Sunday, July 7, 2013

မဟာဗောဓိ အကြမ်းဖက် ဗုံးဖေါက်ခွဲမှုအတွင်း လူငါးဦး ဒါဏ်ရရ

 

ဗုဒ္ဓဂါယာ၊ ၁၀:၂၄ နံက်တွင် ၀န်ကြီးချုပ် မန်မိုဟန်စိုင်းဟာ မဟာဗောဓိနှင့် အနီးတစ်ဝိုက် ဗုံးဖောက်ခွဲမှုကို အပြင်းအထန် ရှုံ့ချခဲ့ပါတယ်။ ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာဗောဓိဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုပေါင်း စည်းထားရာနေရာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရိုသေကိုင်းရှိုင်းမှုကိုသင်ပြလမ်း ညွှန်ပေး တဲ့ ရိုးရာဓလေ့တွေပါ။ အဲ့ဒီလိုမျိုး ဘာသာရေး နေရာ တွေကို တိုက်ခိုက်ခြင်းဟာ လုံးဝခွင့်လွှတ်လို့ မရနိုင်ပါဘူးလို့ မန်မိုဟန်ဆင်းက ပြောဆိုခဲ့ပါတယ်။

၁၀း၁၀ နံက်တွင် ပေါက်ကွဲမှု ရှာဖွေစုံစမ်းရေး အဖွဲ့ NSG ကိုပတ်(တ်)နာသို့ ပို့ပြီးဖြစ်ကြောင်း ပြည်တွင်းရေးရာ ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

၉း၄၉ နံက်တွင် ပြည်တွင်းရေးရာဝန်ကြီး ဟာလည်း ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာဗောဓိ ဗုံးဖောက်ခွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

၉း၂၅နံက်တွင် ဒီလုပ်ရပ်ကို ကျွန်တော်တို့ အပြင်းအထန် ရှုံ့ချပါတယ်။ကျွမ်းကျင်သူတွေက အပြင်းအထန် ရှာဖွေ စုံစမ်းသင့်ပါတယ်။ဒါဟာ လုံခြုံရေး မရှိလို့ ။ ပျက်ကွက်လို့ပါပဲ။ အခုထိ ဘာလို့ ပြည်နယ်အစိုးရက တုံ့ပြန် မှု မရှိသေးတာလဲလို့ ရဗီချန်ကာပရစပ် က ပြောဆိုခဲ့ပါတယ်။

၉း၁၄ နံက်တွင် ဂါယာအထူးစုံစမ်းရေးရဲ(SP) ကလဲ ပေါက်ကွဲတဲ့ နေရာအနီးမှ ဗုံးနှစ်လုံးကို တွေ့ရှိဖြုတ်ယူနိုင်ခဲ့ ကြောင်း ပြောဆိုခဲ့ပါတယ်။

၈း၁၄ နံနက်တွင် ဒီလိုမျိုး ယုတ်ညံ့စွာ မဟာဗောဓိဘုရားကျောင်းကို တိုက်ခိုက်ခြင်းဟာ အိန္ဒိယလူထုနှင့် တစ်ကမ္ဘာလုံးမှ
ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွေအတွက် အလွန်ဝမ်းနည်းဖွယ်ရာ ကိစ္စဖြစ်ကြောင်း ဂူဂျရစ်ပြည် နယ် ၀န်ကြီးချုပ် နရိန်ဒရာမိုဒိ က ပြောဆိုခဲ့ပါတယ်။

၈း၄၇ နံက်တွင် ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတိခ်ျကူမာဟာ ဗုဒ္ဓဂါယာသို့ ထွက်ခွါသွားပါတယ်။ဘီဟာရဲ့ နယ်မြေပိုင်နက် ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာဗောဓိကျောင်းတော်အတွင်း ပေါက်ကွဲမှုမှာ လူငါးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောင်းတော်နေရာ ရှစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ပြည်တွင်းရေးရာ ၀န်ကြီးဟာ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှ နောက်ထပ် ဗုံးနှစ်လုံးကို တွေ့ရှိ ဖယ်ရှားနိုင်ခဲ့ကြောင်း အတည်ပြုပြောဆို ခဲ့ပါတယ်။

မဟာဗောဓိဘုရားကျောင်းအတွင်း ပေါက်ကွဲမှု ကိုးနေရာဖြစ်ခဲ့ပြီး ။ ဗုံးတစ်လုံးကို မပေါက်မကွဲ ကောင်းမွန်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရေးဝန်ကြီးက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီမဟာဗောဓိ ပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ ပြောရမှာ စောပါသေးတယ်လို့ လဲ ပြည်တွင်းရေး ၀န်ကြီးထည့်စွက် ပြောဆိုခဲ့ပါတယ်။

ပြည်နယ်အစိုးနဲ့ ခရိုင်အာဏာပိုင်များကလဲ လုံခြုံရေးသတိပေးပြီး ရှာဖွေမှုကို စတင်လှုပ်ရှားနေပါတယ်။ လူငါးဦး ဒဏ်ရာအပြင်းအထန် ရပြီး ဆေးရုံတင်ထားရပါတယ်။ ဘုရားကျောင်းအဆောက်အဦများ အပျက်အစီးမရှိပါဘူး လို့လဲ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဘုရားကျောင်းတွင်း ဗုံးကို အိတ်တစ်လုံး၌ ထည့်ထားကြောင်း တွေ့ ရှိမှုအရ သိရပါတယ်။ပြည်တွင်း ညွှန်ကြားရေးရာအရာရှိတွေလဲ အခင်းဖြစ်ပွါးရာနေရာကို ရောက်ရှိနေပြီး ဗုံးရှာ ဖွေရေးသမားတွေလဲ ရောက်ရှိကာ
ရှာဖွေမှုတွေကို စတင်နေပြီဟု သိရပါတယ်။

NIA လူ့အရင်းအမြစ်အဖွဲ့အစည်းကလဲ ဒီလိုအရေးကြီးတဲ့ အချိန်မှာ သူတို့ အဖွဲ့တစ်ဖွဲ့ကို ဗုဒ္ဓဂါယာသို့ စေလွှတ် မည်ဖြစ်ကြောင်းသိရပါတယ်။  
 

No comments:

Post a Comment