Showing posts with label အတ္ထုပတ္တိ. Show all posts
Showing posts with label အတ္ထုပတ္တိ. Show all posts

Wednesday, April 29, 2015

စွယ်စုံပညာရှင် ဦးမေအောင်

စွယ်စုံပညာရှင် ဦးမေအောင်


အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ်

Saturday, April 26, 2014

ရခိုင်သူဌေးကြီး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)




ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။
အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် လာ ကြသည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ၀ီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ် ပေးခဲ့သည်။

လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။
ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘ၀နာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။

Tuesday, March 11, 2014

သီရိလင်္ကာနိုင်ငံမှ PhD သာသနာ့အာဇာနည်တပါး ထပ်မံပေါ်ထွက်




March 10, 2014

အရှင်ပညာစက္က (YEEBS – ဘန်ကောက်)
မတ်လ ၁၀၊ ၂၀၁၄

ဒုတိယအကြိမ်မြောက် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရယူခဲ့သော ရဟန်းတော်မှာ အရှင်ဣန္ဒသာရဖြစ်သည်။ အရှင်ဣန္ဒသာရသည် သီရီလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်၊ ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌာနသို့ “ A Critical Study of Historical Development of Subject-matter Related to Dhammanupassana in Theravada Buddhist Tradition- ထေရ၀ါဒဗုဒ္ဓဘာသာဓလေ့ရှုထောင့်မှ ဓမ္မာနုပဿနာဆိုင်ရာအကြောင်းအရာ၏တိုးတက်မှုကို သမိုင်းကြောင်းအားဖြင့် ဆန်းစစ်လေ့လာခြင်း” အမည်ရှိသော “ Dissertation- ပါရဂူစာတမ်း” ကိုတင်သွင်းခဲ့ပြီး အရှင်ဣန္ဒသာရသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ယူစာတမ်း၏ Final Defense ကို အောင်မြင်ခဲ့ပါသဖြင့် ပါရဂူဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်သည်။

အရှင်ဣန္ဒသာရသည် “ An Analytical Study of Theory of Kamma according to Buddhism- ဗုဒ္ဓဘာသာအဆိုအရ ကမ္မအယူအဆကိုခွဲခြမ်းစိပ်ဖြာလေ့လာခြင်း” ဟူသော စာတမ်းဖြင့် “ မဟာဝိဇ္ဇာ (MA)” ဘွဲ့ကိုရယူခဲ့သည်။

Saturday, March 8, 2014

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)






မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ် ၀န်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် "ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။ အစ်ကို ရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။

Saturday, February 8, 2014

((( ရခိုင် မဟာရာဇဝင်တော်ကြီး ကျမ်း ပြုစုရေးသားသူ ဦးထွန်းရွှေခိုင် ( မဟာဝိ ဇ္ဇာ ) ၏ ထေရုပ္ပတ္တိအကျဉ်း ။ )))


**********************
ရခိုင် မဟာရာဇဝင်တော်ကြီး ကျမ်းပြုစုသူ ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ ) ကို
ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့ ၊ အဖ ကုန်သည်ကြီး ဦးလာဘ + အမိ ဒေါ်ငွေချိန်တို့မှ
၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည် ။ အမည်ရင်းမှာ ထွန်းရွှေခိုင်ပင်ဖြစ်သည် ။
၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာ ( ပထဝီဝင် )ဘွဲ့
ကိုရရှိခဲ့သည် ။ ထိုနှစ်မှာပင် လုပ်သားများကောလိပ် ပထဝီဝင်ဌာနတွင် အချိန်
ပိုင်း နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် စစ်
တွေ ဒေသကောလိပ်၌ ပထဝီဝင်နည်းပြအဖြစ် ဆက်လက်တာဝန်ယူခဲ့သည် ။
၁၉၇၇ ခုနှစ်တွင် "" စစ်တွေမြို့မြေအသုံးချရေး "" စာတမ်းဖြင့် ရန်ကုန်
တက္ကသိုလ်မှ မဟာဝိဇ္ဇာတန်းကို ဖြေဆိုအောင်မြင်ပြီးနောက် စစ်တွေ ဒေသ
ကောလိပ်တွင် ပထဝီဝင်ဌာန လ/ထကထိက ၊ ဌာနမှူးအဖြစ် ခန့်အပ်ခြင်းခံ
ရပါသည် ။


၁၉၇၈ ခုနှစ်တွင် မော်ကွန်းထိန်းအဆင့် ( ၂ ) ဖြင့်လည်းကောင်း စစ်တွေ
ဒီဂရီကောလိပ်တွင် မော်ကွန်းထိန်း အဆင့် ( ၁ ) ဖြင့်လည်းကောင်း တာဝန်
ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့်နိုင်ငံခြားဘာသာရပ်
တက္ကသိုလ်တို့တွင်လည်း တာဝန်များကိုထမ်းဆောင်ခဲ့ပါသည် ။
ထို့နောက် ပါရဂူဘွဲ့ ( Ph.D ) အတွက် "" Evolution Of Rakhine
Ancient Capitals "" ရခိုင်သမိုင်းကိုကျမ်းပြုစု တင်သွင်းခဲ့ပါသည် ။ ထွန်းရွှေ
ခိုင် ( မဟာဝိဇ္ဇာ ) အမည်ဖြင့် ရခိုင်သမိုင်းစာအုပ်များနှင့်ရခိုင့်ယဉ်ကျေးမှုဆိုင်ရာ
သုတေသနစာတမ်း စာအုပ်များစွာတို့ကိုရေးသားပြုစု ထုတ်ဝေခဲ့ပါသည် ။
ထို့နောက် ရခိုင့်သမိုင်းများကိုကမ္ဘာကသိစေရန်အတွက် အင်္ဂလိပ်ဘာ
သာဖြင့်ထုတ်ဝေသော "" A Guide To Mrauk - U "" & "" A Guide
To Mahamuni "" ဟူသော စာအုပ် နှင့် ယခုထုတ်ဝေလိုက်သော "" ရခိုင်
မဟာရာဇဝင်ကြီး "" အပါအဝင် စာအုပ် ရေပေါင်း ၁၈ အုပ် ထုတ်ဝေခဲ့ပါသည် ။
ရခိုင် - မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ၊ ရခိုင်သမိုင်းသုတေသီ
ဆရာတော် အသျှင်စက္ကိန္ဒ ၊ ရခိုင်သမိုင်း စာပေပညာရှင် ညွှန်ကြားရေးမှူးချုပ်
ဦးစံသာအောင်တို့နှင့်တွဲဖက်၍ ရခိုင်ရေးရာ သမိုင်းစာပေနှင့်နှောင်းခေတ် ရခိုင့်
ယဉ်ကျေးမှုများကိုလည်း ဖေါ်ထုတ်တင်ပြ ဆောင်ရွက်နေပါသည် ။
ယခုအခါ ဆရာကြီးသည် ဇနီးဖြစ်သူ ဒေါ်သန်းသန်းမြင့် ( စစ်တွေဇာတိ )
သား နေမျိုးထွန်း ။ မောင်သန့်ဇင်ထွန်းသမီး မဝါဝါဝင့်ခိုင်တို့နှင့်အတူ ရန်ကုန်မြို
တွင်နေထိုင်ရင်း ရခိုင်တို့၏ ထေရဝါဒကိုးကွယ်မှုဆိုင်ရာ အစဉ်အလာ သမိုင်း
နှင့်ရခိုင်သမိုင်းစာပေများတို့ တိမ်ကောပျောက်ပျက်မသွားရအောင် သုတေသန
ပြု စာတမ်းများစွာတို့ကို ရေးသားလျှက်ရှိနေပါသည် ။

ကိုးကား / ရခိုင် မဟာရာဇဝင်တော်ကြီး
ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ )

Arakan Thu Chay
8 . 2 . 2 0 1 4/ 8 : 00 PM


https://www.facebook.com/photo.php?fbid=256162534557452&set=a.102625376577836.5095.100004911214619&type=1&theater

Friday, September 13, 2013

ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည် စာပေပါရဂူ ဦးရွှေဇံအောင်


=======================================-
လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

Wednesday, July 31, 2013

ဦးချန်ထွန်း သို့မဟုတ် ရန်ကုန်မြို့ရှိ ဆူးလေးစေတီတော်မြတ်အား ကာကွယ်ခဲ့သူ

ဗြိတိသျှခေတ်  ရန်ကုန်မြို့ရှိ ဆူးလေးစေတီတော်မြတ်အား တွေ့ရစဉ်
====================================

ဦးချန်ထွန်း ( ၁၈၅၉-၁၈၉၄) စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီးဦးရဲကျော်သူ ဆိုလျှင် ရခိုင်သားများ လောကတွင်မသိသူမရှိသလောက် ပင် ထင်ပေါ်ကျော်ဇောသည်။ သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများ အထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ ပါရဂူတစ်ဦးဖြစ်သည်။ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦး ထွန်းကားခဲ့ရာ သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦး ချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။ ဦးချန်ထွန်း အပါအ၀င် သား(၆)ယောက်စလုံးသည် ထိုခောတ်က အင်္ဂလန် ကျောင်းတွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ညီအစ်ကို လေး ယောက် ဖြစ်သော ဦးချန်ထွန်း အပါအ၀င် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့ Barrister at Law) ကို ရရှိခဲ့ကြသူများ ဖြစ်သည်။

Friday, April 19, 2013

ဦးနာအောက်၏ အတ္ထုပ္ပတ္တိ (၁၁၉၄-၁၂၇၅)





Written by Sahaimon.net

၁၉ ရာစုတွင် ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာဦးနာအောက် သည် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာရှိ မွန်ကျေးရွာကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက် ကြာသပတေးနေ့တွင် မွေးဖွားသည်။

မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်လေသည်။

Thursday, February 21, 2013

ဦးချန်ထွန်း (၁၈၅၉-၁၈၉၄)

စစ်တွေမြို့မှရွှေစလွယ်ရသူဌေးကြီးဦးရဲကျော်သူဆိုလျှင် ရခိုင်သားများလောကတွင်မ
သိသူမရှိသလောက်ပင် ထင်ပေါ်ကျော်ဇောသည်။သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍
ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများအထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့
သော နာမည်ကြီးဥပဒေပါရဂူတစ်ဦးဖြစ်သည်။ဦးရဲကျော်သူ၊ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦးထွန်းကားခဲ့ရာ သား

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ် ၀န်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် "ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့်

မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ ထေရုပတ္တိအကျဉ်း

ဇာတိချက်ကြွေ မွေးရပ်မြေ 

အရှင်ဝါယာမိန္ဒ (တောပျော်ရဟန်း) သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့အပိုင် (မဟိရာန ဒီ) ခေါ် မအီချောင်း၊ မအီမြို့၌ ခမည်းတော် ဦးးစိန်အောင်၊မယ်တော် ဒေါ်ဖြူစိန်တို့မှ ကောဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ တော်သလင်း လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉)နာရီအချိန်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သော သားရတနာ ဖြစ်ပါသည်။

နောက်ဆုံးဘုရင် မဟာသမ္မတ

 (မြောက်ဦးနိဂုံး)

ဓမ္မရဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။

ဒေါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရရှိခဲ့သော ကိန်းသာဓမ္မကျောင်းဆရာတော် ဒေါက်တာအသျှင်ဥာဏုတ္တရကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်ရင်းရပ်ကွက်၌ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့မှ ၁၉၈၃ ခု ဒီဇင်ဘာ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ (၁၂)ဦးအနက် (၉)ဦးမြောက် သားဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်ဘောင်အတွင်းသို့ ရှင်သာမဏေအဖြစ် ၁၃၆၁- ခု တန်ခူးလဆန်း (၃)ရက်နေ့တွင် ၀င်ရောက်ခဲ့သည်။

Thursday, January 17, 2013

အိုဘားမား၏ ကိုယ်ရေးအကျဉ်း ....




မွေးနေ့- သြဂုတ်လ ၄ ရက်၊ ၁၉၆၁ ခုနှစ်
ဇာတိ -ဟိုနိုလူလူ၊ ဟာဝိုင်ရီ
မွေးအမည် -ဘားရက် ဟူစိန် အိုဘားမား
လူမျိုး -အာဖရိကန် - အမေရိကန်
ပါတီ -ဒီမိုကရက်

Saturday, January 5, 2013

ဦးစံသာအောင်


 ဦးစံသာအောင် အတ္ထုပတ္တိ အကျဉ်း

(၁) အထက်တန်းပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
(၂) ရှေ့ဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုပညာရှင်
(၃)သိပံ္ပနှင့် ဝိဇ္ဇာနယ်ပယ်များတွင် ထူးချွန်ကျွမ်းကျင်သူ
ဦးစံသာအောင်ကို ဖခင်အငြိမ်းစား စက်ရှင်တရားသူကြီး ဦးသာဇံဦးနှင့်မိခင်ဒေါ်မဘုတို့မှ ၁၉၂၅ ခုနှစ်၊ဖေဖော်ဝါရီ(၂၇)ရက်နေ့တွင် ဖွားမြင်သည်။

ရခိုင်အမျိုးသား ပြည်ထဲရေးဝန်ကြီး ဦးမေအောင်



ဒီနေ့ ဟာ ရခိုင့်နိုင်ငံရေးခေါင်းဆောင် မြန်မာနိုင်ငံရေးခေါင်းဆောင်တဦးဖြစ်ခဲ့သူ မြန်မာနိုင်ငံ သုတေသနအသင်းကိုတည်ထောင်သူ ဧချင်း ၁၂ စောင်ကိုတည်ဖြတ်ထူတ်ဝေခဲ့သူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဌဖြစ်ခဲ့သူ ရခိုင်အမျိုးသားဦးမေအောင်ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၈၇ နှစ်ပြည့်တဲ့နေဖြစ်ပါတယ် ဒါကြောင်းကျနော်လက်လှမ်းမီသလောက် စုစည်းထားသလောက်ကိုမျှဝေလိုက်ပါတယ် သိထားတဲ့သူလည်းရှိပါလိမ်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်

ဦးမေအောင်ကိုယ်ရေးအကျဉ်း
မွန်ပြည်နယ်မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓယောသကျောင်းအုပ်ဆရာကြီး မြန်မာနိုင်ငံသုတေသနအသင်းကိုတည်ထောင်သူ ဧချင်း ၁၂ စောင်ကိုတည်ဖြတ်ထုတ်ဝေသူ ဗုဒ္ဓကလျာနယုဝအသင်းဥက္ကဌဖြစ်ခဲ့သူ Burma အင်္ဂလိပ်သတင်းစာအယ်ဒီတာဖြစ်ခဲ့သူ ဥပဒေပြုအဖွဲ့ အတွင်းရေးမှုး အစိုးရရှေ့ နေ တက္ကသိုလ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့ ဝင်လူကြီး ပြည်ထဲရေးဝန်ကြီးချုပ်စသည့်တာဝန်အမျိုးမျိုးကိုထမ်းဆောင်ခဲ့သော