ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts
Friday, September 1, 2017
AA စစ်ဦးစီးချုပ် ပြောတဲ့ ရခိုင် ပဋိပက္ခ (၁)
AA စစ်ဦးစီးချုပ် ပြောတဲ့ ရခိုင် ပဋိပက္ခ (၁)
###########################
ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် မေးမြန်းထားသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များ စတင်ဖြစ်ပွားနေသည့် အချိန်တွင် လူမှုကွန်ရက် များတွင် ရခိုင်ပြည်သားတွေကို ကာကွယ်မယ့် AA (ရက္ခိုင့် တပ်မတော်) ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပျံ့နှံ့နေပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ်မှာပဲ တဖက်မှာလည်း AA က တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်ပွားခင် ရက်ပိုင်းအလိုမှာတော့ AA က ရခိုင်ပြည် လွတ်မြောက်ရေး တပ် (ALP/ALA) ကို တိုက်ခိုက်ပြီး ALA ဌာနချုပ်ကို သိမ်းယူထားပါတယ်။
AA က လက်ရှိမှာ အစိုးရနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၇ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) မှာ ပါဝင်ထားပါတယ်။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်တွေကို AA ရဲ့ သဘောထား က ဘယ်လိုရှိလဲ၊ ALP နဲ့ဘာ့ကြောင့် တိုက်ပွဲဖြစ်ရတာလဲ၊ FPNCC က ဘာတွေ လုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက် ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ AA နဲ့ ALP တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်မှာ တိုက်ပွဲတွေဖြစ်တာ ဘယ်လိုဖြစ်ကြတာတုန်း ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ အဲ့ဒါကတော့ တိုက်ပွဲလိုကြီးကြီးမားမား မဟုတ်ဘူး။ အဲ့ဒီ ကိစ္စအတွက် ကျနော်တို့ သိပ်ပြီးမှ မပျော်ပါဘူး။ စိတ် မကောင်း ဖြစ်ရပါတယ်။ သို့သော်လည်း ဒါက ရှောင်လွှဲလို့ မရတဲ့ အခြေအနေတခုပေါ့။ ကျနော်တို့ ရက္ခိုင့် တပ်မတော် အနေနဲ့ စစ်ရေးဆိုင်ရာ မူသဘောထားက တချိန်ချိန်မှာ ရခိုင် လက်နက်ကိုင် အဖွဲ့တွေကို အလံတော် တခုတည်း အောက် မှာ ပုံစံတမျိုးတည်းနဲ့ လေ့ကျင့်ပြီးမှ တသားတည်းဖြစ်ရမယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြတ်ပြတ်သားသား ချမှတ် ထားတယ်။ အခုချိန်မှာ လက်နက်ကိုင်တပ်၂ခုက နီးနီးကပ်ကပ် ဖြစ်လာတယ်။ တဖွဲ့က အပစ်ရပ်ထားတယ်။ တဖွဲ့ကကျ တော်တော်လေးကို ရန်သူရဲ့ ဝိုင်းရံ ပိတ်ဆို့မှု ကြားမှာ လှုပ်ရှားနေရတယ်။ အဲ့ဒီ အချိန်မှာ နားလည်မှု အသေးအဖွဲတွေ အများကြီး လွဲမှားတာ ရှိတယ်။ ကျနော်တို့ ကြားမှာ ပြဿနာ အကြိမ်ပေါင်းများစွာ ဖြစ်ပြီးသွားပြီ။ ဖြစ်တိုင်းမှာ ကျနော်တို့ဘက်က ပြဿနာကို ပြေပြေလည်လည်ဖြေရှင်းဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တယ်။ ဆွေးနွေးခဲ့ တယ်။ သူတို့ဘက်က မဆွေးနွေးဘူး။ မဖြေရှင်းခဲ့ဘူး။ အဲ့ဒါကြောင့် အခုလို အခြေအနေထိ ဖြစ်လာရတာ။
Saturday, July 30, 2016
ရက္ခိုင့်တပ် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း
လက်နက်စွန့်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရမည်ဟု
ပြောဆိုခံထားရသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) ၏
စစ်ဦးစီးချုပ်နှင့်The Voice တို့ ကချင်ပြည်နယ် မိုင်ဂျာယန်၌ တွေ့ဆုံ၍ AA ၏
စစ်ရေး၊ နိုင်ငံရေး အခြေအနေများ မေးမြန်းထားမှုကို ပြန်လည်ဖော်ပြအပ်ပါသည်။
Voice : AA ရဲ့ လတ်တလော စစ်ရေး၊ နိုင်ငံရေး အခြေအနေကို ပထမဆုံး မေးပါရစေ။
AA : စစ်ရေးအရ
ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တွေ ထက်တော့ ပိုပြီး အနေအထား ကောင်းပါတယ်။
အနေအထားကောင်းတယ် ဆိုတာ အရင်ကဆို ကျွန်တော်တို့ ဒီလောက် အရေအတွက်ရော၊
အရည်အချင်းရော အားမရှိခဲ့ဘူးလေ။ ခုဆိုရင် ကျွန်တော်တို့ ကြိုးစားတယ်၊
လူထုကလည်း အများကြီး ဝန်းရံတယ်။ အရင်ထက် ပိုပြီး မျှော်လင့်ချက်ရှိတဲ့
အနေအထားပေါ့ စစ်ရေးအရ ပြောမယ်ဆို။ နိုင်ငံရေးအရလည်း ဒီခေတ်က ဘာပဲပြောပြော
မီဒီယာနဲ့ ချိတ်ဆက်ရလွယ်တယ် ဆိုတော့လေ လူထုနဲ့လည်း ချိတ်ဆက်ပြီး အများကြီး
နိုင်ငံရေးအ သိတရားတို့ ဆက်စပ်ပြီး လုပ်လို့ ရလာတာပေါ့။
Voice : တပ်မတော်နဲ့ စစ်ရေးထိတွေ့မှု အခြေအနေရော ဘယ်လိုရှိပါသလဲ။
AA :
လတ်တလော စစ်ရေးထိတွေ့မှုက ဒီလထဲမှာတော့ ပြောပလောက်အောင် မရှိသေးဘူး။
တစ်ခါတလေ သတင်းအရပဲပေါ့ သူတို့လာရင် အခြေအနေ ကြည့်ပြီး ဖယ်တဲ့အခါလည်း
တတ်နိုင်သမျှ ဖယ်တာပေါ့လေ။ ဒါကြောင့် ဒီအတောအတွင်းမှာ တိုက်ပွဲတွေ
မဖြစ်ဘူး။ ပြီးရင် ရာသီဥတုကလည်း ဆိုးတယ်လေ။ ရခိုင်ဘက်မှာက ရာသီဥတုလည်း
ဆိုးတယ်ဆိုတော့ အကုန်လုံးကို တွက်ချက်ပြီး တတ်နိုင်သမျှ
ရှောင်ရှားတယ်ဆိုတဲ့ သဘောလည်း ရှိတယ်။ ပြီးရင် အခုက နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို
ဆောင်ရွက်နေတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးကို
လိုလားပါတယ်ပေါ့နော်။ ဒီသဘောလည်း ပါတာပေါ့လေ။ တတ်နိုင်သမျှ
ရှောင်ပေးတာပေါ့။
Voice : AA အပါအဝင်
လက်နက်ကိုင်သုံးဖွဲ့ အပစ်ရပ်စာချုပ်မှာ ပါရေး၊ မပါရေးနဲ့ အငြင်းပွားခဲ့တယ်။
အခု အားလုံးပါဝင်ရေး ပြောမယ်ဆိုတဲ့ ဒီမိုင်ဂျာယန် အစည်းအဝေးမှာ AA ကတော့
တက်ပြီး ကျန်တဲ့ ကိုးကန့် (MNDAA) နဲ့ တအာင်း (TNLA) က မတက်ဘူး။ ဒါက
ဘယ်လိုဖြစ်လဲ။
AA : ကျွန်တော်တို့
သုံးဖွဲ့ကြားမှာကတော့ ဒါယုံကြည်မှု အပြည့်နဲ့ အခုထက်ထိ
ပူးပေါင်းဆောင်ရွက်နေတုန်းပါပဲ။ နောင်လည်း ပူးပေါင်းဆောင်ရွက်ဦးမှာပဲ။
သူတို့အနေနဲ့ကတော့ အခြေအနေ အကြောင်းကြောင်းပေါ့လေ လာရနည်းနည်းခက်တယ်။
တိုက်ပွဲတွေ ကြီးကြီးမားမား မဖြစ်သော်လည်းဘဲ စစ်မြေပြင်ရဲ့ အနေအထားကတော့
အရမ်းအေးချမ်းတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ စစ်ကြောင်းတွေ လှုပ်ရှားမှုတွေ
ရှိနေမယ်၊ အဆင်သင့်ဆိုတဲ့ အနေအထားတွေ ရှိကြတယ်။ ခုနက ပြောသလို
ကျွန်တော်တို့ သုံးဖွဲ့လုံးလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
ကိုယ်တိုင် ဦးဆောင်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို
ဆောင်ရွက်နေတဲ့ အခါကျတော့ ကိုယ်တွေလည်း ယုံကြည်မျှော်လင့်သော၊
ယုံကြည်မျှော်လင့်သောဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တယ်။ ယုံကြည်မှု
ဆိုတာတော့ အကန့်အသတ် ရှိတာပေါ့။ ဒါကတော့ ယုံကြည်မှုဆိုတာ လက်တွေ့လုပ်ပြမှပဲ
