Wednesday, January 16, 2013

ဒီလိုဖြစ်သင့်သလား?

မနက်ခင်းတစ်ခုမှာ ရုံးလာတော့City Hall ရှေ့ မှာ ဆူဆူညံညံမြင်ကွင်းနဲ့တိုးတယ်
နိုင်ငံခြားသားက ခါးထောက်ထားတယ် ဒေါသတအားထွက်နေတယ်သူ့ပါးစပ်က တရစပ်ပြောတယ်။
" Give back my money"ဘေးက မြန်မာနိုင်ငံသား(ပုံမှာ ဥိးထုပ်နဲ့ အကျီကွက်ကြားနဲ့ ခြေမှာ ပတ်တီးနဲ့လူ)ကလည်း တရစပ် ပြန် ပြောနေတယ်။"I don't care, Go to police , go to police "တဲ့။
ငွေကြေးကို မျှမျှတတ မှန်မှန်ကန်ကန် လဲလှယ်မပေးတဲ့ ပြဿနာ။စိတ်မချမ်းသာစရာ ကောင်းလှတယ်။ ပိုဆိုးတာက မြို့တော်ရဲ့ အထင်ကရ နေရာကြီးမှာ။ မကောင်းမှုဒုစရိုက်လုပ်ကိုင်နေကြတယ်။
အဲဒီလူတွေဟာ ဆူးလေဘုရားရဲ့ အရိပ်အာဝါသ ကိုခိုတယ်၊ဧမာနွေလ ဘုရားကျောင်းရဲ့ အရိပ်အာဝါသကို ခိုတယ်။ နိုင်ငံခြားသားကိုလည်း ဖျံကျတယ်၊ မြန်မာအချင်းချင်းအပေါ်လည်း ဖျံကျတယ်။
ဒီလိုနေရာမျိုးတွေမှာ ဒီလို မကောင်းတဲ့ အနိဌာရုံမြင်ကွင်းတွေ ရှိနေတာ တော်တော် စိတ်ပျက်စရာကောင်းတယ်။ဘယ်ပြည်သူ့ရဲကို ခေါ်မှာလဲ ....ဘယ်လို ဖြေရှင်းမလဲ....ဘယ်သူတွေမှာ တာဝန်ရှိလဲ......
Kate Dizzel facebook မှ
 

No comments:

Post a Comment