ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
မြေပုံမြို့မှ ဘင်္ဂါလီများ လူမျိုးအမည် အမျိုးမျိုး ခံယူမှုများရှိနေသည်ဟုဆို
မြေပုံမြို့ရှိဘင်္ဂါလီများအား ၁၉၈၂-ဥပဒေအရ စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ
လူမျိုးနေရာတွင် အမည်အမျိုးမျိုးခံယူလျက်ရှိနေ ကြောင်းသိရသည်။
ဘင်္ဂါလီများအားဇန်၀၀ါရီ(၅)ရက်နေ့မှတင်ကာစစ်ဆေး နေခြင်းဖြစ်ပြီး
(၁)နိုင်ငံခြားသား
(၂)ဧည့်နိုင်သား
(၃)နိုင်ငံသားပြုခွင့်ရသူ
(၄)နိုင်ငံသားဟူသောပုံစံ(၄)မျိုးဖြင့်စစ်ဆေးနေသည်။ စစ်ဆေးရေးအဖွဲ့တွင် သက်ဆိုင်ရာလ.၀.က များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရခိုင်ရပ်မိရပ်ဖ
များပါဝင်သော အဖွဲ့(၆)ဖွဲ့ ခွဲကာစစ်ဆေးလျှက်ရှိသည်။
ဇန်န၀ါရီ(၄-၆-၇)စစ်ဆေးများအရ ဘင်္ဂါလီများအနေနှင့်
လူမျိုးနေရာတွင်ငွေကြေးရှိသူနှင့် ၀န်ထမ်းများက ကမန်၊ အချို့ က ရိုဟင်ဂျာ၊ အချို့က ဘင်္ဂါလီ၊ အချို့ကအမည်မဲ့အဖြစ်စာရင်းပေး သွင်းနေကြကြောင်း၊မွေးဖွာရာဒေသနှင့် ဘိုးဘွားစဉ်ဆက် စာရင်းကိုပေးရာတွင်လည်း မြေပုံမြို့နယ် အတွင်း ၁၉၄၂-ခုနှစ် နောက်ပိုင်းကရှိခဲ့သောကျေးရွာအချို့၏ အမည်များကိုပေးသွင်းနေကြောင်း၊ အချို့ ပေါက်တော၊ဘူးသီးတောင်၊ မောင်းတောဒေသများမှအခြေချလာသူများပင်မြေပုံနယ်ပေါက်ဖွား
အဖြစ်စာရင်း ပေးသွင်းနေကြောင်း၊ စစ်ဆေးမှုလုပ်ငန်းမှာလည်း စာရင်းအသစ်
ကောက်ယူနေခြင်းနှင့် သာ တူနေကြောင်ဖြင့် စစ်ဆေးရေးအဖွဲ့ တွင်ပါဝင်သော
ဒေသခံရပ်မိ၊ ရပ်ဖများ၏ပြောကြားချက်အရ သိရှိရသည်။ မူလဘင်္ဂါလီကနေ
ကမန်(သို့မဟုတ်)ရိုဟင်ဂျာဟု၎င်း၊
မြေပုံမြို့နယ်ပေါက်ဖွားဟု၎င်းစာရင်း ဖြစ်ပေါ်ရန်ကြိုးကိုင် စည်ရုံးသူမှာ
ဘင်္ဂါလီ ရွှေလှဖြစ်ကြောင်းသိရသည်။ ဘင်္ဂါလီရွှေလှမှာ မင်းပြားမြို့ နယ်
ခြိတ်တောင်ဇာတြိဖစ်ပြီး ပညာရေးဌာနတွင် အမှုထမ်းခဲ့သူဖြစ်သည်။
ဘင်္ဂါလီရွှေလှသည်(၁၉၄၀)ခုဖွားဖြစ်သော်လည်း(၂၀၀၀)ပြည့်နှစ်တွင် အငြိမ်းစားမယူပဲ(၁၉၄၀) ခုကို(၁၉၄၃)ဟုလိမ်လည် ပြင်ဆင်ကာ(၂၀၀၁)ခနှစ် သြဂုတ်လအထိနိုင်ငံတော်လစာငွေကိုလိမ်လည် ထုက်စားခဲ့သူဖြစ်သည်။အောက်ဖေါ်ပြပါ ဘင်္ဂါလီရွှေလှ၏ (၁၉၈၀)ခုနှစ် ကိုယ်တိုင်ရေး ကိုယ်ရေးမှတ် တမ်းအရ ဘင်္ဂါလီတစ်ဦး၊နိုင်ငံခြားသားတစ်ဦးဖြစ်သော်လည်း
ယခု စစ်ဆေးမှုတွင် ကမန်တိုင်းရင်းသား အဖြစ်အမည် စာရင်းပေးထားပြီး
နိုင်ငံသားကဒ်လည်း ရထားကြောင်းသိရရသည်။ အခြားဝန်ထမ်းကုလား အချို့မှာ မူလက
ဘင်္ဂါလီဖြစ်သော်လည်း ယခုကမန်အဖြစ်ပြောင်းလဲကာ နိုင်ငံသားကဒ်ရရှိ
ထားသူများဖြစ်ကြောင်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးမှ ပြောကြားသည်။မြေပုံမြို့ရှိဘင်္ဂါလီများထဲတွင် အနယ်နယ် အရပ်ရပ်က တရားမ၀င် ပြောင်းရွှေ့လာသူတို့လည်း အများအပြားရှိနေ ကြောင်းအချို့ဘင်္ဂါလီများကိုယ်တိုင် စာရင်းပေးချက် အရ သိရှိရပါသည်။ လက်ရှိအနေအထားသည်ဘင်္ဂလီများအား စစ်ဆေးနေခြင်းသာဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို နိုင်ငံ တော်အဆင့်မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရနိုင်ကြောင်းနှင့်အစိုးရ၏လုပ်ရပ် အား ဘင်္ဂလီများက နှောက်ယှက်နေခြင်းသာဖြစ်ကြောင်းလည်း သိရသည်။ထိုသို့နှောက်ယှက်ရန်အတွက်လည်း တစ်ချို့သောဘင်္ဂလီအဖွဲ့အစည်းများက တွန်းအားပေးနေကြောင်းလည်း ပေါက်တောမြို့နယ် ရှိ ကြယ်နီပြင်ကျေးရွာမှာ အဒူလာဇိတ်က ပြောပါသည်။
by Rakhine Straight Views
No comments:
Post a Comment