ပိုခိုင်မာတာကိုး။ ကျွန်တော်တို့ လေးစားသော ခေါင်းဆောင်ပေါ့လေ။
သူကိုယ်တိုင် ဆောင်ရွက်နေတယ်ဆိုတော့ ကျွန်တော်တို့လည်း စောင့်ကြည့်ပြီး
ရပ်တည်တဲ့ သဘောတွေလည်း ရှိတယ်။ သူတို့တော့ မတက်လာနိုင်ဘူးပေါ့။
ကျွန်တော်တို့ကတော့ နီးလည်း နီးတယ်လေ၊ ဒါက တက်လည်း တက်သင့်တယ်။ ဒါကြောင့်
ဖြစ်နိုင်အောင် ကြိုးစားပြီး လာတာပဲလေ။
Voice
: မိုင်ဂျာယန် အစည်းအဝေးသည် ၂၁ ပင်လုံအတွက် ကြိုပြင်တာလို့ နားလည်တယ်။ ၂၁
ပင်လုံကို တက်မယ်ဆိုတဲ့အခါ အပစ်ရပ်စာချုပ် (NCA) ထိုးမှ တက်ရမယ်ဆိုတော့ AA
အနေနဲ့က ဘယ်လိုလုပ်မလဲ။
AA :
ဒီကိစ္စကလည်း ရှေ့နားလေးမှာပေါ့။ အခု လက်ရှိပေါ့လေ ရှေ့နားဆို ဝေးနေဦးမယ်။
ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့
လက်မှတ်မထိုးတဲ့ အဖွဲ့တွေကြားမှာ ကျွန်တော်တို့က နိုင်ငံရေး
မျှော်လင့်ချက်တွေလည်း အတူတူပါပဲ။ နှစ်ပေါင်းများစွာ အတူတကွ
ပူးပေါင်းဆောင်ရွက်လာခဲ့တယ်။ ဒီပြည်ထောင်စု တည်ဆောက်ရေးအတွက်
အခြေခံမူတွေရော ပြည်ထောင်စု တည်ဆောက်ရေး အခုထက်ထိ အခြေခံမူတွေကို သဘောတူ
အတည်ပြုပြီးမှ ဆက်လက်ဆောင်ရွက်နေတုန်းပဲ။ ချောချောမောမောပဲ ကျွန်တော်တို့
ရှေ့ဆက်နိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စ ပြီးသွားပြီဆိုရင် အဲဒီ NCA ဆိုတဲ့
ကိစ္စကို ကျွန်တော်တို့ ရင်ဆိုင်ရတော့မယ်။ အဲဒါလည်းပဲ ကျွန်တော်တို့
ကြားထဲမှာ တချို့က လက်မှတ်ထိုးထားတယ်၊ တချို့က မထိုးရသေးဘူး ဆိုလည်း
ကျွန်တော်တို့က တူညီသော မျှော်လင့်ချက် ရှိတယ်။ ဒါကတော့ နိုင်ငံရေးအရ
အဖြေရှာမယ်ဆိုတဲ့ဟာမှာ ကျွန်တော်တို့ ပြဿနာ မရှိသေးဘူး။
ဒါပေမဲ့
တပ်မတော်က ပြောထားတဲ့ လက်မှတ်ထိုးရေး ကိစ္စက ဟိုကျွန်တော်တို့မှာ
အခုလက်မှတ်မထိုးဘဲ ကျန်ခဲ့တဲ့အုပ်စုတွေက အားလုံးပါဝင်ရေးမူမှာ ရပ်တည်ပြီးမှ
မထိုးခဲ့တာ။ ဒီအချိန်မှာ ကျွန်တော်တို့ သုံးဖွဲ့ကို လက်နက်စွန့်ခိုင်းတယ်။
ပြီးရင် ကျွန်တော်တို့ လုပ်တဲ့အလုပ်တွေ အတွက်ပေါ့လေ မှားယွင်းတယ်ဆိုတဲ့
သဘောနဲ့ တောင်းပန်ခိုင်းတယ်။ တောင်းပန်ဖို့ပေါ့။ ပြီးရင် နောက်တစ်ချက်
ပါသေးတယ်။ ပြီးမှ ဒီလုပ်ငန်းစဉ်ထဲကို ဝင်ခွင့်ရမယ်ဆိုတဲ့ သဘောမျိုးကတော့
ဒါက မဖြစ်နိုင်တဲ့ဟာ။ တစ်ခုခုနဲ့ ကန့်သတ်ထားတာလို့ပဲ မြင်တယ်။
ကျွန်တော်တို့ ဖြစ်စေချင်တာက တိုင်းပြည်ပြည်ထောင်စုအရေးမှာ အကုန်လုံးကို
တစ်ပြေးညီ ဆက်ဆံသင့်တယ်ပေါ့လေ။ ဟိုတစ်ယောက်ကို ပေါ်လစီတစ်မျိုး၊
ဒီတစ်ယောက်ကို ပေါ်လစီတစ်မျိုး ဆိုတာ မကောင်းဘူးလေ။ ဒါကြောင့် တစ်ပြေးညီ
ဆောင်ရွက်လိုက်ရင် လွယ်မယ့်ကိစ္စကို ဘာကြောင့်ခက်အောင် လုပ်နေလဲဆိုတာ
ကျွန်တော်တို့တော့ နားတော့မလည်ဘူးပေါ့။ ကာယကံရှင်တွေ ပိုသိမှာပေါ့။
Voice
: တပ်မတော်က တာဝန်ရှိသူတွေ ပြောတဲ့အခါ လက်နက်ဖြုတ်သိမ်းတာသည်
လက်နက်စွန့်တာမျိုး မဟုတ်ဘဲ လက်နက်တွေကို တစ်နေရာရာမှာ ထားထားပြီးတော့
ပါလာဖို့ဆိုတဲ့ သဘောမျိုးပြောတော့ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။
AA :
ဒါက လက်ခံဖို့ ခက်ခဲပါတယ်။ စစ်သားက စစ်ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သေနတ်ကို
သူတို့ဆီမှာ ထားမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူတို့ပြောတယ် Locked in key
ပေါ့နော်။ အဲဒီလိုမျိုး ပြောတယ်။ ဒါမျိုးအတွေ့အကြုံဆိုရင် ပလောင်အဖွဲ့က
ပိုပြီးအတွေ့အကြုံ ရှိပါတယ်။ သူတို့ ပြောတယ်လေ လက်နက်တွေကို ခဏဘေးဖယ်ထားပါ
ဆိုပြီးတော့မှ လက်နက်တွေ အကုန်လုံး သိမ်းသွားပြီး တပ်ပါပျက်သွားတဲ့
အတွေ့အကြုံ သူတို့ ရှိပါတယ်။ ၉၀ ကျော် လောက်ကလေ။ ဒါလည်း ခံဖူးပြီးပါပြီ
ဒီသိုင်းကွက်ကလည်း။ ဒါကြောင့် ဖြစ်နိုင်ခြေ မရှိဘူး။ ပြီးရင်
ညင်သာစွာလို့ပဲ ပြောပြော၊ ဘယ်လိုနည်းလမ်းနဲ့ပဲ ပြောပြော ဒါက
လက်နက်ချခိုင်းတာပဲလေ။ ကျွန်တော်တို့ အနေနဲ့ကလည်း ယုံကြည်ချက်နဲ့
မှန်ကန်မှုကို ဦးတည်ပြီးမှ ကျွန်တော်တို့က လစာစားပြီး စစ်တိုက်တဲ့သူ
မဟုတ်ဘူး။ ကျွန်တော်တို့မှာလည်း စစ်တိုက်တယ်ဆိုတာ နှစ်ဖက်လုံး
နာကျင်ကြတာပဲ။ သူတို့လည်း သူတို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမှု၊ ကျဆုံးမှုအတွက်
နာကျင်သလို ကျွန်တော်တို့လည်း နာကျင်တယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့
ရဲဘော်ကို ကျွန်တော်တို့ ချစ်တာပဲ။ ကျွန်တော်တို့ ပေးဆပ်မှု ဆိုတာလည်း
တစ်ကျပ်မှ မရဘဲ ယုံကြချက်အတွက် တိုက်ရတာ၊ ပေးဆပ်ရတာ။ အဲဒါကို
ကျွန်တော်တို့လုပ်ရပ် မှားပါတယ်ဆိုပြီးမှ တောင်းပန်ခိုင်းတယ်ဆိုတော့
ဒါဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားပေါ့လေ။ ဒါစဉ်းစားသင့်တာပေါ့။ ခက်ခဲအောင်
လုပ်နေတာနဲ့ တူပါတယ်။
Voice : AA သည်
ကချင်ပြည်နယ်မှာ တည်ထောင်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ
ရခိုင်ပြည်နယ်ကို ပြန်ဝင်လာပြီး တိုက်ပွဲတွေ ဖြစ်တာ ရှိတယ်။ ပြောကြတာက
ရေမြေအနေအထားကြောင့် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခု အနေနဲ့
အခြေချဖို့ အရမ်းခက်တယ်။ ဒါကို ဘယ်လိုအခြေချဖို့ စိတ်ကူးတာလဲဆိုတာ သိပါရစေ။
AA :
ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကိုက ဒီမှာ (ကချင်ပြည်နယ်) နေဖို့မှ
မဟုတ်တာ။ ဒီမှာ သင်တန်းတက်ပြီးမှ ရက္ခိုင့်တပ်ကို ရခိုင်ပြည်မှာ
ဖွဲ့စည်းမလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ခက်ခဲတာတော့ မှန်တယ်လေ။
နယ်မြေအနေအထားအရ သူတို့ (တပ်မတော်) ရဲ့ သဘောထားတွေက အစပေါ့လေ။ သို့သော်
ကျွန်တော်တို့က ဒါရက္ခိုင့်တပ်ဟာ ရှိကိုရှိရမယ်ဆိုတဲ့ သံန္နိဋ္ဌာန် ချထားတယ်။
ရခိုင်လူမျိုးအနေနဲ့လည်း ဒါကိုကြိုဆိုတယ် ထောက်ခံတယ်။
ကျွန်တော်တို့သမိုင်းရဲ့ လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော်တို့ ဖြစ်အောင်
ကြိုးစားတာပေါ့။ အခက်အခဲတော့ ရှိတယ်။ သူတို့ တကယ်ပဲ ပြောထားတဲ့
အတိုင်းပေါ့လေ အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့သိတယ်။
ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ နည်းလမ်းတော့ ရှိတာပေါ့။ ဒါတွေ
အခက်အခဲတွေ ရှိနိုင်တာကိုသိလို့ အစစအရာရာ ကြိုတင်ပြင်ဆင်ခဲ့တယ်။ ပြီးရင်
ရက္ခိုင့်တပ်ဟာ ဒီခုနစ်နှစ်အတွင်းမှာ မဟာမိတ် ဒေသတွေမှာ လှုပ်ရှားရင်းနဲ့
တိုက်ပွဲအတွေ့အကြုံတွေပေါ့လေ။ မြန်မာ့တပ်မတော် ဘယ်လိုလုပ်ကိုင်သလဲ
တိုင်းရင်းသားဒေသတွေမှာ ကချင်ရဲ့ တိုက်ခိုက်နည်း ဗျူဟာတွေပေါ့။ ပြီးရင်
ကရင်ပြည်မှာဆို ဘယ်လိုဘယ်လိုပေါ့လေ။ အားသာချက် အားနည်းချက်။
ကိုးကန့်မြေပြင်မှာဆို ဘယ်လိုဘယ်လိုပေါ့။ တအာင်းမြေပြင်မှာဆို ဘယ်လိုဆိုတဲ့
အတွေ့အကြုံတွေ။ ကျွန်တော်တို့ DKBA နဲ့တောင် ဝင်တိုက်ဖူးတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြောက်ဘက်ရော၊ အရှေ့ဘက်ရော၊
တောင်ဘက်အခြမ်းရော ကျွန်တော်တို့ ရက္ခိုင့်တပ်က တော်တော်လေး အတွေ့အကြုံရတယ်။
ဒါကြောင့် ကိုယ်ရလာတဲ့ အတွေ့အကြုံတွေနဲ့ ပိုပြီးမှ ပေါင်းစပ်ပြီး
ကြိုးစားနိုင်တာပေါ့လေ။ ကိုယ့်မှာရှိတဲ့ ဟာလေးတွေနဲ့ ပိုထိရောက်အောင်
လုပ်နိုင်တာပေါ့။
Voice : AA နဲ့ ပတ်သက်ပြီး
ပြောကြဆိုကြတာမျိုး ရှိတယ်။ ရခိုင်ပြည်ရဲ့ တကယ့်အရေး ဖြစ်နေတဲ့ တရားမဝင်
လူဝင်မှု ပြဿနာမှာ AA သည် ဘာမှဝင်ရောက် လုပ်ဆောင်တာမျိုး မရှိဘဲ ပြည်သူတွေသာ
ပိုဒုက္ခရောက်စေမယ့် စစ်ပွဲတွေ ဖန်တီးတာမျိုးပဲ လုပ်နေတယ်ဆိုတဲ့
အချက်ပေါ့လေ။ ဒီအပေါ်မှာ ဘယ်လိုပြန်ပြောချင်ပါသလဲ။
AA :
ဒါတွေကတော့ မြန်မာစစ်တပ်ကို လော်ဘီလုပ်သူတွေ အပြောများတဲ့ စကားပါ။
စစ်ဖြစ်ရင်တော့ လူထု ဒုက္ခအမှန်အကန် ရောက်တယ်။ ကျွန်တော်တို့ကလည်း
နားလည်ပါတယ်။ ဘယ်လိုပြောရမလဲ
တစ်ခါတလေ ပိုကောင်းတဲ့ ကောင်းချီးမင်္ဂလာတွေ ရောက်လာဖို့အတွက် ဒုက္ခတော့
ပေးဆပ်ရတာပေါ့နော်။ ကျွန်တော်တို့ အင်္ဂလိပ် စကားပုံတောင် ကျွန်တော်
ပြောဖြစ်တယ်လေ။ ကြက်ဥကြော် စားချင်ရင် ကြက်ဥတော့ ခွဲရမှာပေါ့နော်။ ဟိုကလေး
လိုချင်ရင်တော့ ဗိုက်တော့ အနာခံရမှာပေါ့ဗျာ။ ဒါမျိုးတော့ ရှိတယ်လေ။
ထိုက်သင့်တဲ့ ပေးဆပ်မှုတော့ လုပ်ရတာပေါ့။ ကျွန်တော်တို့က ဥပမာ-
ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ ကြုံတွေ့နေရတဲ့ National Crisis
ပေါ့နော်။ ဒါ ဒီဘင်္ဂါလီကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ ကြုံနေရတာ
ဆင်းရဲနွမ်းပါးမှု၊ အခြေအနေမဲ့မှုတွေပေါ့နော်။ အကုန်လုံး ဆုံးရှုံးနေတာပဲ။
ဒါကြောင့်မို့လည်း ရက္ခိုင့်တပ်မတော် အင်အားကြီးလာတယ်ဆိုတာ ဒါပဲလေ။
ကျွန်တော်တို့ သန်းခေါင်ထက် ညဥ့်နက်စရာ ဘာကြောက်တော့မှာလဲ။ ဒါကြောင့်
အလင်းရောင်ရဖို့ဆိုရင် ဘယ်အမှောင်ကိုမဆို ထိုးဖောက်ရမှာပဲ။
ဒီဘင်္ဂါလီကိစ္စက
ကျွန်တော်တို့ ပြဿနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် ဟိုမဟာဗျူဟာကျကျ
စဉ်းစားရမှာပဲ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ဆင်းရဲဒုက္ခ ရောက်နေတယ်၊
နိုင်ငံခြားတိုင်းပြည်တွေကို သွားပြီးမှ ကျွန်ခံနေရတယ် ဒုက္ခရောက်နေတယ်
ဆိုတာ ဘင်္ဂါလီတွေက ကျွန်တော်တို့ကို နှင်ထုတ်နေလို့ မဟုတ်ဘူး။ ဒီအစိုးရ
အဆက်ဆက်ရဲ့ ဥပေက္ခာပြုမှုတွေ၊ သယံဇာတတွေကို ယူပြီးမှ ထိုက်သင့်သလို
ပြန်ပြီးမှ ဂရုမစိုက်မှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြည်ဟာ
လုံးပါးပါးသွားတာ ဖြစ်တယ်။ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့
ကျွန်တော်တို့ တိုင်းပြည်ကို ပြန်ပြီး စီမံခန့်ခွဲမယ်ဆိုရင် ကျွန်တော်တို့
အခြေအနေကောင်းအောင် ဖန်တီးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က
ဒါမိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားတာ ဖြစ်တယ်။ ဒီဘင်္ဂါလီကိစ္စက
ငါတို့လက်နက်ကိုင်ထားတယ်ဆိုပြီး သူတို့ကို သေနတ်နဲ့ သွားပစ်သတ်ဖို့ဆိုတာ
နည်းလမ်းမကျဘူးလေ။ သူတို့လည်း ဒုက္ခရောက်နေတာပဲ။ သူတို့မှာလည်း
ဆိုးတဲ့လူတော့ ရှိမှာပဲလေ။ ဆိုးတဲ့လူ ဆိုရင်တော့ ဆိုးတဲ့လူလို
ကိုင်တွယ်ရလိမ့်မယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ လူကိုတော့ ဒုက္ခသည်လို
စာနာမှုနဲ့ ဆက်ဆံရလိမ့်မယ်။ ပြောမယ်ဆိုရင် ကုလားသတ်ဖို့အတွက်
လက်နက်ကိုင်ထားတာ မဟုတ်ပါဘူး။ မိမိရဲ့လုံခြုံရေးပေါ့။ ကိုယ့်အမျိုးသား
ကံကြမ္မာနဲ့ ဒါတွေကို ထိပါးရင်တော့ ဘယ်သူ့ကိုမဆို ရင်ဆိုင်ပါတယ်။
Voice
: သိပ်မကြာသေးခင်က ရန်ကုန်မှာ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ အဲဒီကနေတစ်ဆင့် AA
ရဲ့ လက်နက်အမြောက်အများကို သိမ်းဆည်းမိသွားတယ်။ လက်နက်တွေကလည်း
အတော်များတော့ ဒီကိစ္စက ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုလို့ ယူဆကြတယ်။
ဒီဖြစ်ရပ်အပေါ် စစ်ဦးစီးချုပ်အနေနဲ့ အနည်းငယ် ရှင်းပြပေးပါ။
AA :
အေးပေါ့လေ။ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတော့ ခက်ခဲစွာ ကျော်ဖြတ်ရတာတွေ
ရှိတယ်။ ဒါကြောင့် နည်းလမ်းပေါင်းစုံတော့ ကြိုးစားရတာပေါ့ဗျာ။ တချို့က
ပြောတယ်လေ။ ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရန်ကုန်မြို့ထဲတောင်
ထိုးဖောက်လာပြီပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က လက်နက်ကိုင်တယ်ဆိုတာ
ရည်ရွယ်ချက်ရှိရှိနဲ့ ကိုင်တာဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူကို
အလုပ်အကျွေးပြုဖို့အတွက် ကာကွယ်ချင်လို့ ဒါကိုကြိုးစားနေတာ ဖြစ်တယ်။
ကျွန်တော်တို့ လက်ထဲမှာ လက်နက်ရှိလည်း ရန်ကုန်မြို့ထဲမှာ အပ်တောင်
တစ်ချောင်းမပျောက်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေမှ မဟုတ်တာ။
ဒီပြည်ထောင်စုမှာနေတဲ့ လူတွေကို ကျွန်တော်တို့လည်း ကာကွယ်ဖို့ဆိုတဲ့
အသိတရားနဲ့ တာဝန်သိစိတ်နဲ့ ကြိုးစားမှာပဲ။ ဒါတော့ ဟုတ်ပါတယ်
ကျွန်တော်တို့ဆီက အရာရှိ တစ်ယောက်ပေါ့ ဖမ်းဆီးခံရတယ်။ အဲဒါနဲ့
ဆက်စပ်ပြီးမှလည်း သူတို့နဲ့ ခင်ရာမင်ရာ လူတွေလည်း ရှိတယ်လေ။ အဲဒါမှာတောင်
သူသိတဲ့တစ်ယောက် အိမ်ကတောင် ဆေးပြားတွေ ရလာသေးတယ်လေ။ အဲဒါကိုပဲ
ကျွန်တော်တို့ကိုပဲ ဒါမျိုးပြောတယ်ဆိုတော့ နိုင်ငံရေးမှာ ဒါက ဖြစ်လေ့ဖြစ်ထ
ရှိပါတယ်။ ကျွန်တော်တို့နဲ့သိတဲ့ လူတစ်ယောက်ဆီက ဆေးပြားတွေ့တိုင်း
ကျွန်တော်တို့ဟာလို့ ပြောတာကတော့ ကြောင်းကျိုးညီညွတ်မှု ဖြစ်တယ်လို့
ပြောလို့မရဘူး။ သဘောက ဒီနေ့ပေါ့လေ နယ်ခြားစောင့်စခန်းကနေ
ဆေးပြားငါးသိန်းလား မသိဘူး ဖမ်းမိတယ်။ ဒါဆိုရင် ဒါအစိုးရဝန်ထမ်းမို့လို့
အစိုးရကို စွပ်စွဲမယ်ဆို ရသလား။ မရဘူး။ အသေအချာ စိစစ်ဝေဖန်ပြီးမှ
ပြောလို့ရမယ်လေ။ နိုင်ငံရေးရဲ့ ညစ်လုံးတွေကတော့ ဒါမျိုးတော့ ရှိတတ်ပါတယ်။
Voice
: လတ်တလော ပွဲဆူသွားတဲ့ သတင်းတစ်ခု ရှိတယ်။ ကောလာဟလလို့လည်း
ပြောရမယ်ထင်တယ်။ ရှေ့နေကြီးတစ်ယောက်နဲ့ ဒေါက်တာအေးမောင်တို့ အားလုံးပေါ့လေ
စုပြီး ရခိုင်ပြည် ခွဲထွက်ရေးကိစ္စ ဆိုတာ။ အခု AA သည်လည်း လက်နက်ကိုင်
တော်လှန်နေတဲ့ အဖွဲ့အစည်းဆိုတော့ ခွဲထွက်ရေးသဘောထား ဘယ်လိုရှိပါသလဲ။
ရည်မှန်းချက်က ဘာလဲပေါ့။
AA : ကျွန်တော်တို့က
ကိုယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ပြောဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့
ကံကြမ္မာကို လူမျိုးခြားတွေဆီမှာ ထိုးအပ်ထားတာမျိုးက မဖြစ်နိုင်ဘူးလေနော်။
ဒါက မြန်မာလူမျိုးဟာ မြန်မာပဲ ဖြစ်တယ်။ ရခိုင်ဟာ ရခိုင်ပဲဖြစ်တယ်။
ခင်ဗျားတို့ ကျွန်တော်တို့ အတူတူနေတယ်ဆိုတာ ကောင်းပါတယ်။ တစ်ယောက်ကို
တစ်ယောက် လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်က တစ်ဖက်သတ် ခံနေရတယ် ဆိုရင်တော့
သိပ်မကောင်းဘူးပေါ့နော်။ ဒါ မျှတအောင်တော့ လုပ်ရမယ်။ ပြီးရင် ကျွန်တော်တို့
ကံကြမ္မာတွေမှာ ကျွန်တော်တို့ ဆုံးဖြတ်ဖို့ လိုတယ်။ ခွဲထွက်ခြင်း၊
မခွဲထွက်ခြင်း ဆိုတာ ကျွန်တော်တို့အတွက် ပထမ ဦးစားပေး မဟုတ်ပါဘူး။
အရေးကြီးတာက ကျွန်တော်တို့ ကံကြမ္မာကို ကျွန်တော်တို့ပဲ
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နေချင်တယ်လေ။ ကျွန်တော်တို့ကို အဲဒီကိစ္စက
ဘီးတပ်ပေးတယ်၊ အချွန်နဲ့မတယ် ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော်တို့ ရခိုင်မှာ
အခု ဟုတ်တယ် မြန်မာစစ်တပ်နဲ့ ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်တယ်။
အခြားတစ်ဖက်မှာလည်းပဲ ဘင်္ဂါလီ အုပ်စုတွေပေါ့လေ အဲဒီအထဲမှာ
မြန်မာစစ်တပ်နဲ့ဖြစ်ပြီးမှ ကျွန်တော်တို့ကို ခွဲထွက်မယ်ဆိုလို့ ရှိရင်
အစိုးရက စိုးရိမ်စိတ်တွေလွန်ပြီးမှ ပိုပြီး အမြစ်ပြတ် ချေမှုန်းလာအောင်၊
လုံးဝလှုပ်လို့ မရအောင် နိုင်ငံရေးအရ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့
နိုင်ငံရေး ခေါင်းဆောင်တွေကိုရော၊ စစ်ရေးအရ ကြိုးစားနေတဲ့ လူတွေကိုရော
တစ်ပြိုင်တည်းမှာ ဘီးတပ်ပေးတာပေါ့ဗျာ။ ချွန်ပေးတာပေါ့။ မြန်မာ့တပ်မတော်လည်း
ခွဲထွက်ရေးနဲ့ ပတ်သက်လာရင် အကဲဆတ်တယ်လေ။ အဲဒီနေရာကို တည့်တည့်ပစ်တာလို့
ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ ဒါတွေ (ခွဲထွက်ရေး) မရှိသေးပါဘူး။
Voice
: ခု တိုင်းပြည်မှာက အစိုးရ အပြောင်းအလဲ နိုင်ငံရေး အပြောင်းအလဲမှာ
လူတွေရဲ့ မျှော်လင့်ချက်က မြင့်လာတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးရဖို့
ကိစ္စပေါ့။ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် သွားတော့မယ်ဆိုတဲ့အခါ
ပဋိပက္ခကနေ သွေဖည်ရတော့မယ် ဆိုတော့ ဒီလုပ်ငန်းစဉ်မှာ AA အနေနဲ့
ဘယ်လိုပါဝင်ဖို့ ဆန္ဒရှိလဲ။
AA :
ကျွန်တော်တို့ နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ ဖြေရှင်းဖို့ အဆင်သင့်
လုပ်ပြီးသားပါ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ကို လုံးဝလက်မခံပါဘူးလို့
ပြောထားတဲ့ကြားက ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCCT (တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) မှာကအစ တွဲပြီးမှ
တောက်လျှောက်ပါလာတယ်။ အခုထက်ထိပေါ့ ကျွန်တော်တို့ကို ၂၁ ရာစု
ပင်လုံညီလာခံမှာ ပါဖို့ အလားအလာ အရမ်းနည်းတယ်။ သို့သော်လည်းပဲ
ဒီတိုင်းရင်းသားတွေရဲ့ စုပေါင်းအားထုတ်မှုတွေမှာ ကျွန်တော်တို့ မပျက်မကွက်
ပါနေတာပဲလေ။ ဒါက မျှော်လင့်ချက် ထားပါတယ်။ ဒီအတွက်လည်း တတ်နိုင်တဲ့ဘက်က
အကောင်းဆုံး ကြိုးစားနေတယ်။
Voice :
ငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံနဲ့ ပါရေး၊ မပါရေး လက်မှတ်ထိုးရေး၊
မထိုးရေး အမြင်အမျိုးမျိုး ရှိနေကြတဲ့ နေရာမှာ အခုလက်မှတ်မထိုးဘဲ ကျန်နေတဲ့
အဖွဲ့အတော်များများက NCA စာချုပ်မှာ လက်မှတ်ထိုးပြီး ၂၁ ပင်လုံမှာ
ပါသွားမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။
AA : ဒါက
ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်ရေးနိုင်ငံရေး မဟာမိတ်
သုံးဖွဲ့ပေါ့လေ အဲဒါ တိုက်ခိုက်ရေးအင်အား သောင်းဂဏန်းအထက်မှာ ရှိတယ်။
ဒါပေမဲ့ အစိုးရတစ်ရပ် အနေနဲ့ ဆိုရင်တော့ သူတို့ အင်အားပိုကြီးတာပေါ့။
ဒါပေမဲ့ ကျွန်တော်တို့က မပြီးဆုံးဘူး ဆိုရင်တော့ ဒီပြဿနာကို နိုင်ငံရေးအရ
ဖြေရှင်းခွင့် မပေးဘူးဆိုရင် ဒီအနာက ကုစားရ ခက်နေအုံးမှာပဲ။ နောက်ထပ်အဖွဲ့
သုံးဖွဲ့ ရှိသေးတယ်လေ။ လက်မှတ်ထိုးစရာ မလိုဘူး တစ်ခါတည်း လာခဲ့ပါ
ဆိုတာတွေလည်း ရှိတယ်။ သူတို့အရေးကလည်း သိပ်မရေရာသေးဘူးလို့ ပြောလို့ရတယ်။
တခြားသူတို့ ပြောတယ်လေ အင်အားနည်းလို့ လက်မှတ်ထိုးစရာ မလိုဘူး။
မင်းတို့လာခဲ့ပါ ဆိုတဲ့။ အဲဒီသုံးဖွဲ့ကလည်း သူတို့အရေးက
သိပ်မရေရာသေးဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့ အဖွဲ့အစည်းကိစ္စ ဆိုတော့
အတိအကျတော့ မပြောနိုင်ဘူး အမြင်ကို ပြောတာပါ။ ဒါကြောင့် ဟို
ကျွန်တော်တို့လည်း ဒီမဟာမိတ်တွေနဲ့ တောက်လျှောက်လုပ်လာတာ ဆိုတော့
မဟာမိတ်ဆိုတာ တစ်ယောက်ကို တစ်ယောက် ဖေးမတဲ့ သဘောတွေ ရှိတယ်။
မြန်မာ့တပ်မတော်ရဲ့ တောင်းဆိုချက်ကို ခေါင်းမာစွာ ကိုင်ထားမယ်ဆိုရင်
တချို့ကိစ္စတွေမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ဖြစ်လာမှာ စိုးရိမ်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ မရပ်တန့်စေချင်ဘူး။
တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက်ပေါ့ ရှေ့ကိုရောက်စေချင်ပါတယ်။
Voice : လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာများထပ်ပြောချင်တာ ရှိပါသလဲ။
AA : ဘာများပြောရမလဲဆို
ဦးဝင်းမြင့်ပြောတဲ့ ကိစ္စတွေပေါ့နော်။ (ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေ
ပြင်မည်) ဆိုတဲ့ ကိစ္စပေါ့နော်။ ကျွန်တော်တို့က ၂၀၀၈ အခြေခံဥပဒေကို
လိုအပ်တဲ့ ပြောင်းလဲမှုတွေပေါ့လေ။ ဒီမိုကရေစီဆန်အောင် ပြည်ထောင်စုကို
စနစ်တကျ တည်ဆောက်နိုင်အောင် ဆိုပြီးမှ ပြောင်းလဲဖို့အတွက် တစ်ချိန်လုံး
ဒါမြန်မာနိုင်ငံသူ နိုင်ငံသား အကုန်လုံးပေါ့လေ။ တိုင်းရင်းသား
ပြည်သူတစ်ရပ်လုံးက လိုလားတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့
စစ်တစ်ပိုင်းအစိုးရ ဆိုတော့ မပြောင်းလဲနိုင်ဘူးပေါ့။ ဒီအစိုးရ
ရောက်လာရင်တော့ ပြောင်းလဲနိုင်မယ်လို့ ထင်တယ်။ အခုလက်ရှိ ဦးဝင်းမြင့်
ပြောဆိုတဲ့ စကားတွေက ကျွန်တော်ထင်တယ်။ သူပြောတဲ့ စကားတချို့က
နှိုင်းယှဉ်ချက်တစ်ခုပါ သူရဦးရွှေမန်းလောက်တောင် မယဉ်ကျေးဘူးပဲ။ အတွေးအခေါ်
အနေအထားအရရော ပြောပုံဆိုပုံက အစလေ။ ဒါကလည်း ဒါတကယ်ရေးလို့ ရပါတယ်။
