Showing posts with label ဓလေ့ထုံးတမ်း. Show all posts
Showing posts with label ဓလေ့ထုံးတမ်း. Show all posts

Monday, March 14, 2016

ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း


ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။
ညှို့မေ။ ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။
ဖူးမှုတ်တောက်တဲ့။ ။ ဒိုးကိုပါးစပ်ထဲက "ဖူး"ဟု မှုတ်ပြီး လွှတ်လိုက်၍ ကျသည့်နေရမှ လုံးဝမရွေ့စေ ဘဲ ထောင်ဒိုးကိုထိအောင် ပစ်ရသည်။
ဆင်ခြေလှမ်း။ ။ ဆင်ခြေလှမ်းတာမှနေ၍ ညာဘက်ခြေဖမိုးပေါ်တွင် ဒိုးကိုတင်ပြီး ဘယ်ဘက်ခြေဖြင့် တစ်လှမ်းလှမ်းကာ ညာခြေထောက်လွှဲ၍ ပစ်ရသည်။
လျှပ်ထိုး။ ။ ဒိုးကိုခြေဖျားလေးများ အောက်၌ထား၍ အပြားလိုက်ဖိညှပ်ကာ ကျန်ခြေတစ်ဘက် မြှောက်ပြီး လျှင်၊ လျှပ်တိုက်၍ သွားရသည်။ ထိုသို့သွားရန် တာမှစ၍ ထောင်ဒိုးကို သုံးပတ်စေ့အောင် ပတ်ရသည်။ အကယ်၍ ဒိုးသည် ခြေဖ၀ါးအောက်သို့လျှော၍ ၀င်သွားပါက "သေသည်"ဟု ယူဆ၍ "အပိုင်"ဟု ခေါ်သည်။

Tuesday, January 27, 2015

အိမ်ထောင်ပြု ဓမ္မသတ်ကျင့်ဝတ်



အိမ်ထောင်ပြု ဓမ္မသတ်ကျင့်ဝတ်
........................................
ရခိုင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သော အချက်အလက်များ
၁။ ထိမ်းမြားလက်ထပ်ရန် လိုအပ်သည့် အရည်အချင်းများ
(က) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသား၏ အသက်အရွယ်
အသက်အရွယ်ကို ကန့်သတ်ချက်မရှိ၊ အိမ်ထောင်အရွယ် ရောက်ချိန်တွင် ထိမ်းမြားလေ့ ရှိပါသည်။ အများ အားဖြင့် အမျိုးသားများမှာ အသက်(၂၀)ကျော်ကို အိမ်ထောင်အရွယ် ရောက်သည်ဟု ယူဆကြသည်။ ငယ် စဉ်ကပင် အိမ်ထောင်ဖက်ပြုရန် လျာထားသတ်မှတ်ချက် ပြုထားသော ဓလေ့လည်းရှိသည်။ ရှေးကဆိုလျှင် အသက်(၃၀)အထိ လူပျိုအဖြစ် သတ်မှတ်၍ အိမ်ထောင် လက်ထပ်နိုင်သည်။

(ခ) ထိမ်းမြားလက်ထပ်နိုင်သည့် အမျိုးသမီး၏ အသက်အရွယ်
အမျိုးသမီးမှာ အသက်(၁၆)နှစ်မှစ၍ အပျိုရွယ်ရောက်သည်။ ထို့ကြောင့် အပျိုရွယ်ရောက်သည့် အရွယ်က စ၍ ထိမ်းမြားလက်ထပ်နိုင်သည်။ ပုခက်တွင်းငယ်စဉ်ကပင် လက်ထပ်ထိမ်းမြားရန်ကတိပြု၍ စေ့စပ်ကြောင်း လမ်း ထိမ်းမြားခြင်းသဘောလည်း ရှိကြပါသည်။ ၄င်းကို ကျမ်းဂန်အလိုအရ သာရက္ခမိန်းမဟု ခေါ်သည်။

Thursday, September 5, 2013

ရခိုင်ရိုးရာ ယက်ကန်းလုပ်ငန်း

ရခိုင်ရိုးရာ ယက်ကန်းလုပ်ငန်း

ရခိုင်လူမျိုးတွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ ရိုးရာယက်ကန်းလုပ်ငန်းကို ကျေးလက်ဒေသတွေမှာ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ အရင်ကလုပ်ကိုင်ခဲ့ကြပေမယ့် ခုအခါမှာတော့ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီလို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

http://youtu.be/vtTLMZYn8A4 

Monday, February 4, 2013

ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း



ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

Tuesday, December 25, 2012

ရခိုင်လူမျိုးတို၏ ဓလေ့နှင့် အညီ သမက်တက်ခြင်း(ထိမ်းမြားခြင်း)

သမက်တက်ခြင်း (ထိမ်းမြားခြင်း)မင်္ဂလာ
   ခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီး သည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကား ကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကို လက်ခံတတ်လေ့ဟိသည်။ သားသမီးများ အချိန်တန် အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘများက ရွီးချယ်ပီးသော အလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။