ရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသ
ဖြစ်တဲ့
ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ
ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ
တစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို
အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့
အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊
ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။
ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ်လည်းကောင်း၊
လွတ်လပ်ရေးရပြီးစ နိုင်ငံ မတည်ငြိမ်တဲ့ အခြေအနေများကြောင့် လည်းကောင်း၊
ယခင်ခေတ်အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေး ခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်းတစ်ပါးသားများ
တရားမဝင် လာရောက်မှု စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသား
မဟုတ်တဲ့ တိုင်းတစ်ပါးသားတို့ရဲ့ လူဦးရေ ပျံ့ပွားမှု များ၊ တရားမဝင်
ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ရှင့်။
၁၉၈၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့
မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင် ပါဝင်သော
နယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်းရင်းနိုင်ငံအဖြစ်
မှီတင်းနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊
ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ
မြန်မာနိုင်ငံသားများဖြစ်တယ်လို့
တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာ
ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီး တော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို
ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့အသုံးနှုန်းကို
သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြကြောင်းကိုလည်း
တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ်အဝေါ်ပေါ် မူတည်ပြီးတော့ မလိုလားအပ်တဲ့
ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း သိနေရပါတယ်ရှင်။
အဲ့ဒီအတွက်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်
သက်ဆိုင်သောဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။
(က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါသလားရှင်။ (ခ)
ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့
ညွှန်းဆိုပြောပြနိုင်ပါသလားရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
No comments:
Post a Comment