ကျွန်တော် ဒါမျိုးပဲပြောတယ်။ ငြိမ်းချမ်းရေး ရမှ ဒါကိုပြောင်းနိုင်မယ်
ဆိုတာ တပ်မတော်ရဲ့အပြောပေါ့လေ။ မငြိမ်းချမ်းရင် နိုင်ငံရေးက
နောက်မဆုတ်နိုင်ဘူး။ နိုင်ငံရေးမှာ သူတို့ ဒီလို ခေါင်းမာစွာနဲ့ပဲ
ဆုံးဖြတ်ချက်တွေကို ခက်ခဲအောင် လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးက
ကြာလိမ့်မယ်။ ဒါက မုန့်လုံးစက္ကူကပ် ပြန်ဖြစ်သွားမှာပေါ့။ မငြိမ်းချမ်းလို့
နောက်မဆုတ်ဘူး၊ နောက်မဆုတ်ရင်လည်း မငြိမ်းချမ်းဘူး။ ဒါဆိုရင် အခြေခံဥပဒေကို
မပြင်ဆင်တဲ့အတွက် နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုက ကြန့်ကြာမယ်၊
နှောင့်နှေးမယ် အရမ်းကြာလာရင် မအောင်မြင်မှုတွေလည်း
ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံတယ်။
ဒေါ်အောင်ဆန်းစုကြည်က အရမ်းအရည်အချင်း ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း
လူထုဘက်က ရပ်တည်ပြီးမှ နှစ်ပေါင်းနှစ်ဆယ်ကျော်၊ သုံးဆယ်ပေါ့လေ။ ရပ်တည်ပြီး
တိုက်ပွဲဝင်လာတဲ့ ခေါင်းဆောင်မို့လို့ ကျွန်တော်က လေးစားချစ်ခင်မှု ရှိတယ်။
မျှော်လင့်ကြတယ်ပေါ့လေ။ သို့သော် လူဆိုတာ သင်္ခါရတရားကို ဘယ်သူမှ
မလွန်ဆန်နိုင်ဘူးလေ။ ဒါကြောင့် တွေးပူမိပါတယ်။
နော်ကိုကို
Thursday, July 14, 2016
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှနှင့်အင်တာဗျူးး
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဥ
==========================
ရခိုင်ပြည်သူတွေရဲ့အရေးစဉ်း
==========================
မေး။ မြန်မာနိုင်ငံအစိုးရကိုယ်စာ
ဖြေ။ ဒီကိစ္စဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အရေးကိစ္စနဲ့သက်ဆိုင်သလို မြန်မာနိုင်ငံရဲ့အရေးကိစ္စလည
မေး။ ဒီလိုသုံးစွဲလိုက်တဲ့အတွက်ဘ
Thursday, June 2, 2016
'' ရခိုင်ပြည်ကို ရခိုင်ပြည်သူတွေလောက် ဘယ်ပုဂ္ဂိုလ်မှမချစ်ဘူး ''
'' ရခိုင်ပြည်ကို ရခိုင်ပြည်သူတွေလောက် ဘယ်ပုဂ္ဂိုလ်မှမချစ်ဘူး ''
@@@@@@@@@@@@@@@@@@@@@@@@@
ရခိုင်အမျိုးသားပါတီနဲ့ NLD က အချိန်မနှောင်းခင်
တွေ့ဆုံဆွေးနွေးသင့်တယ် – ဒေါက်တာအေးမောင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနဲ့
ဖွံ့ဖြိုးတိုးတက်မှု အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီ
တွေကို သမ္မတ ဦးထင်ကျော်က မေ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဗဟိုကော်မတီတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတ၊ ဒုသမ္မ တတွေကလွဲလို့ ပြည် ထောင်စုဝန်ကြီး အကုန်လုံးနဲ့ စစ်ဘက်ဆိုင် ရာ အရာရှိကြီးတွေ ပါဝင်ပါတယ်။
ဇွန် ၁ ရက်နေ့မှာတော့ ဗဟိုကော်မတီက ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒေသခံပြည်သူတွေနဲ့ စတင် တွေ့ဆုံပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို င်
ဦးေ ဆာင်ဦးရွက်ပြုမယ့် ဒီအစီအစဉ်ဟာ ၂၀၁၂ ခုနှစ်က ပဋိပ က္ခဖြစ် ပွား ခဲ့ပြီး
လူသေဆုံးမှု၊ လူနေအိမ်ခြေတွေဆုံးရှုံးမှု များပြားခဲ့တဲ့ ရခိုင်ပြည် နယ်
တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးစီစဉ်တာ ထင်ရှားပါတယ်။
ဒီကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ချိန်ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင် လုံ ခေါ်ယူ ကာနီးအချိန်လည်းဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့  ရခိုင်အမျိုးသားပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
××××××××××××××××××××××××
ရခိုင်အမျိုးသားပါတီနဲ့ NLD က အချိန်မနှောင်းခင်
တွေ့ဆုံဆွေးနွေးသင့်တယ် – ဒေါက်တာအေးမောင်
နိုင်ငံတော်အတိုင်ပင်ခံပုဂိ
ဗဟိုကော်မတီတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတ၊ ဒုသမ္မ တတွေကလွဲလို့ ပြည် ထောင်စုဝန်ကြီး အကုန်လုံးနဲ့ စစ်ဘက်ဆိုင် ရာ အရာရှိကြီးတွေ
ဇွန် ၁ ရက်နေ့မှာတော့ ဗဟိုကော်မတီက ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒေသခံပြည်သူတွေနဲ့ စတင် တွေ့ဆုံပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂိ
ဒီကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ချိန်ဟာ
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ
××××××××××××××××××××××××
Thursday, January 21, 2016
“NLD က ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့မယ်လို့ စည်းရုံးတဲ့အပေါ်မှာ ကျွန်တော်တို့ဘက် ဒီလိုထုတ်ပြန်ကြေညာရတာကို ခင်ဗျားတို့က လွန်တယ်လို့ ထင်မလား”
--------------------------
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း
ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
Voice : ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
Sunday, January 10, 2016
ရခိုင်ဒေသ စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် နှင့် RFA အဖွဲ့သား ကိုကျော်ကျော်အောင်ဆက်သွယ်မေးမြန်းထားပါတယ် နားဆင်နိုင်ပါတယ် (ဇန်န၀ါရီ ၉ )ရက်
ရခိုင်ဒေသ စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် နှင့်
RFA အဖွဲ့သား ကိုကျော်ကျော်အောင်ဆက်သွယ်မေးမြန်းထားပါတယ် နားဆင်နိုင်ပါတယ်
(ဇန်န၀ါရီ ၉ )ရက်
Saturday, June 27, 2015
News Watch(စောင့်ကြည့်သတင်းဂျာနယ်) ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေးချမ်းနှင့် မေးမြန်းခန်း
------ ------- ------- -------
☞ ဆရာကြီးရှင့် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုမှာ ဆရာကြီးဒေါက်တာအေးချမ်းနဲ့ ရခိုင်အမျိုးသားပါတီက ပါတီခေါင်းဆောင်ဒေါက်တာအေးေ
➲ ကျွန်တော်နဲ့ ဒေါက်တာအေးမောင်ရပ်တည်နေကြတ
Sunday, February 8, 2015
KHAMI MEDIA GROUP နှင့် မြိုတိုင်းရင်းသားပါတီ ဥက္ကဌဦးအေးထွန်းတို့ တွေဆုံဆွေးနွေးမေးမြန်းခြင်း
KMD= ဆရာ မင်္ဂလာပါ။ ကျွန်တော် ခမီမီဒီယာဂရုကပါဆရာမိတ်ဆက်ေ
မြိုဥက္ကဌ = ဟုတ်ကဲ မင်္ဂလာပါ။ ကျွန်တော် မြိုတိုင်းရင်းပါတီ ဥက္ကဌဦးအေးထွန်းပါ။ ကျွန်တော် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နန်းရာကိုင်းမှာနေပါတယ်။
KMD အခု ဆရာတို့ နေပြည်တော်မှာရောက်နေတယ်လို
မြိုဥက္ကဌ = အော်..ဟုတ်ကဲ။ လူမျိုးရေး ကိစ္စပါပဲ။ ဆရာတို့သိမှာပါ မြို နဲ့ ခမီကိစ္စ သက်ဆိုင်ရာဝန်ကြီးဌါန လူကြီးတွေကို တိုတ်ရိုတ် ပြောစရာရှိလို့ပါ။
