မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့
ရန္တပိုရွာ၌ အင်္ဂလိပ်အရေးပိုင် ဗိုလ်ချုပ်မင်းတို့နှင့် မြန်မာအရေးပိုင်
လယ်ကိုင်းမြို့စား ၀န်ကြီးမင်းေ၇ွှခွန်ဝန် ၊အတွင်းဝန်မင်းကြီးတို့သည်
အချင်းချင်း စိတ်သဘော တူမျှ၍ ပြောဆိုကြသည့်စကားမှာ
ပြည်မြို့မှာ အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့ရပ်နေ၍ မထွက် မသွားမီ ပြည်မြို့ပတ်လည် ခရီးသုံးသောင်းကွာ
အတွင်း မြန်မာတပ်မ ချီမတက်စေရ။ ဆင့်ဆိုသိမ်းဆည်းပါမည်။ ရန်ကုန်မြို့မှာ အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ အင်္ဂလိပ်မြို့သို့ မသွားမီ ရန်ကုန်မြို့ပတ်လည် ခရီးလေးသောင်းကွာ မြန်မာတပ်မ ချီမတက်စေရ ဆင့်ဆို သိမ်းဆည်းပါဆိုသည်အတိုင်း သိမ်းဆည်းပါမည်။ ဧရာဝတီမြစ်တွင် အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့်က လှေတက် သမ္ဗာန်နောက်ကျန်၍နေလျှင် မသိမ်းမယူ မတားမဆည်းပါနှင့်၊ သူခိုးလူဆိုးတို့ကိုလည်း မတိုက်မယူစေရ၊ဆင့်ဆိုစေပြိးလျှင် ရန်ကုန်မြို့ဖြစ်စေ၊ ပင်လယ်ရောက်ဖြစ်စေ၊ ဘုန်းတော်ကိုခိုလှုံ၍ ကောင်းမွန်စွာလာရောက်ပါစေဆိုသည့်အတိုင်း မြန်မာအရေးပိုင် လယ်ကိုင်းမြို့စားမင်းကြီးေ၇ွှခွန်ဝန်၊အတွင်းဝန်မင်းတို့က အသာအယာရောက်စေမည်။
လယ်ကိုင်းမြို့စားဝန်ကြီး
ရွှေခွန်ဝန်-အတွင်းဝန်။
THE TREATY OF YANDABO
စာချုပ်ပါ အချက်အလက်များ
ပဌမ။ အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ပြေငြိမ်း၍ မိတ်သဟာယ အစဉ်အဆက်ဖြစ်စေ။
ဒုတိယ။ မြန်မာရှင်ဘုရင်က အာသံပြည်မြို့ရွာ အက္ကပတ်ပြည်၊ ဝေသာလီပြည်တို့ကို အစိုးမပိုင် ၊နောင်တဖန် မစီရင်ရ၊ မဏိပူရမြို့မှာလည်း ဂမ္ဘီရရှိန်တိုသည် မိမိပြည်သို့ပြန်၍ မင်းလုပ်လိုလျှင် မြန်မာရှင်ဘုရင်က အဆီးအတားအနှောင့်အယှ်မပြုနေရမည်။
တတိယ။ နောက်တဘန် ပြည်ကြီးနှစ်ပြည်အပိုင်အခြားကို ငြင်းခုံရန် အကြောင်း မရှိရအောင် အင်္ဂလိပ်မင်းသည် တိုက်၍အောင်ခဲ့သော ရခိုင်၊ရမ်းဗြဲ၊ မာန်အောင်၊သံတွဲ၊တည်းဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ ၊ရိုးမဘိုးခေါင်တောင်တန်း မော်တင်စွန်းစေတီကြီးထိ၊ စပ်ကြားအပိုင်းအခြား ဖြစ်စေ နောက်မှ အပိင်းအခြားငြင်းခုံရန်ရှိလျှင် အင်္ဂလိပ်မင်း၊ မြန်မာမင်းက ခန့်ထားသောသူတို့သည် အထက်နယ်နမိတ်အတိုင်း မှန်ကန်အောင် စိရင်စေ၊ ခန့်ထားသောသူတို့လည်း အရာရှိ မှူးမတ်သူကောင်းဖြစ်ရမည်။
စတုတ္ထ။ မြန်မာရှင်ဘုရင်သည် အင်္ဂလိပ်မင်းကို ယေး၊ မြိတ်၊ထားဝယ်၊တနသာင်္ရီမြို့ရွာ နယ်နိမိတ် တောင်ကမ်းကျွန်းများနှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ် အပိုင်းအခြားဖြစ်ရမည်။နောက်မှ အပိုင်းအခြား ငြင်းခုံရန်ရှိလျှင် အထက်ကဆိုခဲ့ပြီးသည့်အတိုင်း စီရင်စေ။
ပဉ္စမ။ မြန်မာရှင်ဘုရင်သည် ပ်ြညကြီးနှစ်ပြည် အစဉ်မိတ်သဟာယ ဘွဲ့စေချင်သော စေတနာ၊ အလိုထင်ရှား ရှိစေခြင်းငှါ၎င်း၊ အင်္ဂလိပ်က စစ်တိုက်၍ ကုန်သောစရိတ်အနက် အနည်းငယ်ပြေရအောင် ကျပ်သုံးဒင်္ဂါးပြားရေ တစ်ကုဋေ ပေးရမည်။
