Tuesday, March 5, 2013

ကုလအထူးကိုယ်စားလှယ်၏ လူ့အခွင့်အရေးပြောကြားချက် တဖက်စောင်းနင်းဖြစ်နေဟု မောင်တောနယ်စပ်မှ ဒုက္ခသည်များပြောကြား

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့သော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကွန်တားနား၏ လူ့အခွင့်အရေးပြောကြားချက်မှာ တဖက်စောင်းနင်းဖြစ်နေသည်ဟု မောင်တောနယ်စပ်ဒေသရှိ ဒုက္ခသည်များက မှတ်ချက်ပြုပြောကြားသည်။
''ဆူပူအကြမ်းဖက်မှုစဖြစ်တာက မောင်တောနယ်စပ်မှာဖြစ်ပါတယ်။ အဲဒီလို ဘင်္ဂလီတွေရဲ့အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အိုးမဲ့အိမ်မဲ့ဒုက္ခရောက်ခဲ့ကြတဲ့ ကျွန်တော်တို့ကို ကျတော့သတင်းမေးဖော်တောင် မရပါဘူး။ ဘင်္ဂလီတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားတွေ ဒုက္ခသည်ဘ၀ကျရောက်သွားတာကျတော့ လူ့အခွင့်အရေးချိုးဖေါက်ခံရတာမဟုတ်ဘဲ၊ စစ်တွေ ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဘင်္ဂလီတွေကျတော့ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတယ်။ ၁၉၈၂ ခုနှစ် ဥပဒေကိုပြုပြင်ဖို့ တိုက်တွန်းသွားတာတွေ့ရပါတယ်။ အမှန်ဆိုရင် ပထမဆုံး ဒုက္ခသည်ဘ၀ကျရောက်ခဲ့ကြတာက မောင်တောက တိုင်းရင်းသားတွေဖြစ်ပါတယ်။ သူလာတုန်း မောင်တောကို လာမလားလို့မျှော်မိပါသေးတယ်။ ဒါပေမယ့် အထူးကိုယ်စားလှယ်က စစ်တွေက ဘင်္ဂလီတွေ ကိုပဲ ကြည့်သွားပြီး မောင်တောကို လုံးဝရောက်မလာခဲ့ပါဘူး။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒုက္ခသည်အချင်းချင်း ခွဲခြားဆက်ဆံခဲ့တာကို တွေ့ရပါတယ်။''ဟု သရေကုန်ဘောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦးက ပြောကြားသည်။
ယင်းသို့လူ့အခွင့်အရေးကိုယ်စားလှယ်ကိုယ်တိုင်က ဒုက္ခသည်များအပေါ် ခွဲခြားဆက်ဆံနေခြင်းမှာ အလွန်တရာ ၀မ်းနည်းဖွယ်ရာဖြစ်နေပြီး မစ္စတာကင်တားနား၏ လူ့အခွင့်အရေးမှာ မည်သူ့တို့အတွက်ထားသည့် အခွင့်အရေးဖြစ်ကြောင်း မေးခွန်းထုတ်နေခြင်းများလည်းရှိနေသည်။ ထို့နောက် မြန်မာနိုင်ငံမှ မထွက်ခွါမီပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၁၉၈၂ ခုနှစ် ဥပဒေကို ပြုပြင်ဖို့လိုကြောင်း ပြောကြားချက်ကို ကန့်ကွက်ကြောင်း မောင်တောနယ်စပ်ဒေသရှိ ဒုက္ခသည်များအားလုံးက တညီတညွှတ်တည်းပြောကြားကြသည်။
ရခိုင်စာပေသင်ရိုးညွှန်းတမ်းပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ထိုအစည်းအဝေးသို့ ရခိုင်ပြည်နယ်အနှံ့အပြားမှ စာရေးဆရာများ၊စာပေပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့ မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများတက်ရောက်ကြပြီး တစ်နေ့လုံး ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။
ထိုသို့ဆွေးနွေးကြရာတွင် အဆင့်ဆင့်လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် ထပ်ဆင့်အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဟုသိရသည်။
RSV

No comments:

Post a Comment