KMD ဒီကိစ္စက ကြာပြီလေ။ အခုမှ ဘာလို့ ဒီကိစ္စကို ရှင်းပြချင်တာပါလဲ။
မြိုဥက္ကဌ= ကြာပြီဆိုတာ ၀န်ခံပါတယ်။ ဒါကျွန်တော်တို့အားနည်းချက်
KMD အော် . ဟုတ်ကဲပါ ဆရာ။ ကျွန်တော်တို့လည်း သိပါတယ်။ မြို(ခ) ခမီပါတီကနေ မြီုတိုင်းရင်းသား ဖွံဖြိးရေ
ရော ဆင်တူယို့မှားဖြစ်နေတဲ့ မြို နှစ်ပါတီ ပေါင်းလို့ မဖြစ်ဘူးလားဆရာ အင်အားဖြစ်မသွားဘူးလားဆိုတဲ
Thursday, July 31, 2014
ဆရာတော်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ် ဦးဥတ္တမ မော်ကွန်း စာအုပ်ထွက်မည်
အာရှနေ၀န်း
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ရခိုင်အာဇာနည် ၊
ရခိုင်ဂုဏ်ဆောင်
ရခိုင်ရဟန်းတော်
ဆရာတော် အသျှင်ဦးဥတ္တမနေ့ (၇၅) နှစ် စိန်ရတု အထူးထုတ် စာအုပ် မကြာမီ 2014 ခုနှစ် (၈) လပိုင်းအတွင်း ထွက်ပါတော့မည်၊ ရခိုင်ပြည်နယ် မြို့နယ်များမှ ဦးဥတ္တမနေ့ ကျင်းပလိုသော မြို့နယ်များ အ၀ယ်အမှာစာများ တင်ထားနိုင်ပါပြီ ။ ငွေအမြတ်ထက် အမျိုး အမြတ်ရဖို့ ထုတ်ဝေမည့် စာအုပ်ဖြစ်ပါသည်။ အသျှင်ဦးဥတ္တမ၏ အကြောင်းကို မည်သည့်စာအုပ်နှင့်မှ မတူအောင် အထူး စုံလင်ပြည့်စုံစွာ ပြုစုထားကြောင်း စာရေးဆရာ ခိုင်ကျော်နွယ် က အာမခံထားသည်။
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
ရခိုင်အာဇာနည် ၊
ရခိုင်ဂုဏ်ဆောင်
ရခိုင်ရဟန်းတော်
ဆရာတော် အသျှင်ဦးဥတ္တမနေ့ (၇၅) နှစ် စိန်ရတု အထူးထုတ် စာအုပ် မကြာမီ 2014 ခုနှစ် (၈) လပိုင်းအတွင်း ထွက်ပါတော့မည်၊ ရခိုင်ပြည်နယ် မြို့နယ်များမှ ဦးဥတ္တမနေ့ ကျင်းပလိုသော မြို့နယ်များ အ၀ယ်အမှာစာများ တင်ထားနိုင်ပါပြီ ။ ငွေအမြတ်ထက် အမျိုး အမြတ်ရဖို့ ထုတ်ဝေမည့် စာအုပ်ဖြစ်ပါသည်။ အသျှင်ဦးဥတ္တမ၏ အကြောင်းကို မည်သည့်စာအုပ်နှင့်မှ မတူအောင် အထူး စုံလင်ပြည့်စုံစွာ ပြုစုထားကြောင်း စာရေးဆရာ ခိုင်ကျော်နွယ် က အာမခံထားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စာမြည်း
Friday, July 25, 2014
“ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား”
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသော ဥပဒေပြု မဏ္ဍိုင်ဖြစ်သည့် အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တွင် ဥက္ကဌ တာဝန်ယူခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်သည် ကော်မတီ ဥက္ကဌ အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။
သူသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်မဲပေးခဲ့သူ ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မှတဆင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီး လွှတ်တော်ထဲတွင် ဒု သမ္မတလောင်း နေရာ ၀င်အရွေးခံခဲ့သူလည်း ဖြစ်သည်။ သို့သော် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းကို ရှုံးနိမ့်ခဲ့ရသည်။
လက်ရှိ ရခိုင် အမျိုးသား ပါတီ(ANP) ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါက်တာ အေးမောင် ၏ အတွေ့အကြုံ များနှင့် လွှတ် တော်အတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
Friday, March 28, 2014
စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းနှင့် အမေးအဖြေ။
--------------------------
ရခိုင်ပြည်နယ်အတွင်းနှင့် စစ်တွေတွင်ဖြစ်ပွားသော ကိစ္စများအားမေးမြန်းခဲ့သည်။
အခုစစ်တွေမှာဖြစ်တဲ့ကိစ္စကလည်း အကြောင်းအရင်းနှစ်ရပ်ရှိတယ်။
၁- နောက်ခံအကြောင်းတရားရှိတယ်။
၂- ရုတ်တရက်ဖြတ်တဲ့ကိစ္စရှိတယ်။
(၁) ရုတ်တရက်ဖြစ်တဲ့ကိစ္စက ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားတဲ့ သာသနာ့အလံတော်ကို နိုင်ငံခြား သားဘာသာအမျိုးသမီးတစ်ဦးက မတော်ရာနေရာတွေမှာ ဟိုပွတ်ဒေပွတ်လုပ်တာကို မြင်လိုက်ကြရတဲ့ အတွက် ဒေါသထွက်ပြီးဖြစ်သွားတဲ့ ကိစ္စရပ်ဖြစ်တယ်။
အဲဒီလိုဖြစ်ပေါ်လာအောင် စေ့ဆော်တဲ့အကြောင်းတရား နှစ်ခုရှိတယ်။
ပထအချက်က ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် အစိုးရက စာရင်းသွင်းဖို့ ကြံစည်နေတာကို ရခိုင်တိုင်း ရင်းသားတွေက မကျေမနပ်နဲ့ သန်းခေါင်စာရင်းကို ကန့်ကွက်သွားဖို့ ဖြစ်နေတဲ့အချိန်၊ ကန့်ကွက် ဖို့ ပြု လုပ်ထားကြတဲ့ အကြောင်းအရင်းကတစ်ကြောင်း။ နောက် တစ်ချက်က ဒီနိုင်ငံခြား သားများပါဝင်သော UN, INGO အားလုံးနီးပါးသည် ဘင်္ဂါလီနဲ့ ရခိုင်နှစ်ဘက်ရှိတဲ့နေရာ မှာ ဘင်္ဂါလီတို့ကို သီးသန့် ကူညီထော က် ပံ့၊ သွေးထိုးမြှောက်ပင့်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ် ဆိုတာကို နှစ် ပေါင်း ၂၀ /၃၀ ခန့် အတွေ့အကြံအရ ခံစားဖူးပြီဖြစ်တာကြောင့် တိုင်းရင်းသားတွေအနေနဲ့ UN, INGO တွေ အပေါ်မှာ အမြင်မကြည်လင်မှု အကြောင်းတရားတွေရှိနေခဲ့တယ်။ ယင်းအကြောင်းတရားနှစ်ခုကြောင့် အခု လတ်တလောဖြစ်ရပ် ဖြစ်တဲ့ သာသနာ့အလံကိစ္စမှာ ပေါက်ပွဲသွားကြတာလို့ ယူဆပါတယ်။
Sunday, March 2, 2014
အနောက်တန်းခါး ကျိုးကျလားလီဗျာယ်လား
ဆရာခိုင်လင်း (မေဃ၀တီ)နန့် တိုင်ပင်ဆွေးနွေးခြင်း
ဘူးသီးတောင် မောင်တောဒေသမှာ ခိုးဝင်ဘင်္ဂလီကုလားလူဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ဟိနိန်ခြင်းက
အနောက်တန်းခါး ပြိုကျလားခဗျာယ်ဆိုစွာကို ထောက်ပြနိန်ပါရေ။ ခိုးဝင်ဘင်္ဂလီရို
့ လူမျိုးအတုလုပ်ပြီးကေ ပုံစံသစ်နန့်  နယ်ပယ်ချဲ
့ထွင်လုယူလာနိန်ခြင်းကရခိုင်ရို့ အမျိုးသားလုံခြုံရီးကိုခြိ မ်းခြောက်နိန်ပြီးကေအေဘင်္ဂလီ တိရေ နိုင်ငံတကာဘာသာရီးအကြမ်းဖက် အုပ်စုတိနန့် ပါဆက်သွယ်ပနာ အကြမ်းဖက် ခံတပ်ကြီးတခု တည်ဆောက်ဖို့ ကြိုးပမ်းလာနိန်ခြင်းက ဒေသတွင်းငြိမ်းချမ်းရီးကိုပါ ချိုးဖောက်လာနိန်ပါရေ။ ခိုးဝင်ဘင်္ဂလီအန္တရာယ် ဇာလောက်ကြီးလေ ဆိုစွာကို အနီးကပ်စောင့်ကြည့်လေ့လာပနာ “မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား နှင့် မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့ ” စာအုပ်ကိုရီးသားထုတ်ဝီထားရေ ဆရာခိုင်လင်း (မေဃ၀တီ)နန့်  အဂုပိုင် တိုင်ပင်ဆွေးနွေးဖြစ်ပါရေ။
(က) ဆရာခိုင်လင်း (မေဃ၀တီ) ရီးသားထုတ်ဝီထားရေ စာအုပ်ကို ပီးဖြစ်တေ နာမေ၊ စာအုပ်မှာပါရေ ဆောင်းပါးတိနန့်  စာဖတ်ပရိတ်သတ်ကိုချပြချင်ရေ သတင်းအချက်အလက်တိကို အယင်ဆုံး ရှင်းပြပီးစီချင်ပါရေ။
ဘူးသီးတောင် မောင်တောဒေသမှာ ခိုးဝင်ဘင်္ဂလီကုလားလူဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ဟ
