Showing posts with label တိုင်းရင်းဆေးစွမ်းကောင်း. Show all posts
Showing posts with label တိုင်းရင်းဆေးစွမ်းကောင်း. Show all posts
Sunday, March 9, 2025
👉လိပ်ခေါင်းရောဂါကုသနည်း👈
မုန်လာဥဖြူ ၁ လုံးကို သန့်စင်အောင်ဆေးကြောပြီး ထိပ်ဖျားကို လှီးထုတ်ပါ အတုံးသေးသေးလှီးပြီး အရည်ရအောင်ထောင်းပါ ( သို့) ကြိတ်ပါပြီးရင်အရည်စစ်ယူပါ မုန်လာဥဖြူအရည်ထမင်းစား ဇွန်း ၁ ဇွန်းနဲ့ ပျားရည် ၁ ဇွန်း ရောပြီး ညအိပ်ရာမ၀င်ခင်မှာသောက်ပါ လိပ်ခေါင်းအစဖြစ်တဲ့သူဆို ဒီလုပ်နည်းအတိုင်း ၃ ကြိမ် လောက်သောက်ရုံနဲ့ လိပ်ခေါင်းရောဂါချက်ချင်း ပျောက်ပါတယ် အချိန်အတော်ကြာဖြစ်တဲ့သူဆို တစ်နေ့လျှင် တစ်ကြိမ်၊ နေ့တိုင်း ၁၅ ရက်ခန့် အဆက်မပြတ် ေသာက်ပေးပါ **ဂုဏ်သတ္တိများကတော့- ဝမ်းသွားသွေးပါ လိပ်ခေါင်းရောဂါကို လုံးဝပျောက်ကင်းစေပါသည်။ **အရမ်းထိရောက်လို့** လက်တွေ့စမ်းကြည့်ပါနော် အနာနဲ့တွေ့၍သက်သာပျောက်ကင်းပါစေ
Friday, December 27, 2024
အာမခံတဲ့ဆေးတဲ့
အာမခံတယ်တဲ့ ဒီဆေးနည်းကိုတော့ တစ်သက်လုံး မျိုးရိုး အစဉ်အဆက်အထိ့ မှတ်သားသွား လက်ဆင့်ကမ်း သွားပါ။ ထိပ်ကပ်နာ(Sinusitis)နှာရည်ယိုခြင်း နှာရည်ပုတ်ခြင်းများ ကြုံတွေ့ခံစားနေရပါသလား... ဒိအတွက် စိတ်မညစ်နဲ့ မကြောက်နဲ့ လက်တွေ့ အမြစ်ပြတ် ပျောက်ကင်းစေရမယ်။ မုရိုးရွက်(calotropis procera)သို့မဟုတ် နို့ခဲရွက်ရဲ့အပင်က ထွက်ရှိတဲ့ အစေး(sap)ကို မိမိ၏ နှာခေါင်းအတွင်းသို့ ရှုရှိုက်သွင်းလိုက်ပါက များမကြာမှီ ရက်အနည်းငယ်အတွင်း လုံးဝ အရှင်း အမြစ်ပြတ် ပျောက်ကင်းစေပါမည်။ နောက်တစ်မျိုးက ကင်ပွန်းသီး(Soap nut)အခြောက်ကို ဆန်ဆေးရည်ဖြင့် ကျောက်ပြင်ပေါ်မှာ ပျစ်ပျစ်သွေး၍ ရရှိလာသည့် အနှစ်များကို မိမိ၏ နှာခေါင်းအတွင်းသို့ ရှုရှိုက်သွင်းယူလိုက်ပါက ရက်အနည်းငယ်မှာ သိသာစွာ ပျောက်ကင်းသက်သာစေပါမည်။ လက်တွေ့လုပ်ကြည့်လို့ မပျောက်ဘူးဆိုရင် ဘဝခါးခါးကို blocked လုပ်ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်.. ကျွန်တော် ဘဝခါးခါးပါ။ ဘဝခါးခါး✏ #Credit:
Sunday, September 25, 2022
ကျောက်ကပ်အတွက် ဆေးကောင်းတစ်လက်
ကျောက်ကပ်ဝေဒနာကြောင့် ဆီးမသွားနိုင်ဖြစ်ပြီးတစ်ကိုယ် လုံးဖောရောင်နေသူများအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက် ဆေးပင်ကမခက်ပါဘူး။အနီးနားမှာအလွယ်တကူရှာလို့ရနိုင်တဲ့ ပိန်းရိုင်းပင်ပါပဲ။ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဆေးအတွက်ရိုးတံအနက်ကိုပဲ ယူရမှာပါ။အဲဒီပိန်းရိုင်းပင်ကိုသုံးပင်နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။ပဉ္စငါးပါးလုံးကိုသုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကိုရေဆာတိုင်းတိုက်ရပါမယ်။အဲဒီလိုတိုက်တာနဲ့ ညဖက်မှာဆီးစသွားပါလိမ့်မယ်။တစ်ပါတ်အတွင်းမှာအဖေါကျလာပါလိမ့်မယ်။ ရောဂါအမြစ်ပြတ်သည်အထိ တစ်လခန့်နေ့စဉ်တိုက်ပေးရပါမယ်။လူကောင်းပကတိဖြစ်သွားရင်ဆက်တိုက်စရာမလိုတော့ပါဘူး။ပိန်းရိုင်းကိုပြုတ်ထားတဲ့အရည်ဟာလုံးဝမယားပါဘူး။တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ရှိကြပါတယ်။ ဒီဆေးနည်းကို၂၀၁၂ခုနှစ်က ကော့ကရိတ်အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မင်းငွေပြောပြခဲ့တဲ့နည်းပါ။သူ့ဖခင်ကျောက်ကပ်မကောင်းလို့ဖေါယောင်ပြီးသေလူသတ်မှတ်ထားတဲ့အခြေအနေမှာ လူနာ သတင်းလာမေးတဲ့ အသိမိတ်ဆွေကရင်မကြီးက"ငါတို့ရွာမှာဒီရောဂါဖြစ်ရင်ရိုးတံအနက်နဲ့ပိန်းရိုင်းပင်ကိုပြုတ်တိုက်တာပဲ။နင့်အဖေမသေစေရဘူးအာမခံတယ်"လို့ပြောတာနဲ့ ငွေလည်းမကုန်တဲ့ဒီဆေးပင်ကိုနေရာအနှံ့မှာအလွယ်တကူတွေ့နိုင်လို့ တစ်နေ့ကိုသုံးပင်နှုန်းနဲ့ပြုတ်တိုက်ခဲ့တာပါ။အခုတော့အသက်ရှစ်ဆယ်ကျော်သူ့ဖခင်ဟာမြဝတီမှာ သားတစ်ယောက်နဲ့ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ Credit... Fb မှ ကူးသည်�
Saturday, September 17, 2022
စအိုနာ(ခေါ်)ဂရင်ဂျီနာ ပျောက်ဆေး
Wednesday, November 24, 2021
အပူကန်နာ
 အပူကန်နာ
•••••••••••••
ပုံမှာ ပြထားတဲ့ အပူအဖု အနာလေးကိုတော့"Canker sore"လို့ ခေါ်ပါတယ်။
ဒီလို အပူနာအဖုမျိုး ကလေးကအစ လူကြီးအဆုံး လူတိုင်းခံစားဖူးမှာပါ..
