Friday, July 12, 2013

ရခိုင်တံဆိပ်အကြောင်းသိကောင်းစရာ



သဇင်တံအကြောင်း သိကောင်းစရာ

…………………………………………….
ရက္ခိုင်ပြည်နယ်အလံ တံဆိပ်မာပါရေ သင်္ကေတရို့စွာ တ
န်ဖိုးအားဖြင့် သူနိန်ရာနန့် သူ တန်ဖိုးဟိကတ်ပါရေ။ ယင်းရို့အထဲမာ
(၁)ကြယ်ပွင့်
(၂)သဇင်တံ
(၃)ရွေးလုံး (၂၀)လုံး
(၄)နီနန့်လ
(၅)ခြူးပန်း
(၆)သီရိဝစ္ဆ
(၇)ခရုသင်း
(၈)သံလျက်(သို့)အချို့သောကေစိဆရာရို့အခေါ်စိန်တောင်
(၉)ဗိန္ဓုပြောက် (၇)လုံး
အစဟိဗြီးဂေ အင်္ဂါ (၉)မျိုးနန့်၊ရက္ခိုင်သူ/ရက္ခိုင်သားရို့၏ လောကီ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးအတွက် အမှောင်ကိုခွင်း အလင်းကို ဆောင်နိုင်ရန်အလယ်ဗဟိုရ်မာ ဆီမီးခွက်သဏ္ဍာန်ပုံဖေါ်ပနာ န၀င်းကြီ ဖန်တီးထားကတ်ပါရေ။

ယင်းရို့ကို သမိုင်းပညာသျှင်ရို့အဓိပ္ပါယ်ဖွင့် ဆိုချက်တိမာ သဇင်တံကလွဲကေ ကျန်ရေသင်္ကေတ တိစွာ စုံလင်သလောက်စုံဗြီးဂေ သဇင်တံကိုကျရေခါ အပွင့်၏အရွီအတွက်တိကို ဖွင့်ဆိုထားချက်တိ မတွိဟိရရေအတွက်နန့် လိုက်ဟင်းနိန်ရေ ကွက်လပ်ချေ ကိုအရင်းခံ စေတနာ ဆန္ဒချေက တဖွားဖွားပေါ်လာလီရေအတွက် ရက္ခိုင်ကောင်းကျိုး ရည်မျှော်ကိုးပနာ ဗမာနယ်ချဲ့ကိုလိုနီရို့၏နှစ်ပေါင်း(၂၀၀)ကျော်အမှောင်ချခံထားရရေ ရက္ခိုင်ပြည်သူ ရဟန်းသျှင်လူရို့၏ အတိက်ကို ရမ်းရော်တမ်းကာ၊ ပစ္စုပ္ပန်မာရောင်ပြန်ဟပ်ကြည့်ဗြီးဂေ၊ အနာဂါတ်ကို ရွှီရောင်စိတ်ကူးသစ် အိပ်မက်သစ်ချေတိနန်း လင်းလက်နိုင်အောင် နိုးထကတ်ပနာ၊ မှုန်ဝါးနိန်ရေ ရက္ခိုင်သမိုင်း ကြေးမုံကို ဖုံခါ သုတ်ပနာ ကြည့်မြင် နိုင်ကတ်ပါဇီ။
(မှတ်ချက်။ ။သဇင် အကြောင်းကို ဆောင်းပါးရွီးဗြီးဗျာလ်ဖြစ်လို့ ဆက်မရွီးပါဗျာလ်။)
ဒေတံဆိပ်မှာပါရေ သဇင်ပွင့်အကြောင်းကိုရာ ရွီးလားပါမေ၊ ရက္ခိုင်အလံ တံဆိပ်မာပါရေ သဇင်တံနှစ်ခက် ကိုထည့်သွင်းအသုံးပြုခကတ်သည့်အချိန်ကား- မြန်မာနိုင်ငံ လွတ်လပ်ရေးရဗြီး၊ ပထမအကြိမ် ၀န်ကြီးချုပ် ဦးနုလက်ထက် ပြည်နယ် (သို့) တိုင်းတစ်ခုစီ၌ ပါဝင်သင့်သောမြို့နယ်ရို့ကို ခွဲခြားသတ်မှတ်ဖွဲ့စည်းကတ်တေခါ၊ (ယင်းအချိန်က ရက္ခိုင်ပြည်သည် တိုင်းအဆင့်သာ ထားဟိပါသိမ့်ရေ) ရက္ခိုင်ပြည်အတွက် ဧရာဝတီတိုင်း ဟိ င/ပုတောမြို့နယ်ကို ချန်လှပ်ထားဗြီးဂေ ၊ရက္ခိုင်ကို (၁၈)မြို့နယ်နန့် ဖွဲ့စည်းဗြီးရေခါ ပြည်နယ် (သို့) တိုင်းတစ်ခုချင်းစီ၏ ၊ ပြည်နယ်နန့် လူမျိုးကိုယ်စားပြု အလံတော်နန့် တံဆိပ်တော်ရို့ကို ရွီးဆွဲကတ်ရာ၌ ရက္ခိုင်သမိုင်းပညာသျှင်ရို့က အတိက် ပစ္စပ္ပန် အနာဂါတ်တည်းဟူသော ကာလသုံးပါးကို ရည်ညွှန်းပုံဖေါ် ဗြီး တံဆိပ်၏စက်ဝိုင်းအစ၌ ဗယ် ညာတစ်ဖက် တစ်ချက်စီတွင် သဇင်တံ နှစ်ခက်ကို ထည့်သွင်းအသုံးပြုခကတ် ပါရေ။ ယင်းသဇင်တံ၌ ပါဟိသော အပွင့်အရွီးအတွက်မာ ၊ သဇင်ရိုးညှာတံ၏ ဗယ် ညာတစ်ဖက်တစ်ချက်စီ တွင်(၈)ပွင့်စီ ထားဟိဗြီး၊ ထိပ်မာ(၁)ပွင့်ထားဟိပါရေ။ ညာဖက်မာလည်း ယင်းနည်းတူစွာ ထားဟိပါရေ။ ယင်းရို့ကို ရွီတွက်ရေခါ သဇင်တစ်ခက်ကို နှစ်ဖက်ခြမ်းပနာ ၊တစ်ဖက်စီသီးသန့် ရွီတွက်ရဗြီး ၊ ဗယ်ဖက်မာ (၈) ပွင့်ဟိဗြီးကေ ထိပ်ကတပွင့်နန့်ပေါင်းလိုက်တေခါ (၉)ပွင့်၊ ညာဖက်အခြမ်းမာလည်း (၈)ပွင့်ဟိဗြီးဂေ ထိပ်က တစ်ပွင့်နန့် ပြန်ပေါင်းလိုက်တေခါ (၉)ပွင့်ဖြစ်ပါရေ။ ယေခါ ကိုး (၉)နှစ်လုံးဖြစ်ပေါ်လာပါရေ (၉၉)။ နောက် တစ်ခက်ကိုလည်း ဒေပိုင် ရွီတွက်ပေါင်းလိုက်တေခါ အလားတူစွာနောက်ထပ် ကိုး(၉) နှစ်လုံး ဖြစ်ပေါ်လာ ပြန်ပါရေ။ ယင်းရို့ကို ဗယ်ညာ (၀ဲယာ) ခွဲကြည့်လိုက်တေခါ ဗယ်(၀ဲ)ဖက်က ၉၉၊ ညာ(ယာ)ဖက်က ၉၉စီဖြစ်ကတ်ပါရေ။ ယင်းရို့၏အဓိပ္ပါယ်မာ ရက္ခိုင်လူမျိုးရို့သည် ကိုယ့်ထီး ကိုယ့်နန်းနန့် နိန်ခရေအခါက ၊ကစ္ဆပမြစ်ရီပြင်ကို ဗယ်ညာ(၀ဲယာ)နှစ်ခြမ်းခွဲကြည့်လိုက်တေခါ၊ ဗယ်(၀ဲ)ဖက်က၉၉မြို့၊ ညာ(ယာ)ဖက်က ၉၉ မြို့စီ ဟိခရေအကြောင်း သဘောအဓိပ္ပါယ် သက်ရောက်စီပါရေ။ နောက်ထပ်တဖန် ကိုးဂဏန်းစုံတွဲ နှစ်စုံကို အဆင့်ဆင့်ခွဲပနာ ပြန်ပေါင်းလိုက်တေခါ၊ ဗယ်+ညာ(၀ဲ+ယာ)၉၉(၉+၉)-၁၈၊၉၉(၉+၉)=၁၈။ နှစ် ဖက်လုံးမှ (၁၈)ကို ပြန်ခွဲပေါင်း၊ ၁၈(၁+၈)=၉၊၁၈(၁+၈)=၉။ နောက်တစ်ဆင့်ထပ်ပေါင်း၊ ၉+၉=၁၈-ဂဏန်း ထွက်ပေါ်လာပါရေ၊ဒေ(၁၈) ဂဏန်းသည် ယင်းအချိန်ကိဖွဲ့စည်းထားရေ ရက္ခိုင်ပြည်နယ်ထဲမာပါဝင်ရေ (၁၈)မြို့နယ်ကို ဖော်ညွှန်းပုံဖော်ထားခြင်းဖြစ်ပါရေ။အဂုအခါမာ (၁၇)မြို့နယ်သာ ဖြစ်လားခရရေအကြောင်း ရင်းက (၁၉၆၄)ခုနှစ်မာ ဖဆပလ ၀န်ကြီးဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ဒုတိယ အကြိမ် ထပ်မံ အရွီးခံလိုရေ အတွက် ရက္ခိုင်ပြည်နယ်ဟိ (၁၈)မြို့နယ်ကို ခရိုင်ဖွဲ့ရေခါ၊ ရသေ့တောင် ဗူးသီးတောင် မောင်းတော (၃)မြို့နယ်ကို မေယုခရိုင်ဖွဲ့ဗြီးဂေ၊ ယင်းခရိုင်ထဲမာပါဝင်ရေ ကုလားရို့ကို သူ့ပါတီမာမဲထည့်ဂေ ဒေမေယုခ ရိုင်ကို အပိုင်ပီးမေ ဆိုရေ မက်လုံးကိုပြပနာ ကုလားတိပါးက မဲရယူခရေပိုင်၊ချင်းပြည်နယ်ကိုကျရေခါ ချင်းလူမျိုးတိပါးက မဲလိုချင်လို့ ရက္ခိုင်ပြည်နယ်ထဲမာပါဝင်ရေ ပလက်ဝမြို့နယ်သည်ကား ချင်းပြည်နယ်နန့် လည်းနီးစပ်ဗြီး၊ တောင်စွယ် တောင်တန်းတိလည်း ထူထပ်ပေါများရေအတွက် ချင်းဝိသေတိုင်းမာ ထည့် လိုက်မေလို့ပြောလီရေအတွက် ချင်းလူမျိုးတိကလည်း ၀မ်းပန်းတသာနန့် လူတယောက်မဲတစ်ပြားနှုန်းနန့် မြို့နယ်တစ်ခု အလကားရဖို့အတွက် ဦးနုကို ထောက်ခံပနာ လက်ခံကတ်ပါရေ။ယင်းအချိန်က ရက္ခိုင်နိုင်ငံ ရေးဂေါင်းဆောင်ရို့သည် လ္ဘရည်တစ်ခွက်နန့် ဇိမ်ယာဇ်နိန်လီရေအတွက် မြို့နယ်တစ်ခုပဲ့ထွက်လားဗြီးဂေ အဂုခါမာ (၁၇)နြို့နယ်သာ ကျန်ဟိလိုက်ခြင်းဖြစ်ပါရေ။ နောက်ထပ်တဖန် (၁၈)မြို့နယ်ထဲက (၁၈)သင်္ချာဂ ဏန်းကို ခွဲပနာပြန်ပေါင်းကြည့်ပါက၊ ၁၈(၁+၈)=၉ ဂဏန်းကိုရဟိပါရေ။ ယင်းကိုးဂဏန်းသည်ကား ကိုးန ၀င်းကို ဖော်ညွှန်းထားခြင်းဖြစ်ပါရေ။လူ ပုဂ္ဂုလ် မြို့ ရွာ တိုင်းပြည် ရို့မည်သည်ကား န၀င်းကြီဖြစ်ပါက ဇာပိုင်ကဲသို့သော ဘေးဥပါဒ် အန္တရာယ် ကျရောက်နိန်စီကာမူ၊ သီကြီ ပျောက်ပျက်လားခြင်း ထုံးစဉ်မဟိပဲ ရုန်းထွက်နိုင်သော စွမ်းအင် သတ္တိနန့် ပြည့်စုံသည်ဟု အဓိပ္ပါယ်ရပါရေ။ ယင်းကြောင့် ရက္ခိုင်ပြည်သည် အစကတည်းကပင် (၁၈)မြို့နယ်နန့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် န၀င်းကြီ ရက္ခိုင်ပြည်ဟု မှတ်ယူကတ်ပါလီ။


ရည်ညွှန်းကျမ်းကိုး

(၁)ပြည်နယ်ဖြစ်စဉ်သမိုင်း၊ တတိယတွဲ နိုင်ငံရေးကဏ္ဍ
(၂)ရက္ခိုင်ပြည်ပထ၀ီအကျဉ်း၊ မောင်ကောက်စံ
(၃)ဆရာဦးကျော်၏ ပြောပြချက်များ၊ မြောက်ဦး
(၄)၉၀ ခု၊မဲဆွယ်တိက်ခွီ၊ပြားချောင်း၊ ဆရာကြီး ဦးဦးသာထွန်း

ဝန်ခံချက်- အမှားပါကေ စာရွီးသူ၏တာဝန်သာဖြစ်ပါကြောင်း။

ကျေးဇူးစကား

ဒေဆောင်းပါးဖြစ်မြောက်ရေးအတွက် တံဆိပ်ကို ရှာဖွီပီးရေ ကို Muga Mushin နန့် ကိုထွန်းလင်းအောင် ရို့ကို အထူးကျေးဇူးတင်ဟိပါရေ။

အားနုံးကို လေးစားရိုကျိုးစွာနန့်
နွယ်သာကီ (အဉ္ဖန)
၁၂/၀၇/၂၀၁၃

No comments:

Post a Comment