(က) ဆရာခိုင်လင်း (မေဃ၀တီ) ရီးသားထုတ်ဝီထားရေ စာအုပ်ကို ပီးဖြစ်တေ နာမေ၊ စာအုပ်မှာပါရေ ဆောင်းပါးတိနန့်  စာဖတ်ပရိတ်သတ်ကိုချပြချင်ရေ
Wednesday, February 5, 2014
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး) ဦးဇော်အေးမောင် အား Yangon Media Group တွေ့ဆုံမေးမြန်းမှု
အင်တာ
နေရှင်နယ်ဖိအားကို ကြောက်လို့ သူတို့ကို ကြီးစိုးခွင့်ပေး လိုက်ရင်
မြန်မာနိုင်ငံကလည်း နောက်လာမယ့် အနှစ် ၂ဝခန့်လောက်ဆိုရင်
ဒုတိယမလေးရှားဖြစ်သွားမယ်။ အင်ဒို နီးရှားနိုင်ငံလို ဖြစ်သွားမယ်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်အား Yangon Media Group က တွေ့ဆုံမေးမြန်းထားမှုကို အောက်ပါအတိုင်း ဆက်လက် ဖတ်ရှုပါ။
မေး- ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီရဲ့ ပြဿနာတွေက ဘယ်လိုပေါ်ပေါက်လာသ လဲဆိုတာကို ဝန်ကြီးအနေနဲ့ ပြောပြပေးပါ ဦးခင်ဗျ။
ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာအခု ဖြစ်နေတဲ့ ဘင်္ဂါလီပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခလဲ မဟုတ်ဘူး။ လူ့အခွင့်အရေး ထိခိုက်နေတဲ့ဟာလဲ မဟုတ်ဘူး။ အဓိက ဒီဖြစ်စဉ်က ပထဝီနိုင်ငံရေး ဖြစ်စဉ်ပဲဖြစ်တယ်။ နောက် ဒီပြဿနာက ဒီကနေ့မှ ပေါ်လာတဲ့ ပြဿနာလဲမဟုတ်ဘူး။ ဒါဟာ ဘယ်ကစ ခဲ့တယ်ဆိုတဲ့သမိုင်းကို အနည်းငယ် ပြော ရမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီကို အင်္ဂလိပ်က ၁၈၂၄ ခုနှစ်မှာ စသိမ်းတယ်။ အဲဒီသိမ်းတဲ့အထိ ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီဆိုတာမရှိဘူး။ အဲဒီ တော့ ဟိုးရှေးဘုရင်တွေလက်ထက် ကတည်းက အမှုထမ်းခဲ့ဖူးတဲ့ ကမန်ဆိုတဲ့ လူမျိုးရှိတယ်။ ဒီလူနည်းစု ကမန်တွေက တချို့က ဗုဒ္ဓဘာသာ၊ တချို့က အစ္စလာမ် ဘာသာကို ကိုးကွယ်ကြတယ်။ ဒါကလဲ လူ နည်းစုပါ။ အဲဒီထဲက ဘုရင့်ဆီမှာလေးသည် တော်အဖြစ် အမှုထမ်းခဲ့တဲ့ လူနည်းစု ရှိနေခဲ့တယ်။ ဒီလူမျိုးစု(ကမန်)ကလည်း နှစ်ပေါင်း များစွာနေလာတော့ ရခိုင်တွေနဲ့ ရုပ်တွေ ရော၊ စကားပြောတာတွေပါ သိပ်မကွဲဘူး အတူတူပဲ။ သူတို့က ဘာသာရေးပြင်းထန် သူတွေမဟုတ်ဘူး။ သူတို့နဲ့ ရခိုင်တွေနဲ့က ဘာပြဿနာ မှ မရှိကြဘူး။ ရခိုင်ကို အင်္ဂလိပ် သိမ်းတယ်ဆိုပေမယ့် တကယ် သိမ်းခဲ့တာက အရှေ့အိန္ဒိယကုမ္ပဏီ၊ ကြေးစားနယ်ချဲ့ အရင်းရှင် ကုမ္ပဏီက သိမ်းခဲ့တာ။ ကုမ္ပဏီ ကသိမ်းပြီး ရခိုင်ပြည်နယ်မှာရှိ မြေသြဇာ ကောင်း တဲ့ မြေတွေပေါ်မှာ လယ်စိုက်ဖို့နဲ့ ဗာဂျီးနီးယားဆေးရွက်ကြီးစို က်ဖို့
ဟိုဘက် စစ်တကောင်း နယ်ထဲက ဘင်္ဂါလီတွေကို ခေါ်သွင်းခဲ့တာ။ ဒီလယ်စိုက်တဲ့
ဘင်္ဂါလီတွေက တချို့က လယ်စိုက်ချိန်ပြီးရင် စစ်တ ကောင်းဘက်ကိုပြန်သလို
တချို့ကလဲ မပြန်ဘဲ အခြေချ နေထိုင်ဖြစ်သွားကြတယ်။ ခေတ် တခေတ် အပြောင်း
အလဲမှာ ဒီပြဿနာက အမြဲတက်တတ်ပါတယ်။ ၁၉၄၂ ခုနှစ် မြန်မာနိုင်ငံက
အင်္ဂလိပ်အဆုတ်၊ ဂျပန်အတက် ဒီကုလားတွေက အဲဒီမှာ “မူဂျာဟစ် ဒင်”ဆိုတဲ့ အဖွဲ့
ဖွဲ့တယ်။ အင်္ဂလိပ်အစိုးရ က သူတို့ကို ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ တိုက်တဲ့
ရခိုင်တော်လှန်ရေး သမားတွေကို တိုက်ဖို့ ကုလားတွေကို လက်နက်တပ် ပေးခဲ့တယ်။
အဲဒီမှာ ကုလားတွေ က တော်လှန်ရေးသမား လာရင် မတိုက်ဘဲ တော်လှန် ရေးသမားနဲ့
ပူးပေါင်းတယ်။ ပြီးတော့ အဲဒီ လက်နက်တွေနဲ့ပဲ ရခိုင်တွေကို နှိပ်ကွပ်ရေး
ဆိုတဲ့မူနဲ့ ရခိုင်ရွာတွေကို သတ် တယ်။ မီးရှို့ ကြတယ်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်အား Yangon Media Group က တွေ့ဆုံမေးမြန်းထားမှုကို အောက်ပါအတိုင်း ဆက်လက် ဖတ်ရှုပါ။
မေး- ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီရဲ့ ပြဿနာတွေက ဘယ်လိုပေါ်ပေါက်လာသ လဲဆိုတာကို ဝန်ကြီးအနေနဲ့ ပြောပြပေးပါ ဦးခင်ဗျ။
ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာအခု ဖြစ်နေတဲ့ ဘင်္ဂါလီပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခလဲ မဟုတ်ဘူး။ လူ့အခွင့်အရေး ထိခိုက်နေတဲ့ဟာလဲ မဟုတ်ဘူး။ အဓိက ဒီဖြစ်စဉ်က ပထဝီနိုင်ငံရေး ဖြစ်စဉ်ပဲဖြစ်တယ်။ နောက် ဒီပြဿနာက ဒီကနေ့မှ ပေါ်လာတဲ့ ပြဿနာလဲမဟုတ်ဘူး။ ဒါဟာ ဘယ်ကစ ခဲ့တယ်ဆိုတဲ့သမိုင်းကို အနည်းငယ် ပြော ရမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီကို အင်္ဂလိပ်က ၁၈၂၄ ခုနှစ်မှာ စသိမ်းတယ်။ အဲဒီသိမ်းတဲ့အထိ ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီဆိုတာမရှိဘူး။ အဲဒီ တော့ ဟိုးရှေးဘုရင်တွေလက်ထက် ကတည်းက အမှုထမ်းခဲ့ဖူးတဲ့ ကမန်ဆိုတဲ့ လူမျိုးရှိတယ်။ ဒီလူနည်းစု ကမန်တွေက တချို့က ဗုဒ္ဓဘာသာ၊ တချို့က အစ္စလာမ် ဘာသာကို ကိုးကွယ်ကြတယ်။ ဒါကလဲ လူ နည်းစုပါ။ အဲဒီထဲက ဘုရင့်ဆီမှာလေးသည် တော်အဖြစ် အမှုထမ်းခဲ့တဲ့ လူနည်းစု ရှိနေခဲ့တယ်။ ဒီလူမျိုးစု(ကမန်)ကလည်း နှစ်ပေါင်း များစွာနေလာတော့ ရခိုင်တွေနဲ့ ရုပ်တွေ ရော၊ စကားပြောတာတွေပါ သိပ်မကွဲဘူး အတူတူပဲ။ သူတို့က ဘာသာရေးပြင်းထန် သူတွေမဟုတ်ဘူး။ သူတို့နဲ့ ရခိုင်တွေနဲ့က ဘာပြဿနာ မှ မရှိကြဘူး။ ရခိုင်ကို အင်္ဂလိပ် သိမ်းတယ်ဆိုပေမယ့် တကယ် သိမ်းခဲ့တာက အရှေ့အိန္ဒိယကုမ္ပဏီ၊ ကြေးစားနယ်ချဲ့ အရင်းရှင် ကုမ္ပဏီက သိမ်းခဲ့တာ။ ကုမ္ပဏီ ကသိမ်းပြီး ရခိုင်ပြည်နယ်မှာရှိ မြေသြဇာ ကောင်း တဲ့ မြေတွေပေါ်မှာ လယ်စိုက်ဖို့နဲ့ ဗာဂျီးနီးယားဆေးရွက်ကြီးစို
Friday, January 31, 2014
ရခိုင်နှစ်ပါတီ ပူးပေါင်းခြင်းကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအေးသာအောင်တို့ ပါဝင်ပတ်သက်မှု ထွက်ပေါ် နေသည့် ဒေါက်တာဦးအေးမောင် တရုတ်မှငွေယူသည်ဆိုခြင်းကိစ္စ၊ ပါတီသစ်၏ ပြည်နယ်အတွင်း လူမျိုးရေး ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေး ကိစ္စများအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်နှင့် တွေ့ဆုံခြင်း
– အံ့ခေါင်မင်း
ကြိုက်တဲ့နေရာမှာပြော။
အထောက်အထားရှိရင် ယူလာပေး။ သတင်းစာရှင်းလင်းပွဲ အများမြင်သာအောင်
လုပ်ကြရအောင်။ သွားပုပ်လေလွင့် ပြောရင်တော့ တရားစွဲရလိမ့်မယ် . . .
တရုတ်ပြည်ကရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကို
ဘာကြောင့် ပေးမလဲ။ ပေးနိုင်၊ မပေးနိုင်ဘူးဆိုတာ ယုံကြည်သင့်၊ မသင့် ကို
စဉ်းစားပါ . . . ဦးအေးသာအောင်က အဲဒီကိစ္စကို သူရဲ့ဗဟိုကော်မတီအစည်းအဝေးမှာ
ရှင်းတယ်ဆိုရင် ဒီဥစ္စာကို ဘာကြောင့် တရားဝင်ပူးပေါင်းမယ့် ပါတီကို
တရားဝင်မကန့်ကွက်သလဲ . . .