ဒီအနာဖုဟာ လျှာအောက် သွားဖုံးနှင့်အောက်နုတ်ခမ်းအတွင်းထဲ၌ အဖြစ်များပါတယ်။
အနာအဖုဟာ သေးငယ်ပေမဲ့ အလွန်နာကျင်ပြီး ခံစားရခက်ပါတယ်။
သူ့ကို ပျောက်ကင်းဖို့ဆိုရင် ကျွန်တော် တစ်ခုတည်းသော ဆေးနည်းကိုသာ ပေးပါ့မယ်။
အင်္ဂလိပ်လို Alum"လို့ခေါ်ပါတယ်...မြန်မာလိုက 'ကျောက်ချဉ်'ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ ဒီအနာအတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။
အသုံးပြုပုံကတော့...
ကျောက်ချဉ်ကို ရွေးစေ့ခန့် ဖဲ့ခြွေပြီး အနာပေါ်တင်ပေးထားပါ။
သိပ်အကြာကြီး ထားစရာမလိုပါဘူး...
စက္ကန့်(၆၀)လောက်ဆိုရင် ရပါပြီ။
စက္ကန့်(၆၀)လောက်တင်ထားပြီးပါက ကျောက်ချဉ်ရော တံတွေးရော ထွေးထုတ်လိုက်ပါ..ချက်ခြင်းသက်သာသွားပါလိမ့်မယ်။
ကျမ်းမာသောဘဝကို
ပိုင်ဆိုင်ကြပါစေ
လေးစားစွာဖြင့် ...
#ဘဝခါးခါး
Monday, July 15, 2019
သွေးတိုးရောဂါများအတွက်
သွေးတိုးရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….လက်တွေ့ပျောက်လို့ မျှဝေပေးလိုက်ပါတယ်…
တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ခဲ့ပြီးဆေးရုံဆေးခဏ်းေ တွသွားကုတယ်မပျောက်ပါ ငွေကုန်လူပန်း ဖြစ်ပြီးအိပ်ရာထဲမှာဘုံးဘုံးလဲပြီးသူကိုယ်သူ(သေ) စာရင်းသွင်းထားတဲ့လူကို ကျွန်တော်တွေ့လို့ဒီဆေးမြီးတိုလေးပေးခဲ့ပါတယ် လူနာကမရုံမှာကြောက်လို့ လူနာကိုမှာခဲ့သေးတယ်။
ဒီဆေးကိုနေ့စဉ်တလတိတိသေက်ဘို့နဲ့. အကယ်၍မပျောက်ခဲ့သော် ဆေးဘိုးကုန်ကျငွေများကို ကျွန်တော်မှပြန်လျော်ပေးမည့် ဂတိလဲပေးခဲ့ပါတယ် နောက်တ.လအကြာမှာတမိုင်ေ လာက်ေ ဝးတဲ့လူနာကို သွားကြည့်တော့ လူနာကလူကောင်းဖြစ်လို့. ဝလို့. စိုလို့. အံ့သြဘွယ်တွေ့ခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့ နှစ်(၂)လောက်ကပါ ၂၀၁၆…ခုကသွေးတိုးရောဂါကျွန်တော်မှာဖြစ်တယ် သွေးချိန်ကြည့်တော့အောက်သွေး(၁၂၀)အပေါ်သွေး(၁၉၀) ပါဆရာမကဂရုစိုက်ကုဘို့ပြောပြီး သွေးကျဆေးပေးခဲ့တယ်။
အဲဒီအချိန်ကတရားစခန်းပွဲကျင်းပနေတဲ့အချိန် တရားစခန်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဆိုတော့ ဆေးဖော်ဘို့အချိန်ကမရနဲ့. တရားစခန်းပွဲလဲပြီး အောက်ဖော်ပြမည့် ဆေးမီးတိုကို.(၁၃)ရက်နေ့စ ဉ်သောက်လိုက်တာ…..
ခုတော့ဗျာ မုန့်ဟင်းခါး ဝက်သားကြိုက်တာစား ယ္ခုစာရေးနေချိန်အထိ(ဒေါင်ဒေါင်လန်.)ဘဲဗျာကဲဆေးနည်းကလွယ်လွယ်လေး ….
(၁)နွားနို့စစ်စစ် ၁. ပိသာ (၂)ကြက်သွန်ဖြူ. (ဥတလုံး)..၇…လုံးနွားနို့ကိုဆူအောင်ကြိုပါ …ပွက်ပွက်ဆူပြီဆိုရင်အခွန်နွှာထားတဲ့ကြက်သွန်ဖြူ(၇)လုံးကိုထည့်ပါ…..
ကြက်သွန်ဖြူထည့်ပြီးနာရီကိုကြည့်ပါ(၁၀)မိနစ်ကြာရင်မီးဖိုပေါ်ကချပါပြီးရင်သောက်လို့ရတဲ့အချိန်ကနေတနေကုန်မကုန်မခြင်းနားနားပြီးသောက်ပါ….
ရောဂါနုလျင်(၁၃ )ရက် သေလု့ဆဲဆဲလူဆိုလျင်ရက်(၃၀)…..ကျွန်တော်ကတော့ဗျာ ဒီဆေးနည်းလေးကို အများသူငါသိအောင် ဆက်ပြီးဖြန့်ဝေစေချင်ပါတယ်……
ဒီဆေးနည်းလေးကို ဦးနေဝင်းလက်ထက်… လုပ်သားပြည်သူနေ့စဉ်သတင်းစာထဲမှာတွေ့လို့ရောဂါဖြစ်နေသူတွေကို တွေ့တိုင်းပေးပါတယ် …..ခက်တာကတချို့ကပြောသလို မလုပ်ကြတာတွေလဲတွေ့ခဲ့ရပါတယ်.။
Tuesday, May 15, 2018
လိပ်ခေါင်းရောဂါဝေဒနာရှင်များအတွက်
လိပ်ခေါင်းရောဂါဝေဒနာရှင်များအတွက်
=========================
(၁) မီးကွင်းဂမုန်းလက်တစ်ဆုပ်ကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။
(၂) ကြက်သွန်နီဥတစ်လုံးကို လေးစိပ်ခွဲပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။
(၃) သကြားလဖက်ရည်ဇွန်း (၁) ဇွန်း
အညွှန်း
မီးကွင်းဂမုန်းသတ္တုရည်နှင့် ကြက်သွန်နီသတ္တုရည်တို့ကိုနှောပြီး သကြားလဘက်ရည်ဇွန်း(၁)ဇွန်းကို ထည့်ကာ တစ်နေ့တစ်ကြိမ်သောက်ပါ။ သွေးထွက်နေသောလိပ်ခေါင်းလည်း သွေးမထွက်တော့ပါ၊ လိပ်ခေါင်းလည်း ၀င်ကာ နောက်ပြန်မထွက်တော့ပါ။
ရဲမျိုးသူ (ဗောဓိမြိုင်)
Monday, January 15, 2018
နှင်းခူဆေး
ကျွန်တော့်ရဲ့မိတ်ဆွေတွေထဲမှာ( နှင်းခူ )ပေါက်နေတဲ့သူ ရှိလားတော့ မသိဘူး..
အကယ်၍ မိမိ၏ အရေပြားပေါ်၌ နှင်းခူ ပေါက်နေရင် လုံးဝ လုံးဝ စိတ်မညစ်ပါနဲ့..
နှင်းခူနဲ့ပတ်သက်ပြီး ဆေးကောင်းတလက်ကို ကျွန်တော် အာမခံပြီး ဖော်ပြပေးပါ့မယ်။
နှင်းခူကို (Eczema)လို့ ခေါ်ပါတယ်။
နှင်းခူရောဂါဟာ အမျိုးအစား(၈)မျိုးခန့် ရှိပါတယ်။
(1)Atopic dermatitis.
(2)Contact dermatitis.
(3)Dyshidrotic eczema.
(4)Hand eczema.
(5)Neurodermatitis/Lichen simplex chronicus.
(6)Nummular eczema.
(7)Seborrheic dermatitis.
(8)Stasis dermatitis.
ဒီ (၈)မျိုးဟာ နှင်းခူ ဖြစ်တည်လာပုံခြင်း မတူဘူး ခင်ဗျ..
ဥပမာ”အချို့က သွေးကြောင့်ဖြစ်တတ်တယ်၊လက်ပတ်နာရီ၊စတီး၊နီကယ်နှင့်အခြားသော သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖန်စီပစ္စည်းတွေ ဝတ်ဆင်လို့လည်းဖြစ်တတ်တယ်၊ခုခံအားကျဆင်းလို့လည်းဖြစ်တတ်တယ်၊ဓာတ်မတည့်တဲ့အစားအစာတွေ စားသုံးမိလို့လည်းဖြစ်တတ်တယ်၊တစ်ကိုယ်ရေမသန့်ရှင်းလို့လည်းဖြစ်တတ်တယ် စသည်ဖြင့်ပေါ့ မတူညီကြပါဘူး..
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အရေပြားပေါ်မှာ ဖြစ်ပေါ်လာပြီဆိုကတည်းက မကူးစက်အောင် ကာကွယ်ရတော့မှာပဲ...
ပျောက်ကင်းအောင် ကုသမယ်ဆိုရင် ဆေးနည်းတွေက အများကြီးပါ..
အဲသလိုအများကြီးရှိတဲ့အထဲမှ အထိ့ရောက်ဆုံး၊အလွယ်ကူဆုံးနဲ့ လက်တွေ့အမြန်ပျောက်တဲ့နည်း တစ်မျိုးတည်းကို ကျွန်တော် လမ်းညွှန်ပြောပြပါ့မယ်။
ဒီနည်းက အရမ်းလွယ်ကူတယ် ခင်ဗျ...တခြားခက်ခက်ခဲခဲတော့မဟုတ်ပါဘူး.. မြို့ပြနှင့်ကျေးလက်ဒေသတွေမှာ အလွယ်တကူရနိုင်တဲ့ ငါးခူ(catfish)ငါးကို ဦးခေါင်းကိုဖြတ် အတွင်း ပသိများကိုဖယ်ရှားပြီး နေအခြောက်လှန်း၍ မီးဖြင့်အပူပေးပြီး ပြာချပါ။
ရရှိလာတဲ့ ငါးခူခေါင်းပြာအမှုန့်ကို အုန်းဆီ(သို့)ရေနံဆီဖြင့် ပျစ်ပျစ်ဖျော်စပ်ပြီး နှင်းခူးထဲသို့ စိမ့်ဝင်အောင်ပွတ်ပေး၍ အဝတ်စပါးပါးဖြင့် စည်းထားပေးလိုက်ပါက တစ်ပတ်အတွင်းမှာ သိသိသာသာ နည်းပါးလာပြီး ပျောက်ကင်းသွားပါလိမ့်မယ်။
ကျွန်တော် အာမခံပါတယ်..လက်တွေ့ပြုလုပ်ကြည့်ပါ။
ဘဝခါးခါး
Friday, December 29, 2017
ကျောက်ကပ် ကျောက်တည်သော်
ဆန် ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက် တာ တစ်ညနဲ့ တမနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ် အဖေ့ ဆီက ဘာပဲဖြစ်ဖြစ် ဆေးနည်းဖြန့်ပေးတာပါ လက်တွေ့ တစ်ရက်နဲ့တစ်ည အောင့် တာ မခံနိုင် လို့ ဆေးရုံပြတာ ၂.၁ ၁၈ ရက်နေ့ဆေးရုံမှာ လေဆာနဲ့ချေဖို့ချိန်းထား ပြီးသား ကို မိတ်ဆွေတစ်ယောက်က ညွှနိ လို့ သောက်ကြည့်တာပါ ဆေနည်းညွှန်တဲ့ ကို အသေး လေးလဲ ကျေး ဇူး အရမ်း တင်ပါတယ် သူ့မိတ်ဆွေတုန်းက လဲ ဘန် ကောက် သွားဖို့ လုပ် ပြီးသား ပါ ဆန်ဆေးရေကို ဆန်တအိုးကြီး ဆေးစရာ မလိုပါခင်ဗျာ လက်တစ်ဆုက်လောက်ကို ဂိုင်း ဖန်ခွက်ကြီး ထဲ ထည့်ဆေး ၂ကြိမ်မြောက် လောက်က ရေက်ုယူ စပါးလင်ကို လက်လေးဆစ်ခန့် ၂ပင်လောက်ယူပါးပါးလှီးပြီးနာရီဝက်လောက်စိမ်ပြီးရင် သောက်ပါ တစ်နေ့သုံးကြိမ် ပါ လူတိုင်းနဲ့တော့ ကျချင်မှ ကျမှာ ပါ တချို့က ငါးပြေမနဲ့ဇောင်းခါးသီး ချက်စားကြသလို တချို့က ကျောက်ကွဲ ရွက်စားကြပါတယ်
