Tuesday, January 8, 2013

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် နှင့် Messenger News Journal အမေးအဖြေ

Messenger News Journal တွင်ဖော်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့်တွေ့ဆုံမေးမြခန်းဖြစ်ပြီး မှုရင်းအတိုင်းပြန်လည်ဖော်ပြခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းနှစ်ခုယုံကြည်မှုတစ်ခု တည်ဆောက်ဖိုလိုပါတယ် 
အယ်ဂျာဇီးယားသတင်းဌာန၏ ရခိုင်ပဋိပက္ခသတင်းထုတ်လွှင့်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန ကန့်ကွက်မှုများရှိခဲ့ပြီးယင်းသတင်းဌာန၏ စွပ်စွဲချက်တစ်ခုဖြစ်သော လူမျိုးသုဉ်းသတ် ဖြတ်မှုဆိုသော အသုံးအနှုန်း အပေါ် နယ်ပယ်အသီးသီးမှအပြင်းအထန်ကန့်ကွက်မှုများရှိခဲ့ပါသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌဦးေ အးမောင်အားThe Messengerဂျာနယ်မှ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ အယ်ဂျာဇီးယားသတင်းဌာနက ရခိုင်ကိစ္စထုတ်လွှင့်မှုကိုမြန်မာအစိုးရကန့် ကွက်မှုအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ ထုတ်လွှင့်ချက်မှာ မြန်မာအစိုးရတားတာ ဘာ ကြောင့်လဲဆိုတာ ကျွန်တော်ယူဆနိုင်တာ၊သူတို့က ဖုံးကွယ်ထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းလို့ ပြောတာကိုး၊hiding Genocideခေါ်တယ်၊ ဖုံးကွယ်ရင် ဘယ်သူဖုံးကွယ်မလဲ၊လူထုက ဖုံးကွယ်လို့ ရချင်မှရမယ်လေ၊အစိုးရမှာ တာဝန်ရှိတဲ့သဘောပေါ့၊ဂျီနိုဆိုဒ်လို့သုံးနှုန်း တဲ့အခါကျတော့မျိုးသုဉ်းအောင်သတ်ဖြတ်တယ်လို့ သုံးတယ်လေ၊ ဒါနဲ့ပတ်သက်ပြီးမျိုးသုဉ်းအောင် သတ်ဖြတ် တယ်ဆိုရင် ဗိုလ်ချုပ်သိန်းဌေးတို့၊ ဗိုလ်ချုပ်လှမင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ ပြောတဲ့အထဲမှာလည်းပါတယ်လေ။ ပွားနှုန်းတွေကို ကြည့်ရင်အဲဒီအထဲကဒီလောက်ပွားလာ တာကို ကြည့်ရင်ဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းလေး တောင် ပြန်မေးတယ်လို့ကြားတယ်၊ ခေါင်းစဉ်လေးကိုကအစိုးရက ကန့်ကွက်မယ်ဆို ကန့်ကွက်လောက်တဲ့အသုံးအနှုန်းဗျ၊ဝေါဟာရ ရွေးချယ်မှုပေါ့၊အဲဒါကို ကန့်ကွက်တာတော့ ကျွန်တော်တို့လက်ခံတယ်။ လူမျိုးသုဉ်းသတ် ဖြတ်တယ်ဆိုတာ မဟုတ်ဘူး။ နိုင်ငံတကာ သတင်းဌာန ကြီးတစ်ခုက တစ်ဖက်သတ်စွပ်စွဲတာမျိုးကနိုင်ငံတော်အစိုးရကလည်း ငြင်းရမှာဖြစ်သလို၊ဒေသခံပါတီဖြစ်တဲ ကျွန်တော်တို့ပါတီကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။

