ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
အမေရိကန် နိုင်ငံလုံးဆိုင်ရာ ရခိုင်အမျိုးသား ညီလာခံတစ်ခု ကျင်းပနိုင်ရေး အတွက် အကြို(ပဏာမ) ဆွေးနွေးပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်။
==========================================
အမေရိကန်ကို ရောက်နေကြသော်လည်း ရခိုင်အမျိုးသားများသည် အမျိုးသားရေး
အသိစိတ်ဓာတ်ဖြင့် ရခိုင်အရေးကို လှုပ်ရှားမူများ မကြာခဏ ပြုလုပ်ကြသည်။ အကြိုဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ IOWA ပြည်နယ် Des Moines မြို့ရှိ American Legion ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
ဦးဆောင် လူပ်ရှားနေသူ တစ်ဦးဖြစ်သည့် ကိုခိုင်မင်းက::::
“ ကျွန်တော်တို့ လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကျွန်တော်တို့
အမေရိကန်နိုင်ငံ IOWA ပြည်နယ် Des Moines မြို့မှာ အမေရိကန်မှာ
ရောက်ရှိနေတဲ့ ရခိုင် အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ၊ ပြည်နယ်
အသီးသီးက ရခိုင် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး ညီလာခံ ကျင်းပနိုင်ရေး
အတွက် ပဏာမ အနေနဲ့ ညှိနှိုင်း ဆွေးနွေး တစ်ခု လုပ်သွားဖို့ စီစဉ်နေပါတယ်။”
“ အခု လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင် အမျိုးသားတွေရဲ့ ကြုံတွေ့နေရတဲ့
အကျပ်အတည်း အခက်အခဲတွေကို အမေရိကန်မှာ ရှိတဲ့ ရခိုင်သူ ရခိုင်သားတွေက
လူပုဂ္ဂိုလ် တစ်ဦးချင်း အလိုက်ရော၊ အဖွဲ့အစည်း အလိုက်ရော၊ ရောက်ရှိ
နေထိုင်နေကြတဲ့ ပြည်နယ်တွေ အလိုက်ရော နည်းမျိုးစုံနဲ့ ကူညီ
ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ အကူအညီမျိုးတွေ မပေးနိုင်ဘဲ
ဖြစ်နေကြပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ အနေနဲ့ အမေရိကန်
တနိုင်လုံးမှာ ရှိတဲ့ ရခိုင်အမျိုးသားတွေရဲ့ စုစည်းမူ အားကို ယူပြီး
အမေရိကန် နိုင်ငံလုံး ဆိုင်ရာ ကျစ်လစ် ခိုင်မာတဲ့ ရခိုင်လူ့အဖွဲ့အစည်းတခု
ဖွဲ့သွားပါမယ်။ ဒါမှသာ အဘက်ဘက်ကနေ ရခိုင်အရေးကို ပိုမို ထိရောက်စွာ ကူညီ
ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင် အမျိုးသား စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါးခန့် ရှိသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ရန် စီစဉ်နေသည့် ပဏာမ
အကြိုဆွေးနွေးပွဲသည် အမေရိကန်ပြည်ထောင်စု အတွင်းရှိ ပြည်နယ် အသီးသီးတွင်
ပြန့်ကျဲ ရောက်ရှိနေကြသော ရခိုင်သူ ရခိုင်သားများ၏ ၄ ကြိမ်တိုင်တိုင်
ဆွေးနွေးတိုင်ပင်ပြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အစည်းအဝေးကိုအမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးတွင်ရောက်ရှိနေကြသော ရခိုင်အမျိုးသား အမျိုးသမီး ၄၀၀ ကျော် တက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း
No comments:
Post a Comment