https://www.facebook.com/photo.php?fbid=1995788300639441&set=a.1375050619379882.1073741825.100006248702537&type=3&theater
Thursday, December 28, 2017
ဗိုက်​အလွတ်​နဲ့ ​ရေ​နွေး
------------------------------
အလွန်​အမင်း အကျိုးများ​စေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ​ကောင်းကျိုး​တွေ ခံစားနိုင်​ကြဖို့ အဓိက လိုရင်းကို ​ပြောပါ့မယ်​ ... ။
နာမည်​​ကျော်​ နှလုံးအထူးကု က ​ပြောတယ်​ - ဒီစာကို ရတဲ့လူဟာ ​ရှေ့ဆက်​ပြီး ပို့​ပေးမယ်​ဆိုရင်​ လူ​ပေါင်း​မြောက်​များစွာအတွက်​ အန္တရာယ်​ကင်းမှုနဲ့ အသက်​ကယ်​စရာအ​ကြောင်း ဖြစ်​လိမ့်​မယ်​ တဲ့ ... ။
ရေ​နွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာ​တောင်​မဟုတ်​ဘူး ... ။
ဂျပန်​မှာ များပြားလှ​တဲ့ သမား​တော်​ကြီး​တွေဟာ ​ရေ​နွေးနဲ့ ကုသခြင်း​ကြောင့်​ ၁၀၀% ရလဒ်​​ကောင်း​တွေ ရတယ်​လို့ တညီတညွတ်​တည်း ဆိုကြပါတယ်​ ... ။
အဲ့ဒီ့ရလဒ်​​တွေထဲက တချို့ကို ​ပြောပါမယ်​ -
-: ​ခေါင်းကြီးကိုက်​​ရောဂါ (ပျို့အန်​ခြင်း ၊ အမြင်​ထိခိုက်​ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏ​ခေါင်းကိုက်​မှု) ၊
-: ​သွေးတိုးခြင်း ၊
-: ​သွေးအားနည်းခြင်း ၊
-: အဆစ်​အလက်​​တွေ နာကြင်​ခြင်း ၊
-: နှလုံးခုန်​နှုန်းအရမ်းမြန်​ခြင်း သို့မဟုတ်​ ​နှေး​ကွေးခြင်း ၊
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​သွားတတ်​​သော အာရုံ​ကြော​ရောဂါ ၊ (ဝက်​ရူးပြန်​​ရောဂါ) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ဓာတ်​ ၊
-: ​ချောင်း အပြင်းအထန်​ ဆိုးခြင်း ၊
-: စိတ်​မငြိမ်​ခြင်း ၊
-: လည်​​ချောင်းနာခြင်း ၊
-: ပန်းနာ​ရောဂါ ၊
-: ​ချောင်းနက်​​ရောဂါ သို့မဟုတ်​ ကြက်​ညှာ​ချောင်းဆိုး ​ရောဂါ ၊
-: ​သွေး​ကြောများ ပိတ်​ဆို့​နေခြင်း ၊
-: ဆီးအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများအားလုံး ၊
-: အစာအိမ်​ အချဉ်​​ပေါက်​ခြင်း ၊
-: အစာအိမ်​နာ​ရောဂါ ၊
-: ဆာ​လောင်​မှု နည်းပါးခြင်း ၊
-: မျက်​စိ ၊ နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်းနှင့်​သက်​ဆိုင်​​သော ​ရောဂါအားလုံး ပါဝင်​သည်​ ... ။
ကုသနည်း
--------------
နေ့စဉ်​မနက်​​စော​စော (ဖဂျရ်​) ထပါ ... ပြီးရင်​ ဘာမှမစား ၊ မ​သောက်​​သေးပဲ 160cc အရွယ်​အစားရှိ ဖန်​ခွက်​ ​လေးခွက်​ခန့်​​သောက်​ပါ ... ​ရေဟာ ပူရမှာဖြစ်​​ပေမယ့်​ လျှာကျက်​​လောက်​​အောင်​ ပူခြင်းမျိုးမရှိရပါ ... ပူတယ်​ဆိုရုံ​လောက်​သာ ဖြစ်​ရပါမယ်​ ... ။
ရှောင်​ရှားရန်​မှာ -
ရေ​သောက်​ပြီး (၄၅) မိနစ်​ထိ​အောင်​ ဘာတစ်​ခုမှ စားခြင်း ၊ ​သောက်​ခြင်း မရှိရပါ ... ဒါ့အပြင်​ အစား စားပြီးတိုင်း နှစ်​နာရီတိုင်​​အောင်​ ​ရေလုံးဝ မ​သောက်​ရပါ ... ။
အချို့သူ​တွေဟာ အစပိုင်းမှာ ဖန်​ခွက်​​ ​လေးခွက်​မ​သောက်​နိုင်​ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း ​လေးခွက်​ထိ​ရောက်​​အောင်​ လုပ်​ရပါမယ်​ ... ။
ရေနဲ့​ အမျိုးအမျိုး​သော ​ရောဂါ​တွေကို ကုသခြင်းဟာ သတ်​မှတ်​ကာလ​တွေနဲ့ အတည်​ဖြစ်​ထားပါတယ်​ ... အဲ့ဒါ​တွေက​တော့ -
-: သကြားဓာတ်​ - ရက်​ (၃၀) .
-: ​သွေးတိုး - ရက်​ (၃၀) .
-: အစာအိမ်​နဲ့ပတ်​သက်​တဲ့​ ​ရောဂါဟူသမျှ - (၁၀) ရက်​ .
-: ရှိသမျှ ကင်​ဆာအမျိုးအစား အာလုံး - (၉) လ .
-: ​သွေး​ကြောပိတ်​ခြင်း - (၆) လ .
-: စားချင်​စိတ်​ နည်းပါးခြင်း - (၁၀) ရက်​ .
-: ဆီအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများ - (၁၀) ရက်​ .
-: နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်း - ရက်​ (၂၀) .
-: အမျိုးသမီး​ရောဂါများ - (၁၅) ရက်​ .
-: နှလုံးနဲ့ နှလုံးဆိုင်​ရာ ​ရောဂါများ - ရက်​ (၃၀) .
-: ​ခေါင်းကြီးကိုက်​ရောဂါ - (၃) ရက်​ .
-: ​သွေးအားနည်းခြင်း - ရက်​ (၃၀) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ - (၄) လ .
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​တတ်​​တဲ့ အာရုံ​ကြော​ရောဂါနဲ့ သွက်​ချာပါဒ​ရောဂါများဟာ (၉) လ ဆက်​တိုက်​​သောက်​ရင်​ ​ပျောက်​​ကြောင်း အာမခံချက်​ရှိထားပါတယ်​ ... ။
-: ပန်းနာ ၊ အသက်​ရှူကြပ်​​ရောဂါများ - (၄) လ .
ရှေး​ဟောင်း ​ဆေးပညာတွင်​လည်း မနက်​စာ (နာရှ်​သာ) မစားခင်​ ​ရေ​နွေး​သောက်​ခြင်းဟာ အကျိုးများစွာ ဖြစ်​ထွန်း​စေ​ကြောင်း ​ဖော်​ပြထားပြီး အလွန်​ပဲ အ​လေးအနက်​ပြုထားပါတယ်​ ... ။
လက်​​တွေ့စမ်းသပ်​ကြည့်​ပါ ... ။
*ရေ​အေး ဆိုရင်​​တော့*
===============
အ​ဗူအလီစီနာက ဘာမိန့်​လဲဆို​တော့ - ​ရေ​အေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ​ရောဂါမဖြစ်​​စေဘူးဆိုရင်​​တောင်​ နုပျိုမှုကုန်​ဆုံးပြီးတဲ့​နောက်​မှာ ​အဆိုးဝါးဆုံး ရောဂါသည်​ကြီး ဖြစ်​​စေလိမ့်​မယ်​ တဲ့ ... ။
ရေ​အေးဟာ နှလုံးရဲ့​သွေး​ကြော (၄) ခုကို ပူးသွား​စေတယ်​ ... နှလုံးရဲ့​သွေး​ကြောမကြီးကိုလည်း ပိတ်​သွား​စေတယ်​ ... နှလုံး​ရောဂါဖြစ်​ဖို့ အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
အများအားဖြင့်​ နုပျိုတုန်းမှာ နှလုံး​ရောဂါဖြစ်​ရတာဟာ အ​အေး​များ သောက်​ခြင်း​ကြောင့်​ပါ ... ။
ရေ​အေးဟာ အသည်းကို ပျက်​စီး​စေတဲ့ အ​ကြောင်းခံဖြစ်တယ်​ ... အဆီ​တွေဟာ ​ရေ​အေး​ကြောင့်​ စုပြီး ခဲသွားတတ်​တယ်​ ... ။
စိတ်​​တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ ​စောင့်​​မျှော်​​နေသူ​တွေရဲ့ မူလအ​ကြောင်းရင်းဟာ ဒီ​ရေ​အေးပါပဲ ... ။
အမှန်​က ​ရေ​အေးဟာ အစာအိမ်​အတွင်းပိုင်းက အကာအရံ​တွေကို ထိခိုက်​​စေပြီး သကြားဓာတ်​ကို ဖြစ်​ပေါ်ေ​စတယ်​ ... ။
ရေ​အေးဟာ အစာအိမ်​နဲ့ အူမကြီးကို အန္တရာယ်​ဖြစ်​​စေပြီး ကင်​ဆာ​ရောဂါရဲ့အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
လူအားလုံးကို ​ပြောပြပါ ... ဒါဟာ လူ​သေ​သော်​လည်း ဆဝါ​ဗ်​ရပ်​တန့်​မသွားမယ့်​ ဆွဒကဟ်​ဂျာရီယဟ်​တစ်​ခု ဖြစ်​သွားပါလိမ့်​မယ်​ ... လူကြီးမင်း​ကြောင့်​ ​တစ်​ဦးတစ်​​ယောက်​ ကျန်းမာသွားမယ်​ဆိုရင်​ အဲ့ဒီ့သူရဲ့ကျန်းမာမှုအတွက်​ လူကြီးမင်းဟာလည်း ဆဝါ​ဗ်​ရထိုက်​သူအဖြစ်​ သတ်​မှတ်​ခံရပါလိမ့်​မယ်​ ... ။
*ဒီစာကို လူကြီးမင်း မနှစ်​သက်​သူတဲ့သူ​တွေဆီကိုပါ ​ရောက်ေ​​အာင်​ပို့​ပေးလိုက်​ပါ ... အလ္လာဟ်​ဟာ လူကြီးမင်းကို အစားချီးမြှင့်​ပါလိမ့်​မယ်​*
.
မူရင်းတင်​ပေးသူကို Credit -​ပေးပါတယ်​။ဂျဇာ​ကောက်​လ္လာဟုခိုင်းရ်
https://www.facebook.com/photo.php?fbid=1594103570697506&set=gm.829968453831070&type=3&theater
Monday, July 24, 2017
ကျောက်ကပ်ဝေဒနာရှင်များအတွက်
*******************************
လေ့ရှိကြပါတယ်။
နေထိုင်လျက်ရှိပါနယ်။ဆေးနည်းတိုတွေများစွာရှိပါတယ်။
ဝေဒနာရှင်များမိမိအဆင်ပြေရာနည်းနဲ့ရောဂါပျောက်ကင်း
ကျန်းမာကြပါစေ။ ။
ယမင်း ဖြူ
စေတနာထားခြင်းပါ
kosoe
Friday, May 19, 2017
သင့်အိမ်မှာရော စိတ်ညစ်စရာ ပိုးဟပ်တွေ ရှိလား?
ပိုးဟပ်ဆိုတဲ့ အမျိုးဟာ တစ်ကောင်စ၊ နှစ်ကောင်စကနေ အချိန်တိုအတွင်းမှာ အုံနဲ့ကျင်းနဲ့ အုပ်စုနဲ့ ပွားလာတတ်တဲ့ အမျိုးပါ။ ပိုးဟပ်တွေကို မုန်းလားလို့ လူတိုင်းကိုလိုက်မေးလိုက်ရင် ၉၀ ရာခိုင်နှုန်းလောက်က မုန်းတယ် မုန်းတယ်လို့ ပြန်ဖြေကြမှာ သေချာပါတယ်။ တစ်ချို့များဆိုရင် ပိုးဟပ်တွေကို ခါးခါးသီးသီး ရွံ့တတ်ကြသလို့၊ ပိုးဟပ်မြင်ရင် ထထခုန်ပြီး လန့်တက်ကြသည်များလည်း ရှိပါတယ်။ ဒီတော့ ဒီလောက်တောင် ဒုက္ခပေးလှတဲ့ ပိုးဟပ်တွေကို ဘယ်လိုနှိမ်နင်းကြမလဲ?
ဒီအတွက် ပစ္စည်းလေး နှစ်ခုပဲလိုပါတယ်၊ အဲ့ဒါတွေကတော့ ကြက်သွန်နီနဲ့ မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်းပါပဲ။ လုပ်နည်းလေးကလည်း အရမ်းလွယ်လွန်းလို့ ဟုတ်ပါ့မလားလို့တောင် သူပြန်မေးယူရမှာပါ။ ပထမဦးဆုံး ကြက်သွန်နီကို အစိတ်သေးသေးလေးတွေအဖြစ် ခွာလိုက်ပြီး ငရုတ်ဆုံနဲ့ မကြေ့တစ်ကြေလေး နည်းနည်းထောင်းလိုက်ပါ။ အဲ့ဒီနောက် ရလာတဲ့ ကြက်သွန်နီစိတ်အမွှာလေးတွေကို မုန့်ဖုတ်ဆော်ဒါနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီကြက်သွန်ဆော်ဒါအရောအမှုန့်ကို ပိုးဟပ်တွေရှိတဲ့ ဟိုကြားဒီကြားနဲ့ အိမ်ထောင့်လေးတွေမှာ လိုက်ထားလိုက်မယ်ဆိုရင်ဖြင့် ကိုရွှေပိုးဟပ်တွေဟာ အဘားအဘားနဲ့ အော်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားပါလိမ့်မယ်။
http://www.momolay.com/p/31934/text
Friday, May 12, 2017
အုန်းဆီနဲ့ ဘာလို့သွားတိုက်သင့်သလဲ
အုန်းဆီနဲ့ သွားတိုက်ပေးတာဟာ သွားတွေကို ဖြူဝင်းစေပြီး ကျန်းမာစေပါတယ်။ ခံတွင်းနံ့ကို လန်းဆန်းစေပါတယ်။
အုန်းဆီနဲ့ သွားတိုက်သင့်တဲ့အကြောင်းရင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ခံတွင်းနံ့မဆိုးစေဖို့
သွားကိုအုန်းဆီနဲ့တိုက်ပေးတာဟာ ခံတွင်းနံ့ဆိုးတာကို သက်သာပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယားတွေကိုသေစေပြီးတော့ အောင့်သက်သက်အနံ့ဆိုးတွေကို ပျောက်ကင်းစေပါတယ်။ အုန်းဆီကို ရေနဲ့ရောပြီး ပလုတ်ကျင်းပေးတာကလည်း ခံတွင်းနံ့ သန့်စင်ပေးနိုင်ပါတယ်။
ဘက်တီးရီးယားတွေကင်းစင်စေဖို့
အုန်းဆီနဲ့သွားတိုက်ပေးရင်ဘက်တီးရီးယားပိုးမွှားတွေကင်းစင်စေပြီး ခံတွင်းကို သန့်စင်ပေးနိုင်ပါတယ်။ ခံတွင်းမှာ ဘက်တီးရီးယာိးပုးတွေရှိတာဟာ သွားကျန်းမာရေးကိုသာမက ခံတွင်းကျန်းမာရေးကိုပါထိခိုက်စေပါတယ်။
သွားဂျိုးတည်တာ သွားဖုံးရောင်တာတွေကို ပျောက်ကင်းစေဖို့
သွားဂျိုးတည်တာ သွားကျောက်တည်တာ မျိုးကို သက်သာပျောက်ကင်းစေပါတယ်။ ဘက်တီးရီးယားပိုးတွေကြောင့် သွားဖုံးရောင်တာတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်။
သွားတွေကိုဖြူဝင်းစေတယ်။
အုန်းဆီနဲ့သွားတိုက်တာဟာ သွားတွေကို ဖြူဝင်းစေပါတယ်။
ဘယ်လိုသုံးမလဲ ၊
ရိုးရှင်းပါတယ်။ အုန်းဆီနဲ့ရေနည်းနည်းရောပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ငုံထားပါ။ အဲဒီနောက်ထွေးထုတ်လိုက်ပြီး သွားတိုက်တံနဲ့ တိုက်ပေးပါ။
အရည်သွေးကောင်းတဲ့ အုန်းဆီကိုသုံးပေးတာဟာ ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ အုန်းဆီကို သွားတိုက်တံပေါ်တင်ပေးပြီး သွားတိုက်ပေးရင်လည်းရပါတယ်။
http://mystylemyanmar.com/benefits-of-coconut-oil-toothpaste/
Thursday, April 27, 2017
ခရုသင်းပျောက်တဲ့ဆေးနည်းလေးတစ်ခု
ဘာမှလည်း အပန်းမကြီး / ကိုယ့်ဒေသမှာလည်း အလွယ်တကူရှိတဲ့ ပစ္စည်း / ဘေးထွက်ဆိုးကျိုးလည်းမရှိဘူးထင်လို့ Share လိုက်ပါတယ်ဗျ။
--------------------------------
စေတနာထားပြီး Share ပေးသူအားလုံး ဒီလို ဝေတနာမျိုးတွေနဲ့ ကင်းဝေးကြပါစေ..။
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ..
ဒီတစ်ခါ ကျွန်တော်က ခရုသင်း/သမင်ဖြူ "Vitiligo"(leucoderma)နဲ့ပတ်သက်ပြီး အစွမ်းထက်တဲ့ ဆေးနည်းအကြောင်း ဖော်ပြပေးချင်ပါတယ်။
ခရုသင်း/သမင်ဖြူ ပျောက်ကင်းသက်သာစေမည့် ဆေးနည်းတွေကအများကြီးပါ..ဒါပေမဲ့ ကျွန်တော်က ရောဂါဝေဒနာ တစ်ခုအတွက် ဆေးနည်းရှာဖွေတဲ့နေရာမှာ လက်တွေ့သက်သာပျောက်ကင်းပြီး လူအများယုံကြည့်မှု့ရရှိထားတဲ့ ဆေးနည်းများကို အရင်လေ့လာကြည့်ရပါတယ်။
အခု ကျွန်တော် ခရုသင်း/သမင်ဖြူအတွက် လေ့လာတွေရှိထားတဲ့ အကောင်းဆုံးနဲ့လက်တွေ့ပျောက်ကင်းစေတဲ့ဆေးနည်းလေးကတော့ ဆနွင်းမှုန့် နဲ့ မုံညှင်းဆီ(Turmeric & Mustard Oil)ဖြစ်ပါတယ်။
အသုံးပြုပုံကတော့ ဆနွင်းမှုန့်(၂၅)ဂရမ် နှင့် မုံညှင်းဆီ (၂၅၀)မီလီလီတာကို ရောစပ်၍ အရေပြားသို့ တစ်နေ့ကို (၂)ကြိမ် ပွတ်လိမ်းပေးခြင်းဖြင့် လအနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အသားရည်အရောင် မှုလအတိုင်း ပြန်လည်ဖြစ်တည်သွားပါလိမ့်မယ်။
ဆနွင်းမှုန့်ဟာ ဗက်တီးရီယား ပိုးမွှားများကို သေစေနိုင်ပြီး သွေးကိုလည်း သန့်စင်စေပါတယ်။
မုံညှင်းဆီဟာ အရေပြား မှိုရောဂါအတွက်အထူးကောင်းမွန်ပြီး အသာရေကို စိုပြေစေပါတယ်။
မုံညှင်းဆီကို နီးစပ်ရာ ကုန်စုံဆိုင်များတွင် မေးဝယ်ပါ...ဆနွင်းမှုန့် စစ်စစ်ကို ရှာဖွေပါ...
ကျေးဇူးတင်ပါတယ်..
#ApannPyay
Credit - ဘဝခါးခါး
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်
လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။
ဆေးနည်း-
(၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။
(၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။
(၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။
ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။
၎င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။
လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
( မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော် )
====================
Credit - စောနွဲ့နေဆိုင် (ပူတာအို)
Saturday, September 17, 2016
လိပ်ခေါင်းရောဂါအမြစ်ပြတ်ေ ဆးနည်း
လိပ်ခေါင်းရောဂါအမြစ်ပြတ်
(လွယ်ကူဆုံး။ငွေမကုန်ကုသနည်း)
လိပ်ခေါင်းရောဂါသည်အညောင်း မိနေသူများ။အပူအစပ်စားကြီးသူများ
ဝမ်းချုပ်တတ်သူများဖြစ်တတ်သည်။ရောဂါဖြစ်လျှင်စိတ်ညစ်။စိတ်ဆင်းရဲ
သည်။ဝမ်းသွားလျှင်ညှစ်သွားရ၍သွေးပါသည်။
ကိုယ်လက်ကိုက်ခဲ ပင်ပမ်းသည်။ ရောဂါကြာရှည်လာလျှင်ယောက်ကျား စွမ်းအားလည်းကျဆင်းလာသည်။ အမြန်ကုသရသည့်ရောဂါမျိုးပါ။ကုသနည်းနှင်ပါတ်သက်၍ FB တွင်လည်းတင်ကြသည်။တိုင်းရင်း
ဆေးတွေလည်းရှိသည်။ကုသနည်း များအားအခြေခံလူတန်းစားများအ
တွက်ရည်ရွယ်ပြီးရေးသားခြင်းပါ။အထူးကုဆေးခန်းပြပါက သိန်းချီကုန်မည်။ဖြတ်တောက်ကုသ နည်းမှာလည်း။အကင်းမသေ အမြစ် မပြတ်သည်ကိုတွေ့ရသည်။(အတိုကောက်။လိုရင်းသာမှတ် သားထားသော ကုနည်းအတိုကောက် များအားစိတ်ဝင်စားသူများကြများ
သိရှိပါရန် ပုံဖေါ်ပြခြင်းပါ။)ရောဂါအမြစ်ပြတ်ငွေမကုန် ကုနည်းအား ဆရာကြီး သာဂဒိုး၏
ဆေးနည်းစာအုပ် မှ လိုရင်းကိုသာ ဖေါ်ပြထားခြင်းဖြစ်ပါသည်။
ကွမ်းရွက်၏အစွမ်းကိုအကျယ် တဝင့် သင်ပြပေးနေသူမှာ သမားတော် ကြီးဦးဥာဏ်ဝင်းဖြစ်ပါသည်။ဆရာကြီးကိုယ်တိုင် ကျိုက္ကစံ ကွင်းမှာ စာပေညီလာခံ ပြုလုပ်နေစဉ် ရုတ်တရက် သွေးများကျလာ၍အ ထိတ်တလန့်ဖြစ်။စိတ်အရှုတ်။ခေါင်း အရှုတ်ဖြစ်ကာ ငိုင်ကျသွားသည်။
ကွမ်းရွက်ကုနည်းဖြင့်ပြုလုပ်ရာ သွေးရပ်။မကြာခင်အမြစ်ပြတ်ခဲ့သည်
ခရီးသွားတဦး သွေးကျနေ၍ ကူညီပေးခဲ့ရာတွင်လည်း သွေးချက်ချင်းရပ်။နောင်လုံးဝပျောက်သွား သည်ရောဂါဖြစ်သူများကို ကုနည်းပေး လျှ က်ရှိရာ နံမည်ကျော်လာတော့ BBC သတင်းမှာ မြန်မာ့ဆေးမီးတို
သာဂဒိုး ကုနည်းဆိုပြီး ပါလာသေး သည်။နောက်ပြီး စာပေလောက တိုက်
မှလည်း ထည့်သွင်းဖေါ်ပြခဲ့သည်။ဆေးကုနည်းကတော့ လိပ်ခေါင်းဖြစ်နေသူ အား စအိုတွင်း သို ကွမ်းရွက် တရွက်ကို လိပ်၍ထည့် ထားပါ။
မကြာခင် နွမ်းသွားလည်း မလဲပါနှင့်။နေ့ဝက်သုံးပြီးမှလဲပါ။ ဘယ်နှစ်ရက်ကြာထည့်ရမလဲဆိုတာ
ကတော့ ကိုယ့်ဟာကိုသုံးသပ်ပါ။ကွမ်းရက် ထည့်ထည့်ခြင်း သွေးထွက်နေပါက မကြာခင်ရပ်။ နောက်တော့ လိပ်ခေါင်းမှာတဖြည်း ဖြည်း ကျုံ့ ဝင်သွားပြီး ပျောက်သွား သည်။ အကင်းပြတ်။အမြစ်ပြတ်။
ပျောက်တာပါ။
Credit...orginal writer
https://www.facebook.com/1607651019552382/photos/a.1608651316119019.1073741828.1607651019552382/1661782350805915/?type=3&theater
လိပ်ဂေါင်းအတွက် ဆေးကောင်းတလက်
တကယ်ကောင်းတဲ့ဆေးစွမ်းကောင်းတလက်ပါကျနော် လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ ဝမ်းသွားရင် သွေးပါတာ ညောင်းတာ မအီမလယ်နဲ့နေရတာအရမ်းခက်ခဲ့တာ အခုဆို အရမ်းကောင်းသွားပါပြီ ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ တကြီမ်းပဲစားလိုက် သိသာပါတယ် ၂ခါဘဲစားလိုက်တာလုံးဝပြောက်ကင်းသွားပါပြီ အားလုံးကျမ်းမာကြပါစေ
လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား
Credit -မူရင်းတင်သူ
https://www.facebook.com/newskingmm/photos/a.602914413075558.1073741828.602908709742795/1154255587941435/?type=3&theater 
Saturday, June 18, 2016
( သေတဲ့အထိ လေမဖြတ့်ဘူး)
( သေတဲ့အထိ လေမဖြတ့်ဘူး)
********************************
ဆေးနည်းလေးမျှဝေချင်ပါတယ်
လွန်ခဲ့တဲ့ ၉နှစ်လောက့်က နက္ခတရောင်ခြည် မဂ္ဂဇင်း စာအုပ်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ် ။ အဲထည်မှာက ဗဟုသုတ မှတ့်သားဖွယ်ရာ တွေ အကိုးကား နဲ့ ပါလေ့ရှိတယ် ။
မှတ်ထားမိတာလေး ပြန်လည်မျှဝေ ဒါပါ ကိုကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ အဲ့လိုလွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။
လိပ်စာ အတိကျ တော့မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တရွာက တောကျောင်း ဘုန်းတော်ကြီးတပါးရဲ့ ဆေးနည်လေပါ
