ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို မတ်လ ၉ ရက်နေ့တွင် ပြုလုပ်မည်
ရခိုင်ပြည်အရေးကိစ္စနှင့် ပတ်သက်၍ ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ
ပညာရှင်များ ရှင်းလင်းပွဲကို လာမည့် မတ်လ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
" သမိုင်းရှင်းလင်းပွဲပြုလုပ်ရတဲ့
အဓိက ရည်ရွယ်ချက် ၂ ချက်ရှိပါတယ်၊ ရခိုင်တို့ရဲ့ သမိုင်းအမှန်ကို ကမ္ဘာက
သိစေဖို့ဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ ပညာရှင်တွေ ပြောသွားတဲ့ စကားတွေ၊
အချက်အလက်တွေကို မြန်မာ၊ အင်္ဂလိပ် ဘာသာများအပြင် ထိုင်းဘာသသာသို့
စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်၊ ပြီးတော့ အဲဒီစာအုပ် စာတန်းတွေကို နိုင်ငံတကာ
တက္ကသိုလ်စာကြည့်တိုက်တွေမှာ
ခိုင်မာတဲ့အကိုးအကားအဖြစ် ကျန်ရှိစေဖို့ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့
မြန်မာမီဒီယာ ပြည်ပမီဒီယာဖြစ်ကြတဲ့ သတင်းဌာနတွေနဲ့ နိုင်ငံတကာ သုံးနေကြတဲ့
ရိုဟင်ဂျာဆိုတဲ့ လူမျိုးနှင့် နာမည်ဟာ မြန်မာနိုင်ငံသမိုင်းမှာ
တကယ်ထင်ရှားရှိခဲ့တာလား သို့မဟုတ် လုပ်ဇာတ်ဆင်ထားတာလားဆိုတာကို နိုင်ငံတကာသမိုင်းပညာရှင်တွေ
ဟောပြောတဲ့အချက်အလက်တွေနဲ့ သုံးသပ်ဝေဖန်ပြီးတော့ အမှန်တရားကို လက်ခံလာဖို့
ရည်ရွယ်ချက်ဖြစ်ပါတယ်။ " ဟု ကော်မတီ၏ အထွေထွေဘဏ္ဍာရေးမှူး ဦးရေ၀တက
မိန့်ကြားသည်။
ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့
နယ်သာလန်၊ ပြင်သစ်၊ ဂျပန်မှ ဒေါက်တာအေးချမ်း၊ ပြည်တွင်းမှ RNDP ဥက္ကဌ
ဒေါက်တာအေးမောင်၊ ALD ဥက္ကဌ ဦးအေးသာအောင် အပါအ၀င် Eleven Media Group၊ Sky
Net ရုပ်သံစသော သတင်းမီဒီယာများနှင့် ALP အပါအ၀င် အဖွဲ့အစည်း
ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး 88 မှ ကိုကိုကြီး၊ ကိုမြအေး၊
ဘန်ကောက်ရှိ UK သံရုံး၊ USA သံရုံး၊ အာစီယံ သံရုံးများအပြင် Bangadesh၊
India သံရုံးများ၊ ဘန်ကောက်ရှိတက္ကသိုလ်များမှ Professor များ၊
စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သတင်းမီဒီယာများအားလည်း
ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment