by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, August 25, 2012 at 11:22pm ·

ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ဘိုချစ်(တောင်တွင်းကြီး)ရဲ့ “ခွေးဖြစ်ကုန်လိမ့်မယ်ဟု ဆမားကြီးက သတိပေးခဲ့သည်”ဟူသော ဆောင်းပါးကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ အိုးဝေဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက်ပါ ပါသည်။ ဟေသီမိုး
ခွေးဖြစ်ကုန်လိမ့်မယ်ဟု ဆမားကြီးက သတိပေးခဲ့သည် - ဘိုချစ် ( တောင်တွင်းကြီး )
အိုးဝေဂျာနယ်အမှတ် ( ၈၄)၊ ၁၃၃၃-ခု ၊ တပို့တွဲလ္ဆုပ်( ၂ )ရက်။ ၁.၂. ၁၉၇၂။ စာမျက်နှာ ၂၂ မှ။

လွပ်လပ်သော အချုပ်အချာအာဏာပိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံဟူ၍ မပေါ်ပေါက်သေးမှီ ကိုယ်ထီး၊ ကိုယ့်နန်းဟူ၍ မိမိတို့လက်ဝယ် မိမိတို့၏ အမွေဖြစ်သော ကိုယ်ပိုင်လွပ်လပ်ရေးကို ဘိုးစဉ် ဘောင်ဆက် ခေတ်အဆက်ဆက်က ကျိုးစားအားထုတ်၍ အသက်များကိုပင်စတေးလာခဲ့ကြသည်မှ ယခုအခါတကဲ့လွတ်လပ်ရေးသည် ယူတတ်ရင်ဖြင့် မလွဲဧကန်ရဘို့ရန် လက်တကမ်းသာ လို့တော့သော အချိန်တွင် အချိန်အခါ အခြေအနေကို ကောင်းစွာ သုံးသပ်ကြသောခေါင်းဆောင် အချို့တို့သည် လွတ်လပ်ရေးကိုသာ အရယူလိုကြသည်။ နေရာ-ရာထူးဆိုသည်မှာ တိုင်းပြည်ကို စေတနာထားသူများနှင့်သာ ထိုက်တန်ကြောင်း၊ မျှော်မှန်းမှုကို အဓိကမထားဘဲ လွတ်လပ်ရေးကိုသာ အဓိကထားပြီး၊ စည်းလုံးညီညွတ်စွာဖြင့် အရယူကြရန်ရှိကြောင်း။ အချင်းချင်းရန်ထောင်ခြင်းများ မပြုလုပ်ကြရန် ဂျိမ်းဖေါတမျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သော ဆမားဒူးဝါးဆင်းနောင်ကြီးကလည်း လွတ်လပ်ရေးအတွက် တကယ်စေတနာအပြည့်ဖြင့် ပြတ်သားရဲ့ရင့်သော မိန်းခွန်းကိုအောက်ပါ အတိုင်း လွတ်လပ်ရေး ရရန်လှုံ့ဆော်မှုပြုခဲ့ပေသည်။
အလွန် ရှက်စရာ ကောင်း၏
ကျွန်ဘဝမှ မထွက်မြောက်ရသေးသော ကျုပ်တို့တိုင်းရင်းသားအပေါင်းတို့သည် သူတောင်းစားချင်း ခွက်စောင်းခုတ်ဆိုတာလိုဘဲ တဦးနှင့်တဦး ခိုက်ရန်ဖြစ်၍ အငြင်းပွားနေကြခြင်းသည် နယ်ချဲ့သမား လက်ပါးစေတို့အား ချီးမြှောက်အာပေးရာ ရောက်ရှိသည့် အလွန်ပင် ရှက်စရာကောင်းလှတော့၏။
သခင်ဖြစ်လာလျှင် ဗိုလ်လုပ်ချင်တဲ့လူလုပ်ပါ
ဗမာပြည်ကြီးနှင့် တိုင်းရင်းသားနယ်ပါယ်များကို တည်တန့်ခိုင်မြဲစွာစောင့်ထိမ်းနိုင်လျှက်ဗမာလူမျိုး တိုင်းရင်းသား အားလုံးတို့ကို တိုးတက်ကြီးပွားစေပြီး၊ တိုင်းရင်းသား လူမျိုးတိုင်းတို့က ဖန်တီးထား သော ဗမာပြည်ထောင်စုကြီးကို မပျက်စီးစေလို့ဘဲ၊ ကြီးကျယ်ခမ်းနားသည်ထက် ခမ်းနားလာအောင် ကြီး ကျယ်ခိုင်မာလာအောင် ဖြစ်စေမည့် ပုဂ္ဂိုလ်မှန်လျှင် ထိုပုဂ္ဂိုလ်အား ကျုပ်တို့သည် အစွမ်းကုန် ကူညီမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ဒို့ဗမာပြည်ထောင်စုကြီးကို မစောင့် မထိမ်းမူ၍ ပျက်စီးရာ ပျက်စီးကြောင့်ဖြင့် သော်၎င်း၊ ကိုယ်ကျိုးကိုသာဖြစ်စေ၍သော်၎င်း၊ အကြံအစည်ရှိလျက် ဗိုလ်လုပ်ချင်သော လူဆိုလျှင် ၄င်းအားကျုပ်တို့ ခုခံရမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ကျုပ်တို့ တိုင်းရင်းသား လူမျိုးတိုင်းတို့သည် စည်းရုံးစုပေါင်းလျက် ညီညာစွာဖြင့် လွတ်လပ်သော ဗမာပြည်ထောင်စု အစိုးရကြီးကို အမြန်ဖွဲ့စည်းနိုင်အောင် ကျုပ်တို့ တိုင်းရင်းသားအားလုံး၏အဓိက လုပ်ငန်းကြီး ဖြစ်ကြောင်း။
