ငါတို့ဒေသက ရှေးဟောင်းယဉ်ကျေးမှုအမွေတွေကို အဲလိုတွေယူသွားနေကျ.. အသားကိုဓားနဲ့လှီးခံရသလို ခဏခဏယူခံရပေမယ့် ယူခံရတဲ့အကြိမ်တိုင်းမှာ ခံစားရတဲ့ခံစားချက်က တစ်ခါမှရိုးမသွားဘူး။ ယူသွားပြီး အများသူငါမြင်ရအောင် ထိန်းသိမ်းပြသခံရတာမျိုးမရှိပဲ အစပျောက်သွားတဲ့ပစ္စည်းတွေ နည်းတာမဟုတ်ဘူး။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ခံစားချက်ကို တခြားလူမျိုးတွေကိုပြောပြတော့ သူတို့ကိုယ်ချင်းစာရကောင်းမှန်း မသိခဲ့ဘူး။ အမြင်ကျဉ်းတယ်လို့ အပြစ်တောင်မြင်ခံရသေးတယ်။ ခု တခြားလူတွေဘယ်လိုနေမလဲ မသိပေမယ့် အနည်းဆုံး ရေနံချောင်းသား သူငယ်ချင်းတွေ ကိုယ်ချင်းစာတတ်လောက်ပြီပေါ့။
စာသားကို ဘွရှင် facebook စာမျက်နှာမှ ကူးယူသည် /
http://youtu.be/CI60MSXBCoA
No comments:
Post a Comment