Tuesday, March 5, 2013

မောင်တောဒေသရှိ အိုင်အန်ဂျီအိုအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဒေသခံများကို ချပြရန် ဒေသခံများလိုလား

နတ်မြစ်သား

မောင်တောမြို့နယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် အိုင်အန်ဂျီအိုအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဒေသခံများမြင်သာအောင် ချပြရန်လိုလားနေကြကြောင်း မောင်တောဒေသခံများက ပြောကြားသည်။
''၂၀၁၂ ခုနှစ် ဇွန်လ(၈) ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ဆူပူအကြမ်းဖက်မှု၊ လူသတ်မှု၊ နေအိမ်မီးရှို့မှုတွေမှာ အိုင်အန်ဂျီအိုအဖွဲ့ဝန်ထမ်းတွေ ပါဝင်ခဲ့တဲ့အတွက် မောင်တောဒေသမှာ အိုင်အန်ဂျီအိုအဖွဲ့တွေကို လိုလားမှုနည်းနေတာဖြစ်ပါတယ်။ အခုလည်း အိုင်အန်ဂျီအိုအဖွဲ့ တော်တော်များများ ဆက်ပြီးတော့ အလုပ်လုပ်နေတာကိုတွေ့ရပါတယ်။ ဘယ်လုပ်ငန်းတွေလုပ်နေတယ်ဆိုတာ ဒေသခံတွေ မသိကြပါဘူး။ သူတို့လည်း သူတို့ရဲ့လုပ်ဆောင်ချက်ကို ဒေသခံတွေသိအောင်ချပြတာတစ်ခုမှ မရှိပါဘူး။''ဟု မောင်တောမြို့ခံ တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အိုင်အန်ဂျီအိုအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဒေသခံများသို့ ချပြထားမှသာလျှင် အဆိုပါအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကို သိရှိလာမည်ဖြစ်ပြီး လွန်ခဲ့သည့် ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ကျူးလွန်သူများကို သက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိချက်အရ အိုင်အန်ဂျီအိုအဖွဲ့အစည်းများမှ
ဝန်ထမ်းများမှာ ရှေးဆုံးက ပါဝင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment