဒါကလည်း အတော်ရှား ပြီး လက်ချိုးရေလို့ရပြီး ကျွန်တော်သိသလောက် ၄၊၅ ယောက်လောက်ပဲရှိပါတယ် ။အများဆုံး ၁၀ ယောက်ထက်မပိုပါ ဘူး ။ နိုင်ငံအများစုမှာ သူ့ဌာနေတိုင်းရင်းသားတွေ ၊နိုင်ငံသားတွေ ရဲ့ အခွင့်အရေးတွေ ၊ သူတို့ ရဲ့ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု နဲ့ ဆိုင်ရာအမွေအနှစ်တွေကို ကာကွယ်ထိန်း သိမ်း ဖို့ အတွက်ကိုလည်း ဥပေဒေတွေမှာရေးဆွဲ ထားတတ်ကြပါတယ်။ ဒါကိုကျွန်တော်တို့က သူ့နိုင်ငံ သား  မဖြစ်ရကောင်းလားလို့ သွားပြီး စိတ်ဆိုးလို့မရပါဘူး


၊(ကျွန်ုပ်အနေနဲ့ ဖြစ်လဲမဖြစ်ချင်ပါ ၊ မြန်မာမွတ်ဆလင်အချို့တော့မပြောတတ်ပါ ) သည်နိုင်ငံမှာမွေးလို့ သို့မ ဟုတ် သည်နိုင်ငံမှာ ရာစုနှစ်နဲ.ချီပြီးနေခဲ့လို့ နိုင်ငံသားပေးကြစတမ်းဆိုရင် အခုလောက်ဆိုရင် ယူအေးအီး နိုင်ငံ ၊အာရပ်လူမျိုး ဆိုတာတောင် ရှိတော့မည်မထင်ပါ ။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံက လူဦးရေ ၉သန်းနီးပါး မှာ သူ့နိုင်ငံသား က ၃သန်းနီးပါး ၊ ကျန်တဲ့ ၆သန်းကျော်က နိုင်ငံခြားသား တွေဖြစ်နေလို.ပါပဲ ။

အိန္ဒိယနဲ့ ပါကစ္စတန်လူမျိုးတင် နှစ်စဉ်သန်းချီပြီး အ၀င်အထွက်ရှိပါတယ် ။ အခြားသောအာရပ် နိုင်ငံသား များ ၊ ရုရှား ခွဲထွက်နိုင်ငံသားများ ၊ အာရှသားတွေနဲ. ၊ ဥရောပ ၊အမေရိကန် လူမျိုးစုံ လစဉ်သန်းချီပြီး ဒီ နိုင်ငံကို အ၀င်အထွက်ရှိပါတယ် ။ ယူအေအီးနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ အကြုံးဝင်တာတောင်မှ နိုင်ငံသားဖြစ်မှုခုံရုံး မှ ငြင်းပယ်ခံထားရ (သို.) ခွင့်မပြူသေးတဲ့ ရာစုနှစ်ချီပြီး လာတဲ့ အာရပ်မွတ်ဆလင်
                                                       32

တွေ အများကြီးပါ ။ အဲ့ဒါ ကြောင့် ဒီနိုင်ငံမှပဲမွေး ၊ဒီနိုင်ငံ မှာပဲကြီးလာကြပြီး ၊ပညာလဲမသင်ကြရ ၊ယူအေ အီး အစိုးရရဲ့ စောက်ရှောက်မှုကိုလဲ မခံကြရပဲလမ်းပေါ်မှာ ဆိုးပေ တေ နေတဲ့ ဂျစ်ပဆီလူဆိုးလေး တွေ အများကြီးပါ ။သူတို့ရဲ့ နိုင်ငံသားဖြစ်မှု မဖြစ်မှုဆိုတာလဲအခုထက်ထိ အငြင်းပွားဖွယ်ရာ ကိစ္စမဖြစ် ဆက်ပြီး ရှိနေကြဆဲပါ ။

