Wednesday, February 20, 2013

ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရရှိ


ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀။

ယခင်က ချင်းပြည်နယ်နေ့(သို့) မောင်မယ်သစ်လွင်
ကြိုဆိုပွဲအဖြစ် ကျင်းပခဲ့ရသော ချင်းအမျိုးသားနေ့ကို 
ယခုအခါ ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်
ရရှိခဲ့ပြီဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီမှ အထွေထွေ 
အတွင်းရေးမှူး (၂) ကိုရှိန်းထွန်းက ပြောကြားသည်။ 

“ချင်းအမျိုးသားနေ့ အဖြစ် ကျင်းပခွင့်မရခဲ့တာက မ.ဆ.လ
ခေတ်နဲ့ န.အ.ဖ ခေတ်ကာလတွေကပဲ။ နှစ်ပေါင်း ၂၀ ကျော်
ကျော်လောက် ကျင်းပခွင့်မရခဲ့ပါဘူး” ဟု ၎င်းက ပြောကြား
သည်။ 

ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်ပါတ်သတ်ပြီး ကိုရှိန်းထွန်းက “ဗြိတိသျှတွေထားခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကို မကြိုက်လို့ ပြည်သူလူထူရွေးချယ်တင်မြှောက်တဲ့ စနစ်ကို စပြီး အစားထိုးလိုက်တဲ့အချိန်မှာ ချင်းအမျိုးသားနေ့ဆိုပြီး ပေါ်လာတာပါ။
တော်တော်များများ ချင်းအမျိုးသားနေ့ကို ဘာနဲ့သွားမှားလည်းဆို
တော့ တိုက်သူကြီး၊ ရွာသူဖြုတ်ချတယ်ဆိုတဲ့ သဘောမျိုးကို သွားပြီး
မြင်ကြတယ်” ဟု ရှင်းပြသည်။ 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊  သမိုင်းမှတ်တိုင်အနီး လှိုင်မင်္ဂလာ
ခန်းမတွင် ကျင်းပသော ချင်းအမျိုးသားနေ့သို့ တက်ရောက်လာ
သည့် တာချင်းမျိုးနွယ်စုဝင်ဖြစ်သည့် ကိုအောင်လိန်းက ယခုကဲ့သို့ ချင်းအမျိုးသားနေ့အဖြစ် ပြန်ကျင်းပခွင့်ရသည့်အတွက် ၀မ်းသာ
ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို အရင်တုန်းက ချင်းအမျိုး
သားနေ့ဆိုပြီး လုပ်ခွင့်မရှိခဲ့ပါဘူး။ မောင်မယ်သစ်လွင် ကြိုဆိုပွဲဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ လုပ်ခဲ့ကြရပါတယ်။ အခုတော့  ချင်းအမျိုးသားနေ့ ဆိုပြီး ကျင်းပခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်လည်းယူပါတယ်” ဟု ကိုအောင်လိန်းက ပြောကြားသည်။ 
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော ၅၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်ရှိ မြို့ကြီးအချို့၊ နေပြည်တော်၊ 
ရန်ကုန်၊ မန္တလေး၊ မုံရွာအစရှိသော မြို့ကြီးများအပြင် နိုင်ငံရပ်
ခြားတွင်ပါ ကျင်းပကြကြောင်း သိရသည်။ 

ဟိန်းသူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀။

ယခင်က ချင်းပြည်နယ်နေ့(သို့) မောင်မယ်သစ်လွင် ကြိုဆိုပွဲအဖြစ် ကျင်းပခဲ့ရသော ချင်းအမျိုးသားနေ့ကို
ယခုအခါ ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူး (၂) ကိုရှိန်းထွန်းက ပြောကြားသည်။



“ချင်းအမျိုးသားနေ့ အဖြစ် ကျင်းပခွင့်မရခဲ့တာက မ.ဆ.လခေတ်နဲ့ န.အ.ဖ ခေတ်ကာလတွေကပဲ။ နှစ်ပေါင်း ၂၀ ကျော်ကျော်လောက် ကျင်းပခွင့်မရခဲ့ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်ပါတ်သတ်ပြီး ကိုရှိန်းထွန်းက “ဗြိတိသျှတွေထားခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကို မကြိုက်လို့ ပြည်သူလူထူရွေးချယ်တင်မြှောက်တဲ့ စနစ်ကို စပြီး အစားထိုးလိုက်တဲ့အချိန်မှာ ချင်းအမျိုးသားနေ့ဆိုပြီး ပေါ်လာတာပါ။တော်တော်များများ ချင်းအမျိုးသားနေ့ကို ဘာနဲ့သွားမှားလည်းဆိုတော့ တိုက်သူကြီး၊ ရွာသူဖြုတ်ချတယ်ဆိုတဲ့ သဘောမျိုးကို သွားပြီး
မြင်ကြတယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ သမိုင်းမှတ်တိုင်အနီး လှိုင်မင်္ဂလာခန်းမတွင် ကျင်းပသော ချင်းအမျိုးသားနေ့သို့ တက်ရောက်လာသည့် တာချင်းမျိုးနွယ်စုဝင်ဖြစ်သည့် ကိုအောင်လိန်းက ယခုကဲ့သို့ ချင်းအမျိုးသားနေ့အဖြစ် ပြန်ကျင်းပခွင့်ရသည့်အတွက် ၀မ်းသာကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို အရင်တုန်းက ချင်းအမျိုးသားနေ့ဆိုပြီး လုပ်ခွင့်မရှိခဲ့ပါဘူး။ မောင်မယ်သစ်လွင် ကြိုဆိုပွဲဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ လုပ်ခဲ့ကြရပါတယ်။ အခုတော့ ချင်းအမျိုးသားနေ့ ဆိုပြီး ကျင်းပခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်လည်းယူပါတယ်” ဟု ကိုအောင်လိန်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော ၅၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်ရှိ မြို့ကြီးအချို့၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာအစရှိသော မြို့ကြီးများအပြင် နိုင်ငံရပ်
ခြားတွင်ပါ ကျင်းပကြကြောင်း သိရသည်။

ဟိန်းသူ

No comments:

Post a Comment