Wednesday, January 16, 2013

မင်္ဂလာတောင်ညွန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၅)သိန်းခန့်၊ တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဖိုးခန့် ဖမ်းဆီးရမိ


 
၁၁.၁.၂၀၁၃ နေ့ ည (၂၀း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်အတွင်းရှိ အမှတ် ၄၈၊ ပထမထပ်၊ ၁၂၆ လမ်းတွင် ဂိုဒေါင်အဖြစ် အသုံးပြုထားသော အခန်းမှ မောင်မောင်စိုး၊ အဖအမည် ဦးခင်မောင်မြင့် (ခ) ကော်ရီမူလာ၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက (နိုင်) ၁၄၁၄၁၃၊ အသက် (၃၅) နှစ်၊ ဘင်္ဂါလီ-အစ္စလာမ် အားသတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့်အတူ
ရာအိမ်မှူးများဖြစ်ကြသော ဦးမောင်မောင်တင်၊ ဦးထိန်ဝင်းအောင်နှင့် ဦးသန့်ဇင်ဦးတို့ ကြိုတင်စောင့်ဆိုင်း၍ ရန်ကုန် အနောက်မူးယစ်အထူးအဖွဲ့မှ ကြီးကြပ်သူ အရာရှိ အနီးကပ်ကြီးကြပ်ပြီး၊ ရဲအုပ် ၀င်းနိုင် ဦးဆောင်ကာ ၁၂၆ လမ်းရှိ ဂိုဒေါင်အခန်းတွင် မောင်မောင်စိုးဝင် ရောက်ရှိနေစဉ် ရှာဖွေခွင့် ၀ရမ်းအမှတ် (၄/၂၀၁၃) အားပြ၍ ၀င်ရောက်ရှာဖွေရာ အဆိုပါ အခန်းတွင် စက္ကူဂျပ်ဖာများဖြင့် ထည့်သွင်းထားပြီး မှိုင်းခံစက္ကူဖြင့်ပတ်၍ ပလတ်စတစ်အကြည်ဖြင့် ထုပ်ပိုးထားသော WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၄၉၇၈၀၀) ပြား၊ အလေးချိန် (၄၉၇.၈) Kg ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း (၂) သောင်းကျော်အား ရှာဖွေတွေ့ရှိသဖြင့် ရှာဖွေပုံစံပေါ်တွင် မောင်မောင်စိုးက ပေးအပ်၍ သက်သေများက လက်မှတ်ရေးထိုး သိမ်းဆည်းခဲ့ပါသည်။

မောင်မောင်စိုးအား မင်္ဂလာတောင်ညွှန့်မြို့နယ်ရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။


စာကလေး(တောင်ညွန့်သား)
— with ကိုကို ချစ်.
http://www.facebook.com/photo.php?fbid=478763502165082&set=a.333476536693780.68811.271775222863912&type=1&relevant_count=1

No comments:

Post a Comment