Wednesday, January 16, 2013

ဦးခင်ညွန့်နှင့် အင်တာဗျူး

ကဲ ... အားလုံးမင်္ဂလာပါ
ဒီနေ့တော့လေ အဲတော့ ... ဒီနေ့ကတော့ စပြီး လွတ်လွတ်လပ်လပ် ဆိုတဲ့အခါကျတော့ အဲ လေ့လာရဦးမယ်လေ ... နော် အခု .. အပြင်လောက အကြောင်း လေ့လာရဦးမယ် ... အခုက အပြင်လောကအကြောင်း ဘာမှ မသိသေးဘူး ..နော် ... မသိသေးဘူးဆိုတော့ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်တော့လေ  လုပ်မှာပါ အဲ နိုင်ငံရေးတော့မလုပ်ဘူး ... နော် ... အေး ... ဒါပါပဲ
မေး။ အခု ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။


ဖြေ။ အခု သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်တွေ့ပြီးတော့ ပူးပေါင်းပြီးတော့ အခု လုပ်နေကိုင်နေတဲ့ဟာတွေ တွေ့ရတယ်လေ ... အဲတော့ ဂျာနယ်တွေထဲမှာ တွေ့ရတယ်။ .. အဲဒီသတင်းတွေတွေ့ရတော့ ဝမ်းသာတယ် .... ဒါတော့ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးပဲ ... တိုင်းပြည်အနာဂတ်မှာ ကောင်းလာမှာပဲလို့ ဆိုပြီးတော့ ... ဒီလိုပဲ ယူဆတယ်လေ ... ကောင်းလိမ့်မယ်လို့ ယူဆတယ်


မေး။ အန်ကယ် ... အန်ကယ့်ကိုလေ ... ဒီ ဟိုဥစ္စာပေါ့လေ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေက နိုင်ငံရေးထဲကို ဝင်လာပြီးတော့များ ပူးပေါင်းဆောင်ရွက်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့ မေးနေကြတယ် ... အဲဒါ ..

ဖြေ။ အဲ ... အခုထိဘာမှ မစဉ်းစားဘူး .... နိုင်ငံရေးလည်း လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး ... မရှိဘူး ... ဘာလို့လဲဆိုတော့ အသက်လည်း ကြီးလာပြီကွယ် နောက် .. လူငယ်တွေ လုပ်ကြမှာပဲ
နော် နိုင်ငံရေးက လူငယ်တွေ လုပ်ကြမှာပဲ လူငယ် အဲ ... နောက်တက်တွေပေါ့လေ အများကြီးပါ နိုင်ငံရေးလုပ်နိုင်တဲ့ လူငယ်တွေ


Q: Mr. Khin Nyunt, are you surprised to be released today?
Ex-Gen Khin Nyunt: Yes, I'm surprised.
Q: Did you expect it?
Ex-Gen Khin Nyunt: Not. Not yet


မေး။ အန်ကယ်၊ အခုဆိုရင် ကေအင်န်ယူနဲ့ ... မနေ့ကမှ ကေအင်န်ယူနဲ့လေ ဟို အက်ဒမင်ဂရုပ်တွေနဲ့ အားလုံးပေါင်း ငြိမ်းချမ်းရေးအတွက်လေ စကားတွေပြောခဲ့ပြီးပြီ ... အဲဒီအပေါ်မှာရော ... အန်ကယ့်အနေနဲ့ အမြင် ... အန်ကယ် အရင်တုန်းက ကြိုးစားခဲ့တာအပေါ်ပြန်ပြီးတော့ ...

ဖြေ။ အဲဒါကောင်းတယ် ... ငြိမ်းချမ်းရေးရတော့မယ်ဆိုတာ တိုင်းပြည်အတွက် ကောင်းတာပဲ ... နော် ... အဲတော့ အောင်မြင်ပါစေ ဆက်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းတယ် ... အဲတော့ လုပ်နေကိုင်နေတဲ့ လူတွေ အနေနဲ့လည်း တကယ်ကို ငြိမ်းချမ်းရေးလိုချင်လို့ လုပ်နေကြတာ ...နော် ... တာဝန်ပေးတဲ့လူတွေကိုလည်း အဲ .. အဘအနေနဲ့ အဲ ... ဒီလူတွေကိုလည်း ယုံကြည်တယ်လေ
ဟိုဘက်ကလည်း အခု ငြိမ်းချမ်းရေးလိုချင်တယ် ... နှစ်ဘက်က သူက သွားပြီးတော့
နှစ်ဦးနှစ်ဘက်စလုံးက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေ ဆိုတော့ ဒါ အောင်မြင်မယ်လို့လည်း ထင်တယ်
အဲတော့ ... တိုင်းပြည်အတွက် သိပ်ကောင်းပါတယ် .... တိုင်းပြည်အနာဂတ်အတွက်ကို ငြိမ်းချမ်းရေးဟာ သိပ်ကောင်းပါတယ် .... အဲတော့  လိုလားပါတယ်


မေး။ အန်ကယ် အဲတော့ သား၂ယောက်လုံးနဲ့လည်း တွေ့ပြီးပြီလား

ဖြေ။ အဲ .... ဒီမှာ ဒီမှာ ... သားက ဒီမှာ ... သားက ဒီမှာ ... ဒါက သားအကြီး ... သားအငယ်က စောစောကပဲ ခုနက ပြန်သွားပြီ
မေး။ အန်ကယ့် son-in-law ရော အန်ကယ်
ဖြေ။ အဲ ... son-in-law ကတော့ (ရယ်၍) မသိသေးဘူး ... အခြေအနေ မသိသေးဘူး ... နော် ... သား ၂ယောက်ကတော့ သိပြီ ... သား ၂ယောက်ကတော့  ... အခု ဒီမှာ


မေး။ အန်ကယ် ကျန်းမာရေးရော ကောင်းပါရဲ့လား
ဖြေ။ ကောင်းတယ် ... အခု မြင်တဲ့အတိုင်းပဲ ... နော်  မြင်တဲ့အတိုင်းပဲ ... ကျန်းမာရေးကတော့


မေး။ အကိုကြီးရော ... အခုလို ဟိုဥစ္စာပေါ့လေ ... အဖေဖြစ်သူနဲ့အတူ လွတ်လာတဲ့အခါကျတော့ ... ဒီလိုပေါ့ ... နိုင်ငံရေးလောက အခြေအနေ လက်ရှိဟာတွေကိုရော ဘယ်လိုများ မြင်မိပါသလဲ ခင်ဗျာ ...

(ဒု-ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဦး) ကျနော်တို့က အိမ်ထဲမှာ နေနေရတာ ၇နှစ်လောက် နေရတော့ လောလောဆယ် အခြေအနေကို ကျနော်တို့ ဘာမှ အတိအကျ မသိရသေးပါဘူး
တိုင်းပြည် လောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို ကျနော်တို့က ပြန်လေ့လာရဦးမယ်
(ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကဝင်ပြောသည်) ... လေ့လာရဦးမယ် ပြန်လေ့လာရဦးမယ် ဘာဖြစ်လို့လဲ ဆိုတော့ အခုဟာ ဟို အဘတို့ရော သားရော သူက တပ်ရင်းမှူးကနေပြီးတော့ ဒီလိုအခြေအနေမျိုး ဖြစ်တာကိုး ...
တပ်မတော်ရဲ့ လေ့ကျင့်မှုက အင်မတန်ကောင်းပါတယ် ... လေ့ကျင့်ထားတဲ့ တပ်မတော်ရဲ့ လေ့ကျင့်မှုနဲ့ တပ်မတော်ရဲ့ ... ဟိုဒင်း discipline ပေါ့လေ ... ဒါတွေက သိပ်ကောင်းပါတယ် ... အဲဒီအလေ့အကျင့်တွေက အဘရော ... သားရော .. ရထားပြီးသား ... အဲတော့ ရထားပြီးသားဆိုတော့
အရင်လေ့ကျင့်ထားတဲ့ လေ့ကျင့်မှုဟာ ပြည်သူအတွက် တိုင်းပြည်အတွက် လုပ်ရမယ်ဆိုတာ အဘတို့မှာ ဒီ ခေါင်းထဲမှာ စွဲထားပြီးသား ... အဲဒီအတိုင်းပဲ အဘတို့ ရင်ထဲမှာ စွဲမြဲပြီးတော့ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက် ... ပြည်သူရဲ့ အကျိုးစီးပွားအတွက်
ဆက်ပြီး ကိုယ်လုပ်နိုင်တဲ့ဘက်က လုပ်သွားမှာပါ ... ဒါပေမဲ့ နိုင်ငံရေးတော့ မလုပ်ဘူး


