Wednesday, February 20, 2013

“ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက် လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည်သွားလာခွင့် ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း”

Pyithu Hluttaw - ပြည်သူ့လွှတ်တော်'s photo.
ဦးအောင်ထွန်းသာ (မြောက်ဦး မဲဆန္ဒနယ်) ၏ “ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ  လာရောက် လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည်သွားလာခွင့် ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း” နှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ မှပြန်လည်ဖြေကြားရာတွင်-

ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ရည်ရွယ်ထားသော အန္တီးမ ရည်မှန်းချက်သည် Not Only for Commercially စီးပွားရေးတွက်ကိန်းနှင့်ဆောင်ရွက်ခြင်း၊ Financially  ဘဏ္ဍာရေး တိုးပွားမှုကိုလည်း ရည်ရွယ်ခြင်း မဟုတ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းမှာ ရှိနေကြတဲ့ ညီရင်းအကို မောင်ရင်းနှမ၊ ပြည်နယ်/တိုင်းဒေသအသီးသီးမှာ ရှိနေကြတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုလို့ခေါ်တဲ့ Traditional Culture၊ မြန်မာလူမျိုးများ ပေါ်ထွန်းလာတဲ့ ခေတ်ဟာလည်း ထောင်သောင်းသန်း ချီနေပြီ ဖြစ်တဲ့အတွက် ရှိနေတဲ့သမိုင်းရဲ့ ရှိနေအပ်သော Heritage လို့ခေါ်တဲ့ သမိုင်းဝင်အမွေအနှစ်များကို ကမ္ဘာက သိရှိအောင်ကျွန်တော်တို့ ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ဦးတည်ပါကြောင်း ပြောကြားပါသည်။ ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှာ  ပြည်ထဲရေးဝန်ကြီးဌာနမှ မြောက်ဦးမြို့နယ်ကို လွတ်လွတ်လပ်လပ်သွားလာခွင့်အဖြစ် သတ်မှတ်ခဲ့ပြီး ထိုသတ်မှတ်ခဲ့သည့်အတိုင်းပဲ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက Tourism များရဲ့ စေလွှတ်မှုနှင့် FIT လို့ခေါ်တဲ့ Foreign Intervened Traveler လွတ်လပ်စွာသွားလာနိုင်ခွင့်ကို ဆောင်ရွက်စေခဲ့ပါသည်။ ကျွန်တော်တို့ဆီမှာ ကြိုတင်ခွင့်ပြုချက်များ ခွင့်ပြုတောင်းခံခြင်းမရှိဘဲနှင့် ၂၀၀၈ ခုနှစ်ကနေစပြီးတော့ မြောက်ဦးမြို့နယ်ဟာ လွတ်လွတ်လပ်လပ် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လေ့လာနိုင်ဖို့အတွက် စီစဉ်ခဲ့စေပါတယ်။ သို့သော်လည်းပဲ ပဋိပက္ခအခြေအနေဖြစ်ပေါ်မှုကြောင့် One of the Crisis ဖြစ်တဲ့အတွက် ၃၀-၈-၂၀၁၂ မှာ ခေတ္တပိတ်ထားခဲ့ရပါကြောင်း၊ သို့သော် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့     ၃၀-၈-၂၀၁၂ ရက်နေ့ကနေစပြီး ခေတ္တပိတ်ထားခဲ့သော်လည်း ၂၅-၉-၂၀၁၂ နေ့တွင် ပြန်လည် ပြီးတော့ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ နောက်တစ်ခါ ပြန်လည် ပဋိပက္ခဖြစ်ပွားမှုများဖြစ်ပွားသည့်အတွက်ကြောင့်မို့လို့ ၂၅-၁၀-၂၀၁၂ ရက်နေ့မှာ တစ်ခါထပ်မံပြီး ပိတ်ခဲ့ရပါကြောင်း၊ သို့သော် ၂၅-၁၀-၂၀၁၂ ကနေပိတ်ခဲ့တဲ့ နေရာမှာ ၃၀-၁-၂၀၁၃ အတွင်းမှာတွင် ကျွန်တော်တို့ထံလည်း ခွင့်မတောင်း သူတို့ထင်ရာသွားလာ နေကြတဲ့ ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၁၄၀ ဦးရှိခဲ့တယ်ဆိုတာ သိခဲ့ရပါသည်။ သို့သော်လည်းပဲ ထိုသို့ သွားလာနေတဲ့ပုဂ္ဂိုလ်များကို အနှောက်အယှက်မရှိ ဘေးကင်းရန်ကင်းနိုင်ရန်အတွက် ၄-၁၁-၂၀၁၂ ရက်နေ့တွင် ညွှန်ကြားရေးမှူးအဆင့်ထက်မနိမ့်သော ပုဂ္ဂိုလ်ကို အနီးကပ်ကြီးကြပ်ဖို့ အတွက် အလုပ်ပေးစေခဲ့ပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်ရဲ့ဆောင်ရွက်မှုနဲ့ပဲ ကမ္ဘာလှည့်ခရီးသည်များ ခွင့်ပြုမိန့်မပေးသော်လည်းပဲ သူတို့သွားရောက်ပြီး လေ့လာနေကြတဲ့အတွက် ဒါကို မှတ်တမ်းအဖြစ်နဲ့ သာတင်ရှိထားပါသည်။ ယခုဦးအောင်ထွန်းသာ၏ တင်ပြချက်အတိုင်း မြောက်ဦးမြို့နယ်မှာ စေတီပုထိုးတွေ စူးစမ်း စရာတွေအများကြီးရှိသည့်အတွက် ကျွန်တော်တို့ သက်ဆိုင်ရာကနေပြီးတော့ အေးအေးချမ်းချမ်း တည်တည် ငြိမ်ငြိမ် ဖြစ်လာမယ်ဆိုရင် ပြန်လည်ပြီးတော့ မြောက်ဦးမြို့နယ်ကို ယခင်ကလည်းပဲ  Open Up လုပ်ခဲ့သည့်အတွက် မကြာမီ ခွင့်ပြုပေးနိုင်ပါမည်ဖြစ်ပါကြောင်း ဦးအောင်ထွန်းသာ၏ မေးခွန်းအား ဖြေကြားသွားပါသည်။

No comments:

Post a Comment