မေး။ အွန်လိုင်းစာမျက်နှာတချို့မှာ ဒေါက်တာအေးမောင်ကလည်းလူမျိုးသုဉ်းသတ် ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ရေးသား မှုမျိုးကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံရေးပါတီတွေဆိုတာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်လာကြတာကိုး။ ခွင့်ပြုချက်ထားခဲ့တာတို့၊ဘာတို့ မယုံသင်္ကာကြားထဲက ကျွန်တော်တို့ထူ ထောင်ခဲ့ကြတာ။ ကျွန်တော်တို့ပါတီမှာ အစိုးရကိုယ်၌ကိုကယုံကြည်မှုရှိချင်မှရှိမယ်။ ကျွန်တော်တို့တွေဖြတ်သန်းရတာက ဘေးကျပ်နံကျပ်ပါ။ အစိုးရကလည်းမလုံခြုံဘူး။ ပြည်ပကလာတဲ့အဖွဲ့အစည်းတွေ ကလည်း မလုံခြုံဘူး။ ကျွန်တော်တို့တစ်ခုပဲရှိတယ်။ ကျွန်တော်တို့အမျိုးသားရေးစိတ်ဓာတ်က ထားသင့်ထားအပ်တဲ့အမျိုးသားရေးစိတ်ဓာတ် ကျွန်တော်တို့မှာရှိတယ်။ ထားနေတဲ့ အမျိုးသားရေးစိတ်ဓာတ်ကလူများလူမျိုးစု၊ ဘာသာခြားတွေကိုစော်ကားဖို့မဟုတ်ဘူး။ ကျွန်တော်တို့ရေရှည်တည်တံ့ဖို့ကို ဝံသာနုရက္ခိတတရားနဲ့နေတာ။ပွင့်ပွင့်လင်းလင်းပြော ရင်တစ်ရာမှာ ငါးယောက်ခြောက်ယောက်ရှိရင် ရှိမယ်။ ကျွန်တော်တို့ဒေသတည်မြဲဖို့အတွက်ပါ။ အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးတဲ့အခါ ကျတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ ပြည်ပမှာသွားမယ် မဟုတ်ရင်နောက်နိုင်ငံတွေ ထိုင်းနိုင်ငံတို့ဘာတို့သွားအလုပ်လုပ်ကြတယ်။ ကချင်တို့ဘာတို့မှာသွားပြီးအလုပ်လုပ်ကြတယ်။ ဒီဘက်မှာ ရခိုင်လူဦးရေကတ ဖြည်းဖြည်းလျော့ လျော့သွားတယ။်ဒါပေမဲ့ကျွန်တော်တို့ မှာ စိတ်ဓာတ်တစ်ခုတော့ရှိတယ်။ကိုယ့် နေရာကိုယ့်ဒေသကိုမခွာဘူး။ တစ်ချိန်ချိန်မှာပြန်ထူထောင်မယ်ဆိုတဲ့စိတ်ဓာတ်ရှိတယ်။ ကျွန်တော်တို့မြေကို ဘယ်သူ့ကိုမှမပေးဘူး။ အဲလိုလုပ်တဲ့အခါတရားသဖြင့်ပဲကျွန်တော်တို့ ရပ်တည်တယ်။ ဘာသာခြားတွေလာတဲ့အခါ တရားသဖြင့် ထားပေးတာရှိတယ်။ မည်သည့်ဘာသာကိုမှမစော် ကားဘူး။ ဒီကိစ္စဖြစ်သွားတဲ့ကာလမှာလည်းကျွန်တော်တို့က တည်ငြိမ်အောင်ကြိုးစားခဲ့ပါတယ်။

မေး။ ။ အခုစစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီတွေ နေထိုင်တာမတွေ့ တော့ဘူး။ ဈေးမှာလည်း ဘင်္ဂါလီတွေမရှိတော့ဘူးလို့သိရပါတယ်။ ရေရှည်မှာ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဒါကတော့ လူထုက ဆုံးဖြတ်တာဗျ၊ ဒီမိုကရေစီမှာ လူထုကအဓိကပဲ။ ဥပမာ လူထုနဲ့ အာဏာပိုင်နဲ့၊လူထုနဲ့ပါတီနဲ့ကွဲသွားတဲ့တစ်ချိန်မှာ ပါတီကျဆုံးမှာပဲ။ အာ ဏာပိုင်ကျဆုံးမှာပဲ။ လူထုက အရာရာကို ပိုင်စိုးတာကိုး။ ဘင်္ဂါလီလူထုရှိမယ်။ ရခိုင်လူထုရှိမယ်။ လူထုနှစ်ခုသင့် မြတ်ဖို့က အင်မတန်လိုအပ်တယ်။ သင့်မြတ်မှလည်း အတူယှဉ်တွဲနေထိုင်လို့ရမှာကိုး။ သင့်မြတ်ဖို့အတွက် သူတို့ ကြိုးစားခဲ့ကြတဲ့ကာလတွေရှိတယ်။ ရခိုင်ပြည်နယ် ရဲ့ သမိုင်းကိုမေ့ပစ်လို့မရဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့သမိုင်းကိုလည်း မေ့ပစ်လို့မရဘူး။ ၁၉၄၂ က ဖြစ်ခဲ့တဲ့ဟာကို လည်းပြန်လည်သုံးသပ်ဖို့လိုမယ်။ အဲဒီကာလကအခု ဇွန်လမှာ မဖြစ်ခင်ကာလအထိအခုလိုဖြစ်စဉ်မျိုး ဘယ် နှစ်ကြိမ်ဖြစ်ခဲ့သလဲ။ ဘယ်ဘယ်လိုလူသားတွေကို ရက် ရက်စက်စက်သတ်ဖြတ်ပြီးကာမှ မနေနိုင်အောင် ရခိုင်တွေကို အတွင်းကို မောင်းသွင်းခဲ့သလဲ။ တစ်ခုချင်းတစ်ခုချင်း လေ့လာဖို့လိုတယ်။ အင်မတန်ကြီးမားတ ဖြစ်စဉ်တွေဟာ ၁၉၄၂ နောက်ပိုင်းမှာရှိခဲ့တယ်။ ကျွန်တော်တို့ဒေသကို ဘင်္ဂလားဒေ့ရှ်ဖြစ်အောင် ပါကစ္စတန်ဖြစ် အောင်လုပ်ခဲ့တာတွေရှိတယ်။ ယခုတော့ယုံကြည်မှုတွေ ပြိုပျက်နေကြပြီ။ ပြန်ပြီးတော့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိဆိုတာ အစိုးရကပဲ။ စဉ်းစားရမှာ။ မီးလောင်းပြင်နေရာတွေမှာ ပြန်ထားမယ်။ မထားဆိုတာ ကလည်းဒီအစိုးရကပဲ လုပ်ရမယ့်ကိစ္စ။ ကျွန်တော်တို့က ထားပါလို့လည်း မပြောဘူး။ မထားနဲ့လည်းမပြောဘူး။ ဒါပေမဲ့ ထားခြင်းအားဖြင့်ဖြစ်လာမယ့် အကျိုးဆက်ရေ ရှည်တည်ငြိမ်အေးချမ်းမှုဆိုတဲ့ကဏ္ဍကို ဘယ်လိုအနှောင့် အယှက်ပြုမလဲဆိုတာ သုံးသပ်ဖို့လိုမယ်။ အဲဒီကိစ္စကလူထုနှစ်စုရဲ့ သင့်မြတ်မှုပဲ။ ယုံကြည်မှုကိုသူတို့တည် ဆောက်နိုင်ရမယ်။ ရေရှည်သွားဖို့လိုမယ်။ ဒီနေ့မီးလောင်မယ်။ အဆောက်အဦးပြန်ေ ဆာက်မယ်။ အတူနေပါဆိုတာ မျိုးဖြစ်ခဲ့လို့ရှိရင် သန်ဘက်ခါမီးလောင်ရင်အစိုးရရဲ့တာဝန်ဖြစ်တယ်။

မေး။ ။ ပဋိပက္ခတွေပြီးသွားခဲ့တာကြာမှ အယ်ဂျာဇီးယားကအခုလိုထုတ်လွှင့်တာက ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါပေါ့ဗျ၊တတိယအကြိမ်ဖြစ်ဖ ကျွန်တော်တို့စိုးရိမ်ပါတယ်။ အိုဘားမားလာတုန်းကလည်းကျွန်တော်တို့ပြောတယ်။အိုဘားမားက ရိုဟင်ဂျာဆိုတာကိုသုံးသွားတဲ့အခါကျတော့ ငါတို့ဘက်က ထောက်ခံတယ်။ အမေရိ ကန်ဆိုတာ ဒီမိုကရေစီဆိုတဲ့အသိ ဝင်သွားလို့ရှိရင်ရိုဟင်ဂျာလို့ ထပ်သုံးပြီးကာမှအဲဒီကာလမှရိုဟင်ဂျာ လို့ နာမည်မပေးလို့ရှိရင်လက်မှတ်မထိုးတာတို့၊ အခုလည်း အယ်ဂျာဇီးယားက အာရပ်ဘာသာစကားနဲ့လည်းလွှင့် တယ်ဆိုတဲ့အခါကျတော့ အာရပ်ပြည်သူလူထုကို အသိပေးချင်သလိုဖြစ်မှာပဲ။ ဒါပေမဲ့ဒီဟာကို ကြည့်တဲ့အခါအခြေအမြစ်မရှိဘူးဗျ၊ လုပ်ကြံဖန်တီးထားတာဖြစ်တယ်။ လုပ်ကြံဖန်တီးထားတာဆိုတော့မီးလောင်ပြင်ကိုပြတယ်။ မောင်တောက လူတွေနဲ့ပြတာများတယ်။ စစ်တွေကဆိုလူတစ်ယောက်ရှိတယ်။ အဲဒီလူကလည်း အင်မတန်ရုပ်ပျက်ဆင်းပျက RNDP ကို စွပ်စွဲတာပဲ။ ဒါမျိုးစွပ်စွဲတယ်ဆိုတာ အခြေအမြစ်ခိုင်ခိုင်မာမာ ကိုယ့်မှာ ရှိဖို့လိုတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်လူပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သရေကို စော်ကားသလိုဖြစ်တယ်။ နိုင်ငံတကာမှာ တရားစွဲတောင်ခံရတယ်။ ကျွန်တော်တို့ကတော့ ပြန်လည်သုံးသပ်ဖို့ လိုဦးမှာပေါ့လေ။ ပါတီတစ်ခုရဲ့ခေါင်းဆောင် တစ်ယောက်ကိုစွပ်စွဲတယ်ဆိုတာမျိုးက ကိုယ့်ဘက်က မခိုင်လုံရင် ကြီးမားစွာ တုံ့ပြန်မှုကို သူတို့ခံရနိုင်တယ်။ မီးလောင်ပြင်ဟာ မောင်တောမှာ လောင်တယ်။ ဗလီတွေ ပိတ်ထားတာကိုပြတယ်။ ဗလီနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကျတော့မျက်လုံး မမှတ်မိအောင်လုပ်ထားတယ်။ မောင်တောဘက်မှာ မီးလောင်တာကရခိုင်အိမ်တွေလောင်တာဗျ။ လူတွေကိုသတ်တယ်။ မီးတိုက်ထဲကိုသွင်းတယ်။ ထွက်ဆိုသွားတဲ့အရာအားလုံးဟာ ကျွန်တော်ထင်ပါတယ်၊ဒါက စတီဒီယိုထဲမှာ ရိုက်တာပါ။ ဘာလုပ်တယ် ညာ လုပ်တယ်ခံရအောင် လုပ်တယ်ဆိုတဲ့အမျိုးသမီးဟာလည်းပဲ နောက်ဆုံးတော့ဇာတ်လမ်းအရ သူသေသွားပြီပေါ့ ဗျာ၊ဒီလို ယုတ်တိယုတ်တန်မဲ့တဲ့သတင်းတစ်ခုကို ဒီလိုနာမည်ကြီးသတင်းဌာနတစ်ခုက ထုတ်လွှင့်တာကိုကတစ်ခုခုကို ဖန်တီးသလားဆိုတာ ကျွန်တော်တို့တွေးတာ ပေါ့ဗျ။ အဲဒါနဲ့ပတ်သက်ပြီးမလှုံ့ဆော်ဖို့ အစိုးရကကန့် ကွက်ခဲ့တာကိုလည်းကျေးဇူးတင်ပါတယ်။ အာရပ်ဘာ သာနဲ့ လွှင့်တာမို့လို့အာရပ်ကမ္ဘာကို လှုံ့ဆော်သလို ဖြစ်တယ်လေ။ OIC နိုင်ငံတွေရဲ့နောက်ကိုတစ်စုံတစ်ခုသော မက်ဆေ့စ်ကိုပို့ ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုသုံးတာရယ်၊ဂျီနီဆစ်တို့ဘာတို့ ကို သုံးတာကြည့်လို့ရှိရင်ရည်ရွယ်ချက်ကြီးကြီးမားမား ရှိနိုင်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာခဲ့ရင် အယ်ဂျာဇီးယားမှာလည်းတာဝန်ရှိတယ်။ သတင်းထောက်တွေမှာလည်းတာဝန်ရှိတယ်။ ဖြေဆိုပေးတဲ့လူတွေမှာလည်းတာဝန်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။

မေး။ ။ ဘင်္ဂါလီနဲ့ ရခိုင်နဲ့အတူယှဉ်တွဲနေထို င်ဖို့အတွက် အဓိကလိုအပ်ချက်က ဘာဖြစ်နိုင်မလဲ။

ဖြေ။ ။ လိုအပ်ချက်တွေကတော့ အများကြီးရှိမှာပဲ။ လူ့အဖွဲ့အစည်းနှစ်ခုယုံကြည်မှုတစ်ခု တည်ဆောက်ဖို့လိုပါတယ်။ အတူယှဉ်တွဲနေထို င်ဖို့ကခက်လိမ့်မယ်ဗျ။ မယုံ ကြည်မှုပေါ့ဗျာ။ ဥပမာ ဒီဘက်ကို ဟိန္ဒူဟန်ဆောင်ပြီးမြို့ထဲကို အမျိုးသမီးတစ်ဦးဝင်တယ်လို့သတင်းရတယ်။ အဲဒီအမျိုးသမီးမှာ အဆိပ်ထုပ်တွေတွေ့ တယ်လို့ပြောတယ်။ ဟုတ်တယ်၊ မဟုတ်တယ်မပြောဘူး။ စွပ်စွဲတာကိုပြော တာ။ အဲဒီလို ပြောတာကိုက မယုံကြည်မှုပဲ။ မယုံကြည် မှုဆိုတာက မျိုးနွယ်တစ်စုမှာ လူမျိုးတစ်မျိုး ရောလာလို့ရှိရင် ဒီဘက်ကို တစ်ယောက်လာရင် ဟိုဘက်ကစွဲချက်တင်မယ်၊ ဟိုဘက်ကို တစ်ယောက်သွားရင် ဟိုဘက်က စွဲချက်တင်မယ်။ ယုံကြည်မှုမှမရှိတာ၊ ယုံကြည်မှုတည် ဆောက်ဖို့ အချိန်ကာလတစ်ခုလိုပါတယ်။

မေး။ ။ အစိုးရကပြောတဲ့နှစ်ဖက်စလုံးက လှုံ့ဆော်နေတဲ့ သူတွေ ကိုဘာပြောချင်လဲ။

ဖြေ။ ။ လှုံဆော်တယ်ဆိုတာမျိုးကတစ်ဖက်က ရိုးရိုးသားသားလှုံ့ဆော်တာမျိုးလည်းရှိမယ်။ မိမိဘာသာ တည်တံ့ဖို့အတွက် မိမိလူမျိုး မပျောက်ဖို့အတွက်မိမိနယ်မြေတည်တံ့ဖို့အတွက် လူကြီးတွေက ဆုံးမမယ်။ သာသနာရေး နဲ့ပတ်သက်တဲ့ ဘုန်းကြီးတွေကဆုံးမမယ်။ ကိုယ့်လူမျိုး ကိုဆုံးမမယ်။ ကိုယ့်လူမျိုးကိ လက်ထပ်ယူကြပါ။ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဒေသကိုပြန်လာကြ ပါဆိုတာမျိုးကတော့ မှာကြမှာပဲလေ။ ဒါကိုလှုံ့ဆော်တယ်လို့ ပြောလို့မရဘူး။ လိုသည်ထက်ပိုပြီးလုပ်တယ် လို့ပြောလို့မရဘူး။ ဒါက လိုအပ်လို့လုပ်တာ။ တစ်ဖက်ကလာတဲ့ အင်အားစုကို ကာကွယ်ဖို့လုပ်တာ။ အဲဒါကိုလူမျိုးခွဲခြားတယ်၊ ဘာသာခွဲခြားတယ်လို့စွဲချက်တင်ရင် တိုင်းပြည်ပျောက်သွားမှာပေါ့ဗျာ

No comments:

Post a Comment