Q: What do you think of the political changes now in Burma? What do you think of on mer this?
A: I think it's ... very good ... very good


မေး။ အန်ကယ် အရင်တချိန်တုန်းက အန်ကယ်ဟာ အင်မတန်ကို သြဇာတိက္ကမ ကြီးမားခဲ့တဲ့ ခေါင်းဆောင် တယောက်ဖြစ်ခဲ့တယ် ... ဟို ဝန်ကြီးချုပ်ဖြစ်ခဲ့တယ် ... အဲတော့ အခု အဲလိုအခြေအနေမျိုးမှာ အကျဉ်းစံသွားရတဲ့ ဘဝပေါ့နော် ..  အဲဒီတုန်းကနေဖြစ်ခဲ့တဲ့ အစိုးရအဖွဲ့တွေ အပေါ်မှာ ဘယ်လို သဘောထားလဲ ... အခု အစိုးရလည်း ပြောင်းသွားပြီ ...

ဖြေ။ ဘယ်လိုမှ စိတ်ထဲမှာမရှိဘူး ... နော် ...  အာဃာတ မရှိပါဘူး။ အဲတော့ အန်ကယ်က အခုဆိုရင် ဘာသာရေးလုပ်နေပါပြီ။ ဘာသာရေး အခြေခံပြီးတော့မှ ဒါက ဘာသာရေးနဲ့ ဖြစ်ပြီးရင် ပျက်မယ်၊ ကံကံ၏ အကျိုး ဒါတွေကို သိပ်ပြီးတော့ သဘောပေါက်သွားပြီ ... ဘုရားတရားအလုပ် လုပ်နေရတဲ့အတွက် အခုလိုနေရတာကိုပဲ ဟော .... တဘက်က ကံကောင်းတယ်လို့ပဲ ... ယူဆမိတယ်လေ ... အဲတော့ အခုကတော့
အေးအေးဆေးဆေးနဲ့ အေးအေးချမ်းချမ်း မိသားစု ဘဝပြန်ပြီး နေရမယ်ဆိုရင် ပိုပြီးတော့ စိတ်ချမ်းသာပါတယ်


မေး။ တချိန်က ဟို ဟိုဟာပေါ့ အင်တာနက်ပေါ်မှာ ထွက်လာပါသေးတယ် အန်ကယ့်ကို တနေရာကို ခေါ်သွားပါသေးလား ... အန်ကယ် တချိန်လုံး ဒီမှာပဲ နေရပါသလား ...

ဖြေ။ ဒီမှာပဲနေရတယ် ... အန်ကယ် ဒီမှာပဲ နေရတယ် ... ခေါ်သွားတယ်ဆိုတာက ပထမဦးဆုံးအကြိမ် အင်းစိန်ကို ခေါ်သွားတာ ... ဒါက အန်ကယ် ၂၀၀၀ နဲ့ ၄ ... အဲ ၂၀၀၄ မဟုတ်ဘူးပေါ့ ၂၀၀၅ ၂၀၀၅ မှာ ၂၀၀၅ ဇူလိုင်မှာ ... အဲတော့ အမှုစစ်တာပေါ့ကွယ် ... အဲဒီဟာပါပဲ ... အဲ ကျန်တဲ့ အချိန်တော့
အိမ်မှာပဲ အေးအေးချမ်းချမ်းပဲ၊ ဘာမှ အနှောက်အယှက် မရှိပါဘူး .. နော် လုံခြုံရေးအရလည်း ဒီ တာဝန်ပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ အေးအေးချမ်းချမ်း နေရပါတယ်


မေး။ နောက်အန်ကယ့်ကို ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အန်ကယ် ဦးဆောင်လုပ်ခဲ့တဲ့ လူတယောက်အနေနဲ့ပေါ့နော် ... အန်ကယ့်အပေါ်မှာ လာပြီး တိုင်ပင်တာတွေ ... ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လိုလုပ်မယ် ဆိုတာမျိုးတွေရော ရှိပါသလား ခင်ဗျ ...


ဖြေ။ မရှိပါဘူး။ မရှိဘူး ... ဘယ်သူနဲ့မှလည်း အဆက်အသွယ် မရှိဘူး

မေး။ အန်ကယ် ...အခုဆိုရင် အန်ကယ့်ကို ဟိုဥစ္စာပေါ့လေ ... အန်ကယ်က အရင်တုန်းကလည်း အလွန်ကို သြဇာတိက္ကမ ကြီးမားခဲ့တဲ့ နိုင်ငံရေးကိုလည်း ကောင်းစွာ ... ဟို ကမ္ဘာ့နိုင်ငံရေးကို တတ်ကျွမ်းစွာလုပ်ခဲ့တော့ နိုင်ငံတော်သမ္မတ လက်ရှိအစိုးရက အကြံပေးအနေနဲ့သော်လည်းကောင်း တခုခုများ ကမ်းလှမ်းမယ် လာမယ် ဆိုရင်ရော ...

ဖြေ။ ဘာမှတော့ မစဉ်းစားထားပါဘူး။ ဒါနဲ့ပတ်သက်လို့ မစဉ်းစားဘူး၊ နောက်ပြီးတော့လည်း တခုရှိတာပေါ့လေ ... အဲ သူ့ ... လူငယ်တွေက အများကြီးပါ ... နောက်တက်တဲ့ လူငယ်တွေ ... အရည်အချင်းရှိတဲ့လူတွေ အများကြီးပါ .... သူတို့လုပ်မှာပါ ... အန်ကယ့်အနေနဲ့ကတော့ အသက်လည်း ကြီးပြီလေ ... အန်ကယ်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း နှစ်ပေါင်း မြောက်များစွာ လုပ်ခဲ့ပြီးသားဆိုတဲ့အခါကျတော့ ကျန်တဲ့ ရည်ရွယ်ချက် ဘာမှ မရှိဘူး


မေး။ အန်ကယ် လူငယ်တွေဆိုတာ ဘယ်လိုလူငယ်တွေလဲ ဆိုတာနည်းနည်းပြောပြပေးပါ

ဖြေ။ ဟာ လူငယ်တွေလေ ... လူငယ်လက်သစ်တွေ အများကြီးပဲ လူငယ်အရည်အချင်းရှိတဲ့လူတွေ အများကြီးပဲ အခုက တိုင်းပြည်မှာလေ ... လူငယ်တွေ အများကြီးပဲ


မေး။ အန်ကယ် ဟိုဟာပေါ့နော် အန်ကယ့်အနေနဲ့ အခု သမတကြီးဦးဆောင်တဲ့ သမတကြီးဦးဆောင်တဲ့ ဟို ... ပေါ့နော် ... အစိုးရသစ်ရဲ့ လုပ်ရပ်ကိုင်ရပ်တွေကို နည်းနည်း သုံးသပ်ပေးပါလား

ဖြေ။ အား ... သုံးသပ်ဖို့တော့ သိပ်မလွယ်ဘူး ... ဘာဖြစ်လို့လဲဆိုတော့ အခုက တချို့ဟာတွေက ကျန်သေးတာကိုး ...
သတင်းစာထဲမှာတွေ့ရတယ် ဂျာနယ်ထဲတွေ့ရတယ် နော် နောက်ပြီးတော့မှ တီဗီနယူးစ်တွေထဲမှာ တွေ့ရတဲ့ လုပ်ဆောင်ချက်တွေက အများကြီး ကောင်းပါတယ်
အဲတော့ ... နောက်ပြီးတော့ တခုက  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတကြီးနဲ့ တွေ့တယ်ဆိုတာ သိပ်ကောင်းပါတယ် ... နော် ... နောက်တိုင်းပြည် အနာဂတ်အတွက်ကို အင်မတန်ကောင်းတဲ့ အလားအလာ လို့ ထင်ပါတယ်


မေး။ ဟုတ်ကဲ့ ...  ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ထဲ ဝင်လာမယ်ဆိုရင်ရော ကြိုဆိုပါသလား ...