ဖြစ်စင်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ့ အဖြစ့်ကနေ ကိုယ်တချမ်း သေပြီး လေဖြတ့်တယ်ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကု့ပေါ့ သို့သော်လည် အကောင်းတိုင်ပြန်မဖြစ့်တော့ပါဘူး ။ ဒီလိုနဲ့ တယောက့်စကား တယောက့်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိ့တဲ့ တောကျောင်းကို မျှော်လင့်ချက့်များစွာနဲ့ ရောက့်သွားချိန်မှာတော့ ဆရာတော်ကြီး ပေးတဲ့ ဆေးနည်ကို မယုံတဝက့် ယုံတဝက့်နဲ့ ဖော်စပ့်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက့် သောက့်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက့်နိုင်ပီး ရောဂါ ပြောက့်သွားပါသတဲ့
ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ့်ယုံပါဘဲ
ဆင်တုံးမနွယ် အစို လက့်တညို တဆစ့် ဖြတ့် ငါးကျပ့်သား
ရေချက့်အေ ငပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာ ပုလင်း ပုံစံမျိုးကို ) ငပျောဖူး ပုလင်းဟုခေါ်သည် ။
Thursday, May 26, 2016
လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်
လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်
=========================
လိပ်ခေါင်းရောဂါနှင့် မြင်းသရိုက်ရောဂါများအတွက် သဘာဝဆေးနည်းကောင်း တစ်ခွက်ကို ညွန်ပေးလိုက်ပါတယ်။
ဆေးနည်းကတော့-
နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး ၄င်းဆေးလုံးကို နံနက်တစ်လုံး၊ ညတစ်လုံးစီ စားပေးပါ။
ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများကို
ပျောက်ကင်းစေပါသည်။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါများကိုလည်း သက်သာပျောက်ကင်းစေပါသည်။
လူသားတိုင်း ကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာသဘာဝဆေးနည်းများ
ကျန်းမာရေးသတင်းများ
http://health.thithtoolwin.com/
Sunday, May 8, 2016
AIDS ရောဂါပိုးကို နိုင်သည့် တိုင်းရင်းဆေးစွမ်း
AIDS ရောဂါပိုးကို နိုင်သည့် တိုင်းရင်းဆေးစွမ်း
****************************************
ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တစ်သိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့ စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိ စောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တစ်ချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလိုလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။
ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တစ်ဦးက ရောဂါ တစ်နေ့တခြား ဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတစ်ခုမှာ သေဘို့ ဆုံးဖြတ်ပြီး တစ်ဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-
အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တစ်ကောင်ဟာ သူ့အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော့ ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊ သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ်။ ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။ အဲဒီဝေဒနာရှင်ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေကို နေ့စဉ်မှီဝဲရာက ယနေ့တိုင် ကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။
အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့ တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလက်ပတ်၊ တစောင်းလက်ပတ် ပင်ဟာ ကိုယ်ခံအားတက်စေတဲ့ အကျိုးအာနိသင် အပြည့်ရှိတယ်လို့  နိုင်ငံတကာက လက်ခံယုံကြည် ထားပါတယ်..။ ဒီရှားစောင်းလက်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ်ယူပြီး သကြားနဲ့  အစိမ်းလိုက် ဖျော်ရည်လုပ်သောက် ခိုင်းထားတာ တွေ့ရပါတယ်....။ ဒီလို သောက်သုံးခြင်းအားဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာ တွေ့ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါ အခုလက်ရှိ သုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်
တက်လာတဲ့လူနာတွေ အခုမြန်မာနိုင်ငံမှာ လက်ရှိရှိနေပါတယ်ခင်ဗျာ....။ နောက်တစ်ခုကတော့........................................
၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။
ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်းထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာ အခုလက်ရှိမှာ တွေ့နေရပါတယ်.........။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာမှာ ယားနာပေါက်တာတွေ ၀မ်းသွားတာတွေ အနာဖြစ်တာတွေ အားလုံး သက်သာပြီးပျောက်ကင်းသွားတာတွေ့ ရှိနေရပါတယ်။ လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီဥ) က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လည်း အစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှသာ လက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကို နေ့စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မှိုမဲမဲလေးတွေကို ရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။ သန့် ရှင်းရပါမယ် .....။ ရလာတဲ့အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ တစ်လအတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲကနေ ရွစိ ရွစီနဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထားပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုးမှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့တိုင်း တစ်နေ့ သုံးခွက်သာပုံမှန် သောက်သွားပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။
မှတ်စု
Credit ~ Tuntun Oo
https://www.facebook.com/