ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
စစ်တွေမဲဆန္ဒနယ် မှဦးမောင်ညို ၏ “ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခု အတွက် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့်မေးခွန်း” အား ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန) မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း-
ရခိုင်ပြည်နယ် ဟာ တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိတဲ့အတွက်
နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စတွေ တရားဥပဒေ စိုးမိုးရေးနှင့်
တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ထွက် နေမှုများကို
ထိန်းချုပ်ကာကွယ်ဖို့အတွက်ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ကို နယ်မြေ ၉ ခု၊ စခန်း ၂၆ ခုနဲ့ ကျွန်တော်တို့ ဖွင့်လှစ်ပြီးဆောင်ရွက်ခဲ့ပါတယ်။
ဒီလို ထိန်းချုပ်ဆောင်ရွက် ခဲ့ပေမယ့်လည်း တစ်ဖက်နိုင်ငံမှာရှိတဲ့
ဘင်္ဂါလီလူမျိုးများဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီးတော့
စစ်တွေမြို့အရှေ့ဘက်မှာရှိတဲ့ ဆင်တက်မော်မြစ်၊ ဖားကူးမြစ်နှင့်
ကျွဲကူးမြစ်တို့မှတစ်ဆင့် ရေကြောင်းက ခိုးဝင်မှုများရှိလာတဲ့အတွက်
စစ်တွေမြို့မှာ နယ်မြေရုံး ၁ ရုံးနဲ့ စခန်း ၂ ခု၊ ပေါက်တော
မြို့နယ်မှာလည်း နယ်မြေရုံး ၁ ရုံးနှင့် စခန်း ၂ ခု စုစုပေါင်း နယ်မြေရုံး ၂
ရုံးနှင့် စခန်း ၄ ခုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ
ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလို စခန်းများကို ဖွင့်လှစ် ဆောင်ရွက်ပြီး တရားမဝင် ဝင်ထွက်သွားလာမှုမှ
ကာကွယ်ရေး၊ လူဦးရေထိန်းချုပ်ရေး တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နိုင်ဖို့
ကိစ္စရပ်များဆောင်ရွက်ရာမှာ ပိုမိုထိရောက်အောင်မြင်ဖို့အတွက်ကို
သက်ဆိုင်ရာဌာနများမှ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို
ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း ပြီးတော့ နိုင်ငံရေးအမြင်၊
စီမံခန့်ခွဲရေးအမြင်များနှင့် ဥပဒေရေးရာရှုထောင့်များကနေပြီးတော့
အလေး အနက်စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်
အစိုးရအဖွဲ့အနေနဲ့ အခြေအနေ အရပ်ရပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ၂၀၁၂
ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ရက်စွဲပါစာအမှတ်၊ ၀၂/၂-၁/အစိုးရ(ရခိုင်)နှင့်တင်ပြထားရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း ထပ်မံပြီးတော့
နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကွဲမှုဌာနချုပ်ရဲ့ ဘင်္ဂါလီလူမျိုးများ
တရားမဝင် ဝင်ထွက်မှုကာကွယ်တားဆီးရေး အတွက်ကို ကျင့်သုံး
ဆောင်ရွက်လျက်ရှိတဲ့ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို သုံးသပ် ဆောင်ရွက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ အမိန့်၊
ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန်အတွက် ယခင်ထုတ်ပြန်ထားတဲ့
ဒေသန္တရအမိန့်များကို နမူနာရယူပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ရက်စွဲပါစာအမှတ်၊ ၀၁/၁-၁/အစိုးရ(ရခိုင်)အနေဖြင့်
ပြည်ထောင်စု အစိုးရအဖွဲ့ကို ထပ်မံတင်ပြထားရှိပြီး ဖြစ်ကြောင်းလည်း
သိရှိရပါတယ်။ ဒါကြောင့်မို့လို့ မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ပေါ်စေရေး
တိုင်းတစ်ပါးများ လူဦးရေထိန်းချုပ်နိုင်ဖို့အတွက်ကို စစ်တွေမြို့နယ်နှင့်
ပေါက်တောမြို့နယ်
မှာရှိတဲ့ နယ်မြေရုံး ၂ ရုံး၊ စခန်း ၄ ခုအတွက်ကို ဒေသန္တရ အမိန့်ထုတ်ပြန်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့
ဆောင်ရွက်လျက်ရှိနေပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါသည်။
No comments:
Post a Comment