Friday, January 11, 2013

ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ

2013-01-11
တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေ နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
(Photo: AFP)
ူမန်မိာိုံင်ငံမြ လြေူဖင့် ထကြ်ေူပးလာသော မူစလင် ဒုက္ခသည် ၇၇ဦးကို ၂၀၀၆ခိုံစြ် ဧ္ဘပီ ၂၅ရက်နေႛတငြ် အင်ဒိုနီးရြားရဲအစောင့်ူဖင့် တြေႚရပုံဖစ်ပၝသည်။ စစ်အစိုးရအုပ်ခဵပ်ြသောူမန်မိာိုံင်ငံမြ အင်္စလာမ် ဘာသာဝင်မဵားလည်း အဴခားႎိုင္ငံမဵားသိုႛ နည်းလမ်းမဵြိးစုံဖင့် ထကြ်ေူပးနေုကသည်။ (Photo: AFP)


ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီ ရိုဟင်ဂျာ ၈၅ ယောက်ကို သက်သေအထောက်အထား လက်မှတ်တစ်စုံတစ်ရာမရှိတဲ့အတွက် လူင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ နေပြည်တော်ကို တင်ပြထားရာက ဇန်နါရီ ၁ ရက်နေ့ မနေ့ညနေက နေရပ်ဒေသကိုပဲပြန်ပို့ဖို့ ညွန်ကြားလာတဲ့အတွက် ဒီကနေ့မနက်မှာ ပြန်ပို့လိုက်တာဖြစ်တယ်လို့ ကော့သောင်း လူင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး က RFA ကို ပြောပါတယ်။

"အထက်ကို တင်ပြထားတာကို တရားမစွဲပါနဲ့ နေရပ်ဒေသပဲပြန်ပို့ပါဆိုပြီးတော့ နေပြည်တော်က အဲ့လို အကြောင်းပြန်လာတယ် မနေ့က ၄ နာရီလောက်ကပေါ့။ အဲဒါကြောင့်မို့ ဒီနေ့မနက်ပြန်ပို့တာ၊ ပို့လိုက်ပြီ အကုန်ပို့လိုက်ပြီ ဒီနေ့မနက်၊ ကျနော်တို့က ဒီကနေပြီးတော့ မြိတ်ကိုသွားမယ်၊ မြိတ်ကနေပြီး မြစ်ကြီးနားသဘောင်္နဲ့ ရန်ကုန်ကိုပေါ့၊ ကျနော်တို့ ရန်ကုန်မှာ တိုင်းလ
ကအစီအစဉ်နဲ့ သူတို့နေရပ်ဒေသ ပြန်ပို့မှာပေါ့နော်"

ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာ ၈၅ ယောက်ဟာ ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ သဲချောင်း ဒုက္ခသည်စခန်းကနေပြီး ဇန်န
ါရီ ၂ ရက်နေ့ ည ၁ နာရီခွဲခန့်မှာ ကော့သောင်းမြို့ သီိရိမြိုင်ရပ်ကွက်ကို စက်လှေနဲ့ရောက်ရှိလာကြပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ၃၆ ယောက်သာပါ
င်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေက ၄၉ ယောက် ပါရှိတယ်လို့ ကော့သောင်းလူင်မှု ကြီးကြပ်ရေး ဦးစီးမှူးထံမှ သိရပါတယ်။

ref; /http://www.rfa.org/burmese/news/rohingya-kaukthaung-01112013043845.html

No comments:

Post a Comment