Friday, July 12, 2013

သံတွဲ သဗြုချိုင် ကိုဝင်းမြင့်အားသတ်သည့်သူမှာ မူဆလင်တစ်ယောက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး

သံတွဲ သဗြုချိုင် ကိုဝင်းမြင့်အားသတ်သည့်သူမှာ မူဆလင်တစ်ယောက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး
==========================

( Coral Arakan News / ၁၂ ဇူလိုင်လ ၂၀၁၃ )

၂၀၁၃-ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့က သံတွဲမြို့နယ် ဖိုးစိန်ကြီးကုတို့ အနီးလယ်တဲထဲတွင် သဗြုချိုင်ရွာသား ကိုဝင်းမြင့် (ရခိုင်လူမျိုး / ဗုဒ္ဓဘာသာဝင်) အား ဓါးဖြင့် ခုတ်သတ်ခဲ့သူမှာ တစ်ရွာတည်းနေ စိုးမင်းသူ ( ၂၉-နှစ် / ကမန်လူမျိုး / အစ္စလမ်ဘာသာဝင်) ဖြစ်ကြောင်းဖော်ထုတ်ကာ တရားခံအား ဖမ်းဆီးကာ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကမန်လူမျိုးအစစ်များမှာ လူဦးရေ နှစ်သောင်းခန့်သာရှိသည် ဟု ကမန်ခေါင်းဆောင်များက ပြောနေကြပြီး မှတ်ပုံတင်တွင် ကမန်လူမျိုးခံယူထားကြသည့် ဘင်္ဂါလီ မူဆလင်ဦးရေမှာ မြန်မာနိုင်ငံ အနှံ့ တစ်သိန်းကျော် ရှိနိုင်သည် ဟု ခန့်မှန်းကြသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို အောက်တွင် ဆက်လက်ဖတ်ရှုပါ။

=======================

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင်တောင်ပေါ်ရွာနေ ၀င်းမြင့်အသတ်ခံရခြင်း သတင်း(သတင်းဆက်)နှင့်ပတ်သက်၍ သတင်းမှန်အားပြည်သူများသိစေရေး

၁။ သံတွဲမြို့နယ်၊ သဗြုချိုင်ရွာသားတစ်ယောက် အသတ်ခံရခြင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-

(က) ရွှေလှေနယ်မြေရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုနှင့်ပတ်သက်၍
မြို့နယ်မှူးဦးစီးသော အမှုစစ်အဖွဲ့မှ အခင်းဖြစ်နေရာကြည့်ရှုစစ်ဆေးခြင်း၊
မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေဆွဲခြင်း၊ အခင်းဖြစ်စဉ်က သေဆုံးသူ
ဝင်းမြင့် ၀တ်ဆင်ခဲ့သော ပုဆိုးအဟောင်း(၁)ထည်နှင့် အရက်ထည့်ထားသည့် ရေ
သန့်ဗူးခွန်အဟောင်းများ သိမ်းဆည်းခြင်းများဆောင်ရွက်ခဲ့ပြီး သေဆုံးသူနေထိုင် ရာ အနီးပတ်ဝန်းကျင်ရှိ တဲများရှိလူ(၁၀)ဦးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း။

(ခ) ထိုနောက် အမှုမှ အခင်းမဖြစ်မီ ဇူ ၀၉ ရက်နေ့က သေဆုံးသူတဲအနီး ကိုချစ်လွင် လယ်ကွက်တွင်ပျိုးနှုတ်ခဲ့ကြသော သေဆုံးသူနှင့်အရက်အတူသောက်ခဲ့ကြသူ ချစ်လွင်၊ ခင်မောင်ချစ်၊ ခင်မောင်ထွေး၊ ဖြူလုံး၊ ရဲမင်းထွန်း၊ သံချောင်းတို့အား ဆက်လက်စစ်ဆေးခဲ့ကြောင်း။

(ဂ) အထက်ပါ စစ်ဆေးဆောင်ရွက်ခဲ့သူများအနက် သေဆုံးသူတဲနှင့် ပတ်ဝန်ကျင်တဲ များတွင်နေထိုင်ကြသူ မောင်ကလေးနှင့် စိုးမင်းသူတို့အား စစ်ဆေးချက်အရ မောင်ကလေး မှာ သေဆုံးသူနှင့်အမြဲအတူနေထိုင်စားသောက်တတ်ခြင်း၊ သေဆုံး သူအရက်မူး ဒေါသဖြစ်လျှင် အမြဲတမ်းဟန့်တားထိမ်းပေးသူဖြစ်ခြင်း၊ စိုးမင်းသူမှာ လွန်ခဲ့သော(၃)လခန့်က သေဆုံးသူ နှင့်ကောက်ရိုးပုံစုပုံသည့်ကိစ္စအတွက် အချင်းများခဲ့ကြောင်း။

(ဃ) မြို့နယ်မှူး ဦးစီးသောအမှုစစ်အဖွဲ့မှ မောင်ကလေးနှင့်စိုးမင်းသူတို့အားအသေးစိတ် ထပ်မံ၍ စစ်ဆေးရာ အခင်းဖြစ်သည့် ၁၀.၇.၂၀၁၃ ရက်နေ့ ညနေ (၇)နာရီအချိန်ခန့် တွင် သေဆုံးသူ နှင့် တရားခံ စိုးမင်းသူတို့(၂)ဦးသည် အရက်အတူထိုင်သောက်ပြီး သေဆုံးသူမှ စိုးမင်းသူအား ``ယောက်ဖ၊ ယောက်ဖ´´ဟုခဏခဏ အော်ဆဲ ၍ တရားခံမှ အနီးအနားရှိ ဓါးကိုးဆွဲ ၍ ရမ်းလိုက်ရာသေဆုံးသူမှာ လည်ပင်းပြတ်ရှ ဒဏ်ရာရ ၍ တရားခံမှာ ၎င်း၏တဲသို့ ၂၀၀၀ အချိန်ခန့်တွင် ပြန်သွားခဲ့ကြောင်း၊ စစ်ဆေးသိရှိရပြီး စိုးမင်းသူမှ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆို၍ ၁၁.၇.၂၀၁၃ ရက်နေ့ ညနေ(၅)နာရီအချိန်ခန့် တရားခံ စိုးမင်းသူ (၂၉)နှစ်(ဘ)ဦးထွန်းမြင့်၊ကမန်/ အစ္စလာမ်၊ လယ်လုပ်၊ သဗြုချိုင်တောင်ပေါ်ရွာ၊ နတ်မော်ကျေးရွာအုပ်စု၊ သံတွဲမြို့ နေသူအားအမှုဖြင့်ဖမ်းဆီးပြီးသက်သေခံ ရေသန့်ဗူးခွံ(၈)လုံးနှင့် ငနီတူခြောက် သုပ်အားထည့်ထားသည့် စတီးအံခွက်(၁)ခု၊ သေဆုံးသူ၏ပုဆိုး(၁) ထည်၊ သိမ်း ဆည်းရမိပြီး သက်သေခံဓါးသိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိ ကြောင်း။

၂။ သို့ဖြစ်ပါ၍ သတင်းမှန်အားပြည်သူအများ သိရှိနိုင်ရေးထုတ်ပြန်အပ်ပါသည်။

ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့
https://www.facebook.com/santoe.arakan/posts/398039590317640

No comments:

Post a Comment