Pyithu Hluttaw - ပြည်သူ့လွှတ်တော်'s photo.
“မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသနှင့် အခြားမြို့နယ်များတွင် စက်မှုလုပ်ငန်းများကို ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများလာ ရောက်လုပ်ကိုင်နိုင်ရေးစီစဉ်ပေး ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း” အား ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက မေးမြန်းရာ-
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီး မြစ်၊
ချောင်းများ ပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု
ဖြစ်ပါသည်။ အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏
အနောက်ဘက်တစ်လျှောက် မိုင်၂၅၀ ခန့် တစ်ဆက်တည်း တည်ရှိနေပါတယ်။
ရခိုင်ပြည်နယ်၊
မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမှာ
မြို့နေလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ရှိနေတာကိုတွေ့ရှိရပြီး အလုပ်အကိုင်
အခွင့်အလမ်းများ မရှိခြင်း၊ ဒေသဖွံ့ဖြိုးမှုများ မရှိသလောက်
နည်းပါးနေခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ လူဦးရေ အင်အားဟာ
တဖြည်းဖြည်း လျော့နည်း ကျဆင်းလာတာဖြစ်ပါသည်။ မောင်တောမြို့နယ်၊
အလယ်သံကျော်ဒေသမှာ ကမ်းခြေတစ်လျှောက် သင်္ဘော ပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘော
တည်ဆောက်ခြင်း လုပ်ငန်း၊ ပင်လယ် ကမ်းနားအပန်းဖြေစခန်း လုပ်ငန်းများနှင့်
အခြားသောမြို့နယ်ဒေသများမှာ အထည်ချုပ်လုပ်ငန်း၊ လုပ်သားအင်အား
အများအပြားလိုအပ်သော စက်မှုလုပ်ငန်းများကို
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့
တည်ထောင်ပေးရန် လိုအပ်လျက် ရှိနေပါသည်။ ဤလုပ်ငန်းများ ထူထောင်လာပါမှ
အခြားသော မြို့နယ်မှ တိုင်းရင်းသားများကလည်း အလုပ်အကိုင်အတွက် လာရောက်
လုပ်ကိုင် အခြေချနေထိုင် လာကြမှာဖြစ်သည့်အပြင် မောင်တောမြို့နယ်မှာ
တိုင်းရင်းသား လူဦးရေအချိုးလည်း ပြန်လည်မြင့်တက် လာနိုင်မှာ လည်းဖြစ်ပါသည်။ ပြည်ထောင်စုအနောက် ဘက်တံခါးကို လုံခြုံခိုင်မာစွာ ကာကွယ်စောင့် ရှောက်ပြီးသားလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ နှင့် အခြားသော မြို့နယ်များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းသွားပါသည်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီး မြစ်၊
ချောင်းများ ပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု
မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမ
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှ
တိုင်းရင်းသား လူဦးရေအချိုးလည်း ပြန်လည်မြင့်တက် လာနိုင်မှာ လည်းဖြစ်ပါသည်။ ပြည်ထောင်စုအနောက် ဘက်တံခါးကို လုံခြုံခိုင်မာစွာ ကာကွယ်စောင့် ရှောက်ပြီးသားလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ နှင့် အခြားသော မြို့နယ်များတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းသွားပါသည်။

No comments:
Post a Comment