ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
The Messenger Journal မှ ညီညွတ်မျှတတဲ့ သတင်းလေးနှစ်ပုဒ်
ဓါတ်ပုံ အင်တာနက်
“နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားကတ် ရရှိထားသူများကို ပြည်သူများမှ သတင်းပေးတိုင်ကြား ရန် ပြည်ထောင်စုဝန်ကြီး ဖိတ်ခေါ်”
နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားကတ်ရရှိထားသူများကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးရန်ခက်ခဲ၍ အများပြည်သူမှ
သတင်းပေးပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
“မမှန်မကန် နိုင်ငံသားကတ် ရရှိထားတဲ့သူတွေကို ပြန်သိမ်းဖို့ ကျွန်တော်တို့
လုပ်ငန်းစနေပြီဖြစ်တယ်။ ပြစ်မှုအတွက် ဒဏ်ငွေကျပ်ငါးသောင်းပါ။
ဘင်္ဂါလီတွေကိုလည်း လိုက်စစ်နေတယ်။ သတင်းပေးရင်တော့ ချက်ချင်းလိုက်စစ်လို့
ရတာပေါ့”ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၎င်းကပြောသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌ မန္တလေးတိုင်းဒေသကြီးတွင်
မြန်မာစကားမပြောတတ်သော နိုင်ငံသားမဟုတ်သူများကို
စတင်စစ်ဆေးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာနဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားခဲ့သည်။
အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်များကိုလည်း
ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း
နိုင်ငံသားမဟုတ်ပါက ကတ်ပြန်သိမ်း၍ ထုတ်ပေးသော ၀န်ထမ်းများကိုပါ
အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်ဝိုင်းကြည်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံသားမဟုတ်သူများဟုဆိုရာတွင်
ပြည်ပရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ နိုင်ငံသားအမည်ခံ၍
နိုင်ငံတွင်နေထိုင်ပြီး တရားဥပဒေ ချိုးဖောက်ကျူးလွန်သည်ကို
စစ်ဆေးတွေ့ရှိပါက တရားရုံးမှ မည်မျှပင် တရားစွဲဆိုစေကာမူ လ၀ကဥပဒေအရ
ပြည်နှင်ဒဏ်ပေး၍ အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံအကျိုးစီးပွားမထိခိုက်ပါက သက်ဆိုင်ရာ ၀န်ကြီးဌာနတင်ပြချက်ဖြင့် အမည်ပျက်စာရင်းမှ ပြန်လည်ပယ်ဖျက်ပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ မိုးပွင့်တစ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း
၄၃၈၉၅၀ ကတ်၊ မိုးပွင့်နှစ် စီမံကိန်း ၂၀၁၂ ဖေဖော်ဝါရီ တစ်ရက်နေ့မှ မတ်လ ၃၁
ရက်နေ့ထိ ကတ်ပြားပေါင်း ၄၇၅၄၃၃ ကတ်၊ မိုးပွင့်သုံး စီမံကိန်း ၂၀၁၂ ဇွန်လ ၁
ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ ကတ်ပြားပေါင်း ၂၈၃၇၀ ကတ်၊ မိုးပွင့်လေး
စီမံကိန်း ၂၀၁၂ အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ ကတ်ပြားပေါင်း
၂၉၆၀၀၀ ထုတ်ပေးခဲ့သည်။
မင်းသီဟန်
မတ်၊ ၂၊ ၂၀၁၃
The Messenger Journal Vol.(3), No.(41) မှ-
No comments:
Post a Comment