ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
န.စ.က ဖျက်သိမ်းကြောင်းကြေညာချက်ထုတ်
န.စ.က ဖျက်သိမ်းကြောင်းကြေညာချက်ထုတ်
12.7.2013
နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၁၂ နေ့ အမိန့်ကြော်ငြာစာ အမှတ် ၅၉/ ၂၀၁၃
နဲ့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်အား ယနေ့မှ စ၍
ဖျက်သိမ်းလိုက်ကြောင်း ယနေ့ ည ၈ နာရီသတင်းမှာ
မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ ကြေညာခဲ့ပါတယ်။ ကြေညာချက်အပြည့်အစုံမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၉ /၂၀၁၃
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက်သိမ်းခြင်း
နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်အား ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment