Showing posts with label ရခိုင်ရိုးရာပစ္စည်းအရောင်းဆိုင်. Show all posts
Showing posts with label ရခိုင်ရိုးရာပစ္စည်းအရောင်းဆိုင်. Show all posts

Saturday, January 13, 2018

(ရခိုင်​မဟာနိဒါန်းကျမ်း)

ရက္ခိုင်​နိဒါန်း၊ ကျမ်း၌ညွှန်းသား
ဥဒါန်းစဉ်​လာ၊ မဟာသမ္မတ
မင်းမှစ၍၊ ရက္ခမဏ္ဌလာ
ပြည်​ဓညာဝယ်​၊ မျိုး​လေးပါးတို့
ဝတ်​စားဆင်​ယင်​၊ ထုံးဖွဲ့အင်​ကို
ပျင်​ဆင်​သမှု၊ စဉ်​ဆက်​ပြု၍
ဂရုဂါရဝ၊ ပြုကြတုံ​ရှောင်း
ဆင်​ယင်​​ပေါင်းကား
ဗောင်း​တော်​​လေးဆယ်
စလွယ်​​တော်​ကိုးပါး
ခါးကြိုးငါးရပ်
လက်​စွပ်​ ရှစ်​ဆယ့်​တစ်
လည်​ရစ်​ကိုး​ခွေ
န​ဗေကိုးဆင့်
ကြယ်​ပွင့်​တစ်​ဆယ့်​​ခြောက်
လက်​​ကောက်​နှစ်​ဆယ်
ပန်းသွယ်​ငါးမျိုး
ဆံထိုးရှစ်​ခု
ပန်းဖုရှစ်​ချပ်
ခြေစွပ်​ခုနစ်​ပါး
ကိုယ်​လွှားငါးမျိုး
အဘိုးအနဂ္ဃ၊ ထိုက်​တန်​လှသည့်
ရာဇအမစ္စာ၊ ဒလိဒ္ဒာဥပ္ပရ
သေဌိယနှင့်​၊ ဗြဟ္မဏပု​ရောဟိတ်
နမိတ်​ဖတ်​ဟူးရား​သွေး
ရှေ့​ပြေးသံ​တော်​ဆင့်
မျိုးမြင့်​မျိုးမြတ်​၊ တင့်​အပ်​ဆင်​ရာ
အဖြာဖြာကို
လင်္ကာဤသို့ကုံးသတည်း။

(ရခိုင်​မဟာနိဒါန်းကျမ်း)

Kyaw Tun Aung  Fb မှ ကူးယူဖေါ်ပြသည်။

Thursday, December 28, 2017

ဖြည့်စွက်ရမည် စာပန်းချီ




ဖြည့်စွက်ရမည် စာပန်းချီ
=================

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် ၊ စောင့်စွမ်းနိုင်သည်၊
ရခိုင်နာမ ၊ ဘွဲ့မည်လှဖြင့် ၊
အနွတ္ထသညာ၊ ခေါ်အပ်ရာတည်း ။ ဟု
အသျှင်နာဂိန္ဒ ရွီးထိုးခရေ မော်ကွန်းသည် အေနိန့် ရက္ခိုင်ပြည် အနေအထားအရ လုံလောက်မှုမဟိဗျာလ်လို့ ခံစားမိလာပါရေ။ ယင်းအတွက်နန့် ယင်းမော်ကွန်းမှာ နောက်ထပ်ဖြည့်စွက်ဖို့ လိုအပ်လာရေထင်ပါရေ၊ ဇာကိုထပ်ဖြည့်သင့်လဲဆိုကေ အေနိန့် ရက္ခိုင်လူမျိုးရို့သည် အဖရက္ခိုင်ပြည် တည်တံ့ဖို့ (၀ါ) နယ်မြေတည်တံ့ဖို့အတွက် အမျိုးနှင့် သီလကို စောင့်ရှောက်ရုံဖြင့် မလုံလောက်ရေအတွက်နန့် နယ်မြေဒေသကိုပါ ထိန်းသိမ်းစောင့်ရှောက်မှ ရခိုင်နာမ ဘွဲ့မည်လှ ဆိုရေ မော်ကွန်းသည် ပိုလို့ပြည့်စုံပါဖို့အမျိုးရို့ ..
ယင်းအတွက်နန့် ကိုယ်တိုင်ရွီးစပ်ခံစားပြီးကေ ကဗျာချေ တစ်ပုဒ်နန့် တင်ပြလိုက်ပါယင့်

ဖြည့်စွက်ရမည် စာပန်းချီ
*****************
အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် ၊ စောင့်စွမ်းနိုင်သည်၊
ရခိုင်နာမ ၊ ဘွဲ့မည်လှဖြင့် ၊
အနွတ္ထသညာ၊ ခေါ်အပ်ရာဟု၊
နာဂိန္ဒအသျှင် ၊မွမ်းတင်ရွီးစပ် ၊
မော်ကွန်းတပ်သည်၊ စာပန်းချီ…။

ဒေနိန့် ရက္ခိုင်
သီလကိုဆောက် ၊ မျိုးကိုစောင့်လည်း၊
မြေ(ပြည်) စောင့်တာဝန်၊ မကျီပွန်ကေ၊
ဧကန်ရက္ခိုင် ၊ ခေါ်နိုင်ဖို့ခက် ၊
ဖြည့်စွက်ရမည် .. စာပန်းချီ….။

မောင်ဖြူ (ကြွီတဲကျွန်း)

Tuesday, April 28, 2015

ပျောက်ကွယ်လုနီးပါးဖြစ်နေသော့ ရခိုင်ဘယ်ဖုံးပြင်ခံအကျီ နှင့် ရွှေကြယ်သီး



 




ရခိုင်လူမျိုးတို့မှာ ရှေးရှေးအခါက ၀တ်ဆင်ခဲ့ကြသော အလွန်ကျက်သရေရှိလှသည့်  
 ဘယ်ဖုံးပြင်ခံအကျပေါ်မှာ ရွှေကြယ်သီးနှင့် တွဲပြီးဝတ်ဆင်ခဲ့ကြသော အလေ့အထသည် 
ယနေ့အချိန်အခါမှာ ပျောက်ကွယ်လုမတတ် ဖြစ်သွားပါပြီ။အရိုးကို အရွက်ဖုံးနေပြီး၊ ဘယ်ဖုံးအင်္ကျီနေရာမှာ အလယ်ကွဲက အစားဝင်ရောက်နေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရတယ်

ထိုကြောင့် ကျွန်ုပ်သည် တိမ်မြုတ်ပျောက်ကွယ်နေပြီဖြစ်သော ဘယ်ဖုံးပြင်ခံအင်္ကျီကို အကောင်းဆုံးပိတ်စများဖြင့် အထူးစပါယ်ရှယ်  လက်ရာသေသပ်စွာ အကြီး၊ အလတ်၊ အငယ် ဆိုက်စံထုတ်လုပ် ထားပါသည်။ အရောင်အားဖြင့်လည်း အများကြိုက်အရောင်ဖြစ်သည့်  အဖြူရောင်  နှင့် ဆင်စွယ်ရောင် နှစ်မျိုး ထုတ်လုပ်ထားပါသည်။

ရွှေကြယ်သီးများကိုလည်း အထူးအော်ဒါ ထုတ်လုပ်ပေးပါသည်၊ ရွှေကြယ်သီး ၀ယ်ဖို့မတတ်နိုင်သူများအတွက် ရွှေရည်စိမ် အင်္ကျီသီးများကိုလည်း အများအဆင်ပြေအောင် ထုတ်လုပ်ထားပါသည်။



တန်ဖိုးအားဖြင့်


ဘယ်ဖုံးပြင်ခံအကျ တစ်ထည် ဆိုက်စုံ ( ၁၆၀၀၀) ကျပ်

ရွှေကြယ်သီး တစ်ရံ (၅)လုံး  (၁၅ဲ)ရည် ( ၆၀၀၀၀၀) ကျပ်

ရိုးရိုးရွှေရည်စိမ် တစ်ရံ (၅)လုံး            (၁၀၀၀၀) ကျပ်

Monday, April 27, 2015

ရခိုင်အမျိုးသား ဘယ်ဖုံး ပြင်ခံအင်္ကျီ




မိမိရို့ ရခိုင်လူမျိုးတိမှာ အမျိုသားရေး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူ ဟိနိန်ယင့်သားနန့်
ရခိုင်သားခနာမှာ သူမျာစွာတိက နိန်ရာယူထားစွာတိကို စိတ်မကောင်းစွာ တွိ့မြင်နိန်ရပါရေ။ ရခိုင်သားခနာမှာ သူများစွာတိ နိန်ရာယူလာစွာကို  ရခိုင်သားတိက လက်ခံ ထားရေခါ ကိုယ်ရို့၏ ရခိုင်အမျိုးသားဟန်ပန် အမူအရာ ရိုးရာ အစဉ်အလာတိရေ ၀မ်းနည်းစွာနန့် နောက်ကိုဆုတ်ပီးယင်း ဆုတ်ပီးယင်းနန့် နောက်ဆုံး ပျောက်ကွယ် ကတ်ပါဖို့ဗျာယ် အမျိုးရို့ ယင်းအတွက်နန့် ကျွန်တော်သည် ရခိုင်သားပြင်ခံအကျကို ရခိုင်သားခနာမှာ နိန်ရာပီးစီချင်ရေ၊ ဟိစီချင်ရေဆန္ဒနန့် ထုတ်လုပ်ရခြင်းဖြစ်ပါရေ။
ရခိုင်ပြင်ခံအကျကို ရခိုင်သားခနာမှာ  နိန်၇ာမပီးကေ ရခိုင်ပြင်ခံအကျကို ဇာလူလာလို့ ၀တ်ဖို့လဲ၊ ဇာလူမျိုးက  ရခိုင်ပြင်ခံအကျကို နိန်ရာပီးဖို့လဲ ယင်းအတွက်နန့် ရခိုင်တစ်မျိုး သားလုံးကို မိတ္တာရပ်ခံချင်စွာက အလယ်ကွဲနိန်ရာမှာ ကိုယ်ရို့၏ မျိုးရိုးစဉ်ဆက် ၀တ်လာ ကတ်တေ ဘယ်ဖုံးပြင်ခံအကျကို နိန်ရာပီးဗျာယ် ရခိုင်ဟန်ဖြင့် ရခိုင်သားတိ လှနိုင် ကတ်ပါစီလို့ ဆန္ဒပြုပါယင့်။

ရခိုင်ရိုးရာ သုံးရစ်ခွေ ၊ တစ်ရစ်ခွေ အလုံးပုတီးကုံး လိုချင်သူများအတွက်

ရခိုင်ရိုးရာ အမျိုးသမီး သုံးရစ်ခွေ အလုံးပုတီးကုံး ရခိုင်လူမျိုးတို့သည် ရှေးဝေသာလီခေတ်က ပင် ပုလဲလုံးပုတီးကုံးများ ၀တ်ဆင်ခဲ့ကြောင်း ကို ရခိုင်ဘုရင် အာနန္ဒြ စန္ဒရာမင်းသည်သီဟိုဠ်မင်း ထံ သို့ သာသနာပြု ချစ်ကြည်ရေး လက်ဆောင်ပေးရာတွင် သင်္ကန်း၊ ဆင်ဖြူ ရတနာ၊နှင့် ပုလဲရတနာတို့ ပါရှိကြောင်းကို ထောက်ရှုခြင်းအားဖြင့် သိသာနိုင်ပေသည်။
ထိုအပြင် ဝေသာလီမြို့ဟောင်းရာမှ တူးဖေါ်ရရှိသော အခြားသော ပုတီးစေ့ အလုံးလေးများ ကို တွေ့ရခြင်းအားဖြင့် ရှေးရခိုင်လူမျိုးတို့သည်အလုံး အစေ့လေးများကို အပေါက်ဖေါက်ကာ ပုတီးကုံးများ အဖြစ် သီကုံး၍  ၀တ်ဆင်ခဲ့သည့် ဓလေ့ရှိခဲ့ကြောင်း သိသာနိုင်ပေသည်။မြောက်ဦးခေတ် အမျိုးသမီးကျောက်ဆစ်လက်ရာရုပ်ထုများတွင်လည်း လည်ဆွဲရတနာများကို အရစ်အခွေအလိုက်
ဝတ်ဆင်ခဲ့ကြကြောင်း သျှစ်သောင်း ၊ ထုက္ကန်သိမ်ရှိ အမျိုသမီးကျောက်ဆစ်ရုပ်များက သက်သေခံနေပါသည်။

ရခိုင်ရိုးရာ အစဉ်အလာ သုံးရစ်ခွေ ၊ တစ်ရစ်ခွေ  အလုံးပုတီးကုံးများကို ရှေးခေတ်က ရခိုင်အမျိုးသမီးများသည် မြတ်နိုးခုံမင်စွာ ဆင်းရဲချမ်းသာမရွေး ၀တ်ဆင်ခဲ့ကြသည်ကို သမိုင်းရုပ်ကြွင်း  ကျောက်ဆစ်လက်ရာများက သက်သေခံနေပါသည်။
ယနေ့အချိန်အခါ ထိုအစဉ်အလာသည် ရခိုင်အမျိုးများကြားတွင် ပျောက်ကွယ်လုမတတ် ဖြစ်နေ ပါပြီ၊ သို့သော်လည် ထိုအစဉ်အလာကို အိန္ဒိယနိုင်ငံ တရိပူရပြည်နယ်ရှိ မောရ့် (ခေါ်) ရခိုင်လူမျိုးများထံတွင် မပျက်မကွက်ရှေးက အစဉ်အလာအတိုင်း ဆင်းရဲ ချမ်းသာမရွေး မြတ်နိုးစွာ ၀တ်ဆင်ထားကြသည်ကို တွေမြင်ရပါသေးသည်၊
 ထိုကြောင့် ရခိုင်ပြည်တွင်လည် ထိုရိုးရာအလေ့အထများ ပြည်လည်မြင်ရအောင် အစဉ်အလာတစ်ခု မပျောက်ပျက်ရအောင်ဟူသော ရွယ်ရည်ချက်ဖြင့် ထုတ်လုပ်ထားရခြင်းဖြစ်ပါသည်။

 တစ်ရစ်ခွေအလုံးပုတီးကုံး တစ်ပင်တန်ဖိုး  ( ၁၅၀၀ )ကျပ်
 ။              ။                   ။ တစ်ဒါဇင်တန်ဖိုး ( ၁၅၀၀၀ ) ကျပ်


သုံးရစ်ခွေ အလုံးပုတီးကုံး တစ်ပင်တန်ဖိုး  ( ၄၅၀၀ ) ကျပ်
    ။                ။            ။   တစ်ဒါဇင်တန်ဖိုး ( ၄၅၀၀၀) ကျပ်
          



အိန္ဒိယနိုင်ငံ တရိပူရပြည်နယ်မှ မောရ်(ခေါ်) ရခိုင်အမျိုးသမီးများ နေ့စဉ်ပုံမှန်ဘ၀ ၀တ်စားဆင်ယင်မှု


 လိုချင်သူများအတွက်ဆက်သွယ်ရန်လိပ်စာ

RAKHINE TRADITIONARY TRADING
အမှတ်(၁၂၁) ပထမထပ် (၄၁)လမ်းအပေါ်၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့
ဖုန်း 01 240324 ၊ 0951 22182
CHAT BOX မှလည်း ဆက်သွယ်မှာယူနိုင်ပါသည်။

RAKHINE TRADITIONARY TRADING

ရခိုင်မူ ရခိုင်ဟန်ဖြင့် လှပတင့်တယ်ခြင်းသည် ရခိုင်ရက်ကန်းပညာကို ထိန်းသိမ်းခြင်းမည်၏။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ၀ါဘိုကျေးရွာမှ ရခိုင်သူများ လက်စွမ်းပြထားသည့် ရခိုင်အငွေ့အသက်များ
အပြည့်အ၀ပါသော ရခိုင်ဒယောစစ်စစ် ၊ ရခိုင်ထမီစစ်စစ် များကို အခမ်းအနားများ၊ မင်္ဂလာဆောင်များ ၊အမျိုးသားရေးပွဲများ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ရခိုင်ပုံရိပ်ကို ပီပြင်စွာ မြှင့်တင့်လိုပါက ဆက်သွယ်နိုင်ပါသည်။


ဆက်သွယ်ရန်လိပ်စာ

အမှတ် (၁၂၁)ပထမထပ်၊ (၄၁)လမ်းအပေါ်၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဖုန်း 01 240324 ၊ 0951 22182 (သို့) Chat Bax မှလည် ဆက်သွယ်နိုင်ပါသည်။



Sunday, April 26, 2015

RAKHINE TRADITIONARY TRADING

ရခိုင်ဂေါင်းပေါင်းများ (အုပ်ပေါင်း ) (ရစ်ပေါင်း)









ရခိုင်မူ ရခိုင်ဟန် ဘယ်ချ ဂေါင်းပေါင်း
(ရစ်ပေါင်း နှင့် အုပ်ပေါင်း)
           ရခိုင်လူမျိုးတို့မှာ ဂေါင်းပေါင်းသုံးမျိုးရှိသည်ဟု မြင်တွေ့ သိရှိရပါ သည်။ ၄င်းတို့မှာ ရစ်၍ပေါင်းရသောဂေါင်းပေါင်း ၊အုပ်၍ ပေါင်းရသောဂေါင်းပေါင်း၊ကြက်သရေဂေါင်းပေါင်း ဟူ၍ ဖြစ်သည်။ ရစ်ပေါင်းကို လူငယ် လူလတ်များက ပေါင်းလေ့ရှိကြပြီး ၊အုပ်ပေါင်း နှင့် ကြက်သရေပေါင်းကို လူလတ်ပိုင်းနှင့် သက်ကြီး ပိုင်းများက လူမှုရေး၊ဘာသာရေး၊နိုင်ငံရေး အခမ်းအနားများ၊ တွင်ပေါင်းကြ သည်ကိုတွေ့မြင်ရပါသည်။ယနေ့ရခိုင်လူမျိုးတို့သည် ရခိုင်ဟန် ရခိုင်မူ ဘယ်ချဂေါင်း ပေါင်းပုံစံကို ပိတ်စတစ်စပေးပြီး လုပ်ပြပါ ဆိုလျှင် များသောအားဖြင် ရခိုင်ဂေါင်းပေါင်းပုံစံ မပေါင်း တတ်ကြ ချေ၊ ထိုကြောင့် ကျွန်ုပ်သည် အရိုး ကို အရွက်မဖုံးလိုသည်က တစ်ကြောင်း၊ ရခိုင်အမျိုးသားရေး လက္ခဏာ ဟန်မူများ ကွယ် ပျောက် သွားမည်စိုးရိမ်၍၄င်း၊အစဉ်အလာ ထိန်းသိမ်း လာသော ယဉ်ကျေး မှုအမွေအနှစ်တစ်ခု ထာဝစဉ် တည်တံ့ စေ လို ၍၄င်း၊ အဆင်သင့်ပြုလုပ် ပြီး  (READY MADE) ရခိုင်ပြည်နယ် ( လိုဂို) အသားတံဆိပ်ပါသော ဂေါင်းပေါင်းကို  အဆင့်မြင့် ထုတ်လုပ်ထားပါကြောင်းကို ရခိုင်အပေါင်းတို့အား သတင်း ကောင်းပေး အပ်ပါသည်။

တန်ဖိုးမှာ 

တစ်ခုချင်းဈေးနှုန်း  အုပ်ပေါင်း ( ၂၅၀၀ ) ကျပ် 
ဒါဇင်ဈေး               အုပ်ပေါင်း ( ၂၅၀၀၀ )

တစ်ခု ချင်း ဈေးနှုန်း ရစ်ပေါင်း  ( ၂၅၀၀)  ကျပ် 
ဒါဇင်ဈေး               အုပ်ပေါင်း ( ၂၅၀၀၀ )

လိုအပ်သူများနှင့် နယ်ကိုယ်စားလှယ်ယူလိုသူများ

RAKHINE TRADITIONARY TRADING 
အမှတ် (၁၂၁) ပထမထပ် (၄၁)လမ်း အပေါ် ၊ မဟာဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဖုန်းနံပါတ် 01 240324 ။ 0951 22182 သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။ 
သို့မဟုတ် Chat Box မှာ ဆက်သွယ်နိုင်ပါသည်။