နေပြည်တော်၊ ဇန်ဝါရီလ ၂၇
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပူးပေါင်း၍ အသစ်ဖွဲ့ စည်း သော
ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းပုံများကို ပါတီနှစ်ရပ်မှ ခေါင်းဆောင်များက
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သွား ရောက် တင်အပြီးတွင်
ပါတီနှစ်ရပ်၏ ဥက္ကဋ္ဌ များဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးအေးသာအောင်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ
ဒေါက်တာဦးအေးမောင် တို့နှစ်ဦးကို တစ်ပြိုင်နက် တည်း တွေ့ ဆုံခွင့်
ရခဲ့သည်။ ထို့သို့ တွေ့ဆုံခွင့်ရချိန်တွင် ပါတီနှစ်ရပ်ပူးပေါင်းမှုနှင့်
ပတ်သက်၍ ခေါင်းဆောင်နှစ်ဦး ၏ ပြောကြား ချက်များကိုပါ မေးမြန်းခွင့်
ရခဲ့သည်။ ထို့နောက် လတ်တလော နှစ်ပါတီပူးပေါင်း ရေးနှင့်ပတ်သက်၍ ဆက်စပ်
ထွက်ပေါ်လာသော အကြောင်းချင်း ရာအချို့ကို ဒေါက်တာ ဦးအေးမောင်အား
ဆက်လက်မေးမြန်း ခဲ့ရာမှ ရရှိခဲ့သော အောက်ပါ အကြောင်းအရာများ ကို
ဖော်ပြအပ်ပါသည်။
ဆရာတို့ နှစ်ပါတီမှာ မူဝါဒရေးရာ
ကွဲလွဲမှု နည်းနည်းရှိတယ်လို့ သိထားတယ်။ ဒီတော့ အခု နှစ်ပါတီပေါင်းပြီးဖြစ်
လာတဲ့ပါတီမှာ မူဝါဒရေးရာအနေနဲ့ရော၊ ရှေ့ဆက်သွားမယ့် ပါတီရဲ့လမ်းစဉ် အနေ
နဲ့ရော ဘယ်လိုမျိုး စဉ်းစားထားလဲ။
Thursday, January 2, 2014
ရခိုင်လူငယ် ရဲမင်းဦး နှင့် နိရဉ္စရာ သတင်းဌာန အမေးအဖြေ
- ပုဒ်အ အမျိုးမျိုးနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ရခိုင်ကျောင်းသား လူငယ် ကိုရဲမင်းဦးဟာ ကုန်လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီခန့်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အင်းစိန်ထောင်ကနေ လွှတ်မြောက်လာခဲ့ပါတယ်။ လွှတ်မြောက်လာတဲ့ ကတည်းက သူ့နဲ့ အဆက်အသွယ်ရရှိဖို့ နိရဉ္စရာက ကြိုးစားခဲ့ပေမယ့် ဒီနေ့မနက်ကဘဲ အဆက်အသွယ်ရတာကြောင့် ထောင်ထဲက လွှတ်လာတဲ အပေါ်မှာ သူ့သဘောထား အမြင်တွေကို သိရှိနိုင်အောင် မေးကြည့်တော့ သူက အခုလို ပြောကြားထားပါတယ်။
Thursday, December 5, 2013
တန်းခိုးဆရာထွန်း စာပေဆုနဲ့ ဒီကနေ့ ရခိုင်စာပေ
(နိရဉ္စရာ- ၅ ဒီဇင်္ဘာ ၂၀၁၃) / အင်တာဗျူး;
နယ်ချဲ့ ဗြိတိသျှခေတ်က ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ စာရေးဆရာ သီချင်းစာဆို တန်းခိုး ဆရာထွန်းကို ဂုဏ်ပြုတဲ့ အနေနဲ့ တန်ခိုး ဆရာထွန်း စာပေဆု ချီးမြှင့်ပွဲကို နောက်လာမယ့် ဇန္န၀ါရီလ ၁၁ ရက်နေ့မှာ ပုဏ္ဍားကျွန်းမြို့မှာ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ တန်းခိုးဆရာထွန်း စာပေဆု အပါအ၀င် ဒီကနေ့ ရောက်ရှိနေတဲ့ ရခိုင်စာပေရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် တန်းခိုးဆရာထွန်း စာပေဆု ဖြစ် မြှောက်ရေး ကော်မီတီအတွင်းရေးမှူး ဦးကျော်ဆန်း (စာရေးဆရာ လွှမ်းပြေအောင်) ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းထားပါတယ်။
(မေး။ ။ တန်းခိုးဆရာထွန်းစာပေဆုကို ဘာကြောင့် ချီးမြှင့်ဖို့ စီစဉ်ရတာပါလဲ။)
ဦးကျော်ဆန်း။ ။ တန်းခိုးဆရာထွန်းဟာ ကျွန်တော်တို့ ရခိုင်ပြည်မှာ ဗြိတိသျှ ခေတ်က နာမည်ကြီး စာဆိုတစ်ယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ စာအုပ်တွေကလည်း မြောက်များစွာ ရှိပါတယ်။ နောက်တခုက ဒီနေ့တန်းခိုးဆရာထွန်းစာပေကို ကျွန်တော်တို့ နှိုင်းယှဉ် ပြရမယ်ဆိုရင် တချိန်က မြန်မာစာပေထဲမှာ နာမည်ကြီးခဲ့တဲ့ ဦးပုညနဲ့တောင် ကျွန်တော်တို့ နှိုင်းလို့ရပါတယ်။ နောက်တခုက ကျွန်တော်တို့ ရခိုင်ပြည်မှာ တိမ်မြုပ်နေတဲ့ ရွက်ပုံးသီး စာရေးဆရာတွေ၊ အရည်အချင်းရှိတဲ့ စာရေးဆရာတွေ ပေါ်ထွက်စေချင်တဲ့ဆန္ဒရယ်၊ ဆရာကြီးကို ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ခုလို တန်းခိုး ဆရာထွန်း စာပေဆုကို ချီးမြှင့်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။
Friday, November 22, 2013
မေသင်္ကြန်ဟိန်(မြစ်မခ) နဲ့အင်တာဗျူးတွင် ကိုညိုအုန်းမြင့်ပြောပြသော မြန်မာပြည်ထဲ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါ်တောကုလား များအကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။
မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ ရှိလို့ မေးပါရစေ၊ အချိန်တော်တော်ယူလိုက်မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့ ဆက်မေးပါရစေ။
ဖြေ။ ဟုတ်ကဲ့။
မေး။ ။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊ ရိုဟင်ဂျာ အရေး ဆောင ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊ အဲဒီအဖွဲ့တွေ ကပဲ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကိုရောက်တော့လည်း ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆြို
Thursday, September 26, 2013
"သူရဲကောင်းလုပ်ကြစတမ်းဆိုရင် စစ်တပ်က သူရဲကောင်းလုပ်ဖို့အတွက် အခွင့်အလမ်း ပိုများတယ်"
From :
..the voice
"သူရဲကောင်းလုပ်ကြစတမ်းဆိုရ င် စစ်တပ်က သူရဲကောင်းလုပ်ဖို့အတွက် အခွင့်အလမ်း ပိုများတယ်"
RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
(ယမန်နေ့မှအဆက်)
Voice ။ ။ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်လို့ပြောတာတွေ ဒီလပိုင်းမှာ တော်တော် အားကောင်းလာတယ်။ NLD နဲ့ဆိုင်တဲ့သူ အချို့လည်း အခြေခံဥပဒေ ပြန်ဖျက်ရေးလို့ ပြောတာတွေရှိတယ်။ NLD လိုလွှတ်တော်ထဲက ပါတီတစ်ခု အနေနဲ့ ဘာလုပ်သင့်တယ် ယူဆပါသလဲခင်ဗျ။
UUHS ။ ။ ဒီနေရာမှာ ကျွန်တော်က နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ယောက် အနေနဲ့။ ကျွန်တော်တို့က ပြတ်ပြတ်သားသားပဲ။ ပြင်မယ်၊ ရတဲ့နည်းနဲ့ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ခက်ခဲပေမယ့် သွားရလိမ့်မယ်။ ခက်တဲ့အတွက် မပြင်ဘဲနဲ့ အသစ်ပြန်ရေး မယ်ဆိုတာ ပိုပြီးခက်ခဲတယ်။ ကျွန်တော်တို့ ကတော့ ပြင်ရေးပဲ သွားမယ်။ ဒီနေရာမှာ NLD အနေနဲ့ ဖွဲ့စည်းပုံပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်လာတယ်။ ဒီတော့ ပြတ်ပြတ်သားသား ပြောပါ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော်အမတ် တွေသည် ကျွန်တော် တို့ရဲ့ လမ်းကြောင်းဟာ ပြင်ရေးလမ်းကြောင်းပဲ ဖြစ်တယ်၊ အသစ်ပြန်ရေးတဲ့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောဖို့လိုပြီ။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆို ခု Liberalized ဖြစ်နေတဲ့ Process ဟာ ပျက်သွားလည်း ကျွန်တော်တို့ အတွက် မထူးဘူး။ ဒါပေမဲ့ မပျက်စေချင်ဘူး။
"သူရဲကောင်းလုပ်ကြစတမ်းဆိုရ
RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
(ယမန်နေ့မှအဆက်)
Voice ။ ။ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်လို့ပြောတာတွေ ဒီလပိုင်းမှာ တော်တော် အားကောင်းလာတယ်။ NLD နဲ့ဆိုင်တဲ့သူ အချို့လည်း အခြေခံဥပဒေ ပြန်ဖျက်ရေးလို့ ပြောတာတွေရှိတယ်။ NLD လိုလွှတ်တော်ထဲက ပါတီတစ်ခု အနေနဲ့ ဘာလုပ်သင့်တယ် ယူဆပါသလဲခင်ဗျ။
UUHS ။ ။ ဒီနေရာမှာ ကျွန်တော်က နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ယောက် အနေနဲ့။ ကျွန်တော်တို့က ပြတ်ပြတ်သားသားပဲ။ ပြင်မယ်၊ ရတဲ့နည်းနဲ့ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ခက်ခဲပေမယ့် သွားရလိမ့်မယ်။ ခက်တဲ့အတွက် မပြင်ဘဲနဲ့ အသစ်ပြန်ရေး မယ်ဆိုတာ ပိုပြီးခက်ခဲတယ်။ ကျွန်တော်တို့ ကတော့ ပြင်ရေးပဲ သွားမယ်။ ဒီနေရာမှာ NLD အနေနဲ့ ဖွဲ့စည်းပုံပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်လာတယ်။ ဒီတော့ ပြတ်ပြတ်သားသား ပြောပါ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော်အမတ် တွေသည် ကျွန်တော် တို့ရဲ့ လမ်းကြောင်းဟာ ပြင်ရေးလမ်းကြောင်းပဲ ဖြစ်တယ်၊ အသစ်ပြန်ရေးတဲ့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောဖို့လိုပြီ။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆို ခု Liberalized ဖြစ်နေတဲ့ Process ဟာ ပျက်သွားလည်း ကျွန်တော်တို့ အတွက် မထူးဘူး။ ဒါပေမဲ့ မပျက်စေချင်ဘူး။
Wednesday, September 25, 2013
“စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်...”
Wednesday, September 25, 2013
Myanmar Express Group
From :
..the voice
RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ် ခု ပေါ်ထွက် လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ပိုမို ထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင် ဆုံး ပြောပြပေးပါ။
UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်းရဲ့မူက ဖွဲ့စည်း ပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။
ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ် ခု ပေါ်ထွက် လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ပိုမို ထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင် ဆုံး ပြောပြပေးပါ။
UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်းရဲ့မူက ဖွဲ့စည်း ပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။
Subscribe to:
Posts (Atom)