(အခုနောက်ပိုင်းတော့ ဒီအာရပ်ဂျစ်ပစီလူဆိုးလေးတွေ ဒုစရိုက်မှုတွေ ကျူးလွန်ကြလွန်းလို့ အစိုးရက လူ နေထူထပ်တဲ့မြို့တွေနဲ့ ဝေးရာနယ်တွေကိုပို့ပစ်လို့ လမ်းပေါ်မှာ မြင်ရတာ အတော်ပါးသွားပါတယ် ။) ဒီလိုအလား တူ အခြေအနေအဖြစ်မျိုးတွေအခြားအာရပ်နိုင်ငံတွေမှာလည်းရှိပါတယ် ။ နောက်ပြီး ဆော်ဒီ မှာရောက်နေပြီး နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဆိုတာလည်း နိုင်ငံသားအဖြစ်ပေးထားတာ မဟုတ်ပါဘူး။  
                          
ဆော်ဒီ အစိုးရကသူတို့ ကိုဒုက္ခသည်အဖြစ်လက်ခံပြီး နေထိုင်ခွင့်ပဲပေးထားတာပါ ။ သူတို့တွေထဲက အချို့ ဟာ ပါကစ္စတန်နိုင်ငံကနေတစ်ဆင့် ပါကစ္စတန်အစိုးရက ထုတ်ပေးတဲ့ ခရီးသွားလာခွင့်လတ်မှတ် (ပက်စ ပိုစ် မဟုတ်ပါ) တွေနဲ့ ဆော်ဒီကို ဒုက္ခသည်အဖြစ် ရောက်လာကြသူ တွေပါ ။ တစ်ချို့ရိုဟင်ဂျာဘင်ဂါလီ တွေ ဟာ ဆော်ဒီ မှာရောက်နေတာနှစ်ပေါင်း ၅၀ ကျော်နေတဲ့အဘိုးကြီးတွေရှိပါတယ် ။ နေထိုင်ခွင့်ပဲ ရကြ တာပါ ၊ နိုင်ငံသား မဟုတ်ပါ ။ဒါကြောင့် OIC အနေနဲ.မိမိနိုင်ငံတွေအတွင်းမှာရှိတဲ့ အာရပ်မွတ်ဆလင် ညီ အကိုတွေရဲ့ အခွင့်အရေး ကိုတောင်အပြည့်အ၀ အာမ မခံနိုင်သေးဘဲနဲ့ သူများနိုင်ငံ (မွတ်ဆလင်အများစု မဟုတ်တဲ့နိုင်ငံ)ကို လူ့ (မွတ်ဆလင်)အခွင့်အရေးချိုးဖောက်ပါတယ်လို့ စွပ်စွဲနေတာဟာ လုံးဝကျိုးကြောင်း ဆီလျော်မှုမရှိပါ ။ အထူး သဖြင့်တော့ လူအခွင့် အရေးကိုယ်စားလှယ်ဆိုသူ မစ္စတာကွင်တာနား ကိုပြော လိုသည်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ သားဖြစ်ခွင့်ဥပဒေကိုပြင်ဖို့ တိုက်တွန်းတာပဲဖြစ်ဖြစ် ၊သုံးသပ်ဖို့တိုက် တွန်း တာပဲဖြစ်ဖြစ် ဒီလုပ်ရပ်ဟာ ကုလလူ့ အခွင့်အရေအထူးကိုယ်စားလှယ် ဆိုတာရဲ့လုပ်ပိုင်ခွင့်ဘောင် အပြင် ဖက်ကိုရောက်နေတယ်လို.ထင်ပါတယ် ။
                  

မြန်မာနိုင်ငံရဲ့ ဥပဒေပြင်ဆင်တဲ့ ကိစ္စ ၊ပြင်ဆင်ဖို့ သုံးသပ်တဲ့ကိစ္စဟာ မြန်မာနိုင်ငံသာတို့ရဲ့ အရေးဖြစ်တာ ကြောင့် လူအခွင့်အရေးကိုယ်စားလှယ် ဆိုသူ မစ္စတာကွင်တာနားရဲ့ မြန်မာနိုင်ငံ ဥပဒေသုံးသပ်ဖို တိုက် တွန်းတာ ဟာ မြန်မာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်တာကြောင့်  ဒီပြောဆိုချက်ကို မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ.လုံးဝဆန့်ကျင်ရှုံချပါတယ် ။


၀၄ ၊ သြဂုတ် ၊ ၂၀၁၂


Reference – Financial Times
- UAE MOFA
- UAE Federal Union Law
- Wikipedia
- Justlanded/Citizenship

No comments:

Post a Comment