ခွေးဖြစ်ကုန်လိမ့်မည်
ဘယ်လိုပင် ရိုက်နှက်သော်လည်း သခင်မြင်လျှင် အမြီးနှံ့သော ခွေးတို့မည်သည်မှာ သခင်ကဘယ် လောက်ပင် နှိပ်စက်စေကာမူ၊ ထမင်းမကျွေးဘဲပစ်ထား စေကာမူ၊ ဆာလောင်မွတ်သိပ်လျက် ဘယ်လောက်ပင် ဆင်းရဲသော်လည်း၊ သခင်ကိုမြင်လျှင် အမြီးနှံ့စမြဲပင်၊ ခွေး ခွေးချင်းဆုံတွေ့သောအ ခါ၊ ရန်ထောင်ကြလေတော့သည်။
ထို့ကြောင့် ကျုပ်တို့တိုင်းရင်းသားအပေါင်းတို့သည်လည်း တဦးကိုတဦးရန်ထောင်နေလျှင်ခွေးဖြစ်ကုန် သွားလိမ့်မည်။ ကျုပ်တို့ တိုင်းရင်းသားအပေါင်းတို့သည် ယခုအိမ်ပေါ်သို့မရောက် ကြသေးပေ။ အိမ် ပေါ်သို့ရောက်ကျသော အခါကျလျှင် မိမိတို့ သဘောအတိုင်းရန်ဖြစ်လိုလျင်လည်း ဖြစ်နိုင်ပါသည်။ စကားများ အငြင်းပွားနေလျှင် ခွေးမိုက်နှင့်သာ တူသော့သည်ဖြစ်၍ များစွာ ရှက်ဖွယ်ပင်…ကောင်းလှ တော့ပေသည်။ ထို့ပြင် ဗြူရိုကရက်တို့၏ လက်ပါးစေတွေ ထောင်ထားသော ညွတ်ကွင်းထဲသို့လည်း မိမိ၏ လည်းပင်းကို သွတ်သွင်းသည်နှင့် ဘာမှမထူးတော့သည်ဖြစ်ရကား အဝီစိငရဲထက်ပိုပြီး၊ အဆတရာလောက် ကြောက်စရာကောင်းလှ တော့သည်။
အောင်နီ-အောင်နက်တို့ မဖြစ်ကြစေရန်
ယခုလက်ရှိဗမာပြည်ထောင်စုကြီး၏ အခြေအနေသည် ဒီနေ့ ညီညွှတ်လျင်နက်ဖြန်လွတ်လပ်ရေးရမည် ဆိုသော ပြဒါးချိန်ဟာ ကွင်းကွင်း ကွက်ကွက်ကြီး ထင်ရှားနေပေသည်။ ယခုတလော တိုင်းပြု-ပြည်ပြု ကိစ္စနှင့်ပတ်သတ်၍ အမျိုးမျိုးသောစကားတို့ကို ကြားနေရသောကြောင့် ဗမာပြည်ကြီး လွတ်လပ်ရေး သည် “ လွတ်ကြပ်ရေး ” မဖြစ်ကြရအောင် သတိထားကြရပေမည်။ ဒီတခါ မှောက်လျှင် လှန်မရတော့ ဘူးဆိုတာ အောင်းမေ့လိုက်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ဗမာပြည်ထောင်စုကြီးကို ကောင်းစားစေလိုသော တိုင်းရင်းသားအပေါင်းတို့သည် သခင်မြင်လျှင်အမြီးနှံ့တတ်သော အောင်နီ-အောင်နက်တို့ မဖြစ်ကြရစေရန် သတိထားကြစေ လိုကြောင်းဖြင့် တချိန်က ဆမားကြီး အသတ်ထင်းရှားရှိစဉ် လွတ်လပ်ရေး အတွက် တိုင်းရင်းသားစီးလုံးညီညွတ်ရေး စိတ်ဓါတ်ကို တက်ကြွစွာဖြင့် အရယူရန် လှုံ့ဆော်ခဲ့သည်ကို ယနေ့တိုင်ကြားယောင်နေမိပေသည်။
သို့အတွက် ၄င်းအားမည်သည့်အချိန် မည်သည့် ကာလတွင်မှ မေ့မရနိုင်သော ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ထိုက်ပေကြောင်း
ဖေါ်ပြလိုက်ရပေသည်။ ။ ။
ဟေသီမိုး မှ ကျေးဇူးပြုသည်။
ဆက်စပ်ဖတ်ရှုရန်-
ခွေးဖြစ်ကုန်လိမ့်မယ်ဟု ဆမားကြီးက သတိပေးခဲ့သည်
ကချင် အမျိုးသားခေါင်းဆောင်ကြီး ဆမား ဒူဝါး ဆင်းဝါးနောင်
ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ
No comments:
Post a Comment