ဖြေ။ ဟာ ... သူက အခု ... လွှတ်တော်ထဲမှာ ရောက်နေပြီလေ ... သူက ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ပြောရေးဆိုခွင့် ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်နေပြီလေ
လွှတ်တော်ထဲရောက်ပြီဆိုရင် လွှတ်တော်ထဲအရ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ လွှတ်တော်ရဲ့ အစီအမံနဲ့ နောက် ရွေးကောက်ပွဲနဲ့ သူ့ဟာသူ ... ဟို ... သူရသင့်တဲ့ဆီ ရသွားမှာပဲ ....


မေး။ အန်ကယ် အခု ဒေါ် နဲ့ တွေ့ဖို့ရော အစီအစဉ်ရှိလား ... နိုင်ငံရေးတော့ မလုပ်ဘူး ... ဒါပေမဲ့ ပုဂ္ဂိုလ်ရေး ဖြစ်ဖြစ်ပေါ့ .. တွေ့ဖို့ရော အစီအစဉ်ရှိပါသလားခင်ဗျ

ဖြေ။ မရှိပါဘူး ... မရှိဘူး ... ကျနော် အခုအထိတော့ ဘယ်သူနဲ့မှကို  မတွေ့ဘူး။ အခု မီဒီယာနဲ့ပဲ တွေ့တယ်
မီဒီယာနဲ့ပဲ တွေ့တယ် ... နောင် တိုင်းပြည်အတွက် ပြောစရာ ဆိုစရာရှိတယ်ဆိုရင် မီဒီယာ ကတဆင့် ပြောမယ် နော် ... မီဒီယာ ကတဆင့် ပြောမယ်
မီဒီယာကလည်း ဒီ့ထက်ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ခွင့်ရှိဖို့အတွက် ဆုတောင်းပေးပါတယ်
မီဒီယာသမားများ။ (ကျေးဇူးတင်ပါတယ် .... )


မေး။ ကမ္ဘာ့ဒီမိုကရေစီ အပြောင်းအလဲပေါ် အန်ကယ့်အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ

ဖြေ။ ဒီမိုကရေစီစံနစ်က လေ ... ဟာ .. ဒါက နိုင်ငံတကာက ကျင့်သုံးတာပဲ အင်မတန်ကောင်းတာပေါ့ ... ပြည်သူတွေကလည်း လိုလားတာပဲ ... ပြည်သူလိုလားတဲ့စံနစ်ကို ...
အဲဒီစံနစ်အတိုင်း အကောင်အထည်ဖော်သွားမယ်ဆိုရင် သိပ်ကောင်းတာပေါ့ .. တိုင်းပြည်အတွက် ... နော် ... ပြည်သူလိုလားတာပဲ ...


မေး။ အခုချနေတဲ့ လမ်းကြောင်းက အန်ကယ် ချခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားတာလား ... အဲဒီအပေါ်မှာရော ဘယ်လိုများ ...

ဖြေ။ အဲဒါ ... Road Map လေ 7 Steps လေ အဲဒါ အဲ ... အန်ကယ် ဝန်ကြီးချုပ်ဘဝတုန်းက စပြီးတော့ လုပ်ခဲ့တာ အဲဒါ သူတို့ ဆက်ပြီးတော့ အကောင်အထည် ဖော်တာပဲ


Q: Do you call for the release of all the political prisoners?
A: မဖြေပါ
Q: Now you are free ... so do you call it?
A: No comment (ပြုံးလျက်)



Ex-Prime Minister, Ex-MI Chief and Ex-General Khin Nyunt

Youtube ပေါ်က ဦးခင်ညွန့်နဲ့ အင်တာဗျူးပါ ...

http://youtu.be/IiXD4MrN884

စိတ်ဝင်စားစရာပါပဲ ...
ဟယ်ရီလွင်

No comments:

Post a Comment