ဆဌမ။ ယခုစစ်တိုက်ကြသည်အတွင်း ကုလားဘက်သို့ဝင်စားသော မြန်မာရှင်ဘုရင်ကျွန်၊ မြန်မာဘက်သို့ဝင်စားသော ကုလားတို့မှာ အလိုလိုဝင်စားသည်ဖြစ်စေ ၊အနိုင်ဝင်စားရသည်ဖြစ်စေ အဘယ်သူမျှ တဘက်ဘက်သို့ ၀င်စာသည့်အတွက် ရာဇ၀တ်မခံ၊အနှောင့်အယှက်မရှိစေရ။
သတ္တမ။ ပြည်ကြီးနှစ်ပြည် ၊ယခုဘွဲ့သော သဟာယမြဲစေခြင်းငှါ အင်္ဂလိပ်မင်းခန့်ထားသော အရာရှိတယောက် အခြွေအရံ လူငါးဆယ် လက်နက်ကရိယာအစုံနှင့် မြန်မာမြို့တော်မှာနေစေ။ မြန်မာမင်းကခန့်ထားသော အရေးပိုင်အရာရှိတယောက် အခြွေအရံလူငါးဆယ် လက်နက်ကရိယာအစုံနှင့် ကုမ္ပဏီဘုရင်မြိုပတော်မှာနေစေ။ ကုလားပြည်မှာနေသောမြန်မာမင်း၊ မြန်မာပြည်မှာနေသော ကုလားမင်းတို့သည် မိမိတို့နေထိုင်ရန် အတော်အသင့်တိုက်အိမ်ကို ၀ယ်လိုလျှင် ၀ယ်၍နေစေ၊ အသစ်တည်လုပ်လိုလျှင်လည်း တည်လုပ်စေ။ ၄င်းနိုင်ငံ နှစ်ပါးအကျိုးစီးပွားကို ဖြစ်ထွန်းစေခြင်းငှါ ရွှေလမ်းငွေလမ်းဘွင့်၍ အချင်းချင်း ဘောက်ကားရောင်းဝယ်ခြင်း၊ အမှုအရေးများနှင့်ဆိုင်သော စာချုပ်ကိုထပ်၍လုပ်စေရမည်။
အဌမ၊ စစ်မရှိမတိုက်မီ ကြွေးဟောင်းမြီဟောင်းရှိသမျှ မင်းအရာရှိဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသားဆိုင်သည်ဖြစ်စေ၊ သစ္စာရှိသည့်အတိုင်း ကုန်စင်အောင်ဆပ်စေရမည်။ ကြွေးတင်သည်နောက် စစ်ဖြစ်သည်ဆို၍ မကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူမရှိစေရ။ စစ်တိုက်သောအမှုကြောင့် အဘယ်မျှကုလားဖြစ်စေ၊ မြန်မာဖြစ်စေ သူ့ဥစ္စာကို အသိမ်းအယူမရှိစေရ။ အင်္ဂလိပ်ရှင်ဘုရင်ကျွန် ဖြစ်သူတို့သည် မြန်မာနိုင်ငံတွင် သေ၍ အမွေခံမရှိလျှင် ကျန်ရစ်သော ဥစ္စာပစ္စည်းရှိသမျှကို မြန်မာနိုင်ငံတွင်နေသော အရေးပိုင်လက်သို့ ကုလားဖြူထုံးစံအတိုင်း အပ်ရမည်။ ထိုနည်းအတူ မြန်မာမင်းကျွန်ဖြစ်သူတို့သည် အင်္ဂလိပ်နိုင်ငံတွင် သေ၍ အမွေခံမရှိလျှင် ကျန်ရစ်သော ဥစ္စာပစ္စည်းရှိသမျှကို ဘင်္ဂလိပ်နိုင်ငံတွင် နေသော မြန်မာမင်းလက်သို့ အပ်ရမည်။
န၀မ။ အင်္ဂလိပ်သဘောင်္များကို မြန်မာမြို့ဆိပ်ကမ်းသို့ ၀င်ရောက်လျှင် တက်မမချွတ်၊ အမြောက်မချဘဲ၊နေသကဲ့သို့ ဘင်္ဂလိပ်မြို့သို့ဝင်ရောက်သော မြန်မာသဘောင်္သည်လည်း အနှောင့်အယှက်မရှိဘဲ နေရမည်။
ဒသမ။ အင်္ဂလိပ်မင်းနှင့် မိတ်သဟာယဘွဲ့သော ယိုးဒယားရှင်ဘုရင်သည် ဘင်္ဂလိပ်ဘက်သို့ စစ်ကူ၍ ၀င်စားလာသည်မှာ ယခုချုပ်ဆိုပြုလုပ်ကြသော မိတ်သဟာယစာချုပ်တွင်အပါအ၀င်ဖြစ်သည်ဟု မှတ်ရမည်။
ဧကာဒသမ။ ယခုပြုလုပ်သော မိတ်သဟာယ စာချုပ်ကို မြန်မာရှင်ဘုရင်ခန့်ထားတော်မူသော အရေးပိုင် သံတမန်တို့သည် လက်မှတ်တံဆိပ်ခတ်နှိပ်ရမည်။
၁၁၈၇ ခုနှစ် ၊တပေါင်းလပြည့်ကျော် (၃)ရက်နေ့
မူရင်းစာသားအတိုင်း တင်ပြပါသည်။
ကိုးကား။ မြန်မာနှင့် အင်္ဂလိပ် စစ်ပွဲကြီးရာဇ၀င်စာအုပ် စာမျက်နှာ ၆၆ -၇၀ မှ

No comments:
Post a Comment