Tuesday, January 22, 2013

“ဌေးလွင်ဦးအကြောင်း တစေ့တစောင်း”

‎ ကိုဌေးလွင်ရဲ့ အကြောင်းကို ထိုင်းမှာကတည်းက အနီးကပ်နေဖူးလို့ ကောင်းကောင်းသိခဲ့ပါတယ် ။ အခု New York State , Utica မှာနေပါတယ် ။ Utica ရောက်ကာစက ပိဋကတ် သုံးပုံ စာပေတွေလေ့လာပြီး တချို့ ဘုန်းကြီးတွေထက်တောင် ပိဋကတ် သုံးပုံ အကြောင်းဆွေးနွေးနိုင်လို့ ကိုဌေးလွင်ဦးကို ယူတီကာမှာရှိတဲ့ ဆရာတော်ဦးပညာကတောင် 2005 မှာပြောခဲ့ ပါတယ် ကိုဌေးလွင်ဟာ တချိန်မှာ ဗုဒ္ဓဘာသာ ထဲကိုပြောင်းလာနိုင်တယ်လို့  ။

တကယ်တော့ ကိုဌေးလွင် ပိဋကတ် သုံးပုံ ကိုလေ့လာတာက ပိဋကတ် သုံးပုံ ထဲက သာမန်လူတွေနားမလည်နိုင်တဲ့ အချက်တွေနဲ့  သူကိုးကွယ်တဲ့ ကိုရမ်ထဲက အချက်တွေနဲ့ နှိုင်းယှဉ်ပြပြီး လေ့လာမှုအားနည်းတဲ့ ဗုဒ္ဓဘာသာဝင်အချို့ကို မွတ်စလင်ဘာသာထဲသွတ်သွင်းနိုင်ခဲ့တယ် ။ ယူတိကာရှိ လူများထံ စုံစမ်းနိုင်ပါတယ် ။ အနီးကပ်လေ့လာမိသလောက် စကားပြော တော်တော်လေးကောင်းပါတယ် ။ လေ့လာမှုနဲ့ စာဖတ်အား သာမန်လူတွေထက်စာရင် တော်တော်ကောင်းပါတယ် ။ ဒါပေမဲ့ အတွင်းစိတ်နဲ့  ဗုဒ္ဓဘာသာဝင်တွေပေါ်ထားတဲ့ စိတ်ကတော့ ဆိုးပါတယ် ။ အပြင်ပန်းအားဖြင့် ဗုဒ္ဓဘာသာ အပေါ်လေးစားသယောင်ရှိပေမဲ့ အတွင်းစိတ်ကတော့ အစွန်းရောက်မွတ်စလင်တဦးပါ ။

အခုယူတီကာမှာဗမာဆိုင်ဖွင့်ထားပါတယ် ။ ငွေကတော့ သူ့ မိန်းမနဲ့ ကွာရှင်းထားတဲ့ ပုံပြထားပြီး သူ့ မိန်းမကို Single Mother ဖြစ်စေကာ (အမေရိကန်)အစိုးရထံမှ အခွင့်အရေးများစွာကို လိမ်ယူထားပါတယ် ။ NYC မှကျောက်သဌေးတဦးထံမှ ရွှေနှင့် ကျောက်မျက်ရတာနာ များကိုရောင်းချပေးမည်ဆိုပြီး သူ့ ဇနီးမှ အချီကြီးလိမ်လည်ခဲ့ဖူးပါတယ် ( ပိုင်ရှင်ထံမှ ခွင့်ပြုချက်မရသေးသောကြောင့် နာမည်ဖေါ်မပြလိုသေးပါ ) ။ ဒါကျတော် သိရသလောက် ကိုဌေးလွင်ရဲ့စရိုက်အချို့ ဖြစ်ပါတယ် ။ ဒီလိုစရိုက်အချို့ နဲ့ တင် ဒေါက်တာအေးချမ်းနဲ့ စကားပြောခွင့်ပေးရန် မတန်ပါ ။

ကိုဌေးလွင်ဦးရဲ့ ဇနီး မအေးမြ ဟာ နာမည်ရှိတဲ့  နိုင်ငံရေးသမား နိုင်ကို ရဲ့ ညီမဖြစ်ကာ ၊ ကိုဌေးလွင်ဦးကတော့ 88 အကသ ခေါင်းဆောင်ဇေယျာဝင်းနဲ့ အမျိုးတော်စပ်တယ်လို့ ကြားဖူးပါတယ်။

By Aung Myo Min

No comments:

Post a Comment