Friday, January 11, 2013

စစ်တွေမြို့လောကနန္ဒာ စေတီတော် တွင် ဠင်းတနား


စစ်တွေမှ အထင်ကရ နေရာ (၂) ခုတွင် လင်းတနား
သန်းမင်းထိုက်

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ အထင်က နေရာ (၂) ခုတွင် လင်းတ တစ်ကောင် လားနားသဖြင့် ဝေဖန်ပြောဆိုမူ အမျိုးမျိုး ထွက်ပေါ်နေသည်ဟု သတင်း ရရှိသည်။

ဇန္န၀ါရီလ ၉ ရက်နေ့ နံနက် ၈ နာရီ ကျော်တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် အရှေ့ဘက် စောင်းတန်း အနီးရှိ သစ်ပင်ပေါ်တွင် ပထမ လာနားခဲ့သည်ဟု ဆိုသည်။

လောကာနန္ဒာစေတီမှာ စစ်တွေမြို့တွင် အကြီးဆုံး စေတီ ပုထိုးတော် ဖြစ်ပြီး န၀တ၊ နအဖ စစ်အာဏာရှင်များ တည်ထားခဲ့သော စေတီ ဖြစ်သဖြင့် ပြည်သူများ အကြားတွင် အမျိုးမျိုး ဝေဖန်မူ ရှိနေသော စေတီဖြစ်သည်။ ယခုနှစ်ဆန်းပင်တွင် အဆိုပါ စေတီတွင် လင်းတ လာနား သဖြင့် လူအများက နမိတ်မကောင်းဟု ပြောဆိုနေကြသည်ဟု သိရသည်။

အဆိုပါ လင်းတသည် လူများ ၀ိုင်းအုံကြည့်ရှု့စဉ် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး စစ်တွေမြို့ မိုက်ကရိုဝေ့ တိုင်ကြီးတွင် ဆက်လက် နားသည်ဟု မျက်မြင်များက ပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့တွင် လင်းတ လာနားသည်မှာ မကြုံဖူးသဖြင့် ကိုယ်တိုင် မြင်တွေ့လိုက်သူ ဆက်သွယ်ရုံးဝင်း တာဝန်ကျနေသူ ဦးလှမောင်သာက ယခုလို ပြောသည်။

“ ကျွန်တော်က ဒီလို ငှက်မျိုးကို တီဗီတွေထဲမှာဘဲ မြင်ဖူးတာ။ ကိုယ်တိုင်မြင်ရတော့ အံ့သြသလို စိတ်ထဲမှာ နမိတ် မကောင်းသလိုလည်း ခံစားရမိပါတယ်။ ရခိုင်ပြည်မှာ ဘေးအန္တရာယ်တွေ မကျရောက်ပါနဲ့လို့ဘဲ ဆုတောင်း ပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သော အပတ်ကလည်း ရန်ကုန် ရွှေတိဂုံစေတီတော်တွင် လင်းတငှက်များ လာနားသဖြင့် ပြည်သူများ အကြားတွင် အမျိုးမျိုး ဝေဖန်ပြောဆိုမူများ ထွက်ပေါ်ခဲ့သည်။

စစ်တွေ လာကာနန္ဒာ စေတီ။

အေးချမ်းမွန်မှ Narinjara News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

No comments:

Post a Comment