ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Thursday, January 17, 2013
ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း
မန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာ လို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာ ကျင်းပမယ့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မယ့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့အတွက် စီစဉ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင်ဘွဲ့ယူဖို့အပြင် ဇန်နဝါရီလ ၂၉ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အယ်လ်ပို်င်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ခုနှစ် ဆောင်းရာသီ ပြုံချမ်းအထူးအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာ အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။
ref;http://burmese.voanews.com/content/soul-south-korean-award-daw-aung-san-suu-kyi/1585842.html
Subscribe to:
Post Comments (Atom)

No comments:
Post a Comment