Tuesday, January 8, 2013

ကျေက်ဖြူမြို့နယ်ကျွန်းပေါ်မှာ နေရာချထားမည့်ကုလားများကို ကြောက်ပါက ဌာနေရခိုင်များကိုကျောက်ဖြူမြို့ပေါ်သို့ ပြောင်းပေးမည်ဟုရခိုင်ဝန်ကြီးများကပြော


စစ်တွေ ၊၀၉ ဇွန်န၀ါရီ၂၀၁၃ ၊Coral Arakan News၊[ သတင်း]

ကျောက်ဖြူမြို့နယ်အစိုင်းကြီးကျွန်နေ ဒေသခံရခိုင်များအား ကိုယ်စားပြုစကား ပြောနေသော ဘုန်းတော်ကြီးအား၎င်းအနေဖြင့် ကုလားများ နှင့်ကျွန်းပေါ်တွင် အတူမနေရဲပါက ကျောက်ဖြူမြို့သို့ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း မပြောင်းရွှေ့လိုသော ဒေသခံများမှာလည်း“ ပြသနာတခုခုဖြစ်ပေါ်လာပါက မပြောင်းရွှေ့လို သူတို့၏တာဝန်သာဖြစ်ကြောင်း” သွားရောက်အကြောင်းကြားသော ၀န်ကြီး နှစ်ဦးကပြောဆိုခဲ့သည့်အတွက် အစိုင်းကြီးကျွန်းဒေသခံများမှာ မကျေမနပ်ဖြစ်နေကြသည်ဟု Coral Arakan အား ဒေသခံများကပြောကြားသည်။

ပြီးခဲ့သည့် ဇွန်န၀ါရီလ (၇)ရက်နေ့က ရခိုင်ဝန်ကြီးဦးသာလူချေနှင့် ဦးလှဟန်တို့အဖွ ကျောက်ဖြူမြို့နယ်အစိုင်းကြီးကျွန်းသို့ သွားရောက်ပြီး၊ ဒေသခံရွာသူရွာသားများနှင့် ဘုန်းတော်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးကြစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုင်းကြီးကျွန်းပတ်ဝန်းကျင်တွင် ငသန့်သန်ကျွန်း၊ဇင်ကျွန်းကျေရွာ၊ သလူမော်ကျေးရွာ၊ ငပသုန်ကျေးရွာ၊ နောင်တော်ကျေးရွာ၊ကျွန်းပါးစပ်ကျေးရွာ၊ ဂုံးတောင်ကျေးရွာ၊ပြင်ဝန်းကျေးရွာ၊ သဲချောင်းကျေးရွာ တို့တည်ရှိသည်။ ဒေသခံ အများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြသည်။

ထိုအစိုင်းကြီးကျွန်းမှဘင်္ဂလာဒေ့ရှ်သို့ နေ့ချင်းပြန် သွားလာနိုင်သဖြင့်ဘင်္ဂါလီများကို ဤကျွန်းတွင်နေရာချထားပါက မြန်မာနိုင်ငံအတွင်းဖက်သို့ဘင်္ဂလာဒေ့ရှ်မှ ကုလားများကို တင်သွင်းရာတွင်စခန်းထောက် ဖြစ်လာနိုင်သည်ဟုသုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။

(Coral Arakan အတွက်သောင်းကြွယ် ရေးသားသည်။)